ဗေဒင်
ဒိနေ့ ဗေဒင်ဆရာ အသစ်ဆိုလို့သွားမေးတယ်
ကျမအကျင့်ပေါ့ ဗေဒင်ဆို ကြည့်ချင်တယ် ကြည့်ပြီးတခါမှ သူပြောသလိုလိုက်မနေဘူး ဒီတခါ တာရိုကန်နဲ့ကြည့်တယ်ဆိုပြီး အမတယောက်ခေါ်လို့သွားကြည့်တယ် ... ရောက်တော့ ခုံဒေါင့်လေးဒေါင့်ပေါ် ဓား စကြာ ဆွဲကြိုးလေးလော့ကတ်ကမှောက်နေတော့သေခြာမမြင်ရဘူး နောက်တဒေါင့်မှာကလေယဉ်လိုလို အာကာသယာဉ် လိုလိုလေး အားလုံးကဟောင်းနွမ်းလို့နေပြီ အခင်းလေးက အနက်ရောင်မှာ ဒေါင့်လေးတွေမှာနီဝါစိမ်း စီးကွင့်လေးတွေနဲ့ နဂါး တဖက် ဇာမနီငှက်တဖက်နဲ့...
ဗေဒင်ဆရာက အမျိုးသားပါဒါပေမဲ့ မျက်နာမှာအခြယ်အလှယ်အပြည့်မျက်တောင်တုလေးနဲ့ နုတ်ခမ်းလေးရဲလို့ အုပ်ထုပ်အင်္ကျီကို စောင်းပြီးနားတဖက်ပေါ်အောင်တင်ထားတယ် ကြိုးပါတ်ာတဖက်ဘဲထုပ်ချထားတယ်...
တာရိုကတ်တွေကို စတစ်ကာအရောင်လေးတွေနဲ့ပြန်ဖုံးထားတယ် အနီ လိမ္မာ် အစိမ်း သုံးထုပ်
ထူးဆန်းတာက ဆရာတော်တော်များများမှာ မြင်လေ့မရှိတဲ့ ဖက်ဖူးရောင်သန်းတဲ့အစိမ်းနုနုနဲကတ်တွေကိုထုပ်ပိုးထညးတာပါ...
ပညာရပ်များစွာစမ်းကျယ်နက်နဲ့သဖြင့် ကျမ မသိသော ပညာရပ်စန်းတခုဖြစ်မည်ထင်ပါသည် အခါနှင့်တိုက်၍ ကြည့်သည်...
ပထမ စစ ချင်းကျမကိုခေါ်သွားသော အမကြည့်သည်
အမက အနီရဲဝတ်ကာ အပေါ်အင်္ကျီကို ကြာ်သီးတလုံးသာတတ်၍ ဝတ်သွားသဖြင့် ရင်မှာတင်းကျပ်နေမယ် လမ်းနစ်ခွ တွေးနေတယ့်ဆိုပါတယ်
ကျမ ချစ်သူ ကြည့်တော့ ထောင်တန်းကျကိန်းမြင်သတဲ့ သူဝတ်သွားသော အင်္ကျီ မှာပါတဲ့ စာလုံးကြောင့်ဟုဆိုတယ်
ကျမခလှဲ့ရောက်တော့ မနိုင်ဝန်ထမ်းထားရသတဲ့လွယ်အိပ်မချဘဲလွယ်ထိုင်လို့တဲ့ အကုန်မှန်တယ်လို့ဆိုရမယ်ထင်ပါတယ် များများစားဟားမဟောဘူး သုံးခုလောက်ဘဲဟောတယ် အမာဂတ် အတိတ် သိပ်မပါဘူး လက်ရှိအခိုက်အတန့်လေးကိုဟောတယ် ရေတိုအဟောလို့ဆိုရမယ် ...
တခုဘဲ အင်္ကျီဆင်တူဝတ်သွားပေမဲ့ ကျမ ထောင်တန်းကိန်းမမြင်ဘူး ခုထိနားထဲက မထွက်တာတခုက ကျမတို့ချစ်ခြင်းမကြာရှည်ဘူးဆိုတာရယ် ချစ်သူက တစုံတခုကြောင့်သာဆိုတာရယ်ပါ
...
ရုပ်မလှတဲ့ဝဝတုတ်တုတ်မိန်းကလေးနဲ့သာမာန်ရုပ်ရည်အသင့်တင့်ရှိတဲ့အမျိုးသားတဦးတွဲသွားရင် အပြင်လူတွေ အကြည့်တင်မက သွားတွက်သမျှ ဗေဒင်ဆရာတိုင်းက ကွဲမယ် မေတ္တာ မစစ်ဘူး ဆိုတာကြီးဘဲ....
သို့သော်လည်းပေါ့လေ ကျမက နောက်ထပ် အသစ်အသစ်သော ဗေဒင်တရာများထံသွားမိနေအုန်းမည်သာ
Khin Sundy