အောက်လမ်းပညာရှင်ဆိုတာ သို့မဟုတ် အဘိုးပြောပြသော ဇတ်လမ်းများ
အောက်လမ်းပညာရှင်ဆိုတာ သို့မဟုတ်
အဘိုးပြောပြသော ဇတ်လမ်းများ
ကျွန်တော် ဒီနေ့ မနက်စောစောတွင် အဘရှိရာသို့ ကားဖြင့်တဖုန် ဆိုင်ကယ်ဖြစ်တဖုတ် သွားသည်။ အဘမှာကျွန်တော်လာသည်ကို သိသည့်အလား ခြံဝမှ "မောင်စောမြတ်ထွန်း လာလေကွာ "ဟု နုတ်ဆက်လေသည်။ အမှန်စင်စစ် ကျွန်တော်နေသောနေရာနှင့် အဘရှိရာနေရာမှာ အလွန်ဝေးလှသည်။ အဘက ကျောက်တန်း ကျွန်တော်ကသင်္ကန်းကျွန်းမှာနေသည်။
ကျွန်တော်က အဘနှင့် ဖျာပေါ်တွင်ထိုင်ကာ စကားပြေကြသည်။ ကျွန်တော်က "အဘက ငယ်ငယ်တုန်းက အောက်လမ်းပညာရှင်တွေနဲ့တွေ့ခဲ့ရသေးလားဗျ"ဟုမေးသောအခါ အဘက "ငါ့သားနှယ် ကြုံရတာပေါ့ကွာအာ့တုန်းကအဘ ငယ်ငယ်လေးဘဲ့ရှိသေးတယ်. အောက်လမ်းဆရာမှန်းမသိဘဲ့ သိုင်းပညာရှင်ထင်ပြီးလိုက်တုန်းကပေါ့ကွာ"ဟု အတိတ်ကိုသတိရသောမျက်ဝန်းတစ်စုံဖြင့်ပြောလေသည်။ ကျွန်တော်ကအဘ သားကိုပြောပြပါလားဟုပြောသောအခါ အဘသည် ပြောပြမယ်စုဆိလေသတည်း။ (စာဖတ်သူများအဆင်ပြေအောင် အဘအစားကျွန်တော်ဟုသုံးကာ..ဝတ္တုသဖွယ်ရေးသားမည်ဖြစ်ကြောင်း)
ထိုနှစ်ကဘ၁၉၇၂ခုနစ်ဖြစ်သည်။ ကျွန်တော်၏အသက်ကား ၁၇ ၁၈အရွယ် ခန့်ရှိသည်။ ကျွန်တော်၏ ဝါသာနာမှာ သိုင်းကိုအရူးအမူးကြိုက်သောဝါသာနာဖြစ်ပေသည်။
ထိုနေ့က ကျွန်တော်တို့သူငယ်ချင်းတသိုက်သည် သမ္မတရုပ်ရှင်ရုံတွင် ရုပ်ရှင်ကြည့်ရန် တန်းစီ၍ လတ်မှတ်ဝယ်ကြသည်။ ကျွန်တော်တို့သည်တန်းစီပြီး၍လတ်မှတ်ဝယ်ပြီးပြန်ထွက်ချိန်တွင် အကောင်ကြီးကြီး လူထွားဖြစ်သောခေါတောကုလားကြီးသည် သူ့ရှေ့တွင်ရှိသော ပိန်ပိန်ညှက်ညှက်လူကြီးတယောက်အား အနိုင်ကျင့်လေသည်။ ထိုပိန်ပိန်ညှက်ညှက်လူကြီးက "မင်းမတရားမလုပ်နဲ့ လိုချင်ရငိ စောစောကတည်းကတန်းစီဝယ်ပါလား"ဟု ပြောသံကြားရသည်။
ထိုစဉ်ကျွန်တော်တို့သူငယ်ချင်းတသိုက်မှာ ကြံချောင်းများကိုဝယ်စားနေခိုက်ဖြစ်၍ ထိုခေါတောကုလားကြီးက ထိုလူကြီးကိုအနိုင်ကျငိ့ထိုးကြိတ်လျှငိ ရိုက်ရန်အသင့်အနေအထားဖြစ်စောင့်နေသည်။ တခြားမြန်မာများလည်းကြည့်နေသည်။ ဝင်တော့မလုပ်ကြသေး.ထိုခေါတောကုလားကြီးဘက်တွင်တခြားကုလားများလည်းရှိသေးသည်။
ထိုခေါတောကုလားကြီးက "သေစမ်းကွာ"ဟု ရွတ်ကာထိုလူကြီးကိုထိုးလိုက်သည်။ ထိုစဉ်ဘယ်လိုဖြစ်သည်မသိ ထိုလူကြီး မှောက်ပြီထင်ရာ တကယိမှောက်သွားတာက ထိုခေါတောကုလားကြီးပင်။ ထိုလူကြီးက "မင်းတို့ခေါတောကုလားကို ဆေးရုံပြလိုက် မင်းတို့လူ နံရိုးကြိုးသွားပြီ"ဟုဆိုလိုက်သည်။ ထိုခေါတောကုလားတပည့်များလည်း မ ကာ ထွက်သွားကြသည်။
ကျွန်တော်ကတော့ သိုင်းပညာကိုအရူးအမူးဝါသာနာပါသောကြောင့် ထိုဆရာကိုသိုင်းပညာရှင်ဖြစ်၌သာ ခဏအတွင်းမှောက်အောင်ချနိုင်သည်ဟူထင်မြင်မိသည်။ သို့နင့် ရုပ်ရှင်ပြီးသည့်နောက်တွင် ထိုဆရာနောက်သို့လိုက်လေသည်။
ထိုဆရါဆီမှာတပည့်ခံသောအခါ ထိုဆရာက သူသည် သိုင်းပညာရှင်မဟုတ်ကြောင်း ၊အောက်လမ်းဆရာတယောက်သာဖြစ်ကြောင်း၊သူမွေးထားသည့် သရဲကထိုခေါတောကုလားကိုကန်လိုက်သောကြောင့်နံရိုးကျိုးသွားတာဖြစိကြောင်း ရှင်းပြသည်။ သိုင်းစောင့်သောအင်းကိုတော့ထိုးပေးနိုင်ကြောင်း ဒါပေမယ့်သုံးနှ်တိတိစောင့်ရမည်ဖြစ်ကြောင်းပြောသည်။ ကျွန်တော်လည်းလက်ခံလိုက်သည်။
ညတညတွင် ထိုဆရာက ကျွန်တော့်အား အစိမ်းသေ သရဲမကို အသုံးပြုရန်ခေါ်လိုက်သည်။ တာမွေသချိုင်းကုန်းတွင်လောလောလတ်လတ်သေသွားသော အစိမ်းသေမအား ခေါင်းဖြတ်ပြီးခိုင်းစားစေလိုသောကြောင့်ဖြစ်သည်။(ယခုအခါတာမွေသချိုင်းကုန်းနှင့်တူာတာဘာမှမရှိ) အုတ်ဂူနဲ့သဂြိုလ်တာမဟုတ်ဘဲ့ မြေမြှပ်သောကြောင့် တူးရလွယ်သည်။ ထိုစဉ်ကတော့ ငယ်သည်သည်ကတကြောင်း ပညာတခုကိုသဲကြီးမဲကြီးလိုချငိသည်ကတကြောင်းမျု့ အမှားအမှန်ကိုခွဲခြားနိုငိကြောင်းမရှိသောလည်း ထိုဆရာမှာသူတပါးကိုစပြီးမကောင်းကြံခြင်းမရှိသောကြောင့်လိုက်လုပ်ပေးခြင်းဖြစ်သည်။
ထိုဆရာသည် ဂါထာတခုကိုမန်းမှုတိလိုက်သောအခါ အစိမ်းသေမသည် ငေါက်ခနဲထလာသည်။ ဆရာကအချက်ပေးလိုက်သောအခါ ထိုအလောင်းအစိမ်းသေမအား လည်ဆစ်ရိုးကိုဖြုတ်လိုက်သည်။ ဆရာက ထိုအစိမ်းသေမအား ခေါင်းဖြတ်ကာ ကျန်တာကို မူလအတိုင်းမြေမြှုပ်ပြီး သူ့အိမ်တွင်ကျွန်တော့်အားအိပ်ခိုင်းသည်။
ထိုသို့အစိမ်းသေများကိုခေါငိးဖြတ်တာကို လေးခါတိတိလုပ်ပေးဖူးသည်။ ထိုဆရာကဘကျွန်တော့်အား ထိုအောက်လမ်းပညာကိုယူရန်ပြောသည်။ ကျွန်တော်ကသိုင်းပညာကိုသာလိုချင်ကြောင်းသာပြောသည်။ သူလည်းကျွန်တော့်ကိုထိုးပေးသွားခဲ့လေသည်။
ထိုဆရာနှင့် နစ်နစ်ခန့်တွဲပီးနောက်တွင် ကျွန်တော်နှင့်ထိုဆရာသည်လက်ဖက်ရည်သောက်နေသည်။ ထိုစဉ် ဘေးမှ မွတ်စလင်ကုလားမသည် သူ့အဖော်တယောက်နင့်စကားပြောရာမှ တံတွေးသည် ထိုဆရာခွက်အနီးသို့ရောက်လာသည်။.တံတွေးစင်တာပေါ့ဗျာ။ ထိုဆရာက စိတ်တိုကာ "ဂန်းနာမ အခုချက်ချင်းငါ့အိမ်လိုက်စမ်း"ဟုဆိုကာ ထိုတံတွေးပေါ်ကို လက်ဝါးရိုက်လိုက်သည်။ ထိုမွတ်စလင်မသည် သူ့မနှငိ့စကားပြောနေသောအဖော်ကိုစောင့်ပင်မစောင့်တော့ဘဲ့..အထုတ်ဆွဲပြီးထိုဆရာနှင့်အတူလိုက်လေသည်။ (ထိုမွတ်စလင်မမှာချောသည်)
ကျွန်တော်ရယ်သူရယ်သူ့မိန်းမ မွတ်စလင်မရယ် ထမင်းစားနေစဉ် ထိုဆရာက ငါငပိရည်တို့စရာခူးမလို့ ဆိုကာ ပြန်မလာတော့ပေ။ ကျွန်တော်ကသူ၏မိန်းမအားတစ်နစ်တိတိအလကား လုပ်ကျွေးလိုက်ရပေသေးသည်။ တနစ်ခန့်လွန်သောအခါမှ ထိုမွတ်စလင်မကို ဆရာက ကွာရှင်းလိုက်ကြောင်း.ဆရာကကျွန်တော့်အားပြောပြသည်။ ဤတွင်စကားရပ်သွားသည်။
ဒါဘဲ့သားရေ ဟု အဘက သူ့၏အတွေ့အကြုံကိုပြေပြသည်။ မွန်းတည့်ရောက်တော့. ထမင်းချိန်မို့.စကားခနရပ်နားလိုက်ပေသတည်း။
Saw Myat Tun
Msc 088
From myanmar
Photo me
မင်းသိင်္ခစတိုင်ပဲဟေ့
လက်ဦးဆရပေါ့ဗျာ
ကားဖြင့် တစ်ဖုန် ဆိုရာမှာ ဆေးဖေါ်တဲ့အခါ တစ်ဖုန်၊ နှစ်ဖုန်သုံးပါတယ်၊ ကားနဲ့လည်းသွားတယ်လို့ရေးချင်ရင် ကားဖြင့်တဖုံလိုပသုံးရပါ့မယ်၊ ဆိုင်ကယ်ဖြင့်တဖုတ် ဆိုရာတွင် မြက်ပင်များကို သာ တစ်ဖုတ်၊ နှစ်ဖုတ် သုံးရိုးထုံးရှိပါတယ်၊ ဆိုင်ကယ်ဖြင့် တစ်ဖုံ ဖြစ်သင့်ပါတယ်ဗျာ။ ပါဝါပြည့်ချိန်ပြန်လာပေးပါ့မယ်။
ဟုတ်ဆရာ အာ့နစ်ခုကျိုန်တော်သိပ်မကွဲတယ
ဂမ္ဘီရဆန်ဆန်တွေပဲရေးတယ်နော်ဖတ်လို့ကောင်းပါသည်ရှင်။
ဝါသာနာပါတာကိုး အင်ဂျင်နီယာ့ ရုံးကိစ္စ့က တင့်ကောင့်းပါ
ဗဟုသုတ၇ပါတယ်ဗျာ
ဟုဟု
ကြောက်စရာကြီး။
ဟုတယ်မ
ဖတ်လို့ကောင်းပါသည်။
ဟုဟု
ူသေခေါင်ရဲ့ ခေါင်းကိုတကယ်ဖြတ်လိုက်တာလားဗျ
တကယ်ြုတ်တယ်ပြောတယ် အဆစ်အရင်ြုတိတာ
ခေါင်းစဉ်နဲ့တင်လန့်တယ်ဗျာ...
ငိငိ
ကြောက်စရာကောင်းတယ်ဆိုလို့ အိပ်ကာနီးမှဖတ်တော့မယ်
ဟူဟု
ကြောက်စရာကြီးဗျာ