ကံ့ကော်မြိုင်တန်းမှလွမ်းနေပါ့မယ်

in #myanmar7 years ago (edited)

image
အပိုင်း(၁)
https://steemit.com/myanmar/@soethakhin/kan-ekayami-ngtnmwlymenpamy-95e1fc9b9e2cb
အပိုင်း(၂)
https://steemit.com/myanmar/@soethakhin/kanekayami-ngtnmw-lymenpamy-2f1b22259da5b
အပိုင်း(၃)
https://steemit.com/myanmar/@soethakhin/kanekayami-ngtnmw-lymenpamy-0d3396fac5eec
အပိုင်း(၄)
https://steemit.com/myanmar/@soethakhin/kan-ekayamongtnmwlymenpamy-d099c904be854
အပိုင်း(၅)
https://steemit.com/myanmar/@soethakhin/kanekayamongtnmwlymenpamy-10ef817650cf6
image
credit-facebook image
အပိုင်း ( ၆ )
အခန်း ( ၁၁ )

ကံ့ကော်ခြံအတွင်း ကွပ်ပျစ်ပေါ်၌ လူစုံ
တက်စုံရောက်နေကြပြီး ကံ့ကော်ပန်းနံ့ များ
ကလည်း သင်းပျံ့နေလေသည်။ကွပ်ပျစ်ပေါ်တွင်
တော့ ဦးကျော်ခေါင် ဒေါ်ထားဆင့်နှင့်အတူ
နွေဦးမောင်က တောင်ဘက်အစပ်တွင် ထိုင်နေပြီး ညီစေမင်းနှင့် အလွမ်းသက်တို့ ၏မိဘများ
ဖြစ်ကြသော ဦးညီမင်း ဒေါ်ဖြူလေးနှင့်အတူ
ဦးလှမောင်နှင့် မခင်တင့်က မြောက်ဘက်ခြမ်းတွင်ထိုင်ကာ ကြိုင်၊ ညီညီနှင့် အလွမ်းတို့ ကတော့
ကွပ်ပျစ်အောက် သဲဖြူလွလွပေါ်တွင် ကျုံ့ကျုံ့
ထိုင်နေကြသည်။

``အဟမ်း´´
ဦးကျော်ခေါင်က တိတ်ဆိတ်နေမှုကို ချောင်းဟန့် ကာအသံပြုလိုက်ရင်း စကားစလိုက်၏။
ဦးလေးတို့ ဒီနေ့ လူစုံတက်စုံစုစည်းလိုက်တာ
ကတော့ ကလေးတွေရဲ့ ရှေ့ပညာရေးအတွက်
ဆရာ့အကြံဉာဏ်ကို ယူချင်လို့ပါပဲ။
ဒီကလေး၃ယောက်လုံးဟာ ဆရာ့မျက်စိရှေ့မှာပဲ
ကြီးပြင်းလာကြပြီး ဆရာ့ဆုံးမသွန်သင်မှု
ကြောင့်သာ အခုလိုအောင်မြင်တဲ့ကလေးတွေ
ဖြစ်လာခဲ့တာမလို့  ကလေးတွေရဲ့ ရှေ့ ဆက်
လျှောက်လှမ်းရမယ့် ပညာရေးခရီးလမ်းကိုလည်း ဆရာ့အကြံဉာဏ်နဲ့ သာရှေ့ ဆက်လိုပါတယ်။
ဦးကျော်ခေါင်၏စကားကို တစ်ခြားလူကြီးများ
ကလည်း သဘောတူဟန်ဖြင့် ခေါင်းငြိမ့်လိုက်
ကြ၏။နွေဦးမောင် မျက်နှာချောချောကို
တည်လိုက်ရင်း သောက်လက်စရေနွေးခွက်ကို
ပြန်ချလိုက်သည်။

"ကျွန်တော့သဘောကို ပြောရမယ်ဆိုရင်
ကလေးတွေရဲ့ပညာရေးကို လူကြီးများဖြစ်ချင်တဲ့ဆန္ဒအတိုင်း အတင်းအကြပ်မရွေးချယ်ခိုင်းဘဲ
သူတို့ ဆန္ဒ သူတို့ ဝါသနာကို ဦးစားပေးသင့်
တယ်လို့ ထင်မိပါတယ်။ဆရာဝန်လိုင်းကတော့
ဘယ်လို ကျောင်းဆရာလိုင်းကတော့ ဘယ်သို့ 
ဆိုတဲ့အကြောင်းတွေနဲ့ ရွေးချယ်တဲ့တက္ကသိုလ်မှာ တက်ရမယ့်နှစ်တွေကို ကျွန်တော်ရှင်းပြထား
ပါတယ်။ကျန်တာကတော့ သူတို့ ရွေးချယ်မှုပေါ့။
ကလေးတစ်ယောက်က အမှန်တကယ်ဝါသနာ
မပါဘဲ မိဘရွေးချယ်ပေးလိုက်တဲ့တက္ကသိုလ်ကို
တက်ရမယ်ဆိုရင် သူရွေးချယ်ခဲ့ရာတက္ကသိုလ်မှာ
မထူးချွန် မပေါက်မြောက်တာမျိုးလည်း ဖြစ်တတ်
ပါတယ်။ဒါကြောင့် ဒီလိုနေရာမျိုးမှာ သူတို့ဝါသနာ
ကို အဓိကထား ဦးစားပေးသင့်တယ်လို့ 
ကျွန်တော်တော့ မြင်မိပါတယ်။"

မထားဆင့်ကပါဝင်၍
"ဆရာလေးပြောတာကို ကျွန်မကတော့
ထောက်ခံပါတယ်။မခင်တင့်တို့ မဖြူလေးတို့ကော
ဘယ်လိုသဘောရပါသလဲ။"

"ကျွန်မတို့ကတော့ ဘာမှနားမလည်ပါဘူးတော်
ဆရာတို့ ကောင်းမယ်ထင်သလိုသာ ဆုံးဖြတ်
ကြပါ။ကလေးတွေ ထူးထူးချွန်ချွန်အောင်သွား
တာနဲ့တင် ကျေနပ်လှပါပြီ။"

အသားဖြူဖြူ ၀ဖိုင့်ဖိုင့်ဖြင့် ဥပဒိရုပ်
ကောင်းသော ဖြူလေးဆိုသည့်အန်တီကြီးက ၀င်ပြောလိုက်ခြင်းပင်။
ဦးလှမောင်က၀င်၍
"ကဲဒီတော့ ဆရာလေးပြောတာလည်း
သဘာဝကျနေတာပဲ။ဒို့ သားသမီးတွေကိုမေးပြီး
သူတို့ ဆန္ဒအတိုင်း ခေါင်းငြိမ့်လိုက်ကြတာပေါ့။"

နွေဦးမောင်က ကလေးသုံးယောက်ဘက်သို့
့လှည့်လိုက်ရင်း
"ကဲညီညီကဘာလုပ်မယ်တွေးထားလဲ။"
"ကျွန်တော်အင်ဂျင်နီယာလုပ်မယ်ဆရာ။
မကွေးမှာ ကျောင်းတက်ဘွဲ့ ရပြီးတာနဲ့ 
ရန်ကုန်တက်ပြီးဆောက်လုပ်ရေးတွေလုပ်ချင်
တယ်။"
ညီစေမင်းအဖြေကို နွေဦးမောင်က
ခေါင်းငြိမ့်လိုက်ရင်း
"အလွမ်းသက်ကကော။"
"အလွမ်းက ဆရာဝန်ဖြစ်ချင်တာပါဆရာ။
ဆေးကျောင်းပဲတက်မယ်ဆရာ။"

နောက်ဆုံးတွင် အားလုံး၏အကြည့်က
ကြိုင့်ဆီသို့ ရောက်လာလေသည်။
ကြိုင်ကပြုံးလိုက်ရင်း စကားစလိုက်သည်။

"ကြိုင်ကတော့ ပညာရေးကောလိပ်ကိုပဲဝင်ဖို့ 
စိတ်ကူးထားပါတယ်။ကြိုင်စာသင်ချင်တယ်။
အထူးသဖြင့် ငယ်ရွယ်တဲ့ကလေးတွေကိုပိုပြီး
စသင်ပေးချင်ပါတယ်။စာသင်ရတဲ့ အလုပ်မှာ
ကြိုင်ပျော်မွေ့မယ်လို့လည်း ထင်နေမိတယ်။
ဝါသနာလည်း ပါပါတယ်ဆရာ။"

"ကြိုင် သမီးအမှတ်က ဆေးမှီနေတာကို
ဘာလို့ကျောင်းဆရာမပဲ လုပ်ချင်နေတာလဲ
သမီးရယ်။အလွမ်းလည်း အဖော်ရှိနေတာပဲ"

ဦးညီမင်းက ၀င်ပြောလိုက်ခြင်းပင်။
"ဒါကဒီလိုရှိပါတယ်ဦးလေးတို့"
နွေဦးမောင်၏နှုတ်ဖျားမှ ထွက်ပေါ်လာသော
အသံကြောင့် အားလုံးက နွေဦးမောင်ထံသို့ 
အကြည့်ကိုရွှေ့လိုက်ကြသည်။

"ဆရာဝန်ဟာ လူ့အသက်တွေကိုကယ်ဆယ်ဖို့ 
အသုံးဝင်သလို ကလေးတွေရဲ့ ပညာရေး
မျက်စိပိတ် နားပိတ် မဖြစ်စေဖို့ ဆရာ ဆရာမ
တွေရဲ့ အခန်းကဏ္ဍကလည်း အရေးကြီးပါတယ်။ကျွန်တော်လည်း ဆယ်တန်းမှာ ဂုဏ်ထူးတွေနဲ့ 
အောင်ပြီး ဆေးမှတ်မှီခဲ့ပါတယ်။"

အားလုံးက နွေဦးမောင်ကို အားကျလေးစားသော အကြည့်ဖြင့် ကြည့်နေကြ၏။

"ဒါပေမယ့် ကျွန်တော်ဝါသနာပါတဲ့ ကျောင်းဆရာအလုပ်ကိုပဲ ရွေးချယ်ခဲ့ပါတယ်။ကျွန်တော်သာ
ဆေးကိုတက်ဖြစ်ခဲ့မယ်ဆိုရင် အခုချိန်မှာ
ဆရာဝန်ဖြစ်ချင်မှဖြစ်မှာပါ။ဘယ်သူပဲဖြစ်ဖြစ်
ကိုယ်ဝါသနာပါတာကိုပဲ လုပ်မယ်ဆိုရင်
အားလုံးဟာ ပေါက်မြောက်ထူးချွန်နိုင်ပါတယ်။"

နောက်ဆုံးတွင် နွေဦးမောင်၏စကားကို လက်ခံကာ ကလေးများကို မိမိနှစ်သက်ရာတက္ကသိုလ်ကိုသာ
ရွေးချယ်ဖို့ ခွင့်ပြုပေးလိုက်ကြလေသည်။
ကြိုင် ဆရာ့ကို လေးလေးစားစားပင် ကြည့်လိုက်
သည်။ကြိုင်ပျော်ပါသည်။အစက ပညာရေး
ကောလိပ်တက်ဖို့ အိမ်နှင့် အတိုက်အခံပြောရ
လိမ့်မည်ဟု ထင်ခဲ့သော်လည်း ဆရာ့ကျေးဇူး
ကြောင့် အဆင်ပြေချောမွေ့ ခဲ့သည်။ဆရာဟာ
စာအသင်အပြကောင်းရုံတင် ရုပ်ရည်ချောမောရုံ
တင် မဟုတ် ဆရာ့တွင် ပြည့်ဝသော စိတ်ထားရှိ
သည်။တည်ကြည်သော စိတ်ဓာတ်ရှိသည်။
တစ်ဖက်သားနားဝင်အောင် ပြောနိုင်သော
အရည်အချင်းလည်း ရှိနေသည်လေ။ဆရာ့ကို
တစ်နေ့တစ်ခြား ကြိုင်လေးစားကြည်ညိုမိသည်။ဆရာဟာ ကြိုင်တို့ ဒေသလေးအတွက် မွေးဖွား
လာသလားပင် ထင်မိလေသည်။
သရက်ပင်တန်းဆီမှာ ငှက်ကလေးများရဲ့အသံက သာယာစွာပင် ခြံအတွင်းသို့ လွှမ်းခြုံထားသည်။
ထို့ အတူ ကြိုင့်စိတ်သည်လည်း ကြည်နူးနေမိ
လေတော့သည်။
image
credit-facebook image

အခန်း ( ၁၂ )

နံနက်ခင်းနေခြည်နုနုက ကံ့ကော်ခြံ
အတွင်းတွင် ဖြာကျနေသည်။ကံ့ကော်ပင်
ပေါက်ကလေးများကို ရေလောင်းပေါင်းသင်
နေရင်း ကံ့ကော်ပန်းများနဲ့ 
အပြိုင်လှနေသူကတော့ ကြိုင်တစ်ယောက်ရယ်ပါ။
ကျောလယ်မရောက်တစ်ရောက်ဆံပင်များက
ိုဖြန့်ချထားပြီး အထက်အောက် အစိမ်းနု
ရောင်လုံချည် ဖက်ဖူးစိမ်းရောင် ရင်ဖုံးလေးဝတ်ထားသော ကြိုင့်အသွင်က အေးချမ်းနေလေ၏။
ကြိုင်နံနက်တိုင်း ကံ့ကော်ခြံဘက်သို့ လာကာ
သစ်ပင်များကို ဂရုတစိုက်ရေလောင်းပေါင်းသင်
တတ်လေ့ရှိသည်။အခုလိုအချိန်ဆို ဆရာဘုရား
ရှိခိုးနေလောက်ပြီ။ဆရာက ဘာသာတရားလည်း
ကိုင်းရှိုင်းလှသည်လေ။

"ဟေ့ နွေဦးမောင် သူငယ်ချင်း နွေဦးမောင် ။"
အိမ်ဝမှခေါ်သံကြောင့် ရေဗုံးကိုချကာ ကြိုင်
ခပ်သွက်သွက်ပင် တံခါးဆီသို့ အပြေးလှမ်းလာ
ခဲ့သည်။အိမ်ဝတွင် အရပ်အတော်ကြီးရှည်ကာ
ပိန်၍ တည်ကြည်သောမျက်နှာပေးဖြင့်
လူတစ်ယောက်။အသက်က ဆရာလောက်တော့ရှိပေမည်။မိမိကို ကြောင်ကြည့်နေလေ၏။
ကြိုင်ကပင် စကားကိုဦးစွာစလိုက်သည်။

"ဘယ်သူနဲ့တွေ့ချင်လို့ ပါလဲအကို။"
"အော် အေးညီမ ဒါဆရာနွေဦးမောင်တည်းတဲ့
ကံ့ကော်ခြံဆိုတာလား အကိုက သူ့သူငယ်ချင်းပါ
မင်းဘူးမှာတာဝန်ကျတယ် ကျောင်းဆရာပဲသူ့လို။အဲဒါသူနဲ့ တွေ့ ချင်လို့ သီဟလို့ ပြောရင်
သူသိတယ်။"

"အော် ဆရာပဲကို အထဲကိုဝင်ပါဆရာ။
ကြိုင်ဆရာ့ကို သွားခေါ်ပေးပါ့မယ်။"

ကြိုင်က ခြံတံခါးကိုဖွင့်ပေးလိုက်ရင်း အိမ်ထဲသို့ 
ဦးဆောင်ခေါ်လာခဲ့သည်။နွေဦးမောင်လည်း
အိမ်ဝမှအသံများကြောင့် အောက်သို့ ဆင်းလာ
လေ၏။

"ဟာ ဟေ့ကောင် သီဟကြီး မင်းကွာ
ပျောက်ချက်သားကောင်းလိုက်တာ
ခုမှငါ့ဆီလာရလားကွ။"

"နွေဦးမောင် သူငယ်ချင်းရာ ငါမင်းဆီလာချင်
တာပေါ့ကွ။ငါ့မှာဆယ်တန်းအခန်းစောင့်လည်း
ကျသေးတယ်။စာစစ်လည်းပါသေးတယ်လေကွာ။တာဝန်ကျကတည်းက တစ်နွေမှမနားရသေးဘူး
ဟေ့။ခုတော့ မဖြစ်တော့ဘူးဆိုပြီး ကျောင်းတက်
ရက်ထဲက ခွင့်ယူလာတာ။
အဆက်အသွယ်ပြတ်တာ၂နှစ်လောက်ရှိပြီလေကွာ။ဟိုကောင် မင်းကျော်နဲ့လည်း အဆက်
အသွယ်မရဘူး။"

သူငယ်ချင်းနှစ်ဦးမှာ အခုမှပြန်တွေ့ ကြပုံ
ပေါ်ပြီး တစ်ယောက်ပခုံးတစ်ယောက်ဖက်ကာ
ပြော၍မပြီးနိုင်ဖြစ်နေကြသည်။
ကြိုင်အလိုက်တသိပင် ရှောင်ထွက်လာကာ သစ်ပင်တန်းဆီသို့ လျှောက်လာပြီး ရေပြန်လောင်း
နေလိုက်၏။

"ထိုင်ကွာဟေ့ကောင် မင်းရောက်မှတော့
ညအိပ်တော့။"
"အေးမင်းမပြောလည်းငါအိပ်မှာကွ မတွေ့ရတာ
ကြာပြီလေကွာ။အတွေ့ အကြုံတွေလည်း
ဖလှယ်ကြတာပေါ့ကွာ။ဒါနဲ့ နွေဦးမောင် ခုနက
အိမ်တံခါးဖွင့်ပေးတဲ့ ခပ်ချောချောကောင်မလေးက ဘယ်သူလဲကွ။"

သီဟမှာ ၀ါသနာအတိုင်း လွယ်အိတ်မချနိုင်ဘဲ
မေးမြန်းလေပြီ။

"အဲဒါငါ့တပည့်မလေးပါ။ ခုနှစ်ပဲ ၄ဘာသာ
ဂုဏ်ထူးနဲ့ ဆယ်တန်းအောင်တာ။"

"ဟာ ချောလှချည်လားကွ မင်းတပည့်မလေးက။
ဒို့ နဲ့ အသက်သိပ်မကွာဘူးပဲ ၊ ကွာလှမှ လေးငါး
ခြောက်နှစ်ပေါ့။နွေဦးမောင် မင်းငါ့ကိုမှန်မှန်လိမ်စမ်း မင်းကျိတ်ကြွေနေတယ်မလား။"

"ဟာ ကြံကြီးစည်ရာ သီဟရာ ငါမကြွေပါဘူးကွ။
ငါတို့ က ဆရာတပည့်ဆက်ဆံရေးပါ ။မဟုတ်တာကို မလုပ်ပါဘူးကွာ စည်းရှိပါတယ်။"

"အဲဒါကျမင်းဟာက တစ်ယူတန်လွန်းသွားပြီ
နွေဦးမောင်။ဆရာတပည့်ဖြစ်တာနဲ့ မကြိုက်ရ
တော့ဘူးလားကွ။လောကမှာ ဆရာနဲ့ တပည့်
့်ပြန်ရတဲ့အိမ်ထောင်ရေးတွေတစ်ပုံကြီးပါကွာ။"

"ပြောရင်းဆိုရင်း နွေဦးမောင် ဟိုမိန်းကလေးရဲ့
ဘေးနားမှာလာရပ်တဲ့ကောင်လေးက ဘယ်သူလဲ။"

သီဟလက်ညိုးညွှန်ရာသို့ နွေဦးမောင်ကြည့်လိုက်မိ၏။ရေလောင်းနေသော ကြိုင့်ဘေးတွင်လာရပ်
သူက ညီစေမင်းရယ်ပါ။ပုဆိုးအပြာကွက်ကို
သပ်သပ်ရပ်ရပ်ဝတ်ထားပြီး ရှပ်လက်ရှည်
အပြာနုကိုလက်ခေါက်တင်ထားသည့် ညီညီမှာ အခု၂နှစ်အတွင်းအတော်ပင် ထွားလာပြီး
အရပ်ထွက်လာခဲ့သည်။နွေဦးမောင်လို အသား
မဖြူသော်လည်း အသားညိုညိုစိုစိုရှိ၍ မျက်ခုံး
ထူထူ နှာတံစင်းစင်း နှုတ်ခမ်းခပ်ပါးပါးနှင့် မေးရိုးကားကာ စိတ်ထားနူးညံ့ဟန်ပေါ်သည့်မျက်ဝန်းများကို ပိုင်ဆိုင်ထားသောညီညီက ယောက်ကျာ်းပီသလာကာ ချောမောလာအုံးမည့် လူရွယ်တစ်ယောက်ပင်။နွေဦးမောင်တို့ ကြည့်နေဆဲမှာပင် ညီညီက
ကြိုင့်လက်ထဲမှရေဗုံးကိုယူကာ သစ်ပင်များကို
ရေလောင်းနေ၏။ကြိုင်ကလည်း ခပ်လှမ်းလှမ်းမှနေ၍ စကားပြောနေကာ တစ်ချက်တစ်ချက်
ညီစေမင်းမှာပြုံးနေလေသည်။

"အဲဒါလည်း ငါ့တပည့်ပဲသီဟ ကြိုင်နဲ့ တစ်တန်း
တည်း သူလည်း ဂုဏ်ထူးနဲ့ အောင်တာပဲ။"

သီဟမှာမြင်ကွင်းကို ကြည့်နေရင်း မေးစေ့ကို
လက်ဖြင့်ပွတ်လိုက်သည်။

"ငါထင်တာမမှားဘူးဆိုရင် သူငယ်ချင်း မင်းရဲ့
တပည့်ကောင်လေးက ကောင်မလေးကို
သဘောကျနေတယ်ကွ။အခုကြည့်ရသလောက်ကတော့ ကောင်မလေးကတော့ အာ့ကောင်လေးကို စိတ်ဝင်စားပုံမပေါ်ဘူး။
နွေဦးမောင် မင်းကိုမင်းသေချာပြီလား
ဒီလောက်လှတဲ့ မိန်းကလေးတစ်ယောက်
ကိုယ့်ဘေးမှာရှိနေတာကိုရင်မခုန်ဘူးဆိုတာလေ။"

"ငါအတပ်ပြောရဲတယ်နော် မင်းမကြိုက်ရင်
အာ့ကောင်လေးကို အာ့ကောင်မလေးက
ပြန်ကြိုက်သွားလိမ့်မယ်။"

ပြန်ကြိုက်သွားတော့လည်း ငါကဆရာပီပီ မုဒိသာပွားပေးရမှာပေါ့ကွ။သူတို့ နှစ်ယောက်စလုံးက
ငါ့တပည့်တွေလည်းဖြစ်တယ်။နှစ်ယောက်စလုံးက လိမ်မာပြီး အရမ်းချစ်ကြတဲ့ သူငယ်ချင်းတွေလေကွာ။"

ဟေ့ကောင် နွေဦးမောင် ဒီလိုဆိုရင်ကောကွ။
"ငါနဲ့ ဆိုရင်ကော သဘောတူလား ။
ငါလည်းအာ့ကောင်မလေးကို မြင်မြင်ချင်း
ကြွေသွားတာမောင်။"

"ဟာ ဒီခွေးကောင်ကွာ မတူဘူးဟေ့ မတူဘူး ။"
သီဟပခုံးကို လက်သီးဖြင့် မနာအောင်ခပ်ဖွဖွ
ထိုးလိုက်ရင်း နွေဦးမောင်ရှုတင်းတင်းကြည့်ပစ်လိုက်၏။

"ဟားဟားဟား"သီဟက အသံကျယ်ကြီးဖြင့်
လှောင်ရယ်ကာ မိမိကိုကြည့်နေလေသည်။
သီဟအကြည့်မှာ မိမိမျက်လုံးထဲထိထိုးဖောက်
နေသောကြောင့် နွေဦးမောင် ခပ်ရှက်ရှက်ဖြင့်
ကံ့ကော်ပင်တန်းဆီသို့ အကြည့်ရွှေ့လိုက်သည်။မြင်ကွင်းထဲတွင် ကြိုင်နှင့်ညီညီ
စကားပြောနေပုံက ၀င်လာလေသည်။

မိမိကြိုင့်ကိုချစ်နေသည်လား။မသေချာပါ။
အနေနီး၍ တစ်ခြားကလေးတွေထက်
ပိုသံယောဇဉ်ကြီးတာလည်း ဖြစ်နိုင်ပါသည်။
ကြိုင်ကအရမ်းလှသည်ဆိုတာတော့ မိမိလည်း
ယောကျာ်းတစ်ယောက်ဖြစ်နေ၍ ၀န်ခံပါသည်။
ကြိုင်နှင့်ညီညီ ပြုံးပျော်နေသော မြင်ကွင်းကို ကြည့်ကာ မောဟိုက်လာမှုကိုတော့ ဘယ်သို့ 
သော ခေါင်းစဉ်တပ်ရမည်နည်း။သို့ သော် မိမိဆို
သော နွေဦးမောင်က ဆရာပီသချင်သူသာဖြစ်၏။အကယ်၍ မိမိအမှန်တစ်ကယ်ပင် ကြိုင့်ကိုချစ်နေ
မိသည်ထားအုံး ဘယ်သောအခါမှ ဖွင့်ပြောလိမ့်မည်မဟုတ်ပါ။ မိမိတို့ ကြားတွင် ဆရာတပည့်ဟူသော စည်းရှိ၏။မိမိက ပို၍ အသက်ကြီးသူမို့ ပို၍
ထိန်းထိန်းသိမ်းသိမ်းနေသင့်သည်မဟုတ်ပါလား။ နွေဦးမောင်ကြည့်နေဆဲမှာပင် ကြိုင်တို့ 
နှစ်ယောက်နှင့် မိမိကြားရှိ ကံ့ကော်ပင်
ပေါ်မှ ကံ့ကော်တစ်ရွက် ကြွေကျလာလေသည်။
ကံ့ကော်ရွက်မှာ တစ်ရွက်လုံး မခြောက်သေးဘဲ
ရော်ရွက်ဝါဘ၀မှာပင် အညှာမခိုင်ဘဲကြွေကျလာ
ခြင်းဖြစ်၏။တစ်ခါတစ်ရံတွင် အချစ်ဆိုသည်မှာ
ရော်ရွက်ဝါနှင့်ပင် အလားသဏ္ဍာန်တူ၏။
ရင်တစ်ခုလုံးနှင့် ရင်း၍ ချစ်လို့ မ၀ခင်မှာ
နဲ့နေသောအညှာကြောင့် မြေခလိုက်ရခြင်း
ကဲ့သို့ ပင်။နွေဦးမောင်ကြည့်နေဆဲမှာပင် သစ်ရွက်ကြွေများ ပို၍ကြွေကျလာလေတော့သည်။
image
credit-facebook image

အပိုင်း(၁၃)အား ဆက်လက်စောင့်ဖတ်ရှုပေးပါဦးလို့မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ။
အားလုံးကိုကျေးဇူးအထူးတင်ရှိပါသည်။
image

Author-Soe Tha Khin

Sort:  

ကံ့ကော်မြိုင်တန်းက အလွမ်းသည်တွေ ဘယ်နှဦး ဖြစ်လိမ့်မလဲ။
သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းထက် ကံ့ကော်ခိုင်လေးတွေက
ဘယ်နှပွင့်များ ဆိုင်လေမလဲ တွေးမိရင်း စောင့်ဖတ်ရတာပေါ့။

ဟုတ်ကဲ့ပါဗျာ
ခုလိုအားပေးတဲ့အတွက်ကျေးဇူးပါဗျာ

တစ်ကယ်အဖြစ်အပျက်လားဗျ ဇာတ်လမ်းက ဖြစ်ခဲတဲ့ဇာတ်အိမ်လေးဆိုတော့ ကောင်းပါတယ်ဗျာ

တကယ့်အဖြစ်အပျက်မဟုတ်ရပါဘူးအစ်ကိုရေ

အရေးသားကတော့ စိတ်ကူးထဲကနေအပြင်မှာလိုခံစားမိစေတယ်

ဟုတ်ကဲ့ပါဗျာ ကျေးဇူးတင်ပါတယ်

ကျောင်းသူလေးကို ကျန်တော်တော့တည့်ကျွေပြီဗျာ 😁😁

ကြွေခွင့်ပဲရှိမယ်နော် ပိုင်ဆိုင်ခွင့်မရှိ😂😂

ဇာတ်​အိမ်​​တွေ တည်​ထားတာ အရမ်းခိုင်​တယ်​ဗျာ လုံးချင်းထုတ်​ပါလား ​👍👍

ဖြည်းဖြည်းချင်းတော့ဖြစ်လာမလားလို့အစ်ကိုရေ

အလွမ်းသမားလေးပေါ့

အဲ့လိုများဖြစ်နေမလားပဲ

ကျောင်းဆရာတစ်ယောက်ရဲ့ ရင်တွင်းဖြစ်တွေပေါ့

မဟုတ်ရပါဘူးဗျာ
ဇာတ်လမ်းသက်သက်ပါ

တကယ်​ကိုဖတ်​လို့​ကောင်းတယ်​ ဖတ်​ပြီးရင်းဖတ်​ချင်​ပဲ
နွေဦး​မောင်​ သနားပါတယ်​ မချစ်​ရ​သေးခင်ေ​ကြွကျ​တော့မှာလားဗျာ

မချစ်ရသေးခင်ကြွေတော့မှာလားဆိုတာတော့
စောင့်မျှော်အားပေးပါဦးဗျာ

Wow အရမ်းမိုက်​ မျက်​လုံးထဲကို​ပြေးမြင်​တယ်​👏

😂😂 အာ့လောက်တောင်လားဗျာ

အခုမှ တွေးကြည့်မိတယ် ကျောင်းဆရာရဲ့ အဖြစ်မှန်တွေ စာစီနေတာများလားဗျ။

😂😂ကျွန်တော်ကတော့ကျောင်းဆရာမဟုတ်ရပါဘူးဗျာ