ဗိုလ်လောင်များနှင့် သူတို့၏တစ်နေ့တာ
ဒီနေ့တော့ သတိရမိသောဗိုလ်လောင်းဘ၀ဖြတ်သန်းရသော တစ်နေ့တာ များကိုဗဟုသုတအနေနဲ့ ရေးသားတင်ပြလိုက်ပါတယ်ဗိုလ်လောင်းများဟာစာပေ နဲ့လေ့ကျင့် ရေး ကို ၂ခုခွဲပြီးသင်ကြား ကြရပါတယ် ဒါပေမဲ့ စာပေသင်ကြားချိန်မှာဖြတ်သန်းရတဲ့ တစ်နေ့တာ လုပ်ငန်းစဉ်များပဲပြောပြသွားမှာဖြစ်ပါတယ် ဗိုလ်လောင်းဘ၀ သင်တန်းသားဘ၀တွဟာ ခရာသံနဲ့ အိပ်ရာထခရာသံနဲ့ အလုပ်လုပ် ခရာသံနဲပဲ အနားယူ ကြရပါတယ်
် မနက်၅နာရီမှာတပ်ခွဲလိုက် တာဝန်ကျ ပထမနှစ်ကင်းသမားမှ တပ်ခွဲရှိဗိုလ်လောင်းအားလုံး ကိုခရာသုံးချပ်မှုတ် ၍ `အိပ်ရာထချိန် အိပ်ရာထချိန်´သုံးကြိမ် အော်နှိုးသောအခါ အားလုံးအိပ်ရာမှထ ပြီး မနက်လေကျင့်ခန်းဝတ်စုံစလဲရပါတယ် တပ်ရင်းရုံးမှ ဗိုလ်လောင်းတပ်ရင်းမှူးမှ ၅း၁၅ အချိန်တွင် ခရာမှုတ်၍ ဗိုလ်လောင်းအားလုံး PT ဆင်းချိန်လို့အော်သောအခါမှာဗိုလ်လောင်းအားလုံးဟာ အရန်စစ်ရေးပြကွင်းမှာတန်းစီရန် သွားကြရတယ် ၅း၃၀မှာ အချိန်မှာ တန်းစီပြီး physical training စလုပ်ပါတယ် junior squard များကို senior apointment မျာကဦးဆောင်ပြီး senior squard များကို နည်းပြဆရာကြီးမျာကဦးဆောင်ကာ ဆောင်ပုဒ်များကို မာမာထာန်ထာန် အော်ဟစ်ကာ ကျောင်းဝန်းကိုပတ်ပြီးအပြေးလေ့ကျင့်ရပါတယ် ပြေးပြီးပြန်လာရင် အကြောလျော့လေ့ကျင့်ခန်းများလုပ်ပြီး ၆း၁၅ အချိန်မှာ PTတန်းဖြုတ်ပါတယ်
ရေချိုးဖို့နဲ့ အ၀တ်အစားလဲဖို့ကို ၁၅မိနစ် အချိန်ရပီး ၆း၃၀ မှ ၇း၀၀နာရီထိကိုတော့ နံနက်စားစားချိန်ပေးထားပါတယ်
မနက်၇နာရီ မှာ Academic သွားဖို့ကိုတပ်ရင်းတန်းစီကွင်းမှာ တပ်ခွဲလိုက်တန်းစီရပါတယ် တန်းစီပြီးတပ်ခွဲရှိ final year ဗိုလ်လောင်းappointment များမှ junior များအား မိမိတို့ဝတ်ထားသောအ၀တ်အစားများ သန့်ရှင်းသပ်ရပ်မှုရှိ မရှိ၊ ဖိနပ်များပြောင်မပြောင်ဖိနပ်ကြိုးတင်း မတင်း၊ ကောလံကြပ်ခါးပတ်ခေါင်းနှင့် ဦးထုပ်ရှိနိုင်ငံတော်တပ်ဆိပ်များကို ပြောင်အောငိတိုက်ချွတ်ထားခြင်းရှိ မရှိ၊ မျက်နှာပေါ်ရှိ နှုတ်ခမ်းမွေး မှုတ်ဆိတ်မွေး နှင့် ပါးသိုင်းမွေးများ ပြောင်အောင်ရိတ်ထားခြင်းရှိ မရှိတို့ကိုစစ်ဆေးပါတယ်
နံနက်၇း၃၀အချိန်မှာတော့ တပ်ရင်းတန်းစီးကွင်းတွင် ဗိုလ်လောင်းတပ်ရင်းမှူးမှဦးဆောင်ပြီး တပ်ရင်းတပ်ခွဲလိုက် squard များဖြင့် စစ်သည်တေး စစ်ချီတေးများကို အသံမြိုင်မြိုင်သီဆိုကာ Academic အဆောင်များသို့သွားရကာ ၈နာရီ အချိန်မီ စာသင်ခန်း ၀င်ရပါတယ် နေခင်း၁၁နာရီမှာ ထမင်းစားနားပီး ထမင်းစားဖို့ တပ်ရင်းတန်းစီကွင်းကိုမနက် academic သွားတဲ့ပုံစံအတိုင်းပြန်လာရပါတယ် ဒီလိုပဲ ၁၂နာရီမှာ စာသင်ခန်းပြန်ဝင်ပြီးညနေ ၃း၀၀ မှာ academic ချိန်ပြီးလို့ အဆောင်ပြန်တဲ့အချိန်မှာလည်း စစ်သည်တေးစစ်ချီတေးများဖြင့် ပြန်ရပြီး တပ်ရင်းတန်းစီကွင်းရောက်မှ ဗိုလ်လောင်းအားလုံး တန်းဖြုတ်ပြီး အဆောင်ပြန် ရပါတယ်
အဆောင်ရောက်တာနဲ့ PT ၀တ်စုံပြန်လဲ ပြီး PT ကွင်းဖြစ်တဲ့အရန်စစ်ရေးပြကွင်းသွားရပါတယ် ၃း၄၅မိနစ်မှာ တန်းစီပြီး ၄၅မိနစ်ခန့် PTပြေးခြင်း၊ တိုက်ပွဲဝင် ၄၆ကွက်လေကျင့်ခြင်း ၊ အခက်အခဲကျော်ခြင်းစသောလေ့ကျင့်ခန်းများလုပ်ဆောင်ပြီး ၄း၃၀ ချိန်တွင်တန်းပြန်ဖြုတ် ပါတယ် ရေမိုးချိုး ညနေထမင်းစားတန်စီ ၀တ်စုံဝတ်ဖို့ နာရီဝက်ခန့်အချိန်ရပြီးညနေ ၅နာရီ တွင် နိုင်ငံတော်သစ္စာဆိုရန် တန်းစီ ရပါတယ် နိုင်ငံတော်သစ္စာဆိုပြီးဗိုလ်လောင်းအားလုံးဟာ ညနေစာစားရန် စားရိပ်သာသို့ သွားရပါတယ် စာရိပ်သာမှာ ဗိုလ်လောင်းအားလုံး ထမင်းမစားခင် ထမင်းစားသစ္စာ ဆိုရပါတယ် ထမင်းစားပြီး ညနေ ၆နာရီ ခန့်တွင် ပထမ နှစ် နှင့် ဒုတိယနှစ်ဗိုလောင်းများ ဟာ အမျိုးသားဝတ်စုံဖြင့် ည study ထိုင်ရန် တပ်ရင်းတန်းစီကွင်းမှာ တန်းစီပြီး စားရိပ်သာသို့ သွားပြီး study ထိုင်ရပါတယ် 3rd year မှ final year ထိ ဗိုလ်လောင်များကတော့ ကိုယ့်အဆောင်မှာပဲ study ထိုင်ရပါတယ်
ည ၉နာရီ အချိန်မှာတော့ study ဖြုတ်ပြီး ဗိုလ်လောင်းအားလုံးဗိုလ်လောင်းတပ်ရင်းမှူးက တပ်ရင်းတန်းစီကွင်းမှာတန်းပြန်စီပြီး တာဝန်ကျ အရာရှိ တာဝန်မှူးကိုတန်းအပ် ရပါတယ် အရာရှိတာဝန်မှူးမှ နောက်တနေ့ လုပ်ငန်းစဉ်များကိုမှာကြားပြီး ည၉း၃၀အချိန်ခန့်တွင်တန်းဖြုတ်ပါတယ်
နောက်တနေ့ ၀တ်ဖို့ အ၀တ်အစားပြင်ရန် နာရီဝက်ခန့် အချိန်ရပြီး ည ၁၀နာရီမှာတော့ တာဝန်ကျ final year ဗိုလ်လောင်း တာဝန်မှူးမှ ခရာ၃ခါမှုတ်ပြီး `မီးပိတ်အိပ်ချိန် ´ ၃ခါအော်သောအခါ ကော်ရစ်တာ မီးမှလွဲ၍ အဆောင်မီးအားလုံးပိတ်ကာ တာဝန်ကျ ဗိုလ်လောင်းကင်းသမားမှလွဲ၍ ဗိုလ်လောင်းအားလုံးဟာ နောက်တစ်နေ့အိပ်ရာထချိန် ခရာသံကိုနားစွင့်ရင်း အိပ်စပ်အနား ယူကြရပါတယ် ဒါကတော့ဗိုလ်လောင်းဘ၀နေ့စဉ် ဖြတ်သန်းနေရတဲ့ တစ်နေ့တာအလုပ်များပဲဖြစ်ပါတယ်ခင်ဗျာ....
Steemit အဖွဲ့ဝင်များ ကျန်းမာချမ်းသာကြပါစေ
Msc 236
@soeyan
Photo-credit google
ဗိုလ်လောင်းတွေရဲ့ တစ်နေ့တာဘဝကို နားလည်သိရှိလိုက်ရပါတယ်။
ဖတ် ကြည့်တာ နဲ့  တနေ့ တာ နားတဲ့အချိန် မရှိသလောက်ပါလား
အိပ်တဲ့အချိနကနားခိန်လေဗျာ
ဟုတ်ကဲ့ ညနေ ၀၆၁၅ final year အဆောင်စစ်ချုပ်ကိုတန်းအပ်ပါမယ်တဲ့ ဗျာ 😄
ဟဲဟဲ:-)
သိခွင့်ရပါတယ်။ အားပေးခဲ့ပါတယ်ရှင်။
ဟုတ်ကဲ့ပါ
သိခွင့်ရလို.ကျေးဇူးပါ အကိုကြီး\ညီလေး
ဟုတ်ကံပါ
Good👍
Thank
Voteတော့ voteခဲ့တယ် ဒေါ်လာလည်းတက်ဖူး ဟီးဟီး 😂😂😂
ဘ၀တူတွေပါနောက်တော့ဖြစ်လာမှာပေါ့
မလွယ်ပါလားဗျာ။
ဟုတ်ကဲ့ပါ
သိခွင့်ရလို့ကျေးဇူးပါ
ဟုတ်ကဲ့ပါ
ဗဟုသုတရပါတယ်ဗျ။MSC No ကျန်နေပါတယ်။Photo credit ပေးပါ ။ရေးသားသူနာမည်ကျန်နေပါတယိ။
ဟုတ်ကဲ့ပါ