ဧရာဝတီတမ်းချင်း

in #myanmar6 years ago (edited)

image
ပထမပိုင်း...

ဘော် ဘော် ဘော် ........
မြစ်ဆိပ်မှသင်္ဘောဥသြသံနှင့်အတူ မြင်ကွင်းထဲသို့ ဝင်လာသော သင်္ဘောတစ်စင်းကြောင့် ဖိုးထောင် သောက်လက်စလက်ဖက်ရည်ကို အပြီးသတ်မော့ချလိုက်သည်။ကုန်းပတ်ပေါ်မှ မြစ်ဆိပ်အောက်ခြေသို့ ခပ်သွက်သွက်ပင် ဆင်းလာခဲ့၏။

"ဗျို့ တင်ပေးစရာ ကုန်ပါလား။"
"ပါတယ်ကိုဖိုးထောင် ဒီတစ်ခါတော့ ဆန်အိတ်တွေ တစ်အိတ်ကို ၂၀၀ ပဲ ပုံမှန်ဈေး။"
"ရတယ် ကဲ ကျောပေါ်တင်ပေးတော့။"

သင်္ဘောပေါ်မှ ခင်မင်ပြီးသား အလုပ်သမား လှအောင်တင်ပေးသော ဆန်အိတ်များကို ကုန်းပတ်ပေါ်မှ အောင်ပွဲရုံဆီသို့ ထမ်းလာခဲ့သည်။

ဖိုးထောင်မှာ မကွေးမြို့ တံတားအောက်ခြေရှိရပ်ကွက်တစ်ခုတွင် နေထိုင်သူဖြစ်ပြီး မြစ်ဆိပ်သို့ ဆိုက်လာသမျှ ကုန်များကို ထမ်းပိုးရသော အလုပ်ကိုလုပ်လေသည်။သင်္ဘောအများစုမှာ မကွေးကမ်းနားလမ်းရှိ နေ၀န်းနီကဖေးအောက်ခြေ၌ဆိုက်ကြပြီး သဘောင်္ဆိုက်ချိန်တွင် ဖိုးထောင်အပါအ၀င် ကုန်ထမ်းသမားများက သင်္ဘောဆီမှပါလာသော ကုန်များကို ကုန်းပတ်ပေါ်သို့ ထမ်းတင်ပေးရသည်။တစ်ချို့ ကတော့ နေ၀န်းနီကဖေးအနီးရှိ အောင်ပွဲရုံတွင် ကုန်ချကြပြီး တစ်ခြားပွဲရုံတွင်ချမည့်ကုန်များကိုတော့ သုံးဘီးသမားများဖြင့် ဆက်သွယ်ပေးရပြန်လေသည်။

မကွေးမြစ်ဆိပ်သို့ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ကုန်သင်္ဘောများ အလာများလေ၏။မကွေးတောင်ဘက် မြစ်ကြောင်းနံဘေးရှိရွာများဖြစ်သော ကျွန်းတော် ၊မကြီးကန် ၊မဟာပိန္နဲအပြင် တစ်ခြားရွာများမှ စက်လှေများလည်း ကုန်ကူးကြလေသည်။ဖိုးထောင်တို့ အလုပ်မှာ ပုံမှန်ဝင်ငွေဟူ၍ မရှိပေ။မြစ်ရေတက်ချိန် နှင့် စပါးပေါ်ချိန် နှမ်းပေါ်ချိန်များတွင် ကျောနင့်နေအောင် ကုန်ထမ်းရပြီး ယခုကဲသို့ မြစ်ရေကျချိန် အားလူးကြက်သွန်ပေါ်ချိန်များတွင်တော့ နှမ်းစပါးပေါ်ချိန်လောက် ပိုက်ဆံမရပေ။
image
တခါတခါ အလည်အပတ် လေ့လာခရီးလာကြသော နိုင်ငံခြားသား သင်္ဘော ဆိုက်ရောက်သည့်အခါ ကိုဖိုးထောင်ဟာ အပိုဝင်ငွေရအောင် ဆိုက်ကားနင်းသည်။ နိုင်ငံခြားသား ဧည့်သည်များက ဆိုက်ကားစီးရတာကို အတော်လေးနှစ်ခြိုက်ပုံရသည်။ တခေါက်ကို ငွေ ၉၀၀၀ကျော်လောက်တော့ရသည်။ သိပ်အများကြီးမဟုတ်ပေမယ့် ဖိုးထောင်တို့ မိသားစုအတွက် မနည်းဘူးလေ။ သို့ပေမယ့်လည်း အဲ့လိုချိန်တွေက နည်းပါသည်။ သဘောင်္က အမြဲတော့ ဘယ်လာပါ့မည်လဲ။ အချိန်တန် ပြန်တာပေါ့။ ရတဲ့ပိုက်ဆံလေးတွေ ကျစ်ကျစ်ပါအောင် ဆုတ်ပြီး မိသားစုတွက် စုဘူးလေးနဲ့ စုတတ်ပါသေးသည်။

ဖိုးထောင်တို့ လို ပညာလည်းမတတ် အသက်လည်း၃၀ကျော်နေသူများအဖို့ တစ်ခြားနေရာတစ်ခုတွင် အလုပ်ရဖို့ မလွယ်လှ။အရောင်းဝန်ထမ်းဆို မိန်းကလေးမှခန့် ချင်သော စားပွဲထိုးဆိုလျှင်ပင် အသက်ငယ်သောသူများသာ ခန့် ချင်သော ဒီခေတ်ကြီးထဲတွင် ကိုယ့်လုပ်အားနှင့် ကိုယ်ရထားရာအလုပ်ကလေးတစ်ခုကို ခြေကုပ်ထားပါမှတော်ရာကျလေသည်။

နဖူးကချွေး ခြေမကျအောင် ကုန်းမြင့်ကြီးကို မော့တက်၍ကုန်ထမ်းနေရသော်လည်း ဖိုးထောင် မပင်ပန်းပါ။ မိသားစုစားဝတ်နေရေးပြေလည်ဖို့  သားကို လွယ်အိတ်အသစ်ဝယ်ပေးဖို့  သားပညာတတ်အောင် ကြိုးစားရုန်းကန်ဖို့ အတွေးများသာ ဖိုးထောင်ရည်မှန်းချက်ဖြစ်၏။ဖိုးထောင်တို့ မိသားစုမှာ ၃ယောက်သာရှိပြီး ဖိုးထောင်ရယ် မိန်းမ မပုရယ် သား သီဟကျော်ရယ်ဖြစ်သည်။

သားလေးက မနှစ်ကမှ ဆယ်တန်းအောင်ပြီး မကွေးတက္ကသိုလ်တွင် သချာင်္အဓိကဖြင့် ကျောင်းတက်နေလေသည်။ဖိုးထောင်မိန်းမ မပုကတော့ အနောက်မြို့ မဈေးတွင် ဟင်းရွက်ကန်စွမ်းများဖောက်သည်ယူကာ ရောင်းလေသည်။မြတ်လှသည်မဟုတ်သော်လည်း မီးဖိုချောင်ကိုတော့ ကာမိ၏။

မြစ်ဆိပ်နေပူကြဲကြဲအောက်တွင် ကလေးအချို့ က ရေချိုးနေကြသည်။ငါးဖမ်းလှေတစ်စင်းပေါ်မှကလေးတစ်ယောက်ကတော့ လှေဝမ်းထဲဝင်လာသော ရေများကို သံဗုံးဖြင့် ပက်ထုတ်နေရင်း တစ်ချက်တစ်ချက် ကစားနေသော ကလေးတစ်စုထံ အားကျကြည့်ဖြင့် ကြည့်နေပြန်သည်။ခပ်လှမ်းလှမ်းတွင်တော့ လူကြီးတစ်ဦးက ပိုက်ကွန်ချကာ မြစ်ရေပြင်ကို စူးစိုက်ကြည့်နေသည်။မြစ်ကမ်းပါးပေါ်မှ လူရွယ်နှစ်ဦးက ဆေးလိပ်တိုကိုခဲရင်း ငါးမျှားနေလေသည်။ဤမြင်ကွင်းများမှာ ဖိုးထောင်ငယ်စဉ်ကတည်းက မြင်ဖူးနေကြမြင်ကွင်းများဖြစ်ပြီး သိပ်မထူးဆန်းသော်လည်း ကြည့်၍ရိုးသွားသည်ဟု မရှိပေ။
မြစ်ထဲသို့ ဆင်း၍ ခပ်သွက်သွက်ရေချိုးလိုက်သည်။ကုန်းပေါ်သို့ ပြန်အတက်တွင် သားကို မြင်လိုက်ရ၏။

သားနှင့်အတူ ကောင်လေးကောင်မလေး ၆ယောက်လောက်ပါပြီး မြစ်ဆိပ်ဆီသို့ ဆင်းလာကြသည်။ဖိုးထောင် အက်ျင်္ီကို ကမန်းကတမ်းဝတ်ကာ သားဆီသို့ ပြေးသွားလိုက်သည်။

ဆက်ပါအုံးမည်...

Author by Thant Zin Oo(magway)
MSC-184

Sort:  

လက်လုပ်လက်စားဘဝလေးတွေ ကိုယ်ချင်းစာတယ်။

ဟုတ် အစ်ကို

အောက်ခြေလူတန်းစားတွေရဲ့ဘ၀ကို ပေါ်လွင်အောင် ဇာတ်လမ်းဆင်ထားတာ တွေ့မြင်မိပါတယ် နောက်အပိုင်းတွေကိုလည်း စောင့်မျှော်နေပါမယ်ဗျာ

ဟုတ်ကဲ့ အစ်ကိုစောရေ
ဆက်ပါမယ်
ကျေးဇူးပါနော်

ဘဝဆိုတာ
ဒါပဲ​လေ အ​ရေးသား
ကောင်းတယ်​ဗျာ ဖက်​ရင်း
စိတ်​ထဲမ​ကောင်းသလို​တောင်​ဖြစ်​တယ်
ဆက်​​ရေးပါအုံး ​​​​စောင့်၍​အား​ပေး​နေပါ့မယ်​ဗျာ

ကျေးဇူး ပါ ခင်မျ

ဝတ္ထုကောင်းတစ်ပုဒ်ဖြစ်ဘို့ ဇာတ်အိမ်တည်ထားပါလား နောက်အပိုင်းတွေ များများရေးပေးပါ။ စောင့်မျှော်နေသူများ လည်ပင်းရှည်လောက်ပါပီ။

ဟုတ်ကဲ့ ဆက်ပါမယ် ခင်မျ
ကျေးဇူးပါနော်

ကိုသန့်ဇင်ဦး ပို့စ်တွေ ဖတ်ရတော့ မကွေးကို လွမ်းလာသလိုပဲ။
ကိုယ်တွေက မကွေး UCH မှာ လေးနှစ်တတ်ခဲ့ရတာ ဆိုတော့လေ။

ဟုတ်လား ဆရာရေ
၎နှစ်တောင် တက်ခဲ့တာ ပျော်ခဲ့ရဲ့လား

ဖိုးထောင်ရဲ့ မိသားစုပေါ်ထားတဲ့ စေတနာက လေးစားလောက်ပါတယ် အကိုသန့်ဇင်ဦးရယ် ဖိုးထောင်နောက်ထပ် သူ့သားလေးနဲ့ ဘယ်လိုရှေ့ဆက်မလဲဆိုတာ စောင့်မျှော်နေလျှက်ပါ

ဆက်လက်ပါ့မည် ကျေးဇူးပါ အစ်ကိုရေ

နောက်အပိုင်းကိုစောင့်နေမယ်အစ်ကိုရေ

ဟုတ်ဟုတ်

ရေဆင်းဆော့မှာစိုးလို့နေမယ်

ဟုတ်တယ် bro

ဘ​တွေကကြမ်းပါတယ်​ဗျာ

ဟုတ်တယ် broရေ....

သူတို့တွေရဲ့ဘဝကို တကယ်သရုပ်ပေါ်အောင်ရေးနိုင်ပါပေတယ်
ဆက်လက်စောင့်မျှော်အားပေးနေပါတယ်bro

ဟုတ်...ဟုတ် ဟုတ်😊
ရှဲရှဲ ကိုစိုး