Introduce Myself

in #myanmar7 years ago (edited)

မင်္ဂလာပါရှင်. . .

               ကျွန်မ၏  Steemit  name  လေးသည်  @rattioo  ဖြစ်ပါတယ်ရှင် ။  Steemit  လုပ်ငန်းလေးထဲသို့  ယခုအချိန်မှ  စတင်၍  ဝင်ရောက်လာသော  New  Member  လေးဖြစ်သောကြောင့်  ရှေ့ကလျောက်နှင့်ပြီးသော  အစ်ကိုအစ်မတို့၏  အတွေ့အကြုံများနှင့်အတူ  ကျွန်မအား  လက်တွဲခေါ်ဆောင်သွားပါရန်  ယခုမိတ်ဆက်စာလေးတွင်  ပထမဦးစွာ  ပြောဆိုပါရစေ ။

               ကျွန်မ၏  မွေးရပ်ဇာတိလေးဖြစ်သော  မကွေးတိုင်းဒေသကြီး  နတ်မောက်မြို့လေးရဲ့ အနီးရှိ  ကျေးရွာလေးတစ်ရွာတွင်  1989  ခုနှစ်တွင်  မိဘများ၏  ကျေးဇူးတရားများဖြင့်  သည်လူ့လောကလေး၏  အတွင်းသို့  ရောက်ရှိလာခဲ့သည်မှာ  ယခုဆိုလျှင်  ၂၉  နှစ်အရွယ်သို့  ရောက်ရှိလာပြီဖြစ်ပါသည် ။  ကျွန်မသည်  စက်ချုပ်လုပ်ငန်းလေဖြင့်  အသက်မွေးဝမ်းကြောင်းပြုလျှက်  မိဘများအား  ဘဝဝမ်းစာရေးအတွက်  လုပ်ကိုင်ကြိုးစားလျှက်ရှိပါသည် ။ 

               ကျွန်မသည်  အားလပ်သည့်  အချိန်အခါများတွင်  စာဖတ်ခြင်း  အိမ်မှုကိစ္စရပ်များဖြင့်  အချိန်ကုန်တတ်ပါသည် ။ ဂီတဝါသနာပါခြင်း ၊  စာအုပ်ဖတ်ခြင်း ၊ ကဗျာဝတ္ထုတိုများရေးခြင်း ၊  Fashion ဒီဇိုင်းများကို လေ့လာခြင်း  စသော  ဝါသနာပါသော  ကဏ္ဍရပ်များကို  အချိန်ရလျှင်ရသောအခါများ၌  အချိန်ကို  အကျိုးရှိစွာဖြင့်  အကောင်းဆုံးအသုံချ၍  အသုံးပြုတတ်ပါသည် ။

              ကျွန်မသည်  ယခုအချိန်ထိ  မိဘများ၏  အေးမြသော  အရိပ်ကလေးအောက်တွင်  အေးချမ်းစွာ  ခိုလှုံလျက်  ညီကိုမောင်နှမများနှင်အတူ  ပျော်ပျော်ရွှင်ရွှင်  သိုက်သိုက်ဝန်းဝန်းနှင့်  မိသားစု၏  အိမ်ကလေးသည်  အေးချမ်းစွာဖြင့်  သာယာလျှက်တည်ရှိနေပါသည် ။ ထို့အတူ  အိမ်တွင်ချစ်စရာ  အရောင်လေးများဖြင့်  ကျွန်မအားတွေ့လျှင်  အပြေးချွဲနွဲ့တတ်သော  ကြောင်လေးနှစ်ကောင်အား  ဂရုစိုက်၍ချစ်ရသည်မှာလည်း  အချိန်ကိုအလုအယက်ပင်  ဖြစ်ပါသည် ။

             ကျွန်မသည်  Online  Money  ရှာဖွေခြင်း  ကဏ္ဍရပ်များကို  ကျွန်မ၏သူငယ်ချင်းတစ်ဦးမှ  လုပ်ရန်နှိုးဆော်ပေးသဖြင့်  ကျွန်မလုပ်ဖြစ်ခဲ့ခြင်းဖြစ်ပါတယ် ။ ကျွန်မသည်  စာပေရေးသားသော  ကဏ္ဍရပ်များကို  စိတ်ပါဝင်စားသဖြင့်  ယခုလို  Strrmit  ကဏ္ဍများကို  အကောင်းဆုံးလုပ်ဆောင်ရန်  ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ် ။ ထို့ကြောင့်  ရှေ့မှကြိုတင်၍  လျောက်လှမ်းနေသော  ဆရာဆရာမများအပါအဝင်  ညီအစ်ကိုမောင်နှမများအားလုံးတို့သည်  ကျွန်မ  @rattioo  အားလက်တွဲခေါ်ဆောင်သွားပေးပါလို့  သည်မိတ်ဆက်စာလေးနှင့်အတူ  မေတ္တာရပ်ခံ  ရေးသားလိုက်ရပါတယ်ရှင်. . .

Happy New Year 2018 တွင် အားလုံးပျော်ရွှင်ကြပါစေလို့ဆုတောင်းလျှက်. . .
image
MSC-206

Sort:  

welcome.

thank brother

ကြိုဆိုပါတယ်​ဗျ

ဟုတ်ကျေးဇူးပါအကို

steemit myanmar ကနေ ကြိုဆို ပါတယ် ။ ရှေ့ဆက်ပြီး ကျွန်တော် (MSC)တို့ နဲ့ အတူ လက်တွဲပြီး steemit မှ ပျော်ပျော်ရွှင်ရွှင် နဲံ $ တွေ ရှာ သွားကျရအောင်ပါ။

ဟုတ်ကဲ့ပါရှင့် ခုလိုနွေးထွေမှုနဲ့ကြိုဆိုတဲ့အတွက်ကျေးဇူးတင်ပါတယ်

ကြိုဆိုပါတယ် အမ...
အောင်မြင်ပါစေ..

ဟုတ်ကျေးဇူးတင်ပါတယ်အကို
ခုလိုနွေးထွေးစွာကြိုဆိုပေးတာ ဝမ်းသာပါတယ်

ဗိုလ်​ချုပ်​နယ်​သူဆို​တော့ တို့ကို​ကျော်​ စာအ​ရေး​တော်​မှာပါ
ကြိုဆိုပါတယ်​ဗျာ

စာရေးမတော်ပါဘူးအကို
ဝါသနာပါတာတော့အမှန်ပါပဲ

Welcome sis😁😁

ကျေးဇူးပါမမ

welcomeပါ ညီမငယ်

ဟုတ်ကျေးဇူးပါမမ

Welcome from myammar steemit

Congratulations @rattioo, you have decided to take the next big step with your first post! The Steem Network Team wishes you a great time among this awesome community.


Thumbs up for Steem Network´s strategy

The proven road to boost your personal success in this amazing Steem Network

Do you already know that awesome content will get great profits by following these simple steps, that have been worked out by experts?

thank steem-network

မင်္ဂလာပါ
ကြိုဆိုပါတယ် ဗျ
ပထမဦးဆုံး post ထင်ပါတယ်
အစ်မ ရဲ့ post မှာ အပေါ်ဖက် စာပိုဒ် လေးပုဒ် က ထောက်နေပါတယ်
အေဲဒီ စာပုဒ်တွေရဲ့ ရှေ့က space တွေကို ဖယ် လိုက်ရင် အဆင်ပြေသွားမှာပါ

ဟုတ်ကဲ့ပါရှင့်. .
လိုအပ်တာကိုကူညီသင်ကြားပေးပါအကို
အခုမှအစဆိုတော့လိုအပ်ချက်တွေအများကြီးပါ