စိတ်ထားတတ်ဖို့လိုတယ်

in #myanmar7 years ago

စိတ်ထားတတ်ဖို့လိုတယ်
အပြောအဆို စင်ကြယ်သလို စိတ်လည်း စင်ကြယ်ရပါတယ် ။ အစားအသောက် ၊ အနေအထိုင် စင်ကြယ်အောင် ကြိုးစားသလို ၊ စိတ်စင်ကြယ်ဖို့ကိုလည်း တစ်ချက်ကလေးမှ မေ့ထားပစ်လို့ မရနိုင်ပါဘူး ။
ကောက်ကျစ်တဲ့စိတ် ၊ သေးနုပ် သိမ်ဖျင်း ညစ်ညမ်းတဲ့သဘောမျိုးကို လုံးဝမမွေးမြူသင့်ပါဘူး ။
အောက်ခြေ နိပ့်ပါးတဲ့ ဘဝမျိုးကနေ အထက် အဆင့်မြင့်သော ဘဝမျိုးကို ရောက်ရှိချင်သော လူတိုင်းသည် စိတ်ထားတတ်ဖို့ အထူးပင် အရေးကြီးလှပါသည် ။
စိတ်ထားဖြူစင်မှု မရှိရင် အပြောတွေမှာရော ၊ အကျင့်တွေမှာပါ တစ်နေ့မဟုတ် တစ်နေ့ ထိုအကျင့်ဆိုးများ ပေါ်လာတတ်ပါတယ် ။
စိတ်နေသဘောထား ရင့်သန်ကြီးမြတ်ခြင်း ဖြစ်မှသာ အဖက်ဖက်မှာ ကြီးမြတ်လာမည် ဖြစ်ပါသည် ။ အလုပ်အကိုင် ၊ ပေါင်းသင်းဆက်ဆံရေး စသည်တို့သည် စိတ်နေသဘောထား ရင့်သန်ကြီးမြတ်မှုနှင့်အတူ မြင့်တက်လာနိုင်မည် ဖြစ်ပါတယ် ။
စိတ်ကို ဘယ်လိုပုံစံ ထားရှိသင့်သလဲ. . .
စိတ်ကို ငါလုပ်ရင် ဖြစ်ရမယ် ။ ငါကြံစည်ရင် ရကိုရနိုင်မည်လို့ ယုံကြည်ရပါမယ် ။ ငါဆောင်ရင် ဘာကိုမှမမြောက်ပဲ နေနိုင်မှာလဲဟူ၍ စိတ်နှစ်လုံးကို တုန်းတုန်းချနိုင်ရမည် ဖြစ်ပါသည် ။
စိတ်ထားမွဲလျှင် လူမွဲဖြစ်မည် ။
သူဌေးစိတ်ရှိမှ သူဌေးဖြစ်နိုင်မည် ။
လူမွဲလို ဖြစ်သလိုနေချင် ၊ ဖြစ်သလို စားချင် ၊ တော်ရိလျော်ရိနှင့် ကျေနပ်နေရင် ဘယ်သောအခါမှ ကြွယ်ဝချမ်းသာသူ ဖြစ်လာနိုင်မည် မဟုတ်ပါ ။
ကိုယ့်ရဲ့ စိတ်စွမ်းအင်ကို စိတ်ချလက်ချ ယုံကြည်သောသူသည် ကြုးစားဖန်တီးလျှင် အောင်မြငိစမြဲ ဖြစ်ပါသည် ။
အောင်မြင်နိုင်သောသူသည် အပြောအဆို ၊ အမူအရာတွေသည် အောင်မြင်မှုကို လိုလားနေပါသည် ။ သူ၏ စိတ်အမူအရာပင် မလွဲမသွေ အောင်မြင်မှု၏ အမူအရာကို တစ်ကယ်မြင်တွေ့နေရပါသည် ။
အောင်မြင်သည့် လူ၏ အမူအရာသည် ကြိုးစားလုပ်ယူသည်နှင့်အမျှ အောက်ကျနောက်ကျဟန်တွေ ပျောက်ကွယ်သွားပါတော့သည် ။
မိမိစိတ်ထဲတွင် အကျိုးဖြစ်ထွန်းမည့် အကြောင်းအရာများသာ ထားရှိပါ ။
အပျက်ကိုမတွေးပဲ ၊ အဖြစ်ကိုတွေးပါ ။
အဆိုးကိုမတွေးပဲ ၊ အကောင်းကိုသာတွေးပါ ။
စိတ်ပျက်စရာမတွေးပဲ ၊ အားတက်စရာများကို တွေးပါ ။
သူတစ်ပါး မကောင်းကြောင်းကိုမတွေးပဲ ၊ ကောင်းကွက်များကိုသာ တွေးပါ ။
စိတ်ရှင်းမှ အလုပ်ရှင်းတာမို့ စိတ်ကို ရှင်းလင်းအောင် နေပါ ။ စိတ်ရှင်းလျှင် အလုပ်ပါတွင်ကျယ် လာပါလိမ့်မည် ။ စိတ်မရှင်းလို့ ရှုပ်ထွေးတွေဝေ ၊ အလုပ်ရဲ့ အနာဂါတ်သည် ပြတ်သားမှု မရှိနိုင်ပါဘူး ။ မပြတ်သားတာနှင့်အမျှ ပင်ပန်းပြီး အလုပ်သည်လည်း တွင်ကျယ်မှု မရရှိနိုင်ပါ ။ ထိုအချိန်တွင် စိတ်သည် ပျံ့နှံ့လွယ်ပြီး စိတ်သောကများ ဝင်ရောက်ဖိစီး လာပါလိမ့်မည် ။
စိတ်အစွမ်းသတ္တိ မွေးမြူသောအလုပ်သည် အလွန်ပင် အရေးပါလှပါသည် ။ စိတ်အစွမ်းသတ္တိကို မွေးမြူရန်အတွက် ရှေးဦးစွာ စိတ်ကို စီစဉ်ရပါသည် ။ စိတ်ကို စီစဉ်ခြင်းသည် စိတ်ကူးကြံစည်သည့်သဘော ။ ဘာလုပ်မည် ၊ ဘယ်လိုခရီးဆက်မည် ၊ မည်သူများနှင့် လက်တွဲမည် ၊ မည်သည့်ရာသီ မည်သည့်လတွင် မည်သည့်အရာကိုရင်းမည် စသည်ဖြင့် အကွက်ချစီမံရပါသည် ။
စ,စီစဉ်သည့် အချိန်တွင်လည်း စိတ်ထားတတ်ဖို့ လိုအပ်ပါသေးသည် ။ မိမိအခြေအနေကို မိမိစိတ်က နားလည်ထားရမည် ဖြစ်ပါသည် ။ ကိုယ့်ကိုကိုယ် နားလည်သည့်သဘော ၊ လူတစ်ခြို့သည် တစ်ခြားသောသူအား နားလည်မှုပေးရန်မပြောနှင့် မိမိကိုယ်ကိုပင် နားမလည်တော့ခက်နေသည် ။ ထိုကဲ့သို့ မိမိအခြေအနေနှင့် မိမိကိုဟါကို နားလည်လာပြီးသည့်နောက် မိမိနှင့် ပါတ်သတ်လာမည့်သူများနှင့် လက်တွဲလုပ်ကိုင်ရမည့် လူများကို နားလည်မှုပေးရမည်ဖြစ်ပါသည် ။ နားလည်မှုရှိမှ စိတ်ထားသည် မှန်ကန်သော အခြေအနေသို့ ရောက်ရှိလာနိုင်မည် ဖြစ်ပါသည် ။
image
written by @rattioo
photos credit by google
MSC-206

Sort:  

ဟန်​အမူအရာသည်​ စိတ်​၏​ကျေးကျွန်​ပင်

ဟုတ်ကဲ့ပါ

နားလည်မှုဆိုတာ ဘယ် ချစ်ခြင်းကိုမဆို ခိုင်မြဲစေပါတယ်

ဟုတ်ပါတယ်မစုလှိုင်

နားလည်မှု ဆိုတာအရေးကြီးဆုံး အရာတစ်ခုပါဘဲ ကျော့်လိုပေါ့ ဟိဟိ

ဟုတ် စေတနာကရောင်ပြန်ဟပ်မှာပါbro@kyawkohtet

good ပါ
" A meeting of mind "

thank mama

ကောင်းပါ၏ စာလုံးပေါင်းလေးများ ပြန်စစ်စေချင်ပါ၏

ဟုတ်ကဲ့ပါရှင့်ပြန်စစ်ဆေးလိုက်ပါ့မယ်

အ​ကောင်းကိုသာ​တွေးပါတယ်​..

ဟုတ်ကောင်းပါတယ်

နားလည်မှုရှိရင် ပေါင်းသင်းဆက်ဆံရေးပါကောင်းမယ်။အားပေးသွားတယ် အစ်မကြီးရေ။

ဟုတ်ကျေးဇူးပါရှင့်

မှန်​တယ်​ စိတ်​ထားတက်​ဖို့လိုတယ်​။

ဟုတ်ပါတယ်

နားလည်းမှုကတကယ်​လိုအပ်​ပါတယ်​ဗျ

နားလည်မှုရှိမှအရာရာအေးချမ်းနိုင်တာပါ