"တုနှိုင်းမဲ့တဲ့မောင်စံပေါင်း(၄)"
Steemit Social Media Platform ပေါ်မှာရှိကျတဲ့ Steemit User ညီကိုမောင်နှမအားလုံးမင်္ဂလာပါခင်ဗျာ။ကျွန်တော်ရဲ့ရောက်တက်ရာရာပေါက်ကရအတွေးတွေနဲ့ရေးဖွဲ့ထားတဲ့"တုနှိုင်းမဲ့တဲ့မောင်စံပေါင်း"ဆိုတဲ့ပုံပြင်အပိုင်း(၄)လေးဆက်ပါရစေ။ပထမအပိုင်း(၁)၊(၂)နဲ့(၃) ကိုမဖတ်ရသေးဘူး၊စိတ်ဝင်စားလို့ဖတ်ချင်ပါတယ်ဆိုရင်တော့အောက်ကlinkကနေသွားရောက်ဖတ်ရှုဝေဖန်ပေးနိုင်ပါတယ်ဗျ။
"တုနှိုင်းမဲ့တဲ့မောင်စံပေါင်း(၁)"
https://steemit.com/myanmar/@thantzinwin/tu-ing-mete-emang-san-epang-1
"တုနှိုင်းမဲ့တဲ့မောင်စံပေါင်း(၂)"
https://steemit.com/myanmar/@thantzinwin/tu-i-ng-mete-emang-san-epang-2
"တုနှိုင်းမဲ့တဲ့မောင်စံပေါင်း(၃)"
https://steemit.com/myanmar/@thantzinwin/tu-i-ng-mete-emang-san-epang-3-6daca5d58cdc6
"ဒီကနှမတော်ရဲ့အမည်က သိင်္ဂီ တဲ့လား"
"ဟုတ် သင်္ဂီ ပါ"
"အင်းပါဟုတ်ပါပြီ ဒါဆိုဒို့တွေ့ခရီးဆက်စို့"
"ဟုတ်ကဲ့ပါနောင်တော်"
မောင်စံပေါင်းလည်းသင်္ဂီအားခေါ်ဆောင်ပြီး သူ့ရဲ့နန်းတော်သို့ပြန်လေသည်။သွားတဲ့ခရီးဘယ်လောက်ပဲဝေးဝေးမောင်စံပေါင်းနောက်ကတစ်ချက်ကလေးမှမငြီးမငြူပဲလိုက်ပါနေတဲ့သိင်္ဂီရဲ့ပုံစံကိုမောင်စံပေါင်းတစ်ချက်အကဲခက်လိုက်သည်။
"ဒီကောင်မလေးပုံစံကြည့်ရတာ အသားကလည်းနို့နှစ်ရောင်ကလေးလိုဖြူစင်ပြီး ရုပ်ရည်အရာမှာလည်းပြစ်မျိုးမဲ့မထင်အလွန်အမင်လည်းချစ်စရာကောင်းနေသည်....အပြောအဆိုမှာဆိုရင်လည်းအထူးတလည်ပြောစရာမလိုပဲကျေးငှက်တို့တေးဆိုတဲ့အခါကြားရတဲ့ သာယာချိုမြိန်တဲ့အသံကလေးနဲ့လည်းဖြစ်သည်.......မသိဘူး သိင်္ဂီ ဆိုတဲ့နှမငယ်ရယ်....မင်းကိုမြင်မြင်ချင်းပဲမေတ္တာသက်ဝင်ချစ်ခင်နေမိပြီကွယ်..."
ထိုသို့မောင်စံပေါင်းအတွေးထဲ၌သိင်္ဂီဆိုတဲ့ကောင်မလေးရဲ့အကြောင်းအရာတွေနှင့်သာပြည့်နှပ်နေတော့သည်။ဤကဲ့သို့ဖြစ်သည်မှာမောင်စံပေါင်းတစ်ယောက်ထဲဖြစ်သည်မဟုတ်။အလားတူသိင်္ဂီရဲ့ရင်ထဲအတွေးထဲ၌မောင်စံပေါင်းဟာနည်းအမျိုးမျိုးပုံစံအဖုံဖုံနဲ့နယ်ချဲ့သိမ်းပိုက်လို့နေပါပြီ။မောင်စံပေါင်းနဲ့သိင်္ဂီတို့အတူတူခရီဆက်ကျရင်းတစ်ဖြေးဖြေးတစ်ဦးပေါ်တစ်ဦးထားရှိတဲ့မေတ္တာတွေသံယောဇဉ်ကြိုးတွေဟာခိုင်မာလာခဲ့ပြီ။ထိုသို့အတူတူသွားလာနေပေမဲ့မောင်စံပေါင်းဟာဗာရာဏတီပြည့်ရှင်ကံကောင်းဘုရင်၏သားတော်မှန်းမသိချေ။မောင်စံပေါင်းလည်းမပြောပြပါ။အဘယ်ကြောင့်ဆိုသော် မောင်စံပေါင်းဟာသူဟာမင်းသားတစ်ပါမို့လို့သိင်္ဂီဟာသူ့နားကိုအတင်းသွယ်ကပ်ပြီးချစ်ခင်ယောင်ဆောင်သည်လို့နန်းတော်သို့ရောက်သောအခါအများအထင်မလွဲအောင်လို့သိင်္ဂီအားလျို့ဝှက်ထားလေသည်။
သိင်္ဂီဟာလည်းမောင်စံပေါင်းကိုမေတ္တာသက်ဝင်နေမိသောသူဖြစ်သောကြောင်မောင်စံပေါင်းရဲ့ပုံစံကိုကြည့်၍မောင်စံပေါင်းအားလေ့လာနေသူတစ်ဦးဖြစ်သည်။
"နောင်တော်ဟာတော်ရုံတန်ရုံမျိုးနွယ်ထဲကတော့မဖြစ်နိုင်လောက်ဘူး.....နောင်တော်ရဲ့ရုပ်ရည်ဟာအခြားသောသူများနှင့်မတူတည်ကြည်သန့်ပြန့်ခန့်ညားထည်ဝါလှသည်.......အသပြာဆိုလျလည်းရေလိုသုံးနိုင်ဖြုန်းနိုင်သည်.....သာမန်လူတန်းစားထဲကတော့မဖြစ်နိုင်ပေဘူး....အို....သူဟာဘယ်လိုလူစားမျိုးပဲဖြစ်ဖြစ်ငါနောင်တော်ကိုအလွန်ပဲချစ်ခင်နေမိပြီ....နောင်တော်လည်းငါ့ကိုချစ်နေတဲ့ပုံပဲ..ဟိဟိ...ထားပါလေသူဖွင့်မပြောလာမချင်မသိသလိုပဲဟန်ဆောင်ပြီးနေလိုက်မယ်...ဟိဟိ"
မောင်စံပေါင်းလည်းသိင်္ဂီအားဖွင့်မပြောရဲချေ။အဘယ်ကြောင့်ဆိုသော်သိင်္ဂီလေးသူ့ကိုကယ်တင်ပေးခဲ့တဲ့ကျေးဇူးရှင်ဆိုပြီးအခွင့်အရေးယူတယ်လို့ထင်မှာဆိုး၍ဖြစ်သည်။မောင်စံပေါင်း၏ပထမဦးဆုံးအချစ်ဦးလည်းဖြစ်လေတော့သူ့အတွက်ချစ်ကြိုက်စကားပြောရမှအလွန်အမင်ခက်ခဲနေလေသည်။သိင်္ဂီအားဖွင့်ပြောဖို့အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်းတစ်ခါမှဖွင့်မပြောဖြစ်ခဲ့ချေ။
တစ်ယောက်နဲ့တစ်ယောက်မသိတဲ့မေတ္တာနှောင့်ဖွဲ့ကြိုးလေးချီနှောင်ရင်းခရီးဆက်လာရင်းကရောက်ချင်နေတဲ့ပန်းတိုင်သို့ရောက်ရှိလာလေပြီ။မောင်စံပေါင်းသည်သူ၏အိမ်နန်းတော်တို့ရောက်ရှိပြီဖြစ်သော်လည်းချက်ချင်းမဝင်သေးချေ။
"နှမတော် သိင်္ဂီ ကိုနောင်တော်မဖြစ်မနေပြောရမဲ့စကားရှိတယ်..."
"ဟုတ်နောင်တော်ဘာကိစ္စပါလဲနောင်တော် နှမတော်နားထောင်နေပါတယ်..."
"နောင်တော်ဟာအမှန်တကယ်တော့ဗာရာဏတီပြည်ကံကောင်းဘုရင်ကြီး၏တစ်ဦးတည်းသောသား မင်သားစံပေါင်ဖြစ်သည်..."
"ရှင်!...နှမတော်..အယ်မဟုတ်ပါဘူး...ကျွန်တော်မျိုးမကိုအစကတည်းကဘာကြောင့်မပြောပြခဲ့တာပါလည်း..."
"အရင်ပုံစံအတိုင်းလွတ်လွတ်လပ်လပ်ပဲပြောပါ..... နောင်တော်အစကတည်းကပြောပြချင်ပေမဲ့ပြောပြလို့မရတဲ့အကြောင်းအရာလေးရှိနေလို့ပါနှမတော်..."
"ဘယ်လိုအကြောင်းမျိုးကြောင့်ပါလည်း သိခွင့်ရှိရင်သိပါရစေရှင်..."
"တကယ်တော့နောင်တော်ဟာ နှမတော်ကိုမြင်လျင်မြင်ချင်းမေတ္တသက်ဝင်ခဲ့တာပါ.....နှမတော်ကိုအကြိမ်ကြိမ်ဖွင့်ပြောဖို့ကြိုးစားခဲ့ပါသေးတယ်....ဒါပေမဲ့နောင်တော်ဖွင့်ပြောလိုက်လို့နှမတော်ကငါ့ကိုကယ်တင်ခဲ့တယ်ဆိုပြီးအခွင့်အရေးယူတယ်လို့အထင်လွဲမှာစိုးလို့ပါနှမတော်..."
"(ယေ့ ယေ့ ယေ့ ငါ့cruch ကြီးက ငါ့ကိုပြန် cruch နေတဲ့ ပျော်လိုက်တာ😋/သိင်္ဂီ၏စိတ်ထဲတွင်ဖြစ်ပေါ်နေပုံ😁)နားရှက်စရာတွေနောင်တော်ရယ် ဘာတွေပြောနေတာလည်းမသိဘူး ရှက်လိုက်တာ...နှမတော်နောင်တော်ရဲ့ကိုယ်ကျင့်သိက္ခာကိုတွေးသိပါတယ်....နောင်တော်ကိုအဲ့လိုမျုးမမြင်ပါဘူးနောင်တော်..."
"မရှက်ပါနဲ့နှမတော်ရယ်...နောင်တော်ကမေတ္တာစစ်မေတ္တာမှန်နဲ့ချစ်တာပါ...နျိမတော်ယုံ..."
"နှမတော်နောင်တော်ရဲ့အချစ်ကိုတော့ယုံပါတယ်...ဒါပေမဲ့နောင်တော်နဲ့နှမတော်ကအဆင်အတန်းမတူဘူးလေ...."
"နောင်တော်ရဲ့အတွေးထဲမှာအဆင့်အတန်းဆိုတာမျိုးမရှိပါဘူး...နှမတော်စိတ်ထဲလည်းအဆင့်အတန်းဆိုတာကြိးကိုမတွေးပါနဲ့...."
"နှမတော်လည်းအဆင့်အတန်းဆိုတာကိုမတွေးချင်ပါဘူး...ဒါပေမဲ့..."
"ဒါပေမဲ့တွေဘာတွေလုပ်မနေပါနဲ့တော့နှမတော်ရယ်...နောင်တော်ကိုပြန်ချစ်ပါနော်..."
ဆိုပြီးမောင်စံပေါင်းဟာသိင်္ဂီအားဖက်၍ပြောလိုက်လေရာ
"အို...နောင်တော်ရယ်လူမြင်ကွင်းကြီးမှာမသင့်တော်ပါဘူး လွတ်ပါ..."
ဆက်ရန်...
ညီအစ်ကိုမောင်နှမများရွှင်လန်းချမ်းမြေ့ကျပါစေ....
MSC.119
@thantzinwin
Thant Zin Win
ခံစားချက်တွေဖွင့်ဟလိုက်တောနေသာထိုင်သာရှိသွာကြပီးပျော်ကြေတာပေါ့
ဟုတ်ပ နို့မို့ဆိုညီ့လို့ပဲကျန်ရစ်ဖြစ်နေမှာဆိုးလို့😂
အိုကွယ်....မင်းချစ်မှချစ်ပါ့မလား..သေချာရန်မလွယ်ပါလား..🎶🎶🎤🎤
အဲ့ဒီသီချင်းလေးလိုထင်နေတာ
ဘယ်ဟုတ်ပါ့မလည်း နှစ်ယောက်သားက ကျိတ်ကြံနေတာကိုး..ဟိဟိတွေတောင် ပါသေး😵😵😁😁
အဟေးအဟေး သီချင်းလေးနဲ့ဟကြိတ်ကြံနာဟွင်းဟွင်း😁
"ယေ့ ယေ့ ယေ့ ငါ့cruch ကြီးက ငါ့ကိုပြန် cruch နေတဲ့ ပျော်လိုက်တာ " ခေတ်စကားလေးတောင် ထည့်ပြီးနှောလိုက်သေးပါလား ဟရို့
ဟီးဟီး ဖတ်ရတာမပျင်းအောင်လို့😁
မောင်းစံပေါင်းထဲမှာ ခေတ်စကားတွေလဲပါတာဘဲလား hee hee
ဖတ်နေရင်းပျင်းနေမှာဆိုးလို့ဟာသလေးနှောလိုက်တာ ဟီးဟ
စာဖတ်သူတောင် ရင်ထဲ ကတုန်ကယင်ဆိုတော့ စာရေးသူက ပိုဆိုးမှာပေါ့ဗျာ အဲဒီအတွေ့အကြုံရှိတဲ့လက်ရာထင်တယ်
ဖြစ်နိုင်တယ် 😂😂
ဟာဂျာသားကရိုးရိုးလေးကို သားကသားဘာသားအတွေးထဲရှိတာရေတားဂိုသားကကလေဲးရြှိသေးတာကို😭😂
🎶🎶အဆင့်အတန်းချင်းမတူသလိုဘဲ
ချစ်ချင်းတရားတွေ
ကွဲပြားလို့နေတယ်🎶🎶
သီချင်းဆိုမိသွားတယ်
ယေ့ ယေ့ ယေ့
လိုက်ကမိသွားတယ်😁
ကျေးဇူးပါဗျ ဖတ်ရှုပေးလို
အို နောင်တော်ရယ် ကောင်းခန်းကြီးကျ မှဗျာ။ တန်းလန်းကြီး။
ဟီးဟီး ဖတ်ပေးလို့ကျေးဇူးဗျ နောက်အခန်းမှဆက်ကောင်းတော့😁
ဖတ်ရတာ အဆင်ပြေပါတယ် စောင့်မျှော်နေပါတယ်
တင်ပါ့ဘုရား အဆက်လေးစောင့်ဖတ်ပေးပါအုန်းဘုရား
ဖက်လို့အရမ်းကောင်း စောင့်မျှော်နေပါ့မယ်ခင်ဗျာ
ဟုတ်ကျေးဇူးဗျ စောင့်ဖတ်ပေးပါအုန်းဗျ
အရမ်းကောင်းပါတယ်အကို ဆက်လက်အားပေးနေပါတယ်။
ဟုတ်ကျေးဇူးပါဗျ အပိုင်းဆက်ကလေးစောင့်ဖတ်ပေးပါအုန်းဗျ