ညီမလေး ၁
ဒီတစ်ပတ် promotion က ကဗျာလေးရေးကမှာပါ။ဒါပင်မဲ့ကဗျာလေးကိုဆက်မရေးဖို့အတွေးသိပ်မရောက်သေးလို့ ညီမလေးဆိုတဲ့လက်တွေ့ဘဝလေးကိုရေးချင်ပါတယ်။
၂၀၀၁ ခုနစ် တစ်လပိုင်း ၃ရက်နေ့မှာ လူ့လောကထဲကို ကျွန်တော်ညီမလေးရောက်ရှိလာပါတယ်။ ဘဝပေးကံမကောင်းလို့ ကျွန်တော်နဲ့ကျွန်တော့်ညီမ ငယ်စဉ်ကပင်အတူမနေရပဲ ဝေးကွာစွာနေခဲ့ရတယ်။မိဘကစစ်သားတွေမို့လို့ သားသမီးတစ်ယောက်ကိုမထောက်ပံ့နိုင်တဲ့အတွက် ကျွန်တော်ကအဖွားအိမ်မှာနေခဲ့ရတယ်။ဘဝကမျက်နှသာမပေးခဲ့ဘူး။မိသားစုအတူနေရအောင် တိုင်းတပါးမှာပိုက်ဆံရှာမယ်ဆိုပြီးထွက်သွားခဲ့တဲ့အမေ အကြွေးတွေနဲ့ပြန်လာခဲ့ရတယ်။
crd facebook photo
တစ်ဦးတည်းသမီးတစ်ယောက်နေလာခဲ့တဲ့ ကျွန်တော့်ညီမကအရွယ်ရောက်လာတော့ မိဘတွေစကားကိုနားမထောင်တော့ဘူး။ကျွန်တော်လဲငယ်စဉ်တည်းအတူကြီးပြင်းလာတာမဟုတ်တော့ကျွန်တော့်စကားလဲနားမထောင်တော့ဘူး။အကြီးတစ်ယောက်စကားကိုတောင်နားမထောင်ပဲသူဖြစ်ချင်တာကိုသူလုပ်တတ်နေပြီ။ ဒီလိုနဲ့ကျွန်တော့်ညီမဆယ်တန်းဆိုတဲ့အရွယ်ကိုရောက်ရှိခဲ့တယ်။ စာထဲကိုစိတ်မရောက်ပဲ ပျော်ရွှင်မှုကိုသာလက်ခံခဲ့တဲ့ ကျွန်တော့်ညီမက စာကိုစိတ်ထဲပင်မရှိတော့ပေ။ဒီလိုနဲ့ဆယ်တန်းစားမေးပွဲကိုဖြေပြီးလို့ လွတ်လပ်တဲ့အချိန်ကိုရောက်ရှိခဲ့တော့ ဖုန်းဆိုတဲ့အရာကသူ့လက်ထဲရောက်ခဲ့ပြီ။ ဖုန်းကိုအကျိုးရှိစွာအသုံးမချတတ်တဲ့ကျွန်တော့ညီမက အချိန်တွေကအကျိးယုတ်စွာကုန်ဆုံးခ့တယ်။ တစ်နေ့တစ်နေ့ဖုန်းနဲ့သာအချိန်တွေကုန်ခဲ့တယ်။ညဘက်လဲမအိပ် ဖုန်းကိုသာအသုံးပြုခဲ့တယ်။အကျိုးရှိလားဆိုအကျိုးမရှိခဲ့ဘူး။
ဖုန်းဆိုတဲ့သဘောကိုကျွန်တော်လဲရှင်းပြခဲ့ဖူးပါတယ်။ဖုန်းဆိုတာက အကျိုးရှိစွာအသုံးပြုရင် အကျိုးရှိတဲ့အရာတွေအများကြီးပါ။ internet ဆိုတဲ့အရာကို ကျွန်တော်တို့ငယ်စဉ်က internet ဆိုင်တွေမှာသာအသုံးပြုခဲ့ရတယ်။ တကယ်တန်း internet ကိုအကျိုးရှိစွာအသုံးပြုလို့ရတဲ့နေရာတွေအများကြီးပါ။အသိပညာဗဟုသုတတွေကို facebook ဆိုတဲ့ application တစ်ခုအောက်မှာဖော်ပြထားကြတယ်။အဲ့တာတွေကို လေ့လာလို့ရတယ်။ကျန်းမာရေးတွေ သမိုင်းကြောင်းတွေ သတင်းတွေကိုလဲ အချိန်နှင့်တစ်ပြေးညီလေ့လာလို့ရတယ်။
crd facebook photo
နိုင်ငံတကာရဲ့အထင်ကရသူတွေကိုလဲ google ဆိုတဲ့အရာမှာရှာဖေပြီးလေ့လာလို့ရတယ်။တကယ်ကြတော့ ကျွန်တော့ညီမ internet ကိုစသုံးတည်းက ကိုယ့်အတွက်အကျိုးမရှိခဲ့ဘူး။ ကျွန်တော်ဆုံးမတာလဲလက်မခံခဲ့ဘူး။ကျွန်တော် steemit စသုံးစဉ်ကတည်းကလဲပြောတယ်။ steemit လေးသုံးပါလားလို့။ steemit မှာဆို မြန်မာတွေကော နိုင်ငံတကာကလူတွေကောသုံးကြတယ်။သူတို့ရဲ့အသိပညာဗဟုသုတတွေကိုလဲရရှိခဲ့တယ်။ခုဆို ကျွန်တော်အနေနဲ့ အသိပညာရာဗဟုသုတတွေကိုလဲရရှိခဲ့တယ်။ကျွန်တော့ထက်တော်တဲ့တတ်တဲ့သူတွေက ဗဟုသုတတွေ share ပေးလို့ အသိပညာတွေတိုးတတ်ခ့ရတယ်။
crd facebook photo
ဆက်ရန်
@smileking
MSC-255
လမ်းမှန်ပေါ်. လျှောက်လှမ်းနိုင်ပါစေ ဗျာ
ကျွန်တော်လဲအားမလျော့ပဲဆုံးမပါမယ်
အကျိုးရှိအောင်သုံးမှအကျိုးဖြစ်မှာပေါ့ဗျာ
ဒါပေါ့အကိုရာ
အကျိုးရှိအောင် သုံးတတ်ပါစေဗျာ
mediaတွေက အကျိုးရှိအောင် သုံးတက်မှ
သုံးတတ်ရင် ဗဟုသုတအများကြီးရပါတယ်ဗျ
ကောင်ူကျိုးးလည်း ရှိသလို ဆိုးကြိုးလည်း ရှိတာမို့ ဗဟုသုတ ရှိစေမယ့်စာပေမျိုး တွေ ဆို ညီမ ကို tag တွဲပေးပီး စာဖတ်စေ အောင် တိုကိတွန်းရင်းပြုပြင်ယူပါ
Congratulations @smileking! You have completed some achievement on Steemit and have been rewarded with new badge(s) :
Award for the number of posts published
Award for the number of upvotes
Click on any badge to view your Board of Honor.
To support your work, I also upvoted your post!
For more information about SteemitBoard, click here
If you no longer want to receive notifications, reply to this comment with the word
STOP
တစ်နေ့ နားလည် သဘောပေါက်လာပါစေ ဗျာ
မှန်တယ်ဗျာ...internet ကိုအကျိုးရှိစွာအသုံးပြုလို့ရတဲ့နေရာတွေအများကြီးပါ။အကျိုးရှိစွာသုံးကြပါ။
သတိနဲ့ ဆင်ခြင်သုံးပါညီမလေး