အမြင်မျိုးစုံ (၁)

in #myanmar7 years ago (edited)

myanmar steemit မှမိသားစုဝင်များအားလုံးမင်္ဂလာပါရှင်. . .
ယနေ့ 4.1.2018 ရက်နေ့တွင်ရောက်ရှိလာသော လွပ်လပ်ရေးနေ့လေးအတွက် လွပ်လပ်ရေးအတွက် မိမိအသက်ကိုပင်အဓိကမထားပါဘဲ မြန်မာတစ်မျိုးသားလုံးအတွက် အဓိကကြိုးပမ်းခဲ့သော ဗိုလ်ချုပ်အောင်ဆန်း၏ စိတ်နေသဘောထားများနှင့် လုပ်ဆောင်ချက်များအပေါ် တစ်ပါးသူတို့၏ ထင်မြင်ယူဆချက်များကို လွပ်လပ်ရေးနေ့လေးအတွက် ဂုဏ်ပြုရေးသားလိုက်ရပါတယ်ရှင်. . .
image
ဗိုလ်ချုပ်အောင်ဆန်းကို မြန်မာပြည်သူများက ချစ်ခင်လေးစားသောအားဖြင့် ''ဗိုလ်ချုပ်'' ဟုခေါ်ကြပါသည် ။ ဗိုလ်ချုပ်ကို ပြည်သူလူထုသာမက အာရှတိုက်သား ၊ ဥရောပတိုက်သားတို့ကပါ လေးစားကြည်ညိုကြလေသည် ။ ဗိုလ်ချုပ်အောင်ဆန်းနှင့် သိကျွမ်းခဲ့သော ခေတ်ပြိုင် နိုင်ငံရေးခေါင်းဆောင်များ ရင်းနှီးစွာ ပေါင်းသင်းဖူးသူ နိုင်ငံခြားသားတို့သည် သူတို့ မည်မျှလေးစားကြောင်း ၊ ကြည်ညိုကြောင်း ဗိုလ်ချုပ်အောင်ဆန်းအပေါ် မည်သို့ထင်မြင်ယူဆကြောင်း ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သတ်ပြီး သူတို့ရေးသားခဲ့ကြသော စာအုပ်စာတမ်းများ၌ သူတို့၏အမြင်ကို ထင်ရှားစွာ ဖော်ပြခဲ့ကြလေသည် ။ စင်စစ် ဗိုလ်ချုပ်သည် လွပ်လပ်ရေးကြိုးပမ်းကာလတွင် ဂျပန်နှင့် ဗြိတိသျှတို့၏ ရန်သူဖြစ်ခဲ့သည် ။ ဗိုလ်ချုပ်သည် ဂျပန်ကို တော်လှန်ခဲ့သည် ။ဗြိတိသျှတို့ကို ဆန့်ကျင်၍ တိုက်ထုပ်ခဲ့သည့်အပြင် ဗြိတိသျှအင်ပါယာမှ မြန်မာပြည်ကို ဖဲ့ထုပ်ခဲ့သည် ။ ဗြိတ်သျှအင်ပါယာကို အင်အားချိနဲ့စေခဲ့သည် ။ သို့ဖြစ်၍ သာမာန်အားဖြင့်ဆိုရာသော် ဂျပန်နှင့် ဗြိတိသျှ တို့သည် ဗိုလ်ချုပ်ကို ချစ်ခင်စုံမက်ခြင်းမရှိတန်ရာ ။ အရှိကိုအရှိအတိုင်း သူတို့၏ ပကတိအမြင်ကိုသာ ဖော်ထုပ်ကြခြင်းဖြစ်လေသည် ။ မိတ်ဆွေ (မိမိတို့အချင်းချင်း ) ၏ ပုဂ္ဂိုလ်စွဲပါသော အမြင်ထက် ရန်သူ၏ ဓမ္မဓိဌာန်ယထာဘူတ ကျသောအမြင်က ပို၍ လျှော်ကန်သင့်မြတ်လှပေမည် ။
သို့ဖြစ်၍ ဗိုလ်ချုပ်အောင်ဆန်းအပေါ် ရှုထောင့်အစုံမှ သူတို့မြင်သော သဘောထားကို လေ့လာတင်ပြပေးလိုက်ရပါသည် ။
image
ဗိုလ်မိုးကြိုး ခေါ် ဗိုလ်မှုးကြီး ကေဂျီဆူဇူကီး၏အမြင်
ရဲဘော်သုံးကျိပ်အား ဂျပန်ပြည်တွင် စစ်ပညာသင်ကြားရေးအတွက် အကူအညီပေးခဲ့သည့် ''ဗိုလ်မိုးကြိုး'' ခေါ် ''ဗိုလ်မှုးကြီး ကေဂျီဆူဇူကီး'' (Col.kejiSuzuki )ကလည်း-
"ဗိုလ်ချုပ်အောင်ဆန်း'' သည် တစ်ကယ့်ကို ဖြောင့်မတ်သူဖြစ်၏ ။ သူသည် ရဲရင့်သတ္တိ ရှိသော ကျွမ်းကျင်မှုလည်းရှိသော စစ်ခေါင်စဆောင်တစ်ယောက်ဖြစ်သည် ။ သူသည် မျိုးချစ်စိတ်ပြင်းထန်သူတစ်ဦးပင်တည်း ။ ထိုကြောင့် သူ့ကို ဂျပန်ပြည်သို့ ခေါ်လာရောက်စဉ်ကတည်းကလည်း လေးစားရသည် ။ တော်လှန်ရေးအတွက် အတူ ချီတက်စဉ်ကလည်း လေးစားရလေသည် '' ဟုပြောဆိုလေသည် ။ ဂျပန်တပ်မတော်၏ စစ်စင်ရေးဌာနတွင် အမှုထမ်းနေသော '' ကာနယ်စူးဂျီ မဆာနိုဘူး '' ရေးသားထားသော ''ဘီရုမာရှီဘော '' ( မြန်မာ့အသေခံတပ် ) ဟူသော စာအုပ် စာမျက်နှာ ၃၄၂ ၊ ၃၄၃ တို့တွင် -
''ဗမာ့လွပ်လပ်ရေး အပျော်တမ်းတပ်မတော်မှာ ၂ နှစ် ၊ ၃ နှစ်မျှအတွင်း ကျင့်သားရ၍ နေလေပြီ ။ ထိုတပ်ကို ဂျင်နရယ် အောင်ဆန်းက ဦးစီးအုပ်ချုပ်၏ ။ စစ်လက်နက်နှင့် စက်ပစ္စည်းများကိုလည်း ဂျပန်တပ်မတော်မှ ရရှိထား၏ ။ စစ်ပညာ အလေ့အကျင့်များကိုလည်း ဂျပန်အရာရှိများက ကြီးကြပ် သင်ကြားထားသော တပ်ဖြစ်၏ ။ ငယ်ရွယ်သော မျိုးချစ်တော်လှန်ရေးသမား အောင်ဆန်း၏ စိတ်တွင်း၌ သူ့လူမျိုးနှင့် သူ့တိုင်းပြည်အတွက် လွပ်လပ်ရေးကို မရမနေယူရန် ပြင်းပြ ကြံစည်လျှက် ရှိနေ၏ ။ ဂျပန်တို့ကား အောင်ဆန်း၏စိတ်ထား အကြံအစည်ကို နားလည်မှု မရှိကြပေ ။ သိလည်း မသိကြပေ ။ မိတ္ထီလာ ကျဆုံးသည်နှင့် တပြိုင်နက် (၁၉၄၅) မတ်လကုန်လုခါနီးလောက်တွင် အောင်ဆန်းသည် ရုတ်တရတ်ထ၍ တော်လှန်လေ၏ ။ သူ၏တပ်များသည်လည်း ဂျပန်တို့၏စစ်ကြောင်းများ အနောက်ဖက်ရှိ အခြေခံစစ်စခန်းများ ၊ ဆေးရုံများ ၊ စစ်လက်နက်သိုလှောင်ရာဌာနများ ၊ စစ်တန်းလျားအဆောက်အဦးများကို ဝင်ရောက်စီးနင်း တိုက်ခိုက်ကြ၏ ။ သူ၏အဖွဲ့တိုင်းအမှတ်-၅ တပ်ဖွဲ့မှာ မော်လမြိုင်နှင့် စစ်တောင်းကြား လမ်းတစ်ဝိုက်တွင် ဂျပန်တို့အား တိုက်ခိုက်လေ၏ ။ ၎င်းတို့တိုက်ခိုက်မှုကြောင့် ဂျပန်စစ်တပ်များအား ကားတစ်စီးတစ်လေမျှပင် ညအချိန်၌ ထိုလမ်းမှ ဖြတ်သန်းမသွားလာရန် ဂျပန်စစ်ဌာနချုပ်က တားမြစ်ထား၏ '' ဟူ၍ ရေးသားဖော်ပြထားလေသည် ။ ဤသည်သို့က ဗိုလ်ချုပ်၏ ရိုးသားမှုနှင့် စွမ်းရည်သတ္တိကို ဂျပန်များက ဖွင့်ဟဝန်ခံရခြင်းဖြစ်လေသည် ။
ဆက်လက်ဖော်ပြပါဦးမည် - - -
author by @rattioo
photos credit by google
MSC-206

Sort:  

အမြဲလေးစားလျှက်ပါ

ဗိုလ်ချုပ်ကလေးစားထိုက်တဲ့အရည်အချင်းရှိသောပုဂ္ဂိုလ်ဖြစ်ပါတယ်

နည်းနည်းပိုပြီး ရှည်ရှည်လေးရေးရင် ပိုကောင်းမယ်ထင်တယ်ဗျ

ဟုတ်ကဲ့ပါအကိုနောက်တစ်ခါဒီထက်ရှည်အောင်ရေးပေးပါ့မယ်

လွတ်လပ်ရေးဖခင်ကြီးပေါ့..

ဟုတ်ကဲ့ပါ

လွတ်​လပ်​​ရေး​နေ့နဲ့ လိုက်​ဖက်​တာ​လေးတင်​တာ​ပေါ့

ဟုတ်ပါတယ်အကို စိတ်ကူးလေးပေါက်လို့ရေးတင်လိုက်တာပါ

များများရေးပေးပါဗျို့ မမှီတော့ လွတ်လပ်ရေး ဘယ်လိုရတာလဲဆိုတာ မသိလိုက်ဘူးလေ

ကျေးဇူးပါဘုန်းဘုန်း

ညလေး…အားပေးနေတယ်နော်😂

ဟုတ်ကျေးဇူးပါ

အ​ရေးအသား​ကောင်းပါတယ်​စာကိုရှည်​နိုင်​သ​လောက်​ဆွဲဆန့​ရေးနိုင်​ရင်​ပိုအဆင်​​ပြေတယ်​အကို။အကြံပြု​ပေးတာပါ

ကျေးဇူးတင်ပါတယ်ရှင့်

အရမ်းကောင်းပါတယ် သမိုင်းလေး ပြန်အမှတ်ရစေတယ်

ဟုတ်ကဲ့ရှင့်ကျေးဇူးပါ

သမိုင်းကြောင်းကို မေ့မရပါ@rat

ဟုတ်ကဲ့ပါ အားပေးဖတ်ရှုပေးတာကျေးဇူးတင်ပါတယ်

စာလုံး ၁၀၀၀ပြည့်မှ proပါမယ် မောင်လေးရေ
ဆက်လက်ကြိုးစားပါ အားပေးနေပါတယ်

ဟုတ်ထပ်ဖြည့်လိုက်ပါပြီမမစုလှိုင်

မောင်လေးဟုတ်ဖူးလေ..
ညလေးပါ..အမရဲ့.. :P

မှားတဲ့အခါလည်း မှား​ပေမ​ပေါ့ဗျာ