ဟာသတပုဒ်ဟုဆိုသော်လည်း
ဟာသတပုဒ်ဟုဆိုသော်လည်း
အမေရိကန်နိုင်ငံမှာဖြစ်သည်။
ဝန်ကြီးချုပ်တွေ၊စစ်တပ်အကြီးအကဲတွေသာတတ်နိုင်သည့်အိမ်သာတွင် ဂျွန်ကာတာတယောက် အိမ်သာစောင့်ရသည်။ ဂျွန်ကာတာသည်ပထမဆုံးအကြိမ်ဖြစ်သဖြင့်သူ၏အစွမ်းကိုပြကာ မျက်နာရဖို့ကြိုးစားရန်ဆုံးဖြတ်လိုက်သည်။
သိပ်မကြာခင်တွင် ကျန်းမာရေးဝန်ကြီးချုပ် အိမ်သာလာတတ်သည်။ ဂျွန်ကာတာက ကျန်းမာရေးသီချင်း..ဖွင့်ပေးလိုက်သည်။ ကျန်းမာရေးဝန်ကြီးချုပ်က အိမ်သာကထွက်လာပြီး ခင်ဗျားအတွက်ရာသက်ပန်ကျန်းမာရေးအခမဲ့ဖြစ်အောင်လုပ်ပေးမည်ဟူပြောသည်။ ဂျွန်ကာတာပျော်သွားသည်။
သိပ်မကြာခင် အားကစားဝန်ကြီးချုပ်ရောက်လာပြီးအိမ်သာတတ်သည်။ ဂျွန်ကာတာက အားကစားနဲ့ပတ်သက်သည့်သီချင်းကိုဖွင့်ပေးလိုက်သည်။အားကစားဝန်ကြီးချုပ်က အိမ်သာတတ်ပြီးသောအခါ ရာထူးတိုးပေးဖို့သမ္မတကိုပြောပေးမည်ဟု ဂျွန်ကာတာကိုပြောသည်။
မကြာခင်..ကာကွယ်ရေးဝန်ကြီးချုပ် အိမ်သာလာတတ်သည်။ ဂျွန်ကာတာကရှေးကနည်းတူ ကာကွယ်ရေးသီချင်းဖွင့်ပေးလိုက်သည်။ ကာကွယ်ရေးဝန်ကြီးချုပ်က အိမ်သာမှထွက်လာပြီး.သူတ်ု့ငှါနတွင်ရာထူးကောင်းကောင်းပေးမည်ဖြစ်ကြောင်းပြောသည်။
ဒန်တန်တန်....သမ္မတကိုယ်တိုင်အိမ်သာလာတတ်သည်။ ဂျွန်ကာတာကဒီတခါအပိုင်ဘဲ့တွက်ကာ နိုင်ငံတော်သီချင်းဖွင့်ပေးလိုက်သည်။ ဒီတခါကထူးဆန်းသည်၊ တခြားဝန်ကြီးချူပ်တွေကျ..တခါတည်းဖွင့်ပေးရုံနဲ့အိမ်သာတတ်ပြီးသည်။ ဂျွန်ကာတာက ဟာဒါဟာ သမ္မတကြိုက်လွန်းလို့ နစ်ခါသုံးခါဖွင့်ထားလိုက်သည်။
သမ္မတမှာ..နီမြန်းသောမျကိနာဖြင့်ထွက်လာပြီး ဂျွန်ကာတာကို အလုပ်ဖြုတ်မည်ဟုပြောသည်။ဂျွန်ကာတာက ဘာကြောင့်လဲဟုအသနားခံသောအခါ...သမ္မတပြောသည်မှာကား" ငါ့တသက်တာလူံးမှာ...
ငါတချိန်လုံးမတ်တပ်ရပ်အီးပါခဲ့ရတာကွ...အီးပါခဲ့ရတာ..."ဟု အကျယ်ကြီးအော်ဟစ်ပြောဆိုလိုက်လေသတည်း။ ဒ်ါက ဘာသာပြန်ဟာသတပုဒ်ဖြစ်သည်။ မူရင်းတွင်ဖြစ်ရပ်မှန်က်ုအခြေခံသည်ဟုပါသည်။ ဆက်စပ်ပြီးတွေးတောမိသည်က ရုပ်ရှင်ရုံတွင် ရုပ်ရှင်စဖွင့်အချိန်ကတည်းက နိုင်ငံတော်သီချင်းဖွင့်သည်။ ဒါကို ထရမှာပျင်းတယ်...လူ့အခွင့်အရေးဟု.ဆိုသည်။ နိုင်ငံတော်သီချင်းက်ုကျွန်တော်တို့ဘဝတွင် စတိတ်ကျောင်းသားဘဝမှာသာမတ်တပ်ရပ်အလေးပြုခဲ့သည်။ ကျန်သောဘဝတလျှောက်လုံးတွင် အာဇာနည်နေ့တနေ့တည်းသာအလေးပြုခဲ့ရသည်။ ရုပ်ရှင်ရုံတွင် တမိနစ်ခန့်သာကြာသောနိုင်ငံတော်သီချင်းကို.. နိုင်ငံကြီးသားပီသစွာဖြင့်.မတ်တပ်ရပ်အလေးမပြုနိုင်သည့်သူများက.ဒီမိုကရေစီ ၊ဒီမိုကရေစီဟုဆိုကာ..နိုင်ငံတော်သီချင်းကိုပေါ့ပျက်ပျက်ပြုကြသည်ကား.ကောင်းသောလက္ခဏာမဟုတ်ပေ။ နိုင်ငံတော်သီချင်းကိုမလေးစားရင်ဖြစ်ဖြစ်၊နိုင်ငံတော်အလံကိုမလေးစားရင်ဖြစ်ဖြစ်..နိုင်ငံတော်ဖြစ်ပေါ်ရန်ကြိုးစားခဲ့ရသော.အာဇာနည်များကိုအားနာသင့်ပေသည်။
အိမ်သာတတ်ရင်းနိုင်ငံတော်သီချင်းသံကြောင့်မတ်တပ်ရပ်ပီးအီးပါရသော.သမ္မတလောက်.အခြေအနေမဆိုးပါ။ ထိုသမ္မတ၏စိတ်ဓာတ်သည်.ဒီမိုကရေစီ၊လူ့အခွင့်အရေးနဲ့မပတ်သက်ဆိုင်ဘဲ့..လူတဦးရှိအသိစိတ်ဓာတ်နှင့်သာတိုက်ရိုက်တိုက်ဆိုင်သည်။ ဆက်စပ်ပြီး..တွေးမိသည်က ဒီနိုင်ငံမှာနေရတာမကောင်းဘူး။စိတ်ပျက်တယ်။ မတရားဘူး။ အမေရိကန်မှာနေချင်တယ်။ဂျပန်မှာနေချင်တယ်..။စသဖြင့် တခြားနိုင်ငံတွင်နေမည်.ဒီနိုင်ငံကိုစွန့်ခွာမည်ဟူသော စိတ်ဓာတ်များမှာ..နိုင်ငံသားကဒ်ရရှိထားသော..နိုင်ငံသားဖြစ်သော.ထိုနိုင်ငံတွင်နေထိုင်သောလူများသာဖြစ်သည်။ စင်ကာပူနိုင်ငံကိုတည်ထောင်သူ လီကွမ်ယုသည်..စင်ကာပူနိုင်ငံက ဓားပြတွေဝေစုခွဲတဲ့ကျွန်း၊ ဖာတွေ၊သူခိုး၊ဓားပြတွေ၊တံငါသည်တွေသာ နေတဲ့ကျွန်း..စောင်ရမ်းစိတ်ပျက်တယ်။အာ့လိုနိုင်ငံမှာမနေချင်ဘူး။မြန်မာနိုင်ငံမှာဘဲ့နေမယ်(ထိုစဉ်ကမြန်မာနိုင်ငံကောင်းစားချိန်)အမေရိကန်မှာဘဲ့နေမယ်...ဆိုသည့်စိတ်ဓာတ်ပိုင်ရှင်ဖြစ်ပါက..ယနေ့စင်ကာပူနိုင်ငံမျိုးကိုမြင်ရမည်မဟုတ်ပေ။ ကျွန်တော်တို့လူတိုင်း နိုင်ငံခေါင်းဆောင်ဖြစ်နိုင်သည်။သို့သော်နိုင်ငံခေါင်းဆောင်ဖြစ်ထိုက်သောစိတ်ဓာတ်များကားမရှိပေ။ အခြေခံ တိုင်းပြည်လူမျိုးကိုချစ်စိတ်မရှိဘဲ..တရားမျှတမှု၊ ဒီမိုကရေစီ၊လူ့အခွင့်အရေး.ကိုဘောင်ကျော်ပြီးဆုံးဖြတ်ရန်မသင့်ပေ။ အခြေခံ တိုင်းပြည်လူမ်ျုးချစ်စိတ်ရှိမှ နိုင်ငံသားကောင်းရတနာဖြစ်နိုင်သည်။ တဖက်ကကျိလျှင်
စိတ်ပျော်ရွင်ဖို့အတွက်ရုပ်ရှင်လာကြည့်တာ နိုငံတော်သီချင်းကိုနားထောင်အလေးပြုဖို့မဟုတ်ဘူး...ဒါလည်းမှန်သည်။ ဆက်ပြောသင့်သည်ကား ဘောလုံးပွဲလာကြည့်တာ၊လာကန်တာ..နိုင်ငံတော်သီချင်းဆိုဖို့မဟုတ်.၊အလေးပြုဖို့မဟုတ်။ အားကစားအိုလံပစ်ပွဲကြည့်ချင်တာ..နိုင်ငံတော်သီချငိးဆိုဖို့အလေးပြုဖို့မဟူတ်ဟုစောဒကတတ်သင့်သည်။ ဂျွန်ကာတာလို အိမ်သာတတ်ချိန်မှ နိုင်ငံတော်သီချင်းမဖွင့်လျှင်တော်ပါသေးသည်။ သို့သော်သမ္မတဖြစ်ချင်တဲ့သူ နိုင်ငံခေါင်းဆောင်ဖြစ်ချင်သူများသည်ကား ဂျွန်ကာတာလိုလူမျိုးက အိမ်သာတတ်တုန်း နိုင်ငံတော်သီချင်းဖွင့်လျှင်တောင် မတ်တပ်ရပ်အီးပါနိုင်ရမည်ဟူ..နိဂုံးချုပ်ရင်း..........
@sawmyat
Msc088
From myanmar
အခြား Promotion post တွေကိုလည်း vote, comment ပေးပါ။ ဒါမှလည်း အခြားသူများက လာကြပါလိမ့်မယ်။
ဟုတ်အပေ့းပါဘဲ့
ရေးသားချက်က ပြတ်သားတယ်။ထို့ကြောင့်ကြိုက်သည်။
ဟုဟု
ဟီး မက်တက်ရပ် အီးအီးပါရတဲ့ ဟာသဆိုပေမဲ့
အဓိပ္ပာယ်ကထိမိတယ်ဗျ။
အကို့အရေးသားကြိုက်တယ်
ကျေကျေး