သတိရခြင်း မှတ်တိုင်

in #myanmar6 years ago (edited)


အာလုံးပဲ မင်္ဂလာပါခင်မျာ....

မင်္ဂလာ အပေါင်းနှင့် ခညောင်းနိုင်ကြပါစေ....



အိမ်ရှေ့ ဒန်းလေးပေါ်၌ ကျွန်တော် တစ်ယောက်တည်း ရောက်တတ်ရာရာ ဟိုဟိုဒီဒီ စဉ်းစားနေမိသည်။ ၁၀တန်းတုန်းက ဆရာကြီးအကြောင်းကို တမ်းတ လွမ်းဆွတ်၊သတိရင်း စာတပုဒ် စုတုပြု ရေးလိုက်မိပါသည်။

"ဆရာကြီးဘာတွေလုပ်နေမလဲ။ ခုချိန်ဆို ဆရာကြီးတယောက်...ယခုနှစ် ၉တန်းဖြေ၊ နောင်နှစ် ၁၀တန်းတက်ရမည့် လူငယ်ကျောင်းသား ပုဂ္ဂိုလ်များအား ပေးဝေ ကြော်ငြာမည့် (ပန်းဖလက်ခေါ်) ဘော်ဒါကြော်ငြာ လက်ကမ်းစာစောင်များနဲ့ အလုပ်ရှူပ်နေရောပေါ့။ ဆရာတပည့်တွေ လိမ္မာပါရဲ့လား။ ကျနော်တို့လိုရော...ပန်းဖလက်စာစောင်လေးတွေ လိုက်ဝေပေးရဲ့လား။ ဆရာကြီးမှတ်မိသေးရဲ့လား။ ကျနော်တို့ကတော့ မှတ်မိသေးတယ်။ နွေဦးကာလ သစ်ရွက်ကြွေတာတောင် ဘယ်လွမ်းလို့လွမ်းမှန်းမသိတဲ့ ဒီချိန်လေးကို သိပ်ကိုသတိရနေမိတယ်ခင်မျာ။ "

"သြော်...ဆရာ ဆရာ့ရဲ့ constructionလုပ်ငန်းကြီးရော အောင်မြင်ရဲ့လား။ အရင်လို ဆရာဆောက်တဲ့ တိုက်တွေပြိုသေးလား😁 ဟီး...နောက်တာပါဆရာ စိတ်မဆိုးလိုက်ပါနဲ့။ ဒါနဲ့ ဆရာ မှတ်မိသေးလား...။ ဆရာ့နာမည် 'ဦးမောင်မောင်'ကို 'သဲမောင်မောင်' လို့ အမည်ဖျက်ခေါ်တဲ့ လမ်းထိပ်က ဦးကုလားကြီးအိမ်ကို ကျနော်တို့တွေ ခဲနဲ့ဝိုင်းထုခဲ့တာကိုလေ။ ဆရာဘက်ကနာလို့လို့ပါ။"(ဟုတ်တာပြောရင် မခံနိုင်တာ ကျနော်တို့မြန်မာလူမျိုးရဲ့ထုံးစံပဲ မဟုတ်ပါလား)

"ဆရာကြီးနဲ့မတွေ့ရတာ...ကျနော်တို့ဘွဲ့ယူပီးတည်းကပဲနော်။ အခုဆို ကျနော်တို့ ကိုယ်စီ အလုပ်ခွင်ဝင်နေကြပီ။ အလုပ်မှာဆင်ပြေပါတယ်။ ဆရာကြီးလဲ ဆင်ပြေမှာပါ။ ဆရာ့ဆီမရောက်တာကြာတော့ အလည်လာချင်သေးတယ်ခင်မျ။ ကျနော်လည်း ဆရာ့သတင်းတွေကြားပါသည်။ ဆရာကြီး ကျောင်းသားတွေပေါ် ဘယ်လောက်စေတနာထားတယ်ဆိုတာ ဆရာ့ဘော်ဒါနေဖူးသူတိုင်း သိကြမှာပါ။"

"ပညာရွှေအိုး လူမခိုး"ဆိုတဲ့ စကားက ခုခေတ်မှာ တမျိုးအဓိပ္ပါယ်သက်ရောက်နေတယ်ခင်မျ။ ပညာကို ရွှေအိုးနဲ့ပေးဝယ်နေရသည်။ တိုးတက်ပြောင်းလဲလာတဲ့ ခေတ်ကြီးမှာ ကျောင်းတွေဆောက် ကိုယ်ပိုင်အထက်တန်းကျောင်းတွေဖွင့်ကြနဲ့ ပညာသင်စရိတ်ကလဲ ရွှေဈေးနဲ့မခြား ဈေးများနေပါသည်။ သူ့ထက်ငါကောင်း အပြိုင်ဆိုင် ဖွင့်ကြ အပြိုင်ဆိုင်ဈေးတက်ကြသည်။ ပိုက်ဆံရှိတဲ့ မိဘတွေအတွက် ပြဿ နာမရှိပေမယ့် အခြေခံလူတန်းစားနဲ့ သာမန်ဝန်ထမ်းတွေ အဖို့
အလွန်ပင် ဝန်ထုတ်ဝန်ပိုး ဖြစ်ရသည်။

"အဲ့ဒီတွေထဲမှာ ဆရာဘော်ဒါမပါတော့ ကျနော် ဝမ်းသာပီတိ ဖြစ်မိပါတယ်။ ဆရာ့ကို ယုံကြည်ပီးတားပါ။ ဆရာရဲ့ အားသာချက်ကတော့ စာတပုဒ်ကို ကျောင်းသားရဲ့ခေါင်းထဲ ဘယ်လိုရှင်းပြရင် ဝင်နိုင်မလဲ စဉ်းစားတွေးခေါ်နိုင်တာပါပဲ။ ဆရာသင်ပေးရင် ဘယ်လောက်ခက်တဲ့ သင်္ချာပုစ္ဆာဖြစ်ပါစေ ရလွယ်သွားပါတယ်။ ဒါနဲ့ ဆရာကြီး...ကျနော် ဆရာကြီးပေါ် ထင်လွဲဖူးတာ ခွင့်လွှတ်ပါခင်မျာ။"

"2010-2011ပညာသင်နှစ်မှာ ဆရာ့ဘော်ဒါမှာ ကျနော်တို့တွေ ပညာသင်ကြားခဲ့ပါတယ်။ 'ဆရာက ဆရာ့သူမလေးကို အရမ်း အရေးပေးတာပဲလို့ ထင်ခဲ့ဖူးပါတယ်။' အဲ့တုန်းကဆို 'ဒို့ဆရာကြီးက ကိုယ့်မျိုးကိုချစ်တဲ့ ကိုမျိုးချစ်ကြီးပါလို့' သရော်ဖူးပါတယ်။ မခံချင်စိတ်နဲ့ အမြဲပြောဖူးတယ် 'ဆရာ့တူမလဲ လူပါပဲ ကျနော်တို့လဲ လူပါပဲ' ဘာလို့ 'ဆရာ့တူမကိုမှ အမြဲ အရေးပေးနေရတာလဲဗျာ'။ ဆရာကြီးရဲ့တူမ စာတပုဒ်ကျက်နိုင်ရင် ကျနော်တို့ နှစ်ပုဒ်ကျက်နိုင်တယ်လေ။ ဘာလို့ သူ့ကိုပဲ မြှောက်ပင့်ပီး 'ဒီ တိုင်းဒေသကြီးမှာ သူမတယောက်ပဲ ဘာသာစုံဂုဏ်ထူးထွက်တော့မှာလိုလို' ပြောရတာလဲ။ ကျနော်တို့ထင်လွဲခဲ့မိတာ တောင်းပန်ပါတယ်ခင်မျာ။"

တကယ်တော့ ဆရာ့တူမလေးမှာ စိတ်ကျရောဂါရှိနေတာ ကျနော်တို့ မသိခဲ့လို့ပါ။ ဆရာရဲ့မေတ္တာနဲ့ အားပေးမှုကြောင့်ထင်ပါရဲ့။ အဲ့ကောင်မလေး တက္ကသိုလ်ဝင်စာမေးပွဲကို ဂုဏ်ထူးနှစ်ဘာသာနဲ့တောင် အောင်ခဲ့သည်။ လေးစားစရာ ကောင်းပါသည်။ ခုဆို သူမ အလယ်တန်းပြကျောင်းဆရာမလေးတစ်ယောက်ဖြစ်နေပါပြီ။

အချုပ်အားဖြင့်ဆိုရလျှင် ကျနော်တို့လောကကြီးမှာ အထင်အမြင်နဲ့ အမှန်တရားက နည်းနည်းလေး လွဲနေတတ်ပါတယ်။ လောကမှာ မဖြစ်နိုင်တာဘာမှမရှိပါဘူး၊ ကြိုးစားပါက အောင်မြင်မှုတွေ ရရှိနိုင်ပါတယ်ဆိုတဲ့ကြောင်း တင်ပြလိုက်ရပါတော့သည်။

ဖတ်ရှုရ အဆင်မပြေတာများရှိခဲ့ရင် ခွင့်လွှတ်ပေးကြပါခင်မျာ။ ကျေးဇူးတင်ပါသည်...
Credit to Google image
Author by Thant Zin Oo(magway)
MSC-184

Sort:  

နဲနဲလေးတော့လွဲနေတယ် လွဲလွဲလေးလည်းကောင်းပါတယ်

ဟုတ်
thanks you

ကျောင်းသားဘဝ ငယ်ဘဝရဲ့ အမှတ်ရလေးတွေ
လူတိုင်းမှာ ရှိတတ်ကြတာပေါ့နော်

ဒါပေါ့ Bro ရာ

လွဲတာကတော့ တစ်နည်းမဟုတ်တစ်နည်း လွဲနေကြတာပါပဲ

လွဲလွဲလေးပဲ ကောင်းပါမလား
ဟီး
ကျေးဇူးbro

ငယ်​ငယ်​က အ​ကြောင်း​လေး​တွေပြန်​သတိရမိပါတယ်

ဟုတ်လား...
Thanks you bro

ဘယ်အရာမဆို အထင်နဲ့မဟုတ်ဘဲ စဉ်းစားချင့်ချိန်နိုင်ရင်အကောင်းဆုံးပါ

အမှန်ပဲပေါ့ခင်မျာ
ကျေးဇူးပါ

အရမ်းဖတ်ကောင်းပါတယ် bro

ဟုတ် ကျေးဇူးပါဗျာ

ကိုယ်ထင်ကုတင်ရွှေနန်းမဟုတ်ပါလားဗျာ
အထင်အမြင်ကိုအမှန်တရားလို့တထစ်ကျမယုံမိဖို့
စဉ်းစားချင့်ချိန်ရမှာပေါ့ဗျာ

ဒါပေါ့ broရာ

ကျောင်းသားဘဝ အမှတ်ရမိတယ်

ဟုတ် bro

အားပေးနေတယ် အစ်ကိုရေ

ကျေးဇူးပါညီရေ

ဒီစာလေးဖတ်လိုက်မှ သတိတွေတောင်ရသွားတယ် ညကြီးချိန်းတွေ့လို့ ဘော်ဒါက အထုတ်ခံလိုက်ရတာ ဟီး

bro စကေးကြမ်းတယ် ဟေ့