Chance
ခုတင်ပြမယ့်ဆောင်းပါးရဲ့နာမည်ကတော့ အခွင့်အရေးဖြစ်ပါတယ်
ဤဖြစ်ရပ်များသည်အစွန်းရောက်ဖြစ်ရပ်မျာါး်အလွန်ရှားပါးသောဖြစ်ရပ်များဟုမှတ်ထင်စရာအကြောင်းရှိ၏။ဤစာကိုဖတ်ရှူသူများ အထူးသဖြင့်လူငယ်များအနေနှင့် ''ကျွန်တော့်မှာတော့ဒီလိုဖြစ်စရာမရှိဘူးဗျာ၊ကျွန်တော့်ခြံထဲမှာစိန်မရှိ ရွှေမရှိ ရေနံလည်းမရှိတာသေချာပါတယ်''ပြောချင်ပြောလိမ့်မည်။
မှန်ပါတယ် တကယ့်ရွှေ တကယ့်စိန်ရှိချင်မှရှိမည်။့သော်မည်သမြို့ရွာဒေသမကြည့်တတ်မြင်တကြံစည်တတ်သူများအတွက်ရွှေထွက်ရာဒေသ စိန်ထွက်ရာဒေသလိုပင်အဖိုးတန်နေပယလိမ့်မည်။အခွင့်အရေးကြည့်တတ်မြင်တတ်လုပ်စားတတ်သူများအတွက်မည်သည့်နေရာမျိုးမဆို စီးပွားဖြစ်နိုင်သောကြီးပွားတိုးတက်နိုင်သောနေရာချည်းဖြစ်သည်ဟုဆိုချင်ပါသည်။
တနေရာနှင့်တနေရာကြီးပွားအောင်မြင်ရန်အခွင့်အလမ်းချင်းကွာခြာှးုမရှိဟုမဆိုလိုပါ။အချို့နေရာများသည်ကြီးပ်ားရန်အခွင့်လမ်းပိုရှိနေတတ်၍အချို့အချိန်အခါများမှာလည်းကြီးပွားအောင်လုပ်ဆောင်နိုင်မည့်အခြေနေများပိုပေးနေတတ်သည်မှာအမှန်ပင်ဖြစ်သည်။
သို့သော်လူအများတို့ပင်သူများခြံထဲမှပိုစိမ်းသည်ထင်တတ်ကြပါသည်။မိမိနေရာတွင်ကြိုးစားကြည့်ဘဲတရွာမပြောင်းသူကောင်းမဖြစ်ဟုဆိုကာေ့ပြောင်းချင် ဂနာငြိမ်ဖြစ်တတ်ပါသည်။ထို့ကြောင့်ကိုယ့်နေရာကိုယ်လလုပ်ကိုင်လက်စလုပ်ငန်းနယ်ပယ်တို့အထဲမှာပင်ကြီးပ်ားအောင်မြင်နိုင်မည့်အခွင့်ရေးကိုတူးကြည့် ဆွကြည့် စူးစမ်းရှာဖွေကြည့်ပါဦးဟူ၍တိုက်တွန်းလိုသောသဘောဖြင့်စိန်ရွှေရတနာမြေများကိုစွန့်ခွာမိသူ့အကြောင်းဖော်ပြခြင်းဖြစ်ပါသည်။
အခွင့်အရေးဟူသည်ကိုအပြင်၌သီးခြားတည်ရှိသည့်ရုပ်ဝတ္ထုပစ္စည်းသဖွယ်ထင်မှတ်တတ်ကြ၏။လူတယောက် အခွင့်အရေးရသွားခြင်းကိုပတ္တမြားစသည့်အဖိုးတန်ကျောက်ကောက်ရသည့်နှယ်ပြောဆိုတတ်ကြသည်။စင်စစ်အခွင့်အရေးဟူသည်အကောင်ဒြပ်နှင့်သီးသန့်တည်ရှိနေသည့်ပစ္စည်းမဟုတ် မြေမှာကျနေသည့်အဖိုးတန်ကျောက်တစ်ခုနှယ်အရင်ကြုံကြိုက်ခလုတ်တိုက်မိသူကရသွားသည့်ပစ္စည်းမျိုးလည်းမဟုတ်။အခွင့်အရေးဟူသည်သိသူဖော်စား မသိသူကျော်သွားသောရတနာတမျိုးဖြစ်သည်။
မမြင်တတ်သောသူ အခွင့်အရေးကိုသတိပြုကြည့်ရှူမနေသောသူသည်မိမိရှေ့မှဖြတ်သွားသည့်အခွင့်အရေးကိုမမြင်မိ။ဖမ်းဆုတ်ရယူလိုက်ရကောင်းမှန်းမသိ။ထို့ကြောင့်ဘယ်သောအခါမှအခွင့်အရေးမရှိ။
မြင်တတ်သူ သတိပြုကြည့်ရှူသူကားလူတကာကြားမှအခွင့်အရေးကိုမြင်၏။သူတကာရှေ့မှဖြတ်သန်းလာသောအခွင့်အရေး၊သူတကာလက်ကြားမှထွက်ကျလာသောအခွင့်ရေးကိုတွေ့၏။ရယူသုံးစွဲ၏။
မြင်တတ်သူတို့အတွက်အခွင့်ရေးသည် နေရာတကာ၌ရှိနေသည်။ထို့ကြောင့်ပင်အချို့ပုဂ္ဂိုလ်များကအခွင့်အရေးဟူသည်အပြင်၌မရှိ။သင့်မျက်စိ သင့်နားနှင့်သင့်ဦးနှောက်ထဲမှာသာရှိ၏ဟုဆိုကြခြင်းဖြစ်သည်။
ကိုးကား-အပြောင်မြောက်ဆုံးဘဝတခုတည်ဆောက်ခြင်း
Written by @sengemily
HFS B6
MSC-205
good bro
အခွင့်အရေးဆိုတာ ၂ခါမလာဘူးလို့ ဆိုပါတယ်
အခွင့်အရေးကို အခွင့်အရေးမှန်းသိပြီးတော့ အမိအရ ဆုတ်ကိုင်တက်ဖို့လည်း လိုပါတယ်
အခွင့်အရေးထက် အခွင့်အလမ်းကိုသာ
ဆုပ်ကိုင်နိုင်ဖို့ ကြိုးစားချင်ပါသည်
အခွင့်အလမ်းဆိုတာကအချီကြီးပွ့ခက်ပါတယ်ဗျ အခွင့်အရေးကတော့ကိုယ့်ရှေ့ဖြတ်သွာ့းအရယူမိရင်အကြီးပွနိုင်ပါတယ်
မှတ်သားစရာပါပဲဗျာ
Good bro!!
Good
ရသင့်ရထိုက်တဲ့အခွင့်အရေးကိုအကောင်းဆုံးအသုံးပြုတန်ဖို့လိုပါတယ်
👆👍👍👍👍👍
Good
Nice