ဘဝအတွက် ခွန်အားဖြစ်သော စာပေများ

in #myanmar6 years ago

image
ကို့ဘဝရဲ့ ရဲ့ ပျော်ရွှင်မူကို ဆုံးဖြတ်ပေးတဲ့
ပိုင်ရှင်က ကိုယ်ပဲဖြစ်ပါစေ။ ကို့ဘဝရဲ့ အခက်ခဲတွေကို ကျော်လွှားဖို့ အားပေးခဲ့သူဟာ ကိုပဲဖြစ်ပါစေ။ ကို့ဘဝအချစ်တွေကို ပုံဖော်နိုင်တဲ့သူဟာ ကိုယ်ကိုတိုင်ပဲဖြစ်ပါစေ။ အခုဖော်ပြမှာက လူငယ်တွေ၊ ကျောင်းသားတွေ အတွက် သူပြောခဲ့တဲ့ မိန့်ခွန်း (သို့) စိတ်ဓာတ်မြှင့်တင်ရေး စကားများစွာထဲက အခြေခံ အချက်တချို့ပဲဖြစ်ပါတယ်။ မျက်ရည် ကျတဲ့အချိန်မှာ ဆုံးဖြတ်ချက်မချပါနဲ့ အဲဒီအချိန်မှာ အဆိုးမြင်စကားပြောဆိုခြင်း နည်းနိုင်သမျှနည်းပါစေ။ အခက်အခဲ ကိစ္စတစ်ခုကို အမြဲ တွေးတော ပူပန်မနေပါနဲ့ ခံစားချက်တိုင်းကို သင့် ဆီမှာ သောင်တင်မနေပါစေနဲ့ သင့်မှာ တိုင်ပင်စရာ သူငယ်ချင်းတွေ မိဘတွေရှိသေးတာကို သတိရပါ။ မှားမှာကို မကြောက်ပါနဲ့…တကယ်လို့ မှားခဲ့ရင်တောင် ဦးနှောက်ခြောက်မခံပါနဲ့၊ လူ့ဘ၀ဆိုတာ အမှားအမှန်ဒွန်တွဲ နေတတ်ပါတယ်။ ဘယ်လို အခြေအနေပဲဖြစ်ဖြစ် နောက်ဆုံးပြန်စဉ်းစားကြည့်လိုက်တဲ့အခါ ပြီးခဲ့တဲ့ အမှားတွေဟာ သိပ်တော့အရေးမကြီးလှတာကို ခံစားရပါလိမ့်မယ်။ အဆိုးမြင်ခြင်းဟာ လူတွေမှာ ရှိတတ်ပါတယ်။ ဒါပေမဲ့ ဒီလိုအဆိုးမြင်တဲ့အရာ တွေဟာ ဘ၀ရဲ့ သေးငယ်တဲ့ အစိတ်အပိုင်း တွေဆိုတာ နားလည်ဖို့လိုပါတယ်။ တကယ်တော့ စိတ်ခံစားချက်ကို ဦးစားမပေးပဲ မျှတအောင် အကောင်းမြင်စိတ်လေးနဲ့ အစားထိုးပေးဖို့လိုပါတယ်။ တကယ်လို့ တစ်ယောက်ယောက်က သင့်ကို အဆက်အသွယ်လုပ်သည်ဖြစ်စေ မလုပ်သည်ဖြစ်စေ စကားပြောပြော မပြောပြော ဒါဟာသာမန်ပါပဲ။ ရေးကြီးခွင်ကျယ် အကျယ်ချဲ့နေစရာ မလိုပါဘူး။ တွေးပြီး ၀မ်းနည်းမနေသင့်ပါဘူး။ တကယ်လို့ သင် တစ်ခုခုကို နားမလည်ရင် မေးမြန်းပြောဆိုပါ၊ နားလည်ပြီဆိုရင်တော့ ရင်ထဲမှာပဲ သိမ်းထားပါ…သိလိုက်ရတဲ့ အတွက် ၀မ်းသာပါ။ ဦးနှောက်ခြောက်စရာ ကိစ္စတွေ အားလုံးက မိမိဘာသာရှာတာတွေ များပါတယ်။ ဒါကြောင့် ကိုယ့်ဘာသာ ဖြေ၇ှင်းဖို့ ကြိုးစားပါ သူငယ်ချင်းတွေကို ငိုယို စိတ်ပူပန်စေမဲ့အစား သူတို့တွေနဲ့ အတူတူ ပျော်ပျော်နေပါ။ ပြောပြီးသား ကတိတည်ပါစေ။ စကားကို လွယ်လွယ်ပြောဆိုခြင်းက သင့်အပေါ်မှာ မိတ်ဆွေတွေ ယုံကြည်မှု နည်းပါးစေပါတယ်။ ဘယ်လိုအပြောင်းအလဲ အတားအဆီးရှိပါစေ မူလသင်လုပ်နေကျ နေ့စဉ်ဘ၀ကို မဆုံးရှုံးပါစေနဲ့ အချိန်မှန်စား အချိန်မှန်အိပ်စက်ပါ။ ကိစ္စတစ်ခု လုပ်တဲ့အခါ မကြောက်မရွံ့ လုပ်ဆောင်ပါ။ ထိခိုက် နာကျင်မှာ မကြောက်ပါနဲ့။ မှားယွင်းပြောဆိုမိမှာကိုလဲ မကြောက်ပါနဲ့။ ပြီးခဲ့တဲ့ အရာတွေကိုလဲ ပြန်စဉ်းစား ပူပန်မနေပါနဲ့။ မရောက်သေးတဲ့ အနာဂတ်ကိုလဲ တွေးပူမနေပါနဲ့။ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ၊လမ်းကြောင်းဦးတည်ရာရှိပါစေ ယုံကြည်မှုနဲ့ရှေ့တိုးဆောင်ရွက်ပါ။
လက်ရှိဘ၀ကို အမြဲသုံးသပ်ကြည့်ပြီး ရှင်သန်နေထိုင်ပါ။ ဘယ်လိုလူတွေနဲ့ တွေ့တွေ့ မုန်းတီးစရာ မလိုပါဘူး အမှားအမှန်လူ့လောကမှာ အမှားကနေ သင်ခန်းစာယူပြီး အမှန်ကို ရှေ့တိုး ဆောင်ရွက်ပါ။ သင့်ကိုယ်သင် ညံ့ဖျင်းတယ်လို့ ထင်တာဟာ လိမ်လည်မှု တစ်ခုပါပဲ။ သင်ဟာ ဘာမှတန်ဖိုးမရှိဘူးလို့ ထင်ခြင်းကလဲ မှားယွင်းတဲ့ အတွေးတစ်ခုဖြစ်ပါတယ်။ ဘယ်အရာကိုမှ မကြောက်ပါနဲ့။ လောကမှာ ကြောက်စရာကောင်းတာတွေက များပါတယ်။ သင်ကြောက်နေလို့လဲ ကုန်ဆုံးမှာ မဟုတ်ပါဘူး။ အခက်အခဲ ကြုံလာရင် ဖြေရှင်းပါ ဖြေရှင်းလို့မရနိုင်ရင် စွန့်လွှတ်ရုံပါပဲ။ တွေးတော ကြောက်ရွံ့မနေပါနဲ့။ ဘယ်လောက် အားကိုးရတဲ့သူဖြစ်ပါစေ၊ စကားအားလုံးကို အကျိုးမရှိပဲ ထုတ်ဖော်မပြောဆိုသင့်ပါဘူး။ ဘာပြောရမှန်းမသိတဲ့အခါမှာလဲ ဘာမှမပြောပါနဲ့ ဆိတ်ဆိတ်နေပါ။ပြောရင်းနဲ့ အမှားပါတတ်လို့ပါ။ ရလဒ် အတွက် ပူပန်မနေပါနဲ့ အကောင်းဆုံးလုပ်ဆောင်ပါ။ ရလဒ်ကအလိုလိုလိုက်ပါလာပါလိမ့်မယ်။
image
နောင်တ မရပါစေနဲ့ နောင်တရခြင်းက အမှားလုပ်လိုက်တာထက်ပိုပြီးကြောက်စရာကောင်းပါတယ်။ သင့်ရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုလဲ ပျက်ပြားစေပါတယ်။ မှားပြီးရင်းမှားတာတွေ ကြုံတွေ့ရတတ်ပါတယ်။ ဘာကိစ္စပဲ ကြုံကြုံ ကိုယ့်ကိုယ်ကို ဒါဖြစ်သင့်ပါတယ်လေ လို့ပြောပါ ငါ့ကျမှ ဘာလို့ ဒုက္ခရောက်ရတာလဲလို့ မညည်းတွားပါနဲ့။ အခုသင်ခံစားနေရတဲ့အချိန်မှာ ကမ္ဘာကြီးရဲ့ တခြားနေရာမှာ အခက်အခဲဒုက္ခ ခံစားညည်းတွားနေတဲ့ သူတွေ အများကြီးပါပဲ။ ဘ၀မှာ ခါးသီးခြင်း နှင့် ပိုမိုကောင်းမွန်တဲ့ အရာတွေကို ရွေးချယ်ရမယ်ဆိုရင် ခါးသီးခြင်းကို မေ့ပစ်ပြီး ပိုကောင်းတာရွေးပါ။ ကိုယ်လက်အင်္ဂါချို့တဲ့နေပါစေ မျှော်လင့်ချက်ဖြင့် အသက်ရှင်နေထိုင်ပါ။ တကယ်လို့ ကျွန်တော်ကျရှုံးရင် ထပ်ကြိုးစားမယ် တစ်ကြိမ်ပြီး တစ်ကြိမ်ပေါ့ တကယ်လို့ သင်ကျဆုံးခဲ့ရင်ရော ထပ်ကြိုးစားမှာလား လူ့စိတ်ဝိဥာဉ်ဟာကျွန်တော်တို့ထင်ထားတာထက် ပိုမိုပြီး အခက်အခဲတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ပါတယ်။ သင်ဘယ်လိုနိဂုံးချုပ်ချင်လဲဆိုတာပေါ်မှာပဲ မူတည်ပါတယ်။ လူရယ်လို့ ဘဝဖြစ်လာတာနဲ့ ဆင်းရဲမယ်၊ချမ်းသာမယ်။ရုပ်ချောမယ်၊ရုပ်ဆိုးမယ်။စိတ်သဘောထားကောင်းတဲ့သူရယ်၊မကောင်းတဲ့သူရယ် ဆိုပြီးတော့ မတူတဲ့သွင်ပြင်စရိုက်လက္ခဏာအရ ဖြစ်တည်လာကြတယ်။ဝမ်းရေးအတွက် ရုံးကန်လုပ်ရှားရတဲ့အခါ အခက်အခဲအမျိုးမျိုးနဲ့ ရင်ဆိုင်ကြုံတွေ့ရပါတယ်။ဆင်းရဲတာရှိသလို ချမ်းသာတာရှိတယ်။အဆင်ပြေတာရှိသလို မပြေတာတွေလဲကြုံတွေ့ရပါတယ်။စီးပွားရေး လုပ်တဲ့နေရာမှာ အဓိကကျတဲ့အရာက "ယုံကြည်မှု"ယုံ ကြည် မှု စကားလုံးသုံးလုံးလေးနဲ့ အနက်အဓိပ္ပာယ် များစွာကျယ်ပြန့်သွားတယ်။ယုံမှကြည်မယ်။မယုံလျင် မကြည်ပါဘူး။ဘယ်လိုလုပ်ငန်းဘဲဖြစ်ဖြစ် မိမိဘဝကို တိုးတက်အောင် စွမ်းဆောင်ပေးမှာက "ယုံကြည်မှု"ယုံကြည်မှုရအောင် မိမိကိုယ်တိုင်ကြိုးစားအားထုပ်ရတဲ့အရာက ခွန်အား။ယုံကြည်မှုရအောင် မိမိစိတ်ဓာတ်ခွန်အားကိုလည်း သတ္တိမွေးဖို့လိုတယ်။သတ္တိရှိရင်ခွန်အားရှိတယ် ခွန်အားရှိရင် ယုံကြည်မှုရှိတယ် ယုံကြည်မှုရှိရင် မိမိဘဝကိုတိုးတက်အောင်စွမ်းဆောင်နိုင်ပေသည်။လောကမှာတိုးတက်ကြီးပွားချမ်းသာသူတွေဟာ မိမိကိုယ်ကိုယုံကြည်မှုရှိကြလို့ပါ။မိမိကိုယ်ကိုမယုံကြည်ဘူးဆိုရင် တခြားသူလည်း မိမိကို မယုံရဲကြပါဘူး။ဒါကြောင့်မို့ မိမိကိုယ်ကိုအရင် ယုံကြည်ဖို့လိုတယ်။ လူဖြစ်လာရင် အနဲနဲ့အများတော့ အတိုက်အခံ အခက်အခဲ ဒုက္ခ ဆိုတာတော့ ရှိကြတာပါဘဲ။ယုံကြည်မှု ခွန်အားရှိတဲ့သူတစ်ယောက်ဟာ ဘယ်လိုလောကဓံအခက်အခဲမဆို ရင်ဆိုင်ဖို့ အသင့်ပါဘဲ "မင်းလားကွ ဒုက္ခ ဆိုတာ လာခဲ့စမ်းပါ" "မင်းလားကွ အခက်အခဲ အေးဆေးပါ"ဆိုပြီး ရင်ဆိုင်ကျော်ဖြတ်ပေးလိုက်ပါ။ ဘဝကြိုးဝိုင်းထဲမှာ ဒုက္ခ နဲ့အခက်အခဲကို အလှဲထိုးပြလိုက်။ မိမိဟာ ယောင်္ကျားတစ်ယောက်ဖြစ်တယ်၊စိတ်ပျက်အားငယ်စွာ အလျော့ပေးစရာမလိုပါဘူး။ ယုံကြည်မှုမှာ သင်နေထိုင်မကောင်း မကျမ်းမာဖြစ်နေရင် မိမိကိုကုသမဲ့ ဆရာဝန်(သို့)သမားတော်ကိုယုံကြည်မှ သင်ကျမ်းမာပါမည်။ဆရာဝန်အပေါ်ယုံကြည်မှုရှိရမယ်။ဆရာဝန်ပေးတဲ့ဆေး၊ဆရာဝန်ညွန်ကြားချက်အတိုင်း လိုက်နာလျင် အမြန်ကျမ်းမာ လိမ့်မပေါ့။ဒီလိုမဟုတ်ဘဲနဲ့ "ငါတော့ကွာ ဒီတောင်ကို မကျော်နိုင်တော့ပါဘူး"ဟု စိတ်ပျက်အားငယ်နေရင် သင့်ရဲ့ယုံကြည်မှု ခွန်အား စိတ်ဓာတ်လျော့ရင်တော့ အသက်ဝိဥာဉ် ချုပ်ယုံပေါ့။ ဘယ်လုပ်ငန်းဖြစ်ဖြစ် အခက်ခဲဆိုတာကြုံတွေ့ရတာပါဘဲ။အခက်ခဲတွေ့တိုင်း စိတ်ပျက်အားနေမဲ့အစား စိတ်ဓာတ်ခွန်အားဖြင့်"ငါဟာ ယောင်္ကျားဘဲ ငါလုပ်ရင်မဖြစ်ဖူးဆိုတာမရှိဘူး ငါ့ကိုယ်ငါ ယုံကြည်တယ်"ဖြစ်အောင်လုပ်မယ် ကျော်လွှားမယ်ဆိုတဲ့ စိတ်ကိုမွေးမြူပြီး ယုံကြည်ချက်အပြည့်နဲ့ လုပ်ပြလိုက်ပါ။ "မင်းလားကွ အခက်အခဲဆိုတာ"ဆိုပြီး ရင်ဆိုင် လက်ခမောင်းခတ်ပြလိုက်။
image
ရှေးမြန်မာမင်းများလက်ထက်က စစ်သူကြီး ဘုရင့်နောင်ကျော်ထင်နော်ရထာဟာ နောင်ရိုးတိုက်ပွဲမှာ ဖောင်ဖျက်ပြီးတိုက်တယ်လို့ ကျနော်တို့ မူလတန်းဖတ်စာမှာ သင်ဖူးခဲ့တယ်။ယုံကြည့်ချက်အပြည့်ရှိတဲ့အတွက် စစ်မတိုက်ခင် ဖောင်ကိုအရင်ဖျက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီစစ်ပွဲအောင်ရမယ်လို့ ယုံကြည်ချက်အပြည့်ရှိလို့ဘဲ။အကယ်လို့ သူဟာ ဖောင်မဖျက်ဘဲထားရင် ယုံကြည်ချက်တွေပျောက်ပြီး စစ်ရှုံးရင် ပြန်ထွက်ပြေးနိုင်တဲ့အတွက် ဖောင်ကိုအရင်ဖျက်ပြီး မိမိတပ်သားတွေ အတွက်ရော ယုံကြည်ချက် ခွန်အားပြည့်ဝအောင် လုပ်ဆောင်ခဲ့တယ်။ဖောင်ကိုဖျက် စစ်ပွဲအောင်တယ် လို့ တပ်သားတစ်ယောက်ကို သူ့ရဲ့အရှင်သခင် တပင်ရွှေထီးကို တပ်သားတစ်ယောက်လွှတ်ပြိး အကြောင်းကြားခိုင်းတယ်။ ယုံကြည့်ချက်နဲ့ ရဲစွမ်းသတ္တိအပြည့်ရှိတဲ့ ဘုရင့်နောင်ဟာ စစ်ပွဲကိုအောင်နိုင်ခဲ့တယ်။ မိမိကိုယ်ကို ယုံကြည်မှုရယ် စိတ်ဓာတ်နဲ့ ခွန်အားပေါင်းစပ်လိုက်တဲ့ရလဒ်ဘဲ။
္ပမိမိကိုယ်ကိုမယုံကြည်တဲ့သူဟာ အောင်မြင်မှုဆိုတာကို မျော်မှန်းလို့မရပါဘူး။ ယုံကြည်ချက်အပြည့်ရှိတဲ့သူအတွက်ကတော့ အောင်မြင်မှုပန်းတိုင်ဟာ သူ့အလိုလို ရောက်လာတာပါ။ ကျနော်အကြိုက်ဆုံးစကားတစ်ခွန်းကတော့"မိမိကိုယ်ကို ယုံကြည်ချက်အပြည့်နဲ့ ကြိုးစားရင် အောင်မြင်မှုဆိုတာ နောက်ကလိုက်လာမှာ "ဆိုတာပါဘဲ။ ယုံကြည်ချက်မရှိဘဲ အောင်မြင်မှုနောက် လိုက်ရင် ပန်းတိုင်ဆီမရောက်ဘဲ မှားတတ်ပါတယ်။ လူတစ်ယောက်ဟာ ငွေနောက်လိုက်ရင် ပျက်စီးစေသလိုပါ။အရာရာကိုငွေနဲ့တွက်ရင် အပေါင်းသင်းမိတ်ဆွေ မိမိဆီမှာ မရှိတော့သလိုပေါ့။ "ကြိုးစားလျင် ဘုရားတောင်ဖြစ်နိုင်တယ်" ကျနော်တို့ ဂေါတမမြတ်စွာဘုရားဟာ သုမေဓာရသေ့အဖြစ်နဲ့ နုစဉ်ဘဝက ဒီပင်္ကရာ မြတ်စွာဘုရားထံမှာ ယုံကြည်ချက်အပြည့်နဲ့ ဘုရားဆုထူးပန်ခဲ့တယ်။ လေးအင်္သေချေနဲ့ ကမ္ဘာတစ်သိန်း မည်သူမျ မစွမ်းနိုင်တဲ့ ပေးဆပ်မှုတွေပြုခဲ့တယ်။ ဒါဟာ ယုံကြည်ချက် ခွန်အားကြောင့် ဖြစ်ပေါ်လာတာတွေ။ပြီးတော့ မြန်မာ့လွန်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကလဲ မြန်မာပြည် တစ်နှစ်အတွင်း လွပ်လပ်ရေးရ ရမယ်လို့ ယြု့ကြည်ချက်အပြည့်နဲ့ပြောခဲ့တယ်။တနှစ်အတွင်းလွတ်လပ်ရေးရအောင် စွမ်းဆောင်ခဲ့တယ်။
ယုံကြည်ချက်ခွန်အား အပြည့်ရှိသူတို့ရဲ့ စွမ်းဆောင်အောင်မြင်ပုံတွေ အတုယူစကာတွေပါဘဲ။ "မဖြစ်နိုင်တာ မရှိပါဘူး"ကျနော်တို့ မလုပ်ကြသေးလို့ပါ။ ယုံကြည်ချက် ယုတ်လျော့လျင် ခွန်အား ယုတ်လျော့တယ်။ခွန်အားရှိဖို့အတွက် ယုံကြည်ချက် အပြည့်ရှိဖို့လိုတယ်။ တချို့လူတွေဘာဖြစ်လို့အောင်မြင်တိုးတက်သလောက် မအောင်မြင်ဘူးဆိုတာ မိမိကိုယ်ကို ယုံကြည်ချက် နည်းနေသေးလို့ပါဘဲ။ ယောင်္ကျားဘဲ ကြိုးစားပြလိုက်စမ်းပါ။ ကြိုးစားမှုကရရှိတဲ့ အောင်မြင်မှု အသီးအပွင့်တွေကို ဆွတ်ခူးပြလိုက်စမ်းပါ။ လူကြံရင် ဘာခံနိုင်မလဲ။ video file လေး တစ်ခုကြည့်မိတယ်။ ကလေးတွေတန်းပေါ်မှာ တဖက်နဲ့ တဖက် ခေါင်းအုံးရိုက်တန်း ကစားကြတယ်။ ကျတဲ့သူကအရှုံး။ ကလေးမလေးနဲ့ ယောက်ျားလေးယှဉ်ပြိုင်ကြတယ်။ မိန်းကလေးဆိုတော့ အားနွဲ့တယ်။ ယာက်ျားလေးက အသာစီးဘဲ။ ဒါပေမဲ့ ကောင်မလေးဟာ သူနိုင်ရမယ်လို့ယုံကြည်ချက်အပြည့်ရှိတယ်။ တန်းပေါ်က မပြုတ်ကျအောင် ခွန်အားနဲ့ ဇွဲနဲ့ပေါင်းစပ်ပြီး ရင်ဆိုင်တယ်။ အဲ့ဒီအချိန်မှာ တဖက်ယောက်ျားလေးရဲ့ခေါင်းအုံး ပြုတ်ကျသွားတယ်။ ယုံကြည်ချက် အပြည့်ရှိတဲ့ကလေးမလေးဟာ တချက်ထဲရိုက်ပြီး အနိုင်ယူလိုက်တယ်။ ယုံကြည်ချက်ရဲ့ ခွန်အားပေါင်းစပ်မှု အနိုင်ယူလိုက်ခြင်းဘဲ။
image
ဒါကြောင့် ကျနော်တို့ဘဝတွေ တိုးတက်ဖို့အတွက် ယုံကြည်ချက် ခိုင်မာရမယ်။တွေ့ကြုံလာတဲ့ အခက်အခဲတိုင်း ရင်ဆိုင်ဖို့ ခွန်အားသတ္တိလိုမယ်။
"မင်းလားကွ ဒုက္ခ ဆိုတာ"
"မင်းလားကွ အခက်အခဲ" လို့စိန်ခေါ်ပြီး ကျနော်တို့ဘဝတွေတိုးတက်အောင် ယုံကြည်ချက်အပြည့်နဲ့ ခွန်အားမွေးကြရအောင်လို့ ဆန္ဒပြုလိုက်ပါတယ်။ စကားလုံးတွေနောက်ကို လိုက်ပြီး မခံစားပါနဲ့။ စကားလုံးဆိုတာ ပညတ်တွေဖြစ်တဲ့ အတွက် ချစ်ရင် အကောင်းပြောကြမှာဖြစ်ပြီး၊ မုန်းရင်တော့ အဆိုးပြောကြမှာပါ။ တကယ်မြဲချင်ရင် ရားထူဌာနန္တရတွေ မြဲဖို့အတွက် ဗေဒင်၊ ဓာတ်ရိုက်ဓာတ်ဆင်တွေ မလိုပါဘူး။ ကိုယ်ကိုယ်တိုင်ပဲ လိုပါတယ်။ ကိုယ့်ရဲ အကျင့်သီလမြဲဖို့ပဲ လိုပါတယ်။ ကိုယ်ကျင့်မြဲမှ ကိုယ်လည်းမြဲမှာပါ။ ဘယ်ပုဂ္ဂိုလ်က ဘယ်လိုကြည်ညိုစရာကောင်းတယ် ဆိုတာထက် ကိုယ့်ကိုယ်ကို ကြည်ညိုစရာ ကောင်းနေဖို့ အရေးကြီးပါတယ်။ ကိုယ့်ကိုယ်ကို ကြည်ညိုနိုင်မှ သူများရဲ့ ကြည်ညိုမှုကို ခံနိုင်ပါမယ်။ အဲလိုမှ မဟုတ်ရင် သူများရဲ့ ကြည်ညိုခံမှုဟာ ခဏပဲဖြစ်မှာပါ။ ကိုယ်လုပ်သမျှ သူများတွေ မသိနိုင်ပေမယ့် ကိုယ်ကိုယ်တိုင်ကတော့ သိနေပြီးသားပါ။ ဒါကြောင့် ကိုယ့်ကိုယ်ကို မညာမိဖို့ ကိုယ့်အလုပ်တွေကို ရိုးသားစွာ လုပ်ဖို့လိုပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကိုယ်လုပ်တဲ့ အကောင်းအဆိုးကို ကိုယ်ပဲခံရမှာ ဖြစ်လို့ပါ။ အချစ်ရှိရင် အပြစ်ရှိတတ်သလို အမုန်းရှိရင်လည်း အရှုံးရှိတတ်ပါတယ်။ ဒါကြောင့် အပြစ်ကင်းဖို့နဲ့ အရှုံးမရှိဖို့အတွက် မချစ်မမုန်းဘဲ နေနိုင်အောင် ကြိုးစားကြဖို့ လိုပါတယ်။ အပြစ်ဆိုတာဟာ ကိုယ့်ကိုအကြောင်းပြုပြီး ဖြစ်တတ်ကြသလို သူများကို အကြောင်းပြုပြီးလည်း ဖြစ်တတ်တယ်ဆိုတာ သတိပြုဆင်ခြင်သင့်ပါတယ်။ ကိုယ့်ကို အကြောင်းပြုပြီး ဖြစ်တတ်တဲ့ အပြစ်တွေကိုတောင် မဖြစ်အောင် မလုပ်နိုင်သေးပဲနဲ့ သူများအပြစ်တွေကိုကြည့်ပြီး ကိုယ်မှာ အကုသိုလ် အပြစ်တွေ ထပ်တိုးအောင် မလုပ်သင့်ပါဘူး။ တစ်နေ့တစ်နေ့ ကိုယ်တစ်ယောက်တည်းတောင် အကုသိုလ်တွေက မရေတွက်နိုင်အောင် ဖြစ်နေတာ သူများကိုကြည့်ပြီး၊ သူများကိုအမှီပြုပြီး အကုသိုလ်တွေထပ်ဖြစ်မယ်၊ အကုသိုလ်တွေ ထပ်တိုးနေမယ်ဆိုရင်တော့ နေရတဲ့ အခိုက်ဟာ အကုသိုလ်တွေနဲ့ချည်း ဖြစ်နေကြတော့မှာပါ။ ပုထုဇင်တွေဖြစ်နေသမျှ ရမ်းနေကြမှာပါ။ ရမ်းနေသမျှ အပြစ်အနာအဆာတွေလည်း ရှိနေကြမှာပါ။ ဒီတော့ကား ရမ်းနေကြတဲ့သူချင်း အတူတူ ဘာဖြစ်လို့ သူများရမ်းတာ၊ သူများအပြစ်အနာ အဆာဖြစ်တာ၊ သူများရဲ့ မလျော်တာ၊ သူများရဲ့ ကောင်း၊ မကောင်းတာတွေကို လိုက်ကြည့်နေကြမှာလဲ။ ဘုရားရှင် မိန့်ကြားတော်မူသလို ကိုယ့်ရဲ့ ကောင်းမကောင်းတာတွေကိုသာ မြင်အောင်ကြည့်၊ ကိုယ်ကောင်းမှု မကောင်းမှု ပြုမပြုကိုသာကြည့်ပြီး ကိုယ်ကောင်းအောင် အရင်လုပ်သင့်ကြတာပေါ့။ သူမှားတယ် ကိုယ်မှန်တယ်ဆိုတဲ့ စိတ်အတွေးဟာ ပြဿနာကိြုေ ပလည်စေတဲ့ သဘောမရှိဘဲ သံသရာကိုသာ ရှည်နေစေတဲ့ သဘောရှိပါတယ်။ ပုထုဇဉ် လူသားများဖြစ်၍ အလုံးစုံပြည့်စုံတဲ့ သူဆိုတာ မရှိနိုင်သလို အမှားမလုပ်မိတဲ့သူ၊ မမှားဖူးတဲ့သူဆိုတာလည်း မရှိနိုင်ပါဘူး။ ဒီလိုအမှားတွေ ရှိတတ်တဲ့သူအချင်းချင်း သူမှားတယ်၊ ကိုယ်မှန်တယ်ဆိုပြီး ငြင်းခုံကြ၊ ခိုက်ရန်ဖြစ်ကြ၊ အငြိုးအတေးထားကြမယ်ဆိုရင် ဒီသံသရာကြီးဟာ ဒီဘ၀မှာရော နောင်ဘ၀ဘ၀များအထိပါ ပါသွားကြတော့မှာပါ။ ဒါကြောင့် အကြောင်းရှိလို့ အကျိုးအနေနဲ့ ခေတ္တလာတွေ့ကြတဲ့ အခိုက်မှာ အမှားတွေကို မကြည့်ဘဲ အမှန်လေးတွေကိုသာ ကြည့်တတ်တဲ့ အကျင့်လေးတွေ လုပ်ပေးသင့်ကြပါတယ်။ အပေါင်းအသင်းဆိုတာ အများကြီးရှိဖို့ မလိုပါဘူး။ မကောင်းတဲ့အပေါင်းအသင်း အများကြီး ရှိတာထက် ကောင်းတဲ့အပေါင်းအသင်း တစ်ယောက်နှစ်ယောက်လောက်ရှိတာက ပိုပြီး ပစ္စုပ္ပန် သံသရာ ကောင်းကျိုးတွေကို ဖြစ်စေပါတယ်။ မကောင်းတဲ့ အပေါင်းအသင်း အများကြီး ရှိနေတာထက် ကောင်းတဲ့အပေါင်းအသင်း အနည်းငယ်ရှိနေတာက ဒီဘ၀ရော နောင်သံသရာပါ ကောင်းကျိုးဖြစ်စေတာပါ။ မကောင်းတဲ့အရာတွေမှာ အဖော်မွန်ဖြစ်စေတတ်တဲ့ အပေါင်းအသင်း အများကြီး ရှိတာထက် ကောင်းတဲ့အရာတွေမှာ ညွှန်ကြားပြသပေးတဲ့ အပေါင်းအသင်း နည်းနည်းလေးရှိတာက ပိုပြီးတန်ဘိုးရှိလှပါတယ်။ သောက်မှစားမှ ကျွေးနိုင်မွေးနိုင် ပေးနိုင်ကမ်းနိုင်မှ အဖော်ဖြစ်တဲ့ အပေါင်းအသင်းများ ပေါများနေတာထက် ဒုက္ခရောက်ချိန်မှာ နှုတ်၏စောင်မခြင်း ကိုယ်၏စောင်မခြင်း ပြုတတ်တဲ့ အပေါင်းအသင်း အနည်းငယ်က ပိုပြီးအားကိုးရပါတယ်။ သောက်မှစားမှ မဟုတ်တာလုပ်မှ အပေါင်းအသင်းတွေ ပေါများတာထက် အပေါင်းအသင်းမပေါပေမယ့် အကုသိုလ်မဖြစ်ဘဲရှိနေတာကပိုပြီးအကျိုးများပါတယ်။