အမြင်မျိုးစုံ(၂)

in #myanmar7 years ago (edited)

image
ဗိုလ်ချုပ်ကြီး ဆာဝီလျှံစလင်း၏အမြင်(၁)
ဗြိတိသျှ စစ်သေနာပတိ ဗိုလ်ချုပ်ကြီး ဆာဝီလျံစလင်း (General Sir William Slim ) ကလည်း-
"အောင်ဆန်းသည် ဖြောင့်မတ်တည်ကြည်သူတစ်ဦးဖြစ်၍ သူသည် ကျွန်န်ုပ်နှင့် အတူတွဲကာ အလုပ်လုပ်၍ဖြစ်သည်'' ဟူ၍ မှတ်ချတ်ချခဲ့လေသဘ် ။ အမှတ် (၁၄ ) ဗြိတိသျှတပ်မတော်ဗိုလ်ချုပ်ကြီး ဝီလျံစလင်း၏ စစ်ဌာနချုပ်သည် မိထ္တီလာမြို့တွင် တပ်စွဲနေစဉ် ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၅ ခု မေလ ၁၆ ရက်နေ့တွင် စစ်ရေးကိစ္စနှင့်ပါတ်သတ်၍ ဝီလျံစလင်းထံ သွားရောက်တွေ့ဆုံလေသည် ။ ထိုသို့ ဗိုလ်ချုပ်အောင်ဆန်းသွားရောက်ရာတွင် ဒုတိယဗိုလ်ချုပ်ကြီးစလင်းက ဗိုလ်ချုပ်အောင်ဆန်း၏ပုံရိပ်ကို အောက်ပါအတိုင်း ဖော်ပြခဲ့လေသည် ။
''ကျွန်န်ုပ်အတွက်ဖြေရှင်းရန် ပြသနာများ ကျန်နေသေးသည် ။ ပြသနာတစ်ခုမှာ ဗမာပြည် မြို့ပြအုပ်ချုပ်ရေးဖြစ်၍ ၊ အခြားပြသနာမှာ ဂျပန်တို့အား ပြန်လည်၍ တိုက်ခိုက်နေသော ဗမာ့အျိုးသားတပ်မတော်အား မည်ကဲ့သို့ ဆက်ဆံရမည်ဆိုသော ပြသနာပင်ဖြစ်၏ ။
ဤတပ်မတော်သည် ကျွန်န်ုပ်တို့၏ရန်သူအား ဒုက္ခပေးနိုင်လိမ့်မည်ဟု ကျွန်န်ုပ်သည် ဗမာပြည်တိုက်ပွဲအစကပင် ယုံကြည်နေခဲ့၏ ။ သို့သော် ဤတပ်မတော်၏ လှုပ်ရှားမှုမှန်သမျှကို ကျွန်န်ုပ်တို့၏ လှုပ်ရှားမှုနှင့် ပူးတွဲ၍မထားခဲ့ပါမူ ၊ ပြန်၍ ဒုက္ခပေးနိုင်သည်ကို ကျွန်န်ုပ်သိပြီးဖြစ်သည် ။ ထို့ကြောင့် ဤဗမာ့အ်ျိုးသားတပ်မ်ေတွင်ပါဝင်သော စစ်သည်တော်တို့အား နှစ်ဦးနှစ်ဖက် နှစ်သက်ကျေနပ်စွာ ချုပ်ကိုင်ထားနိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ သူတို့၏ဗိုလ်ချုပ်ဖြစ်သော အောင်ဆန်းအား ကျွန်န်ုပ်၏အမိန့်များကို လိုက်နာအောင် ပြုလုပ်ရေးပင်ဖြစ်သည် ။
အောင်ဆန်းအကြောင်းကို ကျွန်န်ုပ်သိထားသမျှနှင့် ဗမာ့မျိုးချစ်များအကြောင်းကို ကျွန်န်ုပ်နားလည်ထားသမျှ အကြောင်းအချက်များအရ အောင်ဆန်းအား ကျွန်န်ုပ်၏အမိန့်ကို နာခံရန်ပြုလုပ်ရေးမှာ လွယ်ကူမည်မဟုတ်ကြောင်း ကျွန်န်ုပ်သဘောပေါက်ထားပါသည် ။ သို့သော် တတ်နိုင်သမျှ ကြိုးစားကြည့်မည်ဟု ဆုံးဖြတ်ထားသည် ။
အောင်ဆန်းသည် ဖြစ်ပေါ်လာသောအခြေအနေကို လက်တွေ့သုံးသပ်၍ လုပ်ဆောင်တတ်သူဖြစ်သည် ။ ၁၉၃၀ ပြည့်နှစ်က ရန်ကုန်တက္ကသိုလ်တွင် ကျောင်းသားများနည်းတူ နိုင်ငံရေးတွင်တက်တက်ကြွကြွပါဝင်ခဲ့သည် ။ ၁၉၃၉ ခုနှစ်သို့ ရောက်သောအခါ သူသည်အယူသည်း နိုင်ငံရေးအဖွဲ့အစည်းတစ်ခုတွင် အတွင်းရေးမှုးဖြစ်လာပြီးနောက် သူ၏နိုင်ငံရေးလှုပ်ရှားမှုကြောင့် ထောင်၁၅ရက်ခန့် ကျခံခဲ့ရသည် ။
ဤအချိန်လောက်တွင် စိတ်ဓါတ်တက်ကြွသလောက် ထွန်းထွန်းပေါက်ပေါက်လုပ်နိုင်သော လူငယ်နိုင်ငံရေးမျိုးချစ်ဖြစ်သူ အောင်ဆန်းအား ဂျပန်ကိုယ်စားလှယ်များက သူတို့လုပ်ငန်းတွင် လက်ကိုင်တုတ်အဖြစ် တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်မည်ဟုယူဆကာ အောင်ဆန်းနှင့် ဆက်သွယ်မှုယူတော့သည် ။
၁၉၄၀ ပြည့်နှစ်တွင် အောင်ဆန်းပါဝင်သော အစည်းအရုံးမှာ မတရားအသင်းအဖြစ် ကြေငြာခံရပြီး ၊ အောင်ဆန်းနှင့်တကွ ရဲဘော်သုံးကျိပ်ဝင်တို့သည် ပုလိပ်များကိုလှည့်စားကာ ဂျပန်သို့အရောက် ကိုယ်ယောင်ဖျောက်နိုင်ခဲ့ကြ၏ ။ ဂျပန်တွင် အောင်ဆန်းနှင့် သူ၏ရဲဘော်များကို စစ်သင်တန်းတက်စေပြီးနောက် ဂျပန်သည် မကြာမီပင် ဗမာ့မြေကြီးပေါ်မှ အင်္ဂလိပ်များကို အယုံသွင်းလိုက်တော့သည် ။
ဂျပန်က ဗမာပြည်ကို တိုက်ခိုက်သောအခါ အောင်ဆန်းနှင့် သူ့ရဲဘော်များလည်း တစ်ပါတည်းပါလာကြသည် ။ သူတို့အဖွဲ့သည် တိုက်ပွဲဖြစ်ပွားရာ ဒေသတစ်လျောက်၌ ဗမာ့ပျောက်ကြားတပ်များဖွဲ့ရန်နှင့် ပဉ္စမံတပ်ဖွဲ့များဖွဲ့ရန်အတွက် အမြုတေအဖွဲ့ ဖြစ်လာတော့သည် ။ ဤပျောက်ကြားတပ်နှင့် ပဉ္စမံတပ်ဖွဲ့များမှာ သူတို့၏ အရှင်သခင်များဖြစ်သော ဂျပန်များအတွက် များစွာ အထောက်အပံ့ဖြစ်သည်ကို ယုံမှားဖွယ်မရှိ ။ ၁၉၄၂ ခုနှစ် ကျွန်န်ုပ်တို့မြန်မာပြည်မှ ဆုပ်ခွာရစဉ် ဤလက်နက်ကိုင်အဖွဲ့သည် ဘကျွန်န်ုပ်တို့အား တစ်ခါနှစ်ခါမျှ ရဲဝံ့စွာ လာရောက်တိုက်ခိုက်သည်ကို တွေ့ရသည် ။
ဥာဏ်စွမ်းနှင့် ရဲစွမ်းကြောင့် ရှေ့တန်းခေါင်းဆောင်ဖြစ်လာသော အောင်ဆန်းသည် ဗမာ့အစိုးရဖွဲ့ရန်များစွာ လိုလားလျှက်ရှိသော်လည်း အောင်ဆန်းမှာ သူတို့ကြိုးဆွဲသည့်အတိုင်း ''က'' မည့်ရုပ်သေးရုပ်မဟုတ်ကြောင်းကို အနံ့ခံမိလာသော ဂျပန်အာဏာပိုင်တို့က အောင်ဆန်းအား ဗမာ့အစိုးရအဖွဲ့ ခေါင်းဆောင်အဖြစ် မတင်မြှောက်လိုပဲရှိကြလေသည် ။
ဂျပန်အာဏာပိုင်တို့သည် သူတို့ကြိုးဆွဲရာ '' က ''
မည့် '' ဒေါက်တာဘမော် '' အား နိုင်ငံတော်အဓိပတိအဖြစ် တင်မြှောက်လိုက်ပြီးနောက် အောင်ဆန်းအား '' ဗမာ့အမျိုးသားရေးတပ်မတော် '' (B.D.A) ဟုအမည်ပြောင်းလိုက်သော ဗမာ့အမျိုးသားတပ်မတော်၏ ကေနာပတိအဖြစ်သာ ခန့်ထားလိုက်တော့သည် ။
သို့သော် အောင်ဆန်းအဖို့ ဂျပန်ကပေးသော လွပ်လပ်ရေးဆိုသည်မှာ မည်ကဲ့သို့သော အဓိပ္ပါယ်ဆောင်သည် ဆိုသည်ကိုသိရန် အချိန်များစွာ လမလိုပါချေ ။ ကျားကြောက်၍ ရှင်ကြီးကိုး ၊ ရှင်ကြီးကျားထက်ဆိုးသည်ကို အောင်ဆန်းသိခာတော့သည် ။ အောင်ဆန်း၏ ထင်ရှားသော နောက်လိုက်တစ်ဦးက ကျွန်န်ုပ်အား တစ်ခါကပြောဖူးသော စကားမှာ '' အင်္ဂလိပ်တွေ ကျွန်တော်တို့ သွေးကိုစုပ်တယ်ဆိုရင် ၊ ဂျပန်တွေက ကျွန်တော်တို့ရိုးတွင်းချဉ်ဆီတွေပါစုပ်တယ် '' ဟူ၍ဖြစ်ပါသည် ။
အောင်ဆန်းသည် ဂျပန်တို့နှင့် ပို၍ပို၍ အပေါက်အလမ်းမတည့်ဖြစ်လာသည် ။ ၁၉၄၃ ခု အစောပိုင်းတွင် အောင်ဆန်းက ဂျပန်အပေါ်တွင် ထားရှိသော သဘောတရားများမှာ ပြောင်းလဲနေကြောင်းနှင့် တောင်ပေါ်ကရင် အမျိုးသားများအကြားတွင် စွန့်စား၍ ကျန်ရစ်ခဲ့သော ''ဆီးဂရင်းမ်'' ထံမှ သိရှိရလေသည် ။
၁၉၄၄ ခု သြဂုတ်လ ၁ ရက်နေ့တွင် ကျင်းပသော လူထုအစည်းအဝေးပွဲတစ်ခု၌ အောင်ဆန်းသည် ဂျပန်တို့ကပေးသော လွပ်လပ်ရေးဆိုသည်မှာ အတုအယောင်မျှသာ ဆိုသည်ကိုပင် ပြောင်ပြောင်တင်းတင်း ပြောဆိုလာတော့သည် ။ ဤအချက်ဖြင့် ကျွန်န်ုပ်တို့အတွက် အသုံးဝင်မည့် လူတစ်ယောက် ဖြစ်လာတော့မည်မှာ သေချာလှသည် ။
ကျွန်န်ုပ်တို့၏ အမှတ် ၁၃၆ ထောက်လှမ်းစုံစမ်းရေးအဖွဲ့သည် အထောက်အထားများမှတစ်ဆင့် အဆက်အသွယ်ရရှိခဲ့ပြီးဖြစ်ရာ ဗမာ့အမျိုးသား တပ်မတော်က ဂျပန်အားထ၍ တော်လှန် ပုန်ကန်လိုက်သောအခါ အောင်ဆန်းသည် ပြောသည့်အတိုင်းပင် ပြတ်ပြတ်သားသား လုပ်လာပြီကို တွေ့ရှိရသည့်အတိုင်း သူနှင့် တိုက်ရိုက် ဆက်သွယ်ရန် အချိန်သို့ ရောက်ရှိလာခဲ့တော့သည် ။
ထို့ကြောင့် အာရှအရှေ့တောင်ပိုင်ဆိုင်ရာ စစ်ဌာနချုပ်၏ သေနာပတိကြီးဖြစ်သူ ရေကြောင်းဗိုလ်ချုပ်ကြီး လော့ဒ်လူဝီမောင့်ဘက်တန် (Admiral Lord Louis Mountbatten) ၏ သဘောတူခွင့်ပြုချက်အရ အမှတ် ၁၃၆ တပ်ဖွဲ့က အောင်ဆန်းအား ကျွန်န်ုပ်ထံသို့ ၁၉၄၅ ခု ဧပြီလ ၂၁ ရက်နေ့တွင် လာရောက်တွေ့ဆုံ ဆွေးနွေးရန် စီစဉ်ပေးသည် ။
အောင်ဆန်းနှင့် ကျွန်န်ုပ်တို့ တွေ့ဆုံဆွေးနွေးရာ၌ နှစ်ဦးနှစ်ဖက် သဘောတူညီမှု ရသည်ဖြစ်စေ ၊ မရသည်ဖြစ်စေ ကျွန်န်ုပ်က အောင်ဆန်းအား ဘေးမသီ ရန်မခစေဘဲ သူ့လူများထံ ပြန်၍လွှတ်ပေးပါမည်ဟု ကတိပေးခဲ့သည် ။
အောင်ဆန်းသည် မေလ ၁၄ ရက်နေ့အထိ ကျွန်န်ုပ်နှင့် လာရောက်တွေ့ဆုံခြင်းမရှိဘဲ မေလ ၁၅ ရက်နေ့ရောက်သောအခါ သူနှင့်သူ၏အမှုဆောင်အရာရှိတစ်ဦးသည် ဧရာဝတီမြစ်ကို အာလံ (အောင်လံ ) မှနေ၍ ဖြတ်ကူးလာပြီး ကျွန်န်ုပ်နှင့်တွေ့ဆုံခွင့်ပေးပါဟု တောင်းဆိုလာကြောင်း ဆိုင်ရာမှ သတင်းပို့လာသည် ။ ကျွန်န်ုပ်သည် ဌာနချုပ်ရှိရာ မိထ္တီလာမှလေဟာဉ်တစ်စင်းစေလွှတ်၍ အောင်ဆန်းနှင့် သူ၏ အမှုဆောင်အရာရှိအား နောက်တစ်နေ့ မေလ ၁၆ ရက်နေ့တွင် အခေါ်လွှတ်လိုက်သည် ။
ဂျပန်ဗိုလ်ချုပ်နှင့် ကောင်းကောင်းကြီးတူသော မေဂျာဂျင်နရယ် (ဗိုလ်ချုပ်ကလေး) ဝတ်စုံကိုဝတ်ကာ ၊ ခါးတွင် ဓါးရှည်ချိတ်ထားသော အောင်ဆန်းကို ရုတ်တရတ်တွေ့လိုက်ကြရသော ကျွန်န်ုပ်၏ဌာနချုပ်မှ အဖွဲ့သားတစ်ဦးနှစ်ဦးမှာ ပထမတွင် အတော်ပင်ထိတိလန့်တုန်လှုပ်သွားကြသည် ။ မည်သို့ပင်ဖြစ်စေ အောင်ဆန်းသည် အယဉ်ကျေးဆုံး ပြုမူဆက်ဆံပြောဆိုလေသည် ။ ကျွန်န်ုပ်ကလည်း သူ့လိုပင် ယဉ်ကျေးစွာဆက်ဆံပြောဆိုသည် ။
လူလတ်ပိုင်း အရွယ်လောက်ရှိသော အောင်ဆန်းသည် ကိုယ်ခန္ဓာတောင့်တင်းတင်းနှင့် စစ်သားဥပတိရုပ်ကိုဆောင်သူဖြစ်သည် ။ မျက်နှာအသွင်အပြင်မှာ ရိုးရိုးဗမာတစ်ယောက်၏ အသွင်အပြင်ဖြစ်သော်လည်း အေးဆေးတည်ငြိမ်သည့် အမူအရာ(သို့မဟုတ် ) ဟာသဥာဏ်နှင့် ဇဝနဥာဏ်တို့ ရှင်သန်ပေါင်းစပ်ထားသည့် အမူအရာရှိသည်ဟုဆိုနိုင်သည် ။ သူသည်အင်္ဂလိပ်စကားကို ကောင်းစွာပြောနိုင်ကြောင်းတွေ့ရသည် ။ ဤအမှုဆောင်အရာရှိချုပ်ဖြစ်သူ၏ ဖခင်မှာ ဗြိတ်သျှအမျိုးသား အထက်တန်း အရာရှိကြီးတစ်ဦးဖြစ်လျှက် ဗမာအမျိုးသမီးတစ်ဦးနှင့် လက်ထက်ခဲ့သည်ဟု ကျွန်န်ုပ်ကြားသိရသည် ။ ဟုတ်မဟုတ်ကား မပြောတတ်ပေ ။
အောင်ဆန်းနှင့် ကျွန်န်ုပ်ပထမအကြိမ်တွေ့ဆုံပွဲတွင် အောင်ဆန်းက သူသည် ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွပ်လပ်ရေးအဖွဲ့ကြီးမှတစ်ဆင့် ဗမာ့ပြည်သူလူထုက ဖွဲ့စည်းထားသော ဗမာပြည်ယာယီ အစိုးရအဖွဲ့၏ကိုယ်စားလှယ်တော်ဖြစ်ကြောင်း ၊ သူနှင့်တစ်ကွ သူ၏ဗမာ့အမျိုးသားတပ်မတော်သည် ဤအစိုးရအဖွဲ့၏ အမိန့်ကိုနာခံနေရကြောင်း ၊ သူသည်မဟာမိတ် စစ်သေနာပတိတစ်ဦးဖြစ်သည့်အလျောက် ကျွန်န်ုပ်နှင့် ပူးတွဲဆောင်ရွက်လိုသော ဆန္ဒရှိကြောင်း ကျွန်န်ုပ်၏လက်အောက်ခံ စစ်ဗိုလ်ချုပ်အဖြစ် ဆောင်ရွက်နိုင်မည်မဟုတ်ကြောင်း တင်ပြပြောဆိုသည် ။
ဆက်လက်ဖော်ပြပါဦးမည်. . .
steemit myanmar မှညီကိုမောင်နှမများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေ. . .
msc-206
photos credit by google

Sort:  

သိခွင့်ရတဲ့အတွက် ကျေးဇူးပါဗျ

ဟုတ်ကျေးဇူးပါရှင့်

အရေးအသားကောင်းပါတယ် ဆက်လက်ကြိုးစားပါ

ဟုတ်ကဲ့ပါမမစု ကြိုးစားပါ့မယ်မမ

အရေးအသားတွေကောင်းပါတယ်ဆက်လက်၍ကြိုးစားပါ