လူတိုင်းဟာ အရေးကြီးပါတယ်

in #myanmar7 years ago (edited)

DSC_0036.JPG

လူတိုင်းတွင် အချစ်ရဆုံးသော သူများ ရှိပါသည်။မိမိ အချစ်မြတ်နိုးရဆုံးသော သူများကို ဖယ်ထားလိုက် လျှင် မည်သူတို့သည် အရေးအပါဆုံး အရေးအကြီး ဆုံး လူများ ဖြစ်လိမ့်မည်နည်း။သင်သည် မည်သူ့ကို အရေးတယူပြု၍ မည်သူကို ဖယ်ကျဉ် ထားမည်နည်း။ မည်သူတို့နှင့် ရိုးရိုးသားသား ရင်းနှီးခင်မင်မှုကို ထူ ထောင် သွားမည် ဟု ဆုံးဖြတ်ထားပါသနည်း။အောက်ပါ ဖြစ်ရပ်တစ်ခုကို ဖတ်ကြည့်လိုက်ပါ။

မာခ် ဆိုသော လူငယ်ကလေးသည် သူ၏ ကောလိပ် ပထမလတာ အတောအတွင်း ပါမောက္ခ ကြီး၏ ကျောင်းသားများအတွက် စီမံထားသော စမ်းသပ်မှု စာမေးပွဲ တစ်ခုနှင့် ထိပ်တိုက် တိုးခဲ့လေသည်။

download (1).jpg

မာခ် သည် ဥာဏ်သုံး၍ လေးနက်စွာ လုပ်ဆောင်တတ်သည့် ကျောင်းသားတစ်ဦးဖြစ်ပါသည်။ သူသည် ` ကျောင်းတွင်သန့်ရှင်းရေးလုပ်ဆောင်သော အ မျိုးသမီးကြီး၏ ယခင် နာမည်သည် မည်သူဖြစ်သနည်း ´ ဟူ သော နောက်ဆုံးမေးခွန်းကို ဖတ်ရှုခြင်း မပြုမီ အချိန်တိုင်အောင် မေးခွန်းများကို လွယ်ကူစွာ ကျော်ဖြတ်နိုင်ခဲ့ပြီး ဖြစ်လေသည်။သေ ချာသည်မှာ နောက်ဆုံးမေးခွန်းသည် ဟာသ ကဲ့သို့သာ ဖြစ်နေ လေ၏။

သူသည် သန့်ရှင်းရေးလုပ်ဆောင်သော အမျိုးသမီးကြီးကို အ ကြိမ်များစွာ မြင်တွေ့နေခဲ့ပြီး ဖြစ်၏။သူမသည် အရပ်ရှည်ရှည် ဆံ ပင် အနက်ဖြင့် အသက် ၅၀ ခန့် ရှိနေလေပြီ။သို့သော် သူမ၏ နာ မည်ကို သူသည် မည်သို့ သိလိမ့်မည်နည်း။သူ၏ အဖြေစာရွက် တွင် နောက်ဆုံးမေးခွန်းကို ကွက်လပ်ချန်၍ ထားလိုက်လေ၏။

exam-generic_650x400_51435598669.jpg

ထို့နောက် စာမေးပွဲသည် အချိန်စေ့၍ သွားလေသည်။ထို့နောက်အတန်း ပြီးဆုံး၍ အိမ်သို့မပြန်ခင် အချိန်အနည်းငယ်တွင် ကျောင်းသားတစ် ဦးက နောက်ဆုံးမေးခွန်းကို စာမေးပွဲအတွက် အဆင့် သတ် မှတ်ချက်တွင် ထည့်သွင်းတွက်ချက်မည်လား ဟုပါမောက္ခကြီးကို မေးမြန်းလိုက်၏။

ပါမောက္ခကြီးက အမှတ်ထည့်သွင်းတွက်ချက်ရန် အသေအချာပင် ဖြစ်ကြောင်း ပြန်ဖြေကြားခဲ့လေ သည်။သင်တို့၏ အသက်မွေးဝမ်းကျောင်းတွင် လူအများအပြား နှင့် တွေ့ဆုံ ရဦးမည် ဖြစ်ကြောင်း သူတို့အားလုံးသည် သင်တို့အတွက် အလွန် အရေးပါလိမ့်မည် ဖြစ်ကြောင်း ပြောပြခဲ့ပါ၏။

1501409145_happy-friendship-day-friendship-day.jpg

သင်ပြုလုပ်ပေးသမျှသည် အပြုံး (သို့မဟုတ်) ဟဲဟို စသည် ဖြင့် နှုတ်ဆက်ခြင်း ပင် ဖြစ်စေ သူတို့ တစ်ဦးချင်းစီသည် သင့်၏ အာရုံစိုက်မှု ဂရုစိုက်မှုများနှင့် ထိုက်တန်မှု ရှိပါကြောင်း ပါမောက္ခကြီးက ပြောပြခဲ့ပြီး မာခ် သည် ၎င်း သင်ခန်းစာကို ဘယ်သောအခါမှ မမေ့တော့ချေ။

သူသည် သန့်ရှင်းရေးလုပ်ဆောင်သော အမျိုးသမီးကြီး၏ အမည်မှာ Dorothy ဖြစ်ကြောင်း နောက်ပိုင်းတွင် သိမှတ်ခဲ့လေ၏။ထို့နောက်တွင်ကား ၎င်း အမျိုးသမီးကြီးနှင့်လည်း တရင်းတနှီး စကားပြောဆိုဖြစ်ခဲ့ပြီး အလွန်ပင် ရင်းနှီးခင်မင်ခဲ့ကြလေသည်။

cartoon-cleaning-lady-12186296.jpg

ပါမောက္ခကြီး၏ အဆိုပါ သင်ခန်းစာအပြီးတွင် ၎င်း သန့်ရှင်းရေး လုပ်ဆောင်သော အမျိုးသမီးကြီးကို စကားစမြည်ပြောဆိုမည့်သူများ များပြားလာခဲ့လေသည်။ အမျိုးသမီးကြီးသည် ၎င်းအဖြစ်အပျက်အတွက် အလွန် အံ့သြ၍ ပျော်ရွှင်နေခဲ့လေသည်။သူ့ဘဝ တွင် ထိုကဲ့သို့ အရေးတယူပြုမည့်သူမရှိခဲ့ဖူးပေ။

သင်၏ ဘဝတွင် တွေ့ဆုံရမည်ဖြစ်သော လူတိုင်းသည် သင်၏ တန်ဖိုးထား အရေးပါ မှု များ ပေးရမည့် လူပုဂ္ဂိုလ်များ ကဲ့သို့ မှတ်ယူရမည့် သူများ ဖြစ်ပါ ၏။

ref >> https://goo.gl/ETzph8 (play store App)

Friendly ,
@shweyaungmyanmar
MSC-049

Sort:  

thank for sharing knowledge

ဖတ်ရှုတာ ကျေးဇူးပါ

မှတ်သားစရာလေးပါ

ဟုတ်ကဲ့ ဗျ

မှတ်​သားမိပါတယ်

ကျေးဇူးပါ

မှတ်​သားစရာ​ပါ

ကြိုးစားလျက်ပါဗျ

မှန်တာပေါ့

thank ပြည့်

good writing

thank သက်လျာ

လူသားတိုင်း သူ့တန်ဖိုးနဲ့သူပါ

ဟုတ်တာပေါ့

မှန်​တာ​ပေါ့

ဘယ်နေရာမှာမဆို အမြင်စူးရှအောင်၊ ကြည့်တတ်မြင်တတ်အောင်လေ့ကျင့် ထားသင့်ပါတယ်၊ မွေးကတည်းက ထူးချွန်လာသူဆိုတာ မရှိပါ။ လိုချင်စိတ် ဆန္ဒပြင်းပြမှုအနဲအများ အပေါ်တွင် မူတည်ကာ အောင်ြမင်မြင်မှု အကြီးအသေး ကွာ်ခြားခြင်းသာဖြစ်ပါသည်။

steemit မှာ ကြိုးစားဖို့ မောင်းတင်ထားပါတယ် ဆရာ

ကိုယ့်​အနီးနားမာ ရှိသူတိုင်းကို တန်​ဖိုးထားသင့်​ပါတယ်​ bro