The Friend3
အခန်း(၄)
ဒေါက်တာ ဖြိုးလှိုင်တစ်ယောက် အိမ်ရှေ့တွင် တခုခုကို စဉ်းစားရင်း အကြံအိုက်နေသည်။ ထိုအချိန် အခိုက်တန့်တွင် အိမ်ရှေ့မှ ''ဝုန်းဒိုင်းကြဲ'' အသံကိုကြားလိုက်ရသည်။ ကားသုံးစီး အရှိန်နှင့် ခြံအတွင်းသို့ ဝင်လာကြသည်။ မျက်မှန်အနက်ရောင်နဲ့ ခပ်တောင့်တောင့်ဘဲနှစ်ဗွေက ကားပေါ်မှ ဆင်းကာ ကားနောက်တံခါးကို ဖွင့်ပေးလိုက်သည်။
"ဘယ်လိုလဲ ဆရာရဲ့ ဘာတွေတွေးနေပါလိမ့်"
"ဗျာ....ဟို ဘာမှမတွေးရပါဘူး"
"ကဲ ကျနော်လိုချင်တဲ့ပစ္စည်း ဘယ်မှာလဲ"
ပြာပြာခတ်နေတဲ့ ကိုဖြိုးလှိုင် အိမ်ထဲကို လက်ညိုးထိုးပြလိုက်သည်။ ကွန်ပျူ တာတလုံးထဲက ဗီဒိုဖိုင်လေးအား ဖွင့်ပြလိုက်သည်။
"ရေဘူးပေါက်တာ မလိုချင်ဘူး ရေပါတာပဲလိုချင်တယ်။ ခင်ဗျား ခုဘာလုပ်ပေးမလဲပြော"
"ရှင်းနေတာပဲဗျာ ကျနော့်ဆီမှာ ဆေးသတ္တာရှိမှမရှိတော့တာ ခင်ဗျားတို့လိုချင်ရင် သူ့ဆီသွားယူကြလေ"
"ထောင်းကနဲ"မြည်သွားအောင် ဦးရဲကျော်၏တပည့်များက လက်စွမ်းပြလိုက်လေသည်။ ဒေါက်တာဖြိုးလှိုင် ဘာကိုမျှမမြင်ရမကြားရအောင် သတိလစ်မေ့မြောသွားသည်။
"မေဖြိုးရေ သမီး ကြက်သွန်ဖြူမရှိတော့လို့ လမ်းထိပ်မှာ သွားဝယ်ပါအုံး"
"ဟုတ်ကဲ့ ဒေါ်လေး"
ထူးထူးဆန်းဆန်း အနက်ရောင်ကားကြီးကို မြင်တွေ့ရသည်။ ရပ်ကွက်ထဲမှာ တခါမျှ မလာဖူးဘူးမဟုတ်လား။ ဒါမဲ့ "အကြောင်းရှိလို့နေမှာပါလေ"ဟု တွေးက ခပ်လှမ်းလှမ်းမှ ကွင်းကာ လျောက်လာခဲ့သည်။ နောက်မှ လူသံကြားလိုက်လို့ လှည့်ကြည့်ရင်ပဲ "မေဖြိုးဘာမှမသိလိုက်ရတော့"။
ပစ္စည်းတွေ မင်းဆီမှာ ရှိတာ သိထားပီးပီ
မင်းရဲ့ကောင်မလေးချောချောလေး အပျိုရည်မပျက်ခင်
အချိန်မှီလာလဲလှဲပါ
#ခြံအမှတ်/လမ်း/နေရာ*
"ပြဿ နာပဲကွာ.....တောက်"
"ဘာလုပ်ကြမလဲ...အဲ့ဒီဦးရဲကျော်ကို ငါသိတယ် စီပွားလောဘကြီးသလောက် လိုချင်တာကို ဖြစ်အောင်လုပ်ယူတတ်တယ်"
"ရှိုင်း၊နန္ဒ ကြံစမ်းပါအုံးကွာ....ငါဒီမယ် ထူပူမိနေပီ"
"အေးပါကွာ စိတ်အေးအေးထားစဉ်းစားပီး လုပ်သင့်တာကို အမြန်ဆုံးလုပ်ကြစို့"
အခန်း(၅)
"ဟောဒီမှာ... ဦးရဲကျော် ခင်များလို့ချင်တဲ့ဆေးသေတ္တာ ကျနော့ကောင်မလေးဘယ်မှာလဲ"
"နိုး...နိုး...နိုး...အဲ့လောက်မလွယ်ဘူး ချာတိတ်။ ရဲကျော်ရဲ့ရာဇဝင်ကို တခေါက်လောက်လေ့ကြည့်အုံး"
"ဒီမယ် ခင်များအကြောင်းကို သုတေတနလုပ်ဖို့လာတာမဟုတ်ဘူး ဘယ်မလဲ ကျုပ်ချစ်သူ"
"အေးဆေးပေါ့ကွာ ဘာတွေလောနေတာ။ မင်းကဲ့မေဖြိုးလေးက ဒေါက်တာဖြိုးလှိုင်ရဲ့ မအိုဆေးလေးနဲ့ ဟိုးး ၈လွှာမှာအထပ်မှာ အေးဆေးလေး ခေတ္တခဏ သေးဆုံးနေတယ်ကွ...ကျွတ်...ကျွတ်...ကျွတ်"
"ခင်များကြီး လူမဆန်တာပဲ ခင်များလိုချင်တဲ့ဟောဒီဆေးရရင် ကျေနပ်ရောပေါ့"
"ကဲ အပိုတွေပြောမနေနဲ့ကောင်လေး ၃နာရီအတွင်း ဖြေဆေးပြန်မထိုးနိုင်ရင် "တှစ်"(လျှာကိုခေါက်၍အသံတခုပြုလုပ်သည့်သံ) မင်းမှာအချိန် မိနစ်၃၀လောက်ပဲရမယ် မင်းတို့တွက် "ချန့်"အနေနဲ့ ဖြေဆေးသေတ္တာလည်း အဲ့ဒီမှာရှိတယ်"
ဖိုးပြည့်က ဦးရဲကျော်ဆီပြေးသွားကာ လည်းပင်းဖှစ်မည်ကြံရွယ်တုန်း လမ်းတဝက်မှာပဲ လဲကျသွားသည်။ ဖိုးပြည့်၏ ခြေထောက်တွင် ကြည်ဆံမှန်သွားကာ လဲကျသွားသည်။
ရှိုင်းနှင့် နန္ဒ တယောက်ကိုတယောက် လက်တို့ကာ ဘာလုပ်ရမည် ဆုံးဖြတ်လိုက်ကြသည်။ မေဖြိုးကို ဖမ်းထားသည့်နေရာသို့ ဦးတည်ကာ ပြေးလာခဲ့သည်။ အထပ်တွေ တထပ်ပီးတထပ် ပြေးလွှားတက်ခဲ့သည်။ အပေါ်ဆုံးထပ်မှာပဲ မေဖြိုးကိုတွေ့လိုက်ရသည်။
" ဦးရဲကျော်ကတော်တော်ဥာဏ်များတာပဲ "
ရှိုင်းက ရေရွတ်လိုက်သည်။ မေဖြိုး၏အချိန်တပ်ဆင်ထားသည့် ဗုံးဟုသတ်မှတ်ရသောအရာများကို ဖယ်ရှားပစ်လိုက်သည်။ ဒါ ဦးရဲကျော်၏လှည့်ကွက်ပဲဟု ရှိုင်းသိလိုက်သည်။
"တကယ်တော့ ဦးရဲကျော်က ငါတို့အားလုံးကို ကစားနည်းတခုလို ပွဲပီးတာနဲ့ အားလုံးပဲသေသွားဖို့ စီစဉ်ထားတာကိုး။ ခင်များထင်သလောက် ကျုပ်တို့ မညံ့ပါဘူး"
ဟုတ်သည်။ သက်ဆိုင်ရာ ရဲတပ်ဖွဲ့များရောက်လာပြီး ဦးရဲကျော်တို့နှင့် အပြန်အလှန် ပစ်ခတ်နေကြသည်။
နန္ဒက မေဖြိုးကို ပွေ့ချီကာ အဆောက်အဦးမှထွက်ရန်ကြိုးစားနေသည်။ အဆောက်အဦးရဲ့အောက်ခြေတွင် ဗုံးဒဏ်ကြောင့် စတင်ပြိုလာချေပြီ။
"ရှိုင်း.....ဟေ့ကောင် မင်းက အရေးရယ်အကြောင်းရယ်ဆို ထူသူသူ အသသနဲ့ ဘာလုပ်နေတာလဲ...ဟိုမှာ မြင်လားး....အဲ့ဒီအဆောက်ဦးဘက်ကို ဒီကြိုးတန်းကိုအသုံးပြုပြီးကူးရမယ်"
"အေးပါကွ...ရော့ဒီမှာ ကြိုး "
မေဖြိုးကို ကျောမှာပိုးးကာ ကြိုးနှင့်ချည်လိုက်သည်။ ကြိုးတန်းကို အသုံးပြုကာ တဖက်သို့ ရီးလေးခိုပီး ကူးလိုက်သည်။ တဖက်သို့ အားလုံးရောက်တယ်ဆိုရင်ပဲ ကျန်ခဲ့သည့်အဆောက်အအုံမှာ လုံးလုံးပင် ပြို့ကျသွားချေသည်။ ထိုချိန်ခိုက်တွင် နန္ဒ တခုခုကိုသတိရသွားသည်။
"ဟင်...ဆေးသေတ္တာရော သွားပီ အားလုံးသွားပီ။ သူငယ်ချင်း ငါတို့ကို ခွင့်မလွှတ်ပါနဲ့ကွာ"
"ဟေ့ကောင် နန္ဒ ဘာတွေပြောနေတာလဲ"
"ဘာပြောရမှာလဲ မင်းခုထိမသိဘူးလား ငါတို့မှဖြေဆေးမှပါမလာတာ မေဖြိုး အသက်ဘလိုရှင်မလဲ ငပြည့်ကို ဘလိုမျက်နှာပြရမှာလဲကွ"
"ရှိုင်းပါကွ....မပိုင်ရင်ဘာမှမလုပ်ဘူဒ ဟောဒီမှာ ဒါဘာလဲ"
"ဟင်....ဖြေဆေး"
"ငါတို့ အဆောက်ဦးထဲကထွက်ခါနီး ရှာနေတာ ဆေးသေတ္တကိုရှာနေတာကွ"
ထိုအခါမှ နန္ဒက မျက်ရည်များနဲ့ပွတ်သပ်ပြီးး...
"မင်းကတော့..."ဟုပြောကာ နှစ်ယောက်တား ပွေ့ဖက်လိုက်ကြသည်။
သူငယ်ချင်းအတွက် လိုအပ်တဲ့ချိန်မှာ အသင့်ရှိနေခဲ့သည်။ တကယ်တော့ မိတ်ဆွေကောင်းဆိုသည်မှာ ရှိသင့်ရှိထိုက်သည့်အရာတခုပါ။
ပြီးး
ကိုယ်စိတ်နှစ်ဖျာ ကျန်းမာချမ်းသာကြပါစေခင်မျာ.....
Credit to google image
Author by Thant Zin Oo(magway)
MSC-184
မင်းသားနဲ့ မင်းသမီး အလွမ်းဆည်ခန်းလည်း မပါဘူးလားဗျ ဇာတ်သိမ်းမြန်သလိုပဲ ထင်ရတယ်နော်
ဟီး ဟုတ်တယ် အကိုရေ
အလွမ်းခန်းမထည့်လိုက်ရဘူး
တော်တော်ယုတ်မာတဲ့လူတွေ။အဲ့လိုတွေလည်းရှိသေးတယ်နော် ကမာပေါ်မှာ
😁စိတ်ကူးရင်ပုံဖော်လေး
တကယ်ရှိလောက်ပါဝူး
ဘုရားကလဲဟောထားပါတယ် မိတ်ဆွေကောင်း၇င် နိဗ္ဗာန်ထိတောင်ရောက်နိုင်ပါတယ်တဲ့ မိတ်ဆွေကောင်းတွေဆိုတာ တကယ်လိုအပ်ပါတယ်
ဇာတ်လမ်းဇာတ်ကွက်လေး goodတယ်ဗျ မိတ်ဆွေကောင်းဆိုတာရှိသင့်ရှိထိုက်သော အရာထဲကတစ်ခုပါ
မင်းသမီးနဲ့ ကျန်တော်နဲ့ ညားတဲ့အခန်းလေးလည်းထည့်ပါဦး ဘဒို 😁😁😁
မိတ်ဆွေကောင်း ရှိခြင်းဟာ သံသရာအတွက် ကောင်းမွန်စေပါတယ်။
သူငယ်ချင်းကောင်း ရှိခြင်းကတော့ လတ်တလောမှာပင် ကောင်းကျိုးရနိုင်ပါတယ်။
မှန် လိုက် တာbroရေ
အရမ်းကောင်းတယ် အူးလေးေ၇ စကေးတွေ မြင့်လာပါ့ကော
အရေးသားကလည်း ပြောစရာတောင် သိပ်မ၇ှိ..နာ့ကိုတောင် မှီလာပြီ...
😁😁
အူးလေးကတော့ သားကို နိုးလို့ ပြောပျစေ
ငိငိ
ကျေးဇူးပါလို့
ဇာတ်လမ်းက သိမ်းလိုက်တော့တာလားဗျ ဖတ်လို့ကောင်းတယ်ဗျ။
သိမ်းလိုက်ပီလေ 😁
ကျေးဇူးပါလို့
မိတ်ဆွေကောင်း ရှိရင် ကိစ္စ တဝက်ပြီးပါတယ်
ဟုတ်တယ်နော် bro
ဇာတ်သိမ်းပိုင်း ပဲမီလိုက်တယ် နောက်ပြန်ဖက်ရဦးမယ်
ကျေးဇူး ညီလေးး