အကြောင်းအရာများ
ခေါင်မိုးပေါ်မိုးရေကျသံဟာနေ့တစ်နေ့ကိုနိုးတယ်
ပြတင်းပေါက်တွေတော့ဖွင့်ဖို့မလိုဘူး
ဖုန်းဝင်လာတာကမနက်စာစားဖို့အကြောင်း
ဒီမှာမေတ္တာသုတ်ကိုဖွင့်ထားတာတန်းလန်း
နောက်ကျရင်ရွေးချယ်စရာနည်းလိမ့်မယ်တဲ့
နောက်ထပ်အကြောင်းအရာတချို့ နဲ့
ကတိုက်ကရိုက်ပါးစပ်ထဲထိုးထည့်လိုက်တဲ
့အနိစ္စတွေဟိုဟာအဆင်ပြေလားဒီဟာကရော
မနေ့ကကိစ္စရောဘယ်လိုနေလဲစသဖြင့်
ငါတို့စကားတွေဆိုကြတာ
ကိုယ့်ကိုကိုယ်ဗဟိုပြုတာခပ်များများ
စီးကရက်ပြောင်းပြန်ဖွာမိသလို
လွှတ်တော့မပစ်ရက်ပဲ
ထပ်ဖွာရရှိုက်ရအဲဒီမှာခြွေချထားခဲ့ပါ
ခင်ဗျားရဲ့အပြာရောင်မဟုတ်တဲ့ပြာတွေ
တနင်္ဂနွေဆိုတော့ဘုရားရှိခိုးကြမလား
ပြုံးပြပြီးနုတ်ဆက်မိကြတယ်ထင်တယ်
အခန်းထဲပြန်ရောက်တော့
ပရိတ်ကြီးဆယ့်တစ်သုတ်ကပြီးပြီ။
ငင့် ပုံရီးက တားရော့ကဒ်လား