You are viewing a single comment's thread from:

RE: လူတိုင်းအတွက် ငွေစကား(၂၀) Tin Hlaing Oo(Thayet)

in #myanmar6 years ago

ပန်းပွင့် ဖြစ်ဖြစ်၊ သစ်သီးဖြစ်ဖြစ် အဖူးကလေးက စတင်ဖြစ်ပေါ်ခဲ့ရတာလေ။ အဲသည်အဖူးတွေမရှိတော့ရင် ပန်းပွင့်ဆိုတာ ဖြစ်လာမှာမဟုတ်သလို၊ သစ်သီးတွေလည်းဖြစ်လာမှာမဟုတ်ပါ။ ဒါ့ကြောင့် အသီးအပွင့်ကို လိုအပ်ရင် အဖူးကလေးတွေကို မချွေသင့်ပါ။ အဖူးကလေးများ ကို ဖူးစကပင်ချွေလိုက်လျှင် မိမိလိုချင်သောအသီးအပွင့်မရနိုင်ပါ လို့ဆိုလိုရင်းဖြစ်ပါတယ်ဗျာ။