ထိုညတစ်ည(Season-3)

in #myanmar7 years ago

မြူးနှင်းမှုန်များဆိုင်းနေချိန် နာရီအချိန်ကား ည၁၀ကျော်ရှိနေပြီ......Honda Click အနက်ပြောင်လေးနဲ့ ကျွန်တော် အနွေးထည်ထူထူ ဆိုင်ကယ်ဦးထုတ်နဲ့ ပုံမှန်အရှိန်နဲမောင်းလာချိန်.......ရှမ်းပြည်ရာသီဥတုအရတော့ ​အေးစိမ့်​ နေတာပေါ့ တပို့တွဲလအချိန်ခါရယ်.......နည်းပညာကျောင်းသား တစ်ယောက်ပါ Civil ပထမနှစ်တက်ရသည်ကား ပထမနှစ်ဝက်စာမေးပွဲနီးချိန်......အိမ်ကနယ်မှဖြစ်တော့ ဘိုင်ပြတ်တဲ့အချိန် အိမ်ကိုပိုက်ဆံပြန်တောင်းနေကျ....... image

ကျောင်းကတောင်ကြီးမြို့အောက်နားကအေးသာယာ(မြို့သစ်)မှာတက်ရတော့ ကျွန်တော့နေရပ်နဲ့မိုင်၆၀လောက် ဝေးတယ်.....
အကြောင်းကတော့ သုံးစရာပြတ်လို့ အိမ်ပြန်တာပါပဲ.......သောကြာနေ့ညနေပြန်လိုက်တာပေါ့ နောက်နှစ်ရက်အေးဆေး နေလို့ရသည်အတွေးနဲ့........အရင်ကလဲထိုအတိုင်းပြန်နေကျပင်......

ဆိုင်ကယ်မောင်းနေရင်း မျက်နှာချင်းဆိုင်အကွေ့မှာ ကားအကြီးကြီး ဥပမာပြောရရင်ဇာတ်အငြိမ့်တွေလိုက်ကနေတဲ့ကားပုံစံမျိုး.......ကားမီးကြီးနှစ်လုံးကထိန်နေတာအဝေးကနေ.....စိတ်ထဲကလဲ ကျိန်ဆဲလိုက်မိတယ် ဒီလူတော်တော် လူမှုရေးမရှိပါလားပေါ့.......တင်းသွားတယ်......မျက်လုံးကြိမ်းတာနဲ့ပဲ ဆိုင်ကယ်ကိုလမ်းချရပ်ပြီး သူတို့ကားကိုလမ်းပေးလိုက်တာ......ခနမဟုတ်ချင်းမာပဲ ခုနကကားကြီးက ကျွန်တော်ကို လွန်သွားတာနဲ့ ဘေးကွေ့ဂျောက်ကြီးထဲထိုးချပြီးမောင်းဆင်းသွားရောဗျာ........အုန်းဆိုတဲ့ အသံနဲ့အတူ ချောက်ထဲ မှာဘာသံမှမကြားရတော့....စိတ်ထဲလည်းအကုန်သေကုန်တာလားပေါ့...... image

လူလူချင်းစာနာကောင်းပါရဲ့ဆိုပြီး ချောက်ထဲဘေးနားကသွားကြည့်လိုက်တာ ချောက်ထဲ အပင်နဲ့ အမှောင်ရိပ်သာ.......ဂယောင်ချောက်ခြားမိသွားတယ်အမှန်....စိတ်ထဲလဲမသိုးမသန့်တာနဲ့ ဆိုင်ကယ်ဆီ အမြန်ပြန်ပြေးပြီး တက်တုန်း `ကယ်ကြပါဦး´အမျိုးသမီးတစ်ယောက် အော်သံ.....
အသံကချောက်နားဆီက လာနေတာအမှန်ပဲ......ခုနကကျသွားတာကားစင်းလုံးမြင်လိုက်တာ ခုကြားတော့မိန်းမအော်သံတစ်သံဆိုတော့သူတစ်ယောက်ထဲအသက်ရှင်တာလား........စိတ်ထဲဇဝေဇဝါနဲ့ ချောက်နားက ကမ်းပါးနံရံဖက်မာ လက်တစ်ဖက်ကုပ်တွယ်လာတာကို တပ်အပ်တွေ့လိုက်ရပါတယ်........လက်တစ်ဖက်တင်သွေးအလိမ်လိမ်နဲ့အခြေနေအတော်ဆိုးပုံရတယ်........သွားဆွဲတင်ဖို့ ဟန်ပြင်နေတုန်း တက်လာအမျိုးသမီးမှာ ဦးခေါင်းမပါ.........
ပြောတော့မပြောပြတက်ဘူး အူတွေအသဲတွေပြောင်းပြန်ဖြစ်ကုန်တယ်......
ကြောက်ပုံပြောတာ.........

အရေးထဲဆိုင်ကယ် စက်ကနိုးမရပူထူသွားတယ်အေးနေတဲ့အရှိန်တောင်ပျောက်သွားလေရဲ့......ခေါင်းပြတ်ပြီး တစ်ကိုယ်လုံးသွေးအလိပ်လိပ်ဖြစ်နေတဲ့ အမျိုးသမီးကတော့ကုပ်ဖဲ့တက်ပြီး ကျွန်တော်ရှိရာဖက်ကို တွားသွားလာနေတော့ ကြောက်အားလန့်အားနဲ့ စက်နိုးသွားပြီး လီဘာ ကုန် ဆွဲပြီးပြေးတာပေါ့........မကြာဘူး ပယဘူး ကွမ်းတစ်ညက်မညက်ခင်အချိန်ကာလမှာ ဆိုင်ကယ်က ဘာအကြောင်းမှန်းအသိဖွက်ချက်ဖွက်ချက်နဲ့ ထိုးရပ်သွားရောဗျာ.......ခနကသရဲမနဲ့မှ ဘယ်လောက်မှမဝေးသေး.......အနောက်ကလိုက်လာမှာလည်းစိုးမိ.....စက်ကနိုးသော်လည်းမနိုးလာ......ဆီဂိတ်ကလည်းဆီအပြည့်ထည့်ခဲ့တာဆီလည်းရှိတယ်......

ဘယ်လိုအကြောင်းအရာကြောင့် ဒီလိုဖြစ်တာလဲစဉ်းစားမရ......မြို့ကိုပြန်ရောက်ဖို့ကလဲ မိုင်အတော်ဝေးသေးတော့.....
ဖုန်းကလည်း No service.....
လာမဲ့ဘေးပြေးတွေ့ရုံသာရှိတော့တယ်စိတ်နဲ့ ဆိုင်ကယ်ကိုတွန်းရင်းရှေ့ဆက်လာတယ်........ image

တောင်ဝေ့လမ်းတွေဖြစ်လို့ အကွေ့အကောက်တော်တော်များလှသည်....ခုနကတွေ့ခဲ့သလိုမြင်ကွင်းမျိုးထပ်မတွေ့ပါနဲ့ဆုတောင်းရင်းရှေ့ဆက်ဆိုင်ကယ်တွန်းရင်း တစ်ယောက်ယောက် လမ်းသွားတွေ့ရင်လည်းအကူညီတောင်းရချည့်ရဲ့.........တစ်ယောက်မျှမရှိ.....တစ်ယောက်ထဲခရီးသွားတဲ့အချိန်ဖြစ်တော့ ကြောက်မိတာအမှန်ပင် ဘေးဘက်ခြုံနွယ်တွေနဲ့ တောစပ်လမ်းတွေ.......

ဆက်တွန်းလာရင်း ရှေ့မလှမ်းမဝေးမှာ ဆိုင်ကယ်မီးရောင်တစ်လုံးလဲ့လဲ့ မျက်နှာချင်းဆိုင်လာတေတော့ အားတက်သွားတာပေါ........အကူညီရတော့မယ်စိတ်ကလဲ လက်လေးတာမယ်ကြံတုန်း ဆိုင်ကယ်ကြီးက အဝေးကကိုးထင်ရှာမြင်နေရတယ်....ထူးခြားတာက ဆိုင်ကယ်မှာ လူတစ်ဦးတစ်ယောက်မှ မပါလာ ......မသိရင် ထိန်းချုပ်ကိစ္စနဲ့ ထိန်းထားသလိုဆိုင်ကယ်ကြီးက ဖြေးဖြေးမှန်နဲ့ မောင်းသူမပါ ........အတော်တန်လဲလန့်မိသွားတယ်........

မျက်စိမောက်လေသလား......ခနအကြာတော့ဆိုင်ကယ်စက်ပြန်နိုးတာနဲ့ ဆက်ထွက်ခဲ့တာပေါ့......စိတ်ထဲလည်းအိမ်အမြန်အိမ်ပြန်ရောက်ချင်စိတ်သာ........မကြာပါဘူး ဗျာ တိုးဂိတ် အဟောင်းနားရောက်ပြီးအကျော်နားလေးရောက်တော့......ညာဖက်ရပ်ပြီး လူကြုံတားနေတော့.........

ကျွန်တော်အထင် အနီးနားရွားကပဲပေါ်တင်သွားမှရှာတွေမာဆိုဆိုတော့ အနီးနားရောက်ရောက်ချင်း ဖျောက်ဆိုအသံနဲ့အတူ ခုနက ရပ်စောင်နေတဲ့သရဲပျောက်သွားရောဗျာ......ကျွန်တော်လည်း ဒီတစ်ခါဘာတွေ့တွေ့လှည့်မကြည့် ဘူးစိတ်ထားပြီး အိမ်နောပြန်ရောက်အောင်ပြန်ခဲ့တာပေါ့ဗျာ.....အဲညက အဖြစ်ပျက်ကိုတော့ ယခုထိမေ့မရနိုင်ပါ....
နောက်တစ်ခန်းရပ်များထပ်လာပါဦးမည်.

စကားချပ်။ ။ ဖြစ်ရပ်မှန်အဖြစ်ပျက်များကိုသာရေးသားသောကြောင့်မမြင်အပ်မြင်အပ်သောအရာများကို မေတ္တာပို့အပ်ပါသည်။စုံစမ်းသိရသောအကြောင်းအရာများကို စိတ်ကူးယောင်ဖြင့်ပေါင်းစပ်ပြီးတင်ဆက်ပေးထားသည့်ဖြစ်ပါကြောင်းနှင့် မည်သူတစ်ဦးတစ်ယောက်ကိုမှ ရည်ရွယ်ချင်းမရှိကြောင်း ကြိုတင်အသိပေးအပ်ပါသည်။
လေးစားလျက်
@saihack
MSC No.152
Photo crd from Google

Sort:  

ကြောက်​​ကြောက်​နဲ့ဖတ်​ရတာ ​နောက်​တခါ သူရဲအချစ်​ဇာတ်​လမ်း​လေး​ရေးပါဦး ဘာပဲဖြစ်​ဖြစ်​ဖတ်​လို့​ကောင်းတယ်​ စိတ်​​ခြောက်​ခြားစရာ

အားပေးလို့ကျေးဇူးပါ ဆက်ကြိုးစားရေးပေးပါ့မယ်

ဆိုင်ကယ်တားစီးပြီး ခေါ်လာခဲ့မှ ရောက်တော့ချပေမဲ့တယ်
နောက်နေ့မှသေပြီးသားမှန်းသိတာမျိုးတော့
ကြားဖူးတယ်

မခေါ်လာရဲပါပူးဗျာ😬😬

အကုန်မဖတ်ရဲဘူး ကျော်ကျော်ဖတ်ရတယ်။ ကြောက်လို့

နေ့ခင်းပဲဖက်ပါဗျ

နိ သရဲတွေက ကုန်သေးဘူးလား တစ်ခါတစ်လေ ထင်မိတယ် သရဲအကြောင်းတွေ ဒီလောက်ရေးနိုင်နေတာ နိကိုယ်တိုင် သရဲလေးများ ဖြစ်နေသလားလို့😁😁😁

😁😁😁ကျနော်သရဲဆိုရင်broကိုအရင်လာခြောက်မာ😂

😂😂😂

သရဲအ​ကြောင်း အဲဗား​ရေးနိုင်​တာ ​လေးစားတယ်​ဗျာ ​အောင်​မြင်​ပါ​စေညီ

ဟုတ်ကဲ့အားပေးလို့ကျေးဇူးပါဗျ

ကားက ချောက်ထဲကျတာအရင်ကတည်းကဖြစ်မယ်ထင်တယ်နော်။
အဲ့လိုအဖြစ်မျိုးတစ်ယောက်တည်းသာကြုံရရင်တော့ 😬😬😬😱😱😱

ဟုတ် episode တွေပေါင်းရင်အားလုံးသိရမာပါအကိုရေ

ကိုယ်တိုင်က သရဲလား ဖုတ်ဝင်နေတာလားဗျ

အဟင်း broကိုဂုတ်ခွမယ်😁😁😂

အတိတ်က အရိပ်တွေ မှတ်လေသလားကွယ် ဟီး

အတိတ်က ရဲ့ အရိပ်တွေပဲပေါ့ဗျာ

ခေါင်းမပါတဲ့ အမျိုးသမီးကိုတင်ပြီး ဆေးရုံပို့ပေးလေ...
သူ့ခမြာ အကူအညီတောင်းနေတာ သနားပါတယ်

အဲနောက်တယ်ဗျာ အူတွေယားလွန်းလို့အတွေးနဲ့တင်ထွက်ပြေးနေပြီ😁😂

postကိုဆုံးအောင်တောင်မဖတ်ရဲဘူး

အဲဗျာ 😂😂😂