သိန်းရှစ်ထောင်သင်ခန်းစာ

in #myanmar6 years ago

သိန်း၈၀၀၀တန်ကားလက်ဆောင်ပေးတဲ့ ယောက်ျားကိုလိုချင်ရင် .....ကိုယ် ကိုယ်​တိုင်၌က ရုပ်ပိုင်းဆိုင်​ရာရော .... စိတ်ပိုင်းဆိုင်​ရာပါ အနည်းဆုံး တော့သိန်း ၄၀၀၀လောက်တန်အောင်ကြိုးစားကြပါ ..

ကိုယ်တိုင်က ၁၀တန်းလည်းမအောင်
ဝင်ငွေက တလ ၂သိန်းမပြည့်
ရုပ်ရည်ကရွက်ကြမ်းရည်ကြို
မိဘကလည်းလက်လုပ်လက်စား
အဲ့လိုဟာတွေက
သိန်း၈၀၀၀တန်ကားလက်ဆောင်ပေးတဲ့postကို
သူတို့ရည်းစားကောင်လေးတွေဝေါမှာ
လာလာtag ကြတာမြင်တော့
ငါ့တပည့်တွေအစားရင်နာမိတယ်။
Ro ခွင့်ရှိတယ် Overtine ခွင့်မရှိဘူး။

လက်ချင်းချိတ်ပြီး YBS တူတူစီးရဲတဲ့
လက်တွဲဖော်အစစ်ကိုသာရှာကြပါ သားတို့။
မင်းဆီမှာငွေတသောင်းပဲရှိမှန်းသိရက်နဲ့
ငွေ၈၀၀၀သုံးရက်တဲ့မိန်းမဟာ
မင်းသိန်း၁၀၀ရှိရင် သူ သိန်း၈၀ဖြုန်းဖို့
ဝန်လေးမှာမဟုတ်ဘူး
မင်းမှာရှိတဲ့ငွေ၁၀၀၀၀ကို
မုန့်၂၀၀၀ဖိုးလောက်စားပြီး
ကျန်တဲ့ပိုက်ဆံကိုမင်းအဆင်ပြေဖို့
အလိုက်တသိချန်ထားပေးတဲ့မိန်းမမျိုးသာ
လက်တွဲဖော်ဖြစ်သင့်တာပေါ့။

ဘူဖေးအဝစားဘယ်လောက် ဟိုမှာညစာစားရင်ဘယ်လောက် ဒါတွေshareပြီး
"လိုက်ကျွေးကိုကို" ဆိုတာမျိုးထက်
"ကို့ကို သဲဒါမျိုးလေးချက်ကျွေးမယ်"
"ကို ဒါမျိုးလေးကြိုက်လား သဲချက်ပေးမယ်"
ဆိုတာပဲ ရေးသင့် .... တင်သင့်တယ် .....

မိန်းကလေးဖိနပ်ကို ဒူးထောက်ပြီးစီးပေးတဲ့ postတွေကို ထိုင် Share ပြီး ဒါမျိုးမှ Ro တယ်ထင်နေတာမျိုးထက် ...
ရွှေတိဂုံဘုရားကို ဖိနပ်လေးကိုယ်စီကိုင်ပြီး လှေကားထစ် တွေပေါ်တက်တိုင်း မင်းမျက်နှာလေးကိုတစိမ့်စိမ့်ကြည့် ပြီး ပီတိဖြစ်မယ့်မိန်းကလေးမျိုးကိုသာရှာသင့်တယ် ....

ကားသိပ်မက်တဲ့မိန်းမမျိုးဟာကားရှိတဲ့လူတွေ့ရင်ပါသွားမှာပဲ..... ကားစုတ် ရှိတဲ့သူဆီကနေ နောက်ဆုံးပေါ် ကား​ကောင်းရှိတဲ့သူဆီပါသွားမှာပဲ ..... မင်းကိုတော့ ကျော်သူ့ ကားပေါ်တင်ရင် တင်ပေးလိမ့်မယ် ...
သူကတော့ ဇိမ်​ခံကားပေါ်ကနေမင်းကိုတာ့တာပြသွား မှာ​လေ .....

ချမ်းသာတာကိုမက်တဲ့မိန်းမဟာ .... မင်းထက်ချမ်းသာတဲ့သူနဲ့တွေ့ရင်ပါသွားမှာ ...
Six part ကိုမှကြိုက်တဲ့မိန်းမဟာ
မင်းဗိုက်ပူလာတဲ့အချိန်ထားခဲ့မှာပဲ
ရုပ်ချောတာကြိုက်တဲ့မိန်းမဟာ
မင်းအိုမင်းလာချိန် မင်းထက်ပိုမိုချောမောတဲ့သူနဲ့တွေ့ရင်ပါသွားမှာပဲ
မင်းဖြစ်နေလို့ကိုမင်းကိုချစ်နေတဲ့မိန်းမမျိုးကသာ
မင်းကိုတသက်လုံးချစ်နေမှာသေချာတယ်။

မင်းဆီမှာရှိတဲ့ မင်းမလုပ်နိုင်တဲ့အရာတွေကို
အပြစ်မြင်ငြူစူစောင်းမြောင်းနေမယ့်အစား
မင်းမလုပ်နိုင်တာတွေကိုသူဝိုင်းကူပြီး
မင်လုပ်နိုင်စွမ်းရှိတာတွေကို
အပြုံးတွေနဲ့ချီးကျူးနေမယ့်မိန်းမမျိုးကသာလျှင်
မင်းကိုတဘဝလုံးစာလက်တွဲထားနိုင်မှာ

ချောကလတ်နဲ့ပန်းစည်းမျှော်နေတာထက်
မင်းစာမေးပွဲ မင်းအလုပ်တွေအတွက်
ဘုရားဆွမ်းတော်ကပ် ပန်းပူဇော်ပြီး မင်းကွယ်ရာမှာမင်းအတွက်
ဆုတောင်းပေးနေမယ့်မိန်းကလေးမျိုးကသာ အမိနဲ့တူသောမိန်းမ ညီမနှင့်တူသောမိန်းမမျိုးပါ။

အဲတော့ ၃သောင်းတန် ပီဇာတစ်ပြားစားရဖို့
အငတ်ခံငွေစုရဦးမယ့်အစား ....
၁၀၀ကျပ်​တန် ဆမူစာလေး စားပြီး ပိုငွေကိုစုကြပါ ...😊

image
image