No Return of the Rivers ပြန်မလာသောမြစ်များ

in #myanmar7 years ago (edited)

image
Credit Google
ကြိုဆိုမယ့်သူမရှိသော မြို့ ကလေးကို စတုတ္ထအကြိမ်ခြေချလိုက်မိစဉ်မှာတော့ ပထမအကြိမ်လောက် ခံစားရသောဝေဒနာမပြင်းထန်တော့ပါ။ကားပေါ်ကဆင်းပြီး ကားဂိတ်အနီးတွင် အသင့်ရှိသော သုံးဘီးတစ်စင်းကိုငှါးကာ ကမ်းနားလမ်းဟု ပြောလိုက်၏။သုံးဘီးဆရာကို ရာဇမုနိဘုရားရှေ့ တွင် ချခိုင်းကာ မြေနီလမ်းကလေးကိုလမ်းလျှောက်လာခဲ့သည်။မြင်နေရပါပြီ မောင့်အရိပ်တို့ လွှမ်းခြုံနေဆဲခြံဝင်းလေး။ခြံတံခါးအနက်ရောင်ကို တွန်းဖွင့်ဝင်လိုက်သည်။အိမ်ရှင်အန်တီမှာ ခြံဝင်းတံခါးကို အမြဲစေ့ထားတတ်သည့် အကျင့်က ၃နှစ်ကြာသွားသည့်တိုင် မပျောက်ပျက်သေးပေ။တော်သေးသည် အန်တီအတွင်းထဲသို့ ရောက်နေသည်နှင့်တိုးသည်မို့ နှုတ်ဆက်စရာမလိုခဲ့။အမှန်တကယ်ဆိုမိမိတွင်နှုတ်ဆက်လိုသော ဆန္ဒလည်းမရှိခဲ့ပါ။တစ်ယောက်တည်းလား ဟုမေးလိုက်မည့် အမေးကို ဖြေဖို့ ခွန်အားမရှိတာလည်းပါသည်။
ဖုန်တက်နေသော သော့ပေါက်ကိုလှည့်ဖွင့်လိုက်ရင်း ဒီနှစ်ထဲတွင်မောင်များရောက်လာခဲ့သေးသလားဟု မယုံမရဲတွေးမိပြန်သည်။အခန်းထဲသို့ ခြေချလိုက်တော့ ကြမ်းပြင်ကဖုန်မှုန့် များက ခြေဖ၀ါးကိုလာကပ်လေသည်။အ၀တ်တန်းပေါ်တွင်မြင်ဖူးနေကျ တို့ လို့ တွဲလောင်းအ၀တ်များမရှိ။ပစ်စလက်ခတ် ပစ်ထားသော ကော်ဖီခွက်များမရှိ ။ပွယောင်းလုံးထွေးထားသော စောင်များလည်းရှိမနေပါ။ဒါဆိုသေချာပါသည်။ဒီနှစ်ထဲတွင်လည်း မောင်ဒီအိမ်ကလေးသို့ ရောက်ရှိခဲ့ခြင်းမရှိချေ။မဖြစ်နိုင်တာကိုတွေးမိသောအတွေးအား ဟက်ခနဲတစ်ချက်ရယ်လိုက်ခြင်းဖြင့် အစားထိုးလိုက်သည်။မောင်ကနေရာဟောင်းသို့ ဘာလို့ လာလိမ့်မည်တဲ့လဲ။မောင်ကအခုချိန်ဆို သူ့ ဇနီးရဲ့ ရင်ခွင်ထဲတွင် ပျော်နေရောပေါ့။
image
Credit Google
မောင်နှင့်ကျွန်မ၏ချစ်သူစဖြစ် ပုံမှာ သိပ်တော့မထူးဆန်းလှပါ။ထူးဆန်းသည်မှာမောင့်ကို သိပ်ချစ်မိသွားသော ကျွန်မနှလုံးသားပင်ဖြစ်သည်။မောင်က တောင်တွင်းကြီးသားဖြစ်ပြီး ကျွန်မက မြို့ သစ်သူ။ကျွန်မတို့ နှစ်ယောက်လုံးမကွေးတက္ကသိုလ်မှာအတူတက်ရင်း တွေ့ ပြီးကြိုက်ခဲ့ကြခြင်းဖြစ်သည်။အင်္ဂလိပ်စာ အဓိကယူထားတာခြင်းတူတူ စာညံ့သောမောင်က စာတော်သော ကျွန်မကို မိတ်ဖွဲ့ ကာ စာရှင်းပြဖို့ အကူအညီတောင်းရင်း သံယောစဉ်တွယ်လာခဲ့ခြင်းပင်။ကျွန်မတို့ ပထမနှစ်မှစ၍ တတိယနှစ်ထိ မခွဲမခွါတစ်ပူးတွဲတွဲရှိနေခဲ့သည်။မောင်က ဤအိမ်ကလေးကို လုံးခြင်းငှါးကာ တစ်ယောက်တည်းနေထိုင်သူဖြစ်ပြီး ကျွန်မကတော့ အဆောင်နေကျောင်းသူတစ်ယောက်သာဖြစ်သည်။မောင်နဲ့ ကြိုက်ပြီးနောက်ပိုင်း မောင့်အိမ်သို့ ဝင်ထွက်သွားလာနေမှုကြောင့် အိမ်ရှင်အန်တီနှင့်ပါ ခင်မင်လာခဲ့သည်။မောင်ကျောင်းပြီးကာ ကျွန်မနဲ့ လမ်းခွဲသွားတော့ မောင့်အိမ်ကလေးကို ကျွန်မဆက်ငှါးဖြစ်ခဲ့သည်။ဘာရယ်လို့ တော့လဲမဟုတ်ပါ။မောင်နှင့်ရှိခဲ့သော အမှတ်တရများကို ပျက်ဆီးသွားမည်စိုးသောစိတ်ကြောင့် ကျွန်မမကွေးတွင်မနေနိုင်သော်လည်း ဆက်ငှါးထားခဲ့သည်။
image
စာမေးပွဲနီးလျှင်နီးသလို ကျွန်မမောင့်အိမ်ကလေးတွင် လာအိပ်၍ စာအတူကျက်ခဲ့ကြသည်။တက္ကသိုလ်တစ်ခုလုံးလည်း ကျွန်မတို့ အတွဲကို သိကြကာ တစ်ချို့ ကလင်မယားလိုနေကြသည်ဟုပင်ထင်ကြလေသည်။သို့ သော်မောင်ကျွန်မအပေါ်တွင် အခွင့်အရေးမယူခဲ့သည်ကို ကျွန်မသာအသိဆုံးပါ။ဤကုတင်လေးတွင် နှစ်ယောက်အတူအိပ်ခဲ့ကြသည်။တစ်ယောက်အဆင်မပြေမှုကို တစ်ယောက်ဆီရင်ဖွင့်ခဲ့ကြသည်။တစ်ယောက်အခက်အခဲဖြစ်တိုင်း တစ်ယောက်က ဖေးကူခဲ့ကြသည်။သို့ သော် မောင်ကျွန်မအပေါ်ညှာတာခဲ့ပါသည်။မပေါင်းရ၍ ဝေးကွာသွားသည့်တိုင် ကျွန်မအပျိုစင်စစ်အဖြစ် ကျန်ရှိနေခြင်းက သက်သေပင် မဟုတ်​​လော....
ဆက်​ပါဦးမည်​.........
image

@pyaesone101
MSC - 023

Sort:  

ဖတ်လို့ကောင်းပါတယ်။ အားပေးခဲ့ပါတယ်ရှင်။

ဆက်​ပါbro အား​ပေး​နေပါတယ်​။

အားပေးနေပါတယ်။Good.

အား​ပေးခဲ့တယ်​ 😊

ကျေးဇူးပါကွီးရေ

ဖတ်​လို့​ကောင်းပါတယ်​။

ဖတ့်ကောင်းပါတယ် bro ရေ ၊အားပေးနေပါတယ်

ကျေးဇူးပါဗျ

အရေးအသားတွေ မိုက်တယ်ဗျာ..

ကျေးဇူးပါဗျ