Steemit ဘာကြောင့် လုပ်သင့်တယ်

in #myanmar6 years ago (edited)

MSC မိသားစုဝင်များ မင်္ဂလာပါ ခင်ဗျာ……

အခု ဆောင်းပါးကတော့ ကျွန်တော့်ရဲ့ ကိုယ်ရေး ကိုယ်တာ အမြင်သာ ဖြစ်ပါတယ်။ဖြစ်နိုင်တယ် မဖြစ်နိုင်ဘူး ။ ယုတ္တိ တန်တယ် မတန်ဘူး ဆိုတာ ကတော့ MSC က ညီအစ်ကို မောင်နှမတွေ ပဲ ဆုံးဖြတ် ပေးကြ ပါလို့ ပြောပါရစေ။ယခု အတွေး ကို မရေးရသေးခင် အဲဒီအတွေး ဖြစ်ပေါ် လာစေခဲ့တဲ့ အဖြစ်အပျက်ကို အရင် ပြောပြပါရစေခင်ဗျာ။

ယခု ကျွန်တော် နေတာက ရန်ကုန် မြို့ မရမ်းကုန်း မြို့နယ် ဝါယာလက် 2 လမ်း အတွင်းက ကျောင်းထိုင် ဘုန်းကြီး သင်တန်းကျောင်း ပါ။ရန်ကုန် မြို့ရဲ့ အထင်ကရ နေရာတွေထဲက တစ်ခု ဖြစ်တဲ့ ကမ္ဘာအေး ဘုရား နဲ့ နီးပါတယ်။

2014_04_21_Yangon-40.jpg

လွန်ခဲ့တဲ့ ၃ နှစ်ကျော်လောက် က တော့ ကျောင်းမှာ သင်တန်းသားတွေ ရှိပါတယ်။ အဲဒီနောက်မှာ အစိုးရက မြောက်ဒဂုံဖက်မှာ သင်တန်း ကျောင်းသစ်တစ်ခု ဖွင့်လိုက်တော့ သင်တန်းသား ဘုန်းတော်ကြီးတွေကတော့ မြောက်ဒဂုံ ကျောင်းသစ်မှာပဲ သင်တန်းတက်ကြရပါတယ်။ ကျောင်းမှာကတော့ ဘုန်းတော်ကြီး | ခန်းနေဦးဇင်းတွေ ပြီးတော့ ကိုရင် နှစ်ပါးနဲ့ ကျောင်းသားတွေပဲ ကျန်ခဲ့ပါတယ်။

ဘုန်းကြီးကျောင်းဆိုတော့လည်း ဧည့်ကမပြတ်ဘူးဗျ။တစ်နေ့မှာ ကျေက်ပန်းတောင်းဖက် က ဧည့်သည် ၆ ယောက် လာတည်းခိုပါတယ်။ လူရွယ်တွေပါပဲ။သူတို့က ကိုရီးယားမှာ အလုပ်သွားလုပ်ကြ ဖို့ လိုအပ်တာတွေ လာလုပ်ကြတာ။တကယ်တော့ ရပ်ကွက်ထဲက ဆွမ်းဒကာကြီးတစ်ယောက်ရဲ့ အဆက်နဲ့ လာတည်းခိုကြတာပါ။ အဲဒီ ဆွမ်းဒကာ ဦးလေး ဦးမင်းဦးက ကျောက်ပန်းတောင်းဖက်ကဗျ။

ပုံမှန် အခြေနေဆိုရင်တော့ ဦးမင်းဦး ရဲ့အိမ်မှာ ပဲ တည်ခိုကြမှာပါ။အခုက ဦးမင်းဦးရဲ့ ခြံကွက် မြေနေရာမှာ ကတ်ထရိုက်တွေနဲ့ ညှိပြီးအထပ်မြင့် တိုက်တစ်လုံး ဆောက်နေတာမို့ပါပဲ။အဲဒီအတွက် သူ့ ဧည့်သည် တွေက ကျောင်းကို ရောက်လာကြတာပါ။

DQmXqnNRqy5oyWwQDMVRCkPzf9sRb5D2XAjqkJE9bdEGQs4_1680x8400.jpeg

အခု အချိန်ထိတော့ ကျွန်တော် မျှဝေလိုတဲ့
"Steemit ဘာကြောင့် လုပ်သင့်တယ် " ဆိုတဲ့ ခေါင်းစဉ် အကြောင်းအရာနဲ့ ဘာမှ သက်ဆိုင်မှု မရှိသေး ဖြစ်နေပါလိမ့်မယ်။တကယ်တော့ အဲဒီ ဦးမင်းဦးတို့ မိသားစုနဲ့ ပတ်သက်ပြီး အတွေးတစ်ခု ရခဲ့တာဗျ။

ဦးမင်းဦးအနေနဲ့ စဉ်းစားကြည့်မယ်ဆိုရင် သူဟာ ငယ်ရွယ်စဉ်မှာ ကျောက်ပန်းတောင်းကနေ ရန်ကုန်ကို ရွှေ့ပြောင်းလာခဲ့တယ်။ရန်ကုန်မြို့ရဲ့ မရမ်းကုန်းမြို့နယ် ထဲမှာ ခြံတစ်ကွက် ဝယ်ပြီး အိမ်တစ်လုံး ခြစ်ခြုတ်ပြီးဆောက်နိုင်ခဲ့တယ်။အခုလို ဆယ်စုနှစ် နှစ်ခုလောက် ကြာမြင့်လာတဲ့အခါ သူ့ရဲ့ ခြံကွက်ဟာ သိန်း ၇ ထောင် ၈ ထောင် တန်နေခဲ့ပါပြီ။

၎င်းအနေအထားဟာသူရဲ့မိသားစု နဲ့ သူ့သားသမီး တို့ အတွက် တစ်စုံတစ်ရာ အနေအထား အထိ အထောက်အပံ့ ဖြစ်နှေမှာပါ။ရန်ကုန်ရဲ့ အိမ်ခြံမြေ ဈေးအနေအထားဟာယခုလို ဖြစ်လာနိုင်တယ် ဆိုတာ သူ့အနေနဲ့ တွေးခဲ့သလား မတွေးခဲ့ဘူးလား ဆိုတာကတော့ ကျွန်တော် စဉ်းစားဖို့ မဖြစ်နိုင်ပါဘူး။

images (1).jpeg

ကျွန်တော့်အနေနဲ့ စဉ်းစားလို့ရနိုင်တာက " သူလိုမျိုး စွမ်းဆောင်နိုင်လား မစွမ်းဆောင်နိုင်ဘူးလား ။ဦးမင်းဦးရဲ့ ခြံကွက်လိုမျိုး နောင်တစ်ချိန်မှာ အဖိုးတန် ဖြစ်လာနိုင်မဲ့ နေရာက ဘာလဲ ။ အနာဂတ်အတွက် အကောင်းဆုံး ရင်းနှီးမြှပ်နှံမှုက ဘာလဲ " အဲဒီမေးခွန်း တွေ စဉ်းစား ဖြစ်ခဲ့ပါတယ်။

ကျွန်တော် လက်လှမ်းမှီသလောက် စဉ်းစားကြည့်ရင်း အဖြေကတော့ cryptocurrency ပါပဲ။ပြီးတော့ crypto ဟာ အနာဂတ် အတွက် အကောင်းဆုံး ရင်းနှီးမြှပ်နှံမှုဆိုတာကိုလည်း ယုံကြည်မိပါတယ်။ဘာ့ လို့ဆိုတော့ bitcoin ကို $300 တန်ကြေး ရှိနေစဉ်က စသိခဲ့ပြီး ယခု အချိန် digital gold ဆိုပြီး တင်စားလာ အဖိုးတန် လာတာဟာ မျက်မြင် ကိုယ်တွေ့မို့ပါပဲ။

bitcoine-1.jpg

အဲဒီ crypto တွေထဲမှာ ဘယ်အရာတွေ ခိုင်မာမှု ရှိ တယ် ခိုင်မာမှု မရှိဘူးဆိုတာကတော့ အသိဥာဏ် မကြွယ်ဝသေး တဲ့အတွက် ဘယ်အရာကအကောင်းဆုံး ဟူ၍ ရွေးချယ်ဆုံးဖြတ်ရန် မ ဖြစ်နိုင်သေးပါ။ယခင် ကိုဟင်နရီရဲ့ post မှာ crypto ဟာ အစိုးရ များ
ဘဏ် များနဲ့ တစ်ချိန်ချိန်မှာ ထိပ်တိုက်တွေ့လာနိုင်တဲ့ အကြောင်း ဖော်ပြထားတဲ့အတွက် crypto ကို
လက်ခံ၍ ပူးပေါင်းမည်လား မည်သို့ဖြစ်လာမည်လဲ စသည်ဖြင့်မည်သူမျှ တပ်အပ်ပြောနိုင်မည်တော့ မဟုတ်ပါ။

အဲဒီတော့ ယခုလောလောဆယ် ကျွန်တော့်အနေနဲ့
crypto နဲ့ပတ်သက်ပြီး တတ်နိုင်တာကတော့ steemit platform ပေါ်မှာ လျှောက်လှမ်းဖို့ပဲ။အဲဒီအတွက် အကောင်းဆုံး လျှောက်လှမ်း နိုင်ဖို့ကူညီ ပေးနေ တဲ့ leader , admin team နဲ့ တကွ ခရီးတူ ညီအစ်ကို မောင်နှစ်မ များကို အမြဲ ကျေးဇူးတင်လျက်ပါလို့ ပြောကြားချင်ပါတယ် ။ ကျွန်တော့်ရဲ့ " steemit ဘာကြောင့် လုပ်သင့်တယ် " ဆိုတဲ့ဆောင်းပါး ကို နိဂုံး ချုပ် ပါရစေ ခင်ဗျာ။

ကျေဇူးတင်ပါတယ်

received_1951452655181713.png

ရေးသားသူ >> @shweyaungmyanmar [MSC-049]
photo >> google image

Sort:  

ဟုတ်တော့ ဟုတ်ပါတယ်
ဒါပေမယ့် ဒီရက်ပိုင်း အဲ့ဘစ်ကွိုင် ကြီး ဈေးထိုးကျနေလို့
စိတ်တွေလေရယ်
power ကျသွားသည့် အတွက် v မရလို့ m ခဲ့ပါသည်

အမ် အာ့ကြီး ပြန်တက်လာပီ မဟုတ်လားဗျ

Congratulations, you were selected for a random upvote! Follow @resteemy and upvote this post to increase your chance of being upvoted again!
Read more about @resteemy here.

ယုံကြည်မှု ခိုင်မာအောင် ဝေမျှပေးတဲ့အတွက် ကျေးဇူးပါဗျာ

တင့်ပါ့ ကမ္ဘ္ဘာအေးဖက် ကြွဖြစ်ရင် မိန့်ကြားပါဦး ဘုရာ့

အဲ့ဒါကြောင့်လုပ်သင့်ပါသည်။

ဟုတ်ပါတယ် ကိုအာကာ ရေ

သိပ်မှန်ပါတယ်ဗျာ

လုပ်ကိုလုပ်သင့်တယ် steemit က ကျွန်တော်တော့နောက်တောင်ကျနေပြီအစ်ကိုရေ။

နောက်ကျတယ် လို့ မတွေးပါနဲ့ bro
အဲဒီနေရာလေး တစ်ခုကိုသာ တွယ်ဖက် ထားဖို့
ကြိုးစားပါဗျာ

အတွေးကောင်း အရေးကောင်းကိုရွှေရောင်
နေ့စဉ်ရေးပါ။ရေးအားဘဲလိုတယ်
မအားတာတော့ တက်နိုင်ဘူးနော်

အခုလို အားပေးတာ ကျေးဇူးတင်ပါတယ်
အစ်ကို ရေ

တွေးတတ်​ ​ရေးတတ်​ပါ​ပေ့ အစ်​ကို​ရေ

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဗျာ

မင်္ဂလာပါ

အမ် ကြားဖူးသလိုပဲ ဗျာ

အ​တွေးအမြင်​မျှ​ဝေ​ပေးတာ​ကျေးဇူးပါခင်​​ဗျာ

သည်းခံပြီး ဖတ်ပေးတာ ကျေးဇူးပါဗျာ