ကဗျာတပုဒ်ရဲ့သမိုင်း
နင်တတ်တဲ့. .နင့်ပညာ. .
နင့်မာယာတောနက်ထဲမှာ. .
မျက်စိလည် လမ်းမှားခဲ့သူက ငါပါ
လမ်းပျောက်နေတဲ့ ငါ့ဘဝကို
လမ်းပြကြယ်လေးအဖြစ်နဲ့. . .
ယုံကြည်အားကိုးခဲ့တာလဲ ငါပဲပေါ့
ဖွတ်ထွက်မှ တောင်ဗို့မှန်းသိသလို. .
ယုံကြည်ခဲ့တဲ့ နင့်မေတ္တာတွေ. .
ကိုးကွယ်ခဲ့တဲ့ ဒီချစ်ခြင်းတရားတွေ
နောက်ဆုံးတော့လဲ. . .
နင် ကျတ်စားရာ နှလုံးသားသုသာန်တခုမှာ
ငါ့ရင်ကိုခွဲ. .ငါ့အသည်းတွေ. . .
နင် ဝါးမြိုခဲ့တာပဲ မဟုတ်လား. . . .။
@steemitarrman
Photo Credit; Facebook image
ကြေကွဲနေပါလား