ရှူရှိုက်​ဖူး​သော​ကျေနပ်​ဖွယ်​​လေ​ပြေ

in #myanmar6 years ago

တခါတလေ သူရှိနေတယ်ဆိုတဲ့အသိနဲ့တင် အသက်ရှင်ရတာ အဓိပ္ပါယ်​ ရှိနေပါပြီလေ
နီးရဖို့လဲမမျှော်လင့်သလို
ဝေးရဖို့လဲမစဉ်းစားမိဘူး
ရှိနေတဲ့ဒီအကွာအဝေးအတိုင်းလေးဘဲ
ရပ်နေချင်တာမျိုးပါ...
အတ္တကြီးလွန်းတဲ့စိတ်ကို ချွန်းသတ်နိုင်တာ သူဘဲရှိလိမ့်မယ်ထင်ပါတယ်
ထားသွားခဲ့မယ်ဆိုရင်တောင် သူ့မှာခိုင်လုံတဲ့အကြောင်းပြချက်ရှိမှာပါလို့ အမြဲတွေးမိနေတာပါလေ...
ကိုယ်ကတော့ဘာအကြောင်းပြချက်နဲ့မှထားသွားဖို့စိတ်ကူးရှိမနေခဲ့ဘူး...
ဘယ်လောက်ဘဲပြည့်စုံနေတယ်ပြောပြော
သူမရှိတော့ဘူးဆိုတဲ့အသိအချက်နဲ့တင်
ပြည့်စုံခြင်းတွေတောင်အဓိပ္ပါယ်မဲ့သွားမိသလိုခံစားရတာပါ...
.....
........
...........
မည်သို့ဆိုစေသူရှိနေသည်ဆိုသောအသိတခုနှင့်ပင် ကျေနပ်ပါသည်လေ
ခင်​စန္ဒီB612-2016-05-29-11-31-32.jpg