မကြွေပါနဲ့ ပန်းလေးရယ်
အာလုံးပဲ မင်္ဂလာပါခင်မျာ....
မင်္ဂလာ အပေါင်းနှင့် ခညောင်းနိုင်ကြပါစေ....
ကျနော် အခုတင်ပြမည့် ဝတ္ထုတိုလေးကတော့ စိတ်ကူးရင် သတ်သတ်ပဲဖြစ်ပါသည်ခင်မျာ....
မနိမ့် မမြင့် သစ်ပင်ကြီး တစ်ပင်အောက်တွင် ညီစူးနှင့် နွယ်လေးခင်တို့ ချစ်သူနှစ်ဦး ထိုင်နေကြသည်။ ကမ်းနားလမ်းမှာမို့ 'လေ'လေးက တဝှီးဝှီး တိုက်ခတ်နေသည်။
ခုဆိုရင် ကိုတို့နှစ်ယောက် ရည်းစားသက်တမ်း ၃နှစ်ကျော်ခဲ့ပီနော်။ ကျောင်းလဲပီးပီဆိုတော့ ကိုယ်စီအလုပ်လုပ်ကြရတော့မယ်။ ကိုယ်တို့နှစ်ယောက်နီးဖို့ရာ အလုပ်တခုခု အမြန်ဆုံးရမှဖြစ်မယ်။ နွယ်ရော...ဘာတွေစဉ်းစားထားလဲ။
ကိုရယ်...ဘာများလဲလို့ အချိန်တန် သူ့ဖာသာ ဖြစ်လာပါလိမ့်မယ်။ ဘာတွေများ အတွေးပင်လယ် ဝေနေပါလိမ့်နော်။
မဟုတ်သေးဘူးလေ...ကိုတို့ တက္ကသိုလ်မှာတုန်းကလို့ ပေါ့ပေါ့ပါးပါး နေလို့မရတော့ဘူးလေ။ ကိုတို့ အသက်တွေက ငယ်သွားမှာမှမဟုတ်တာ။ နွယ်က ဘာကိုဝါသနာပါလဲ။
ငယ်တုန်း အိပ်မယ်၊ စားမယ်၊ အလှပြင်မယ်၊ ဖလန်းဖလန်းလေးပဲနေချင်တယ်။ B.A Englishနဲ့ဘွဲ့ ရထားတာပဲ အချိန်တန် အလုပ်တခုတော့ရမှာပါ။ ကိုက ဘာတွေစိတ်ကူးထားလို့လဲ။
အလုပ်တခုခုလုပ်ပီး အနည်းငယ်ငွေစုမိအောင် ကြိုးကြိုးစားစားလုပ်မယ်။ ပီးရင် နိုင်ငံခြားဘာသာစကား တခုခုတက်မယ်။ နိုင်ငံခြားကို အလုပ်သွားမလုပ်ဖြစ်တောင် ဒီမှာပဲ Translatorလုပ်လို့ရတယ်လေ။ လူနေမှုအဆင့်တန်းမှီမှီနေချင်သလို ကို့မိဘတွေလဲ ပြန်ထောက်ပံ့ချင်သေးတယ်။
နွယ်လေးငယ် ပုခုံးလေး တချက်တွန့်ကာ ပေါ့ပေါ့ပါးပါးပဲတွေးလိုက်သည်။ ရည်းစားသက်တမ်း ၃နှစ်ကျော်ပီဖြစ်တဲ့အတွက် တဦးပေါ်တဦး သံယောဇဉ် ရှိကြသည်မှာ အမှန်ဖြစ်သည်။ သို့သော် ခံစားချက် အသွင် သဏ္ဌာန် ချင်း မတူညီကြပေ။ ဘာကြောင်းကြောင့်ပဲ စကားများများ ညီစူးကပဲ ချော့ရသည်။
ဟေ့ကောင်...ညီစူး
ဘယ်လိုဖြစ်တာလဲကွာ။မင်းဂရုမစိုက်ဘူးလား။ကြည့်ထိမ်းပါအူးကွာ။
ဘာလဲကွ...ဝက်ကြီးရ။ မင်းစကားက အရင်းမရှိ အဖျားမရှိနဲ့။
ဟိုတနေ့က ရှော့ပင်းစင်တာတခုမှာ မင်းကောင်မလေးနဲ့ ဘဲတဗွေ တွဲသွားတာမြင်လိုက်တယ်ကွ။
သူ့အစ်ကိုနေမှာပါကွာ။ သူ့မှာ အကိုတွေ အားကြီးဟ။ ငါ့ယောက်ဖတွေ စုစုပေါင်းရင် ဘောလုံး တစ်သင်းစာမကဘူးကွ..ဟ...ဟား။
အစ်ကိုတွေဆိုရင်တော့ကိစ္စန မရှိဘူးပေါ့ကွာ။ ဘဲဆိုရင်တော့ မင်းကျန်ရစ်ဖြစ်နေအုံးမယ် ငါ့ကောင်ရေ။
အသက်မပါသော အပြုံးလေးတခုနှင့် ညီစူး ရယ်ပြလိုက်သည်။ ပြောတဲ့သူက ပြောပီးသွား ပီးသွားပေမယ့် ကြားရသူအဖို့ အတွေးတွေ တသီကြီး ကျန်နေခဲ့တော့သည်။
"သြော်...ဘဝက တိုတောင်းလွန်းပါတယ်ကွာ။ တကယ်တော့ လူ့ဘဝဆိုတာ ရုပ်ရှင်ရုံတခုမှာ ဇာတ်ကားတကားကြည့်သလောက်ပဲ ကြာတာပါ။ 'ဟာသကားတွေ' လူတိုင်းလိုလို ကြိုက်နှစ်သက်ကြတယ်။ ရုပ်ရှင်ရုံကြီးကတော့ ဟာသဇာတ်တခုတည်း မပြပါဘူး။ ဒီလိုပါပဲ ဘဝမှာ အောင်မြင်မှုတွေ၊ အဆင်ပြေမှုတွေချည်း လူတိုင်းလိုလို လိုချင်ကြပါတယ်။ ဒါပေမယ့် ဘယ်သူမှ ဆုတောင်းမပြည့်ပါဘူး။ ကောင်းတခါ ဆိုးတလှည့် 'ဖင်လှည့် ခေါင်းလှည့်'နဲ့ပဲ ပီးသွားတာပါပဲ။ အိပ်မက်မက်သလောက်ကြာတဲ့ အချိန်တခဏမှာ အချိန်တွေကို တန်ဖိုးထားစမ်းပါကွာ။ "
_____________×××_×____________
ကိုတို့ရုံးက ကိုနဲ့အတူတူအလုပ်လုပ်တဲ့အစ်ကိုကြီးကို နွယ်သိတယ်မလား။ ကိုဥာဏ်လင်းလေ။
အင်း...သိတယ်လေ ကိုရဲ့။ အာ့..ဘာဖြစ်လို့လဲ။ သူ ဝက်ရူးပြန်နေလို့လား။ နွယ်က ဆေးမကုတတ်ဘူးနော်။
ပေါက်တက်ကရတွေ မပြောစမ်းပါနဲ့ကွာ။ စကားကောင်း ပြောမလို့ဟာကို။ ကို့စကားတောင် ဘယ်ရောက်သွားမှန်းမသိတော့ဘူး။
အင်း...ကို့ သူငယ်ချင်း ကိုဥာဏ်လင်းဆိုတာ ရောက်သွားပီ...
ဟုတ်တယ်...သူ့သူငယ်ချင်း အလုပ်လုပ်တဲ့ ကုမ္ပဏီ တခုမှာ လူလိုလို့တဲ့။ အလုပ်က စာရင်းအင်းလုပ်ရမှာဆိုတော့ အလုပ်တော့နဲနဲရှုပ်မယ်ထင်တယ်။ လစာကတော့ တော်တော်ကောင်းတယ်။ အဲ့တာ နွယ် လျှောက်ချင်လား။
အင်းလေ...လျှောက်ကြည့်မယ်။ နွယ့် CBဖောင်ကို ကိုပဲယူသွားလိုက်လေ။
'စတင်တယ်'ဆိုတဲ့ စကားကို မည့်သို့ပင် စရေးရေး 'စလုံး'နဲ့ စရသည်မဟုတ်လား။ 'ဘကုံး' နဲ့ပဲ ဘာဘာ၊ 'ဗလချိုင့်' နဲ့ပဲ ဗာဗာ --->ဘာပဲဖြစ်ဖြစ် ညီစူးကပဲ စီစဉ်ဆောင်ရွက်ပေးရ စမြဲပါပဲ။
တခါတလေ "ငါ မရှိတော့ရင် သူဘယ်လိုနေမလဲ လို့" ညီစူး တွေးမိသည်။ တွေးမိအခါတိုင်း 'လေမရှိတဲ့ အာကာသထဲ' ရောက်သွားသလို အသက်ရှုတွေကြပ်လာသည်။ ၁၄နှစ်သားတည်းက သောက်လာတဲ့ ဆေးလိပ်ဒဏ်ကြောင့် ဖြစ်သည်။ ညီစူးကိုယ်တိုင်လည်းသိသည်။ ဒါကြောင့်လဲ ပင်ပင်ပန်းပန်းမလုပ်ရတဲ့ အလုပ်ကိုရှာ၍ ကြိုးစားလုပ်သည်။
တခါတလေမှာ ရည်မှန်းချက်တွေ ဘယ်လောက်ကောင်းကောင်း၊ ဇွဲလုံ့လတွေ ဘယ်လောက်ပဲ ပြင်းထန်ပြင်းထန် မထင်မှတ်ထားတဲ့ 'အမှားလေး'တစ်ခုက ရိုက်ချိုးပစ်နိုင်ပါသည်။
နွယ် အင်တာဗျူး ဖြေနိုင်ခဲ့တယ်... အလုပ်က ဘာတဲ့လဲဟင်...ကို ။
ဟိုလေ ဒီလုပ်မရလဲ နောက်လုပ်ပေါ့ နွယ်ရယ်။ တာဝန်ခံက (By name)နဲ့ဆွဲ ခန့်ပစ်လိုက်တာတဲ့ကွာ။ ဒါမယ့် နွယ် ဘာမှအားမငယ်...ငယ်...(စကားပင်မဆုံးသေး)
နောက်ခါ မရေရာ မသေချာတဲ့အလုပ်မျိုးကို နွယ့်ကို လာမပြောနဲ့။ ခု နွယ် စိတ်ဓာတ်တွေကျရပီ။ အဲ့ ဒါ ကို့ကြောင့်...ကို့ကြောင့်...ကြောင့်(ရုပ်ရှင်ဇာတ်လမ်းထဲဆိုပါက ပဲ့တင်သံများနှင့် နောက်ခံတေးကောင်းကောင်းနဲ့ပေါ့)
အလုပ်တခုရဖို့လွယ်တာမှတ်လို့ နွယ်ရယ်။ ကိုယ်က လိုချင်တဲ့လူ မဟုတ်လား။ အကောင်းဆုံး ကြိုးစားရမှာ ကိုယ့်တာဝန်လေ။ ဒီအလုပ်မရလဲ ဘာဖြစ်လည်း နောက်တစ်လုပ်ပေါ့။ ကိုယ့်အတွက် အရှုံးမရှိ အတွေ့ကြုံတောင်ရပါသေးတယ်ကွာ။
မသိဘူး...မသိဘူး ဘာမှလာမပြောနဲ့ မကြားချင်ဘူး။ နွယ်သွားတော့မယ်။
တွေ့နေကြ သစ်ပင်ပုလေးအောက်တွင် ညီစူး တယောက်တည်း ကျန်ရစ်ခဲ့သည်။ (ဆေးလိပ်ကလေးကို ဖွာ...သောက်လိုက်ရင်း) တရွေ့ရွေ့ မောင်းနေတဲ့ သင်္ဘောကြီးကို ငေးရင်း
"တခါတရံ လှိုင်းကြမ်းတွေနဲ့ ကြုံတွေ့ရ၊ တခါတလေ မုန်းတိုင်းကြားမှာဖြတ်သန်းရတတ်တဲ့ခရီးကို မိမိ ရည်ရွယ်ချက်ပန်းတိုင် ရောက်ဖို့ရာ ဒီခရီးကို သွားကိုသွားရမှန်ပါပဲလေ" "ဟင်...ဟိုးးကောင်းကင်က ငှက်ကလေးတွေ ဘယ်လမ်း ဘယ်ခရီးကို သွားနေကြတာလဲ၊ ဘယ်လမ်း ဘယ်ခရီးကပြန်လာကြတာလဲ" "ငါကရော...ဘယ်ကိုသွားလို့ ဘယ်ကိုပြန်မှာလဲ"
အသက်ရှူ ကြပ်လာ၍ ညီစူး အိမ်ပြန်ခဲ့သည်။ ခါတိုင်းထက် ပို၍ချောင်းဆိုးလာသောကြောင့် ဆေးခန်းသွားပြလိုက်ရသည်။ (မနက်ဖြန်ရုံးတက်ရမည်မဟုတ်ပါလား)။ ဆရာဝန်ကြီးက လိုအပ်သည့် ဆေးစစ်ချက်များ၊ ဓာတ်မှန်ရိုက်ခြင်းများပြုလုပ်၍ ဆေးထိုးပေးလိုက်သည်။ ထို့နောက် စားဆေးများ တွဲပေးကာ ဆေးလိပ်လုံးဝမသောက်တော့ဖို့ မှာလိုက်သည်။
တကယ့်ဘဝလက်တွေ့တွင် "ဘုရားမကြိုက်တာ ငါမလုပ်၊ ငါကြိုက်တာကိုပဲ ငါလုပ်သည်" ဆိုတဲ့လူတွေပဲ အရင်ဆုံး မာလကီးရား ကြသည်မဟုတ်ပါလား။ ဘဝမှာ မိမိသာလျှင် ပဲ့ကိုင်ရှင်ဖြစ်သလို၊ မိမိသာလျှင် လှော်တက် ဖြစ်ပါသည်။ ပန်းတိုင်ကို မရောက်မချင်း မိမိလှေကို မပျက်စီးအောင် ဆောင်ရွက်ရမည်မှာ မိမိရဲ့ တာဝန်သာလျှင်ဖြစ်ပါသည်။
_____________×××_×____________
ဒါက ဘယ်လိုဖြစ်ရတာလဲ နွယ်။ ဒီဓာတ်ပုံထဲက ဘယ်သူလဲ။ မင်းဘာတွေ ဇယားရှုပ်နေတာလဲ နွယ်လေးခင်။ မင်းကြောင့် ပေါင်းသင်းတွေကြားမှာလဲ မျက်နှာမဖော်ရဲလောက်အောင်ဖြစ်နေပီ။ မင်း ဘာဖြစ်ချင်နေတာလဲ...ငါ့ကိုအမှန်တိုင်းပြော....
ဘာမှ မဖြစ်ချင်ဘူး...ကို။ ကို ဝယ်မပေးနိုင်တာတွေ သူဝယ်ပေးနိုင်တယ်။ နွယ်ဖြစ်ချင်တာတွေအားလုံး သူလုပ်ပေးနိုင်တယ်...။ ကိုမပူပါနဲ့ ...နွယ့် ရည်မှန်းချက်တွေ ပြည့်စုံတဲ့ တနေ့ ကို့ဆီပြေးလာမှာပါ။
ဟ...မင်းအချစ်က အဲ့လောက်တောင် ပုံသွင်းရ လွယ်လှချေလားး။ ဒီမယ်...ဒီလောကကြီးမှာ ဘယ်အရာမှ အလကားမရဘူးကွ။ 'တခုလိုချင် တခုပေးရတာပဲ' 'အလွယ်လိုက်ရင် အလွယ်လမ်းရောက်တယ်' 'လိုချင်တာ၊ဖြစ်ချင်တာကို ရှေ့တန်းတင်ရင် အမှားများနဲ့ကြုံတွေ့ရစမြဲ' 'ဘယ်အရာမဆို အောက်ခြေကစမှ အခြေခိုင်တာကွ' 'အလယ်လတ်က ဖြတ်လိုက်ရင် မကြာခင်မှာ ပဲ ပြုတ်ကျတတ်တယ်' 'အဲ့ဒီပုံမျိုးနဲ့ကျရင် အကျနာတတ်တယ်' 'ထွက်ပီးတား သွားတိုက်ဆေး ပြန်ဝင်ချင်လို့မရဘူး' 'မိန်းကလေးဆိုတာ ပန်းလေးတပွင့်လိုပဲ ကိုယ့် အရည်ချင်းနဲ့ကို တောက်ပနေမှ တန်ဖိုးရှိတယ် 'ဆိုတာ မင်းမြဲမြဲမှတ်ထားး....
သြော်...ငါ လူကြမ်းကြီး ဖြစ်သွားလေသလား။ ငါ့စကားတွေ ရိုင်းသွားလေမလား။ ဟင့်အင်း...ဘာပဲဖြစ်ဖြစ်ပါ ငါ ဒဿ ဂီရိ လူကြမ်းကြီးဖြစ်ပေးလို့ သူမအတွက် လှေတကားထစ်လေးတွေ ဖြစ်လာမယ်ဆို ငါကျေနပ်ပါတယ်။
_________________×××_×_______________
ကို...နွယ့်ဆီကို ပြန်လာပါနော်။ ဒီကမ္ဘာမှာ နွယ့်ကို ချစ်နိုင်ဆုံး ဂရုစိုက်ပေးနိုင်ဆုံးလူသားက ကိုတယောက်ပဲရှိလို့ပါ။ နွယ့်ကိုခွင့်လွှတ်ပေးပါနော်။
ကိုဟာ ခံစားချက်မဲ့တဲ့ စက်ရုပ်မဟုတ်ဘူး...နွယ်။ ကို့ရဲ့ အချစ်တွေကို ရင်ထဲမှာ ခေါက်ပီး သိမ်းထားလိုက်ပီ။ ရည်းစားများတဲ့ မင်းကို ကိုမကြည်ဖြူ တော့ဘူး။ "အချစ်တွက် အတ္တကြီးပြီး ဖြစ်ချင်ရာဖြစ်ဆိုပီး နှလုံးသားက လိုချင်ပေမယ့် ဦးနှောက်က လက်မခံနိုင်ဘူး"။
ဒါဆို ကိုက ဘယ်လို ဆုံးဖြတ်ထားလို့လဲဟင်။ နွယ်...ဘယ်လိုလုပ်မှ ကိုကခွင့်လွှတ်မှာလဲ၊ ပြန်လက်ခံမှာလဲဟင်...
အဝေးကို ငေးကြည့်ကာ နွယ်လေးခင်ရဲ့မေးခွန်းကို ညီစူး ချက်ချင်းပြန်မဖြေ...
အရည်အချင်းရှိပါတယ်ဆိုတဲ့ မိန်းမတွေလုပ်တဲ့အလုပ် မင်းလဲ(ကြိုးစားသင်ယူပီး)လုပ်နိုင်တယ်။ သူတို့ထက်ပင် သာချင်သာသွားနိုင်တယ်။ ခက်တာက မင်းမှာ လုပ်ချင်စိတ်မရှိဘူး။ဖြစ်ချင်ရာကို ရှေ့တန်းတင်တယ်။ ခံယူချက်မှားနေတယ်။ ဒါတွေ ပြင်လိုက်ရင် မင်းတနေ့အောင်မြင်လာမှာပါ။ မင်းအပစ်တွေကို မင်းရဲ့အောင်မြင်မှုတွေနဲ့တောင်းပန်မှ ကိုလက်ခံမယ် ။ မင်းအောင်မြင်မှုတွေရတဲ့ တနေ့ ကိုရှိတဲ့ ဒီသစ်ပင်ပုလေးဆီ ပြေးခဲ့နော်....
သေမှာကို သိနေတဲ့ လူတယောက်ဖို့.... ကိုယ်မပိုင်ဆိုင်နိုင်တော့မှန်းသိသိကြီးနဲ့ ငါ ဆိုတဲ့ အတ္တ , မာနတွေ ထားနေရင် "ချစ်ခြင်းမေတ္တာ" ဆိုတဲ့ စကားကြီးက ဘယ် မှာ အဓိပ္ပါယ်ရှိပါတော့မည်နည်း
လများစွာကြာပြီးသော်....
နွယ်လေးခင်တယောက် တက်ကြွတဲ့ခြေလှမ်းးများနှင့် သစ်ပင်ပုလေးဆီ အပြေးလေးလှမ်းလာခဲ့သည်။သစ်ပင်အောက်တွင် မည်သူမျှမရှိ။ အဖန်ဖန်ရှာပင်၊ရှာငြား ဘာမျှမတွေ့ ။
နွယ်လေးခင်တယောက်တော့...'အညာခံလိုက်ရပြီ' ဟု ဒေါသတွေ အလိတ်လိုက် အလိပ်လိုက်ထွက်နေလေရဲ့.....
တခါတရံ လောကကြီးမှာ စေတနာတွေ၊ ချစ်ခြင်းမေတ္တာတွေက မချို မြပါဘူး။ ဒါပေမယ့်လဲ ကိုယ်မရတော့မည့် ပန်းတပွင့်ကို "သူ့အလိုလိုကြွေမွ ပျက်စီးသွားမည့်အစား" "အရည်ချင်းရှိတဲ့ လူတယောက်ရဲ့လက်ထဲမှာ တောက်ပ၊လှပနေတာ" ပိုမကောင်းဘူးလား။
နွယ်လေးခင်ကို မပိုင်နိုင်တော့မှန်း ညီစူးကြိုသိနှင့်ပြီးတားပါ။ အရည်ချင်းရှိတဲ့ မိန်းကလေးတယောက်ဖြစ်လာစေချင်တာ ညီစူးရဲ့ ဆန္ဒပါ။ သို့မှသာ နွယ်လေးခင်ဘဝ တသက်လုံး ဖြောင့်ဖြူးလိမ့်မည် မဟုတ်ပါလားးး
ပြီးပါပြီ...
(စာကြွင်း။ ။ဆေးမှတ်တမ်းအရ မိမိမှာ အဆုတ်ကင်ဆာရောဂါ ရှိနေမှန်း ညီစူး သိနှင့်နေပီးတားပါ။ အလွန်ဆုံး ၆လသာလျှင်အသက်ရှင်နိုင်တော့မည်။ ကျန်ရှိတဲ့ နေ့ရက်တိုင်းမှာ "အရာရာကို အတ္တကြီးနေမည့်အစား အကောင်းဆုံးဖြစ်အောင်လုပ်မယ်"ဟု အမြဲအတွေးသည်။)
လေးစားရပါသောစာဖတ်သူ အပေါင်းတို့ခင်မျာ... စိတ်ကူးယဉ် သက်သက်သာဖြစ်သော ဤဝတ္ထုတိုလေးအား (တစ်ပတ်ကို တစ်ပုဒ်ပင်ပြည့်အောင် မနည်းဖြစ်ညစ်ရေးရသော ကျွန်တော့ဥာဏ်ကြောင့်၊ မအားလပ်တာလဲပါပါသည်) နှစ်ပိုင်း ခွဲတင်ချင်ပါသော်လည်း တဝက်တပြတ်နှင့် စာဖတ်အရသာ (သို့) ပြောလိုသည့် မက်ဆေ့ခ်ျ ပျက်မည်စိုးသောကြောင့် တစ်ပုဒ်စလုံးတင်လိုက်ရပါသည် ခင်မျာ...
တပုဒ်စလုံး ဖတ်ရှုပြီးသောအခါ ရသ (သို့) အသိပညာတခုခု ရရှိမည်ဆိုပါက စာရေးသူဝမ်းသာပီတိဖြစ်မိမှာ အမှန်ပင်ဖြစ်လိမ့်မည်...ကျေးဇူးတင်ပါသည်
Author by Thant zin oo(magway)
MSC-184
ဖတ်လို့အရမ်းကောင်းဗျာ
thanks you
ဖတ်လို့ကောင်းတယ်ဗျ
Thanks u bro
ဖက်လို့ အရမ်းကောင်းပါတယ်
Thanks
အရမ်းဖတ်လို့ကောင်းပါတယ် စာရေးဆရာ လုပ်လို့ရနေပြီ။
အတုမြင်အတတ်သင်ပေါ့ အစ်ကိုရာ
စတိမစ်က အစ်ကိုတွေ အရေးသားတွေဖတ်ပါများတော့ နားရေဝလာလို့ထင်တယ် နဲနဲလေးတော့ တိုးတက်လာပီထင်တာပါပဲ
ကိုထွေးရာ
ဇာတ်လမ်းဆင်ပုံလေး ကြိုက်တယ်ဗျာ ရေးတဲ့နေရာမှာ ဈာန်ဝင်သွားပုံ ရတယ် ပေးချင်တဲ့ message တွေကို စာရေးသူလိုပဲ စာဖတ်သူလည်း ရသွားတယ်
ဖတ်ရှုအားပေးတာ အရမ်းကို ဂုဏ်ယူမိပါတယ်ခင်မျာ
လေးစားအားကျလျက်ပါ အစ်ကိုစော
ဖတ်လို့ကောင်းပါတယ် အစ်ကို
ကျေးဇူးပါညီ
ကောင်းပါတယ်ဗျာ ဇာတ်လမ်းလေး
thanks u
ဖတ်လို့ကောင်းတယ်ဗျာ
ဟုတ် bro
အရေးအသားတော့မိုက်တုန်းပါဘဲ
ဟုတ်ပါပီ ကျေးဇူးပါနော် ညီ
ဘုရားမကြိုက်တာ မလုပ် ငါကြိုက်တာငါလုပ်တဲ့သူတွေ အရင်ဆုံးမာလကီးယား ဆိုတာလေး ကြိုက်တယ်ဗျာ
ဟုတ်
ကျေးဇူးပါ ခင်မျာ