ရှင်းရှင်းလင်းလင်းသိစေချင်...!

in #myanmar5 years ago

အားလုံးပဲ မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေခင်ဗျာ...
ဒီတစ်ခေါက်တော့ ဘာသာရေး နှင့် လူတွေ၏အယူအဆ စည်းကမ်းသတ်မှတ်ချက်လေးတွေကို ကွဲပြားကြစေရန် အနည်းငယ် ပြန်လည်ထုတ်နုတ်ရေးသား ပေးခဲ့ချင်ပါသည်။
197k1k5b3pyuejpg.jpg
Crd-org-source
ဒီနေ့မနက် facebook ပေါ်သွားပြီး ဟိုကြည့်ဒီကြည့်ရင်း မိန်းကလေးမဝင်ရသော ဘုရားပရဝဏ်အတွင်း ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်ဖူးမျှော်တာကို အကြောင်းပြုပြီး ရေးသားထားတဲ့ post တစ်ခုသွားတွေ့ပါတယ်။
ဒီအကြောင်းအချက်ကိုကြည့်ခြင်းအားဖြင့် ဘာသာရေးနှင့် လူတွေ၏စည်းကမ်းသတ်မှတ်ချက် အယူအဆတွေ မရောထွေးမိစေရန် ဦးနှောက်အတွေးရောက်သွားခြင်းကြောင့် ဒီpost လေးနဲ့ ပြန်လည်မျှဝေပေးခဲ့ချင်ပါတယ်။
ဘုရားဟောတရားဒေသနာတော်များအရ ပထဝီ..တေဇော..အာပေါ..ဝါယော ဆိုတဲ့ ဓါတ်ကြီးလေးပါးနဲ့ဖွဲ့စည်းထားတဲ့ ဒီခန္ဓာကိုယ်ကြီးမှာ ယောက်ျား..မိန်းမ..ငါ သူတစ်ပါး ဆိုတာတွေဟာ ပညတ်ထားတဲ့ သတ်မှတ်ချက်တွေပါ။
တကယ်တန်း ယောက်ျားလည်း ဒီခန္ဓာပဲ မိန်းမဆိုတာလည်း ဒီခန္ဓာပဲရှိတာ ဖြစ်ပါတယ်။အတူတူပါပဲခင်ဗျာ။ဒါကြောင့် မိမိတို့၏စိတ်ဓါတ်ကသာ အဓိကကျပါတယ်။
ကောင်းတဲ့စိတ်ကလေးထား.. ကုသိုလ်တွေလုပ်ပြီး အသက်မွေးမယ်ဆိုရင် လူကောင်းတစ်ယောက်..မြင့်မြတ်တဲ့သူတစ်ယောက်ဖြစ်လာနိုင်မှာဖြစ်ပြီး မကောင်းတဲ့စိတ်တွေမွေး.. မကောင်းတဲ့အကုသိုလ်တွေလုပ်နေမယ်ဆိုရင်တော့ မကောင်းတဲ့သူပဲ ဖြစ်လာမှာ ဖြစ်ပါတယ်။
get.jpeg
Crd-org-source
ဆိုကြပါစို့...ဒီယောက်ျားလေးကိုလည်း မိခင်တွေကပဲမွေးထုတ်ပေးခဲ့တာလေ။မိခင်တွေဆိုတာ မိန်းမတွေပဲမဟုတ်ဘူးလား။ဒီမိန်းမတွေ မမြတ်ပါဘူးလို့ ပြောလို့ရပါ့မလား။ဒါကြောင့် မြင့်မြတ်တယ် မမြတ်ဘူး ဆိုတာ မိမိတို့၏ စိတ်ဓါတ် အကျင့်စရိုက် နေထိုင်မှုတွေနဲ့ပဲ သက်ဆိုင်ပါတယ်။
ယောက်ျားမှမြတ်တယ် ဘုရားပေါ်တက်လို့ရတယ်။ မိန်းမ ဖြစ်လို့မမြတ်ဘူး ဘုရား၏သတ်မှတ်ထားတဲ့နေရာကို တက်လို့မရဘူးဟူ၍ ဘာသာတရားမှာ မရှိပါ။သတ်မှတ်ထားတဲ့ လူတွေ၏အယူအဆတစ်ခုသာ ဖြစ်ပါတယ်။
ဒါကြောင့် ဘုရား၏တာဝန်ရှိသူ ဂေါပ္ပက အဖွဲ့မှ ဝင်ခွင့်ပြုလျှင် ဝင်နိုင်တဲ့သဘောကို ပြောပြခြင်းဖြစ်ပါတယ်။
ဗုဒ္ဓမြတ်စွာဘုရားကလည်း ဒီလိုခွဲခြားရမည်ဟု ပြောဟောထားခြင်းမရှိခဲ့ပါ။မိန်းမပဲဖြစ်ဖြစ် ယောက်ျားပဲဖြစ်ဖြစ် ကောင်းတာတွေလုပ်ရင် ကောင်းကျိုးတွေရရှိလာမှာဖြစ်ပြီး မကောင်းတာတွေလုပ်ရင် မကောင်းကျိုးကို ပြန်လည်ခံစားရမည်ဟု ပြောဟောခဲ့ခြင်းသာရှိပါသည်။
နောက်တစ်ခု မိမိတို့၏ခန္ဓာမှာ ခေါင်းကမြတ်တာလား.. လက်ကမြတ်တာလား.. ခြေထောက်ကမမြတ်ဘူးလား.. စသည်ဖြင့် စဉ်းစားကြည့်ပါ။
ဘယ်အရာမဆို မိမိတို့၏စိတ်နဲ့သာဆိုင်ပါသည်။မိမိတို့၏စိတ်က မြတ်တယ်လို့ ယူဆထားကြခြင်းကြောင့်သာ ဖြစ်ပါသည်။အမှန်တကယ်အားဖြင့် မည်သည့်နေရာမြတ်သလဲဆိုရင် အတူတူပါပဲ။အိမ်ကဘုရားနဲ့ အပြင်က တန်ခိုးကြီးဘုရားများတွင် ဘယ်ဘုရား ပိုမြတ်သလဲဆိုတဲ့ အမေးမျိုးဖြစ်နေတော့မှာ ဖြစ်ပါသည်။
နိုင်ငံရပ်ခြားတွင်လည်း တစ်ချို့ ဗုဒ္ဓဘာသာကိုးကွယ်ကြသောနိုင်ငံများတွင် ဘုရားဝတ်ပြု တရားထိုင်သောအခါ ခြေထောက်နှစ်ဘက် ရှေ့ဘက်သို့ဆင်းထားပြီး တရားထိုင် ဝတ်ပြုသောသူများရှိကြသည်ဟု ဖတ်မှတ်ဘူးပါသည်။ဒီအခြေအနေမျိုးမှာ မိမိတို့နိုင်ငံဗုဒ္ဓဘာသာများမှ ထိုသို့မြင်လျှင် ရိုင်းဆိုင်းသောသူဟု မှတ်ယူကြလိမ့်မည်ဖြစ်ပါသည်။သို့သော် ထိုသူတို့၏သတ်မှတ်ထားသော စည်းကမ်းချက်များကြောင့်သာ ဤကဲ့သို့ ဖြစ်နေခြင်းဖြစ်ပါသည်။
ထို့ကြောင့် မိမိတို့၏ဘာသာတရားအပေါ် အမှန်တကယ် ယုံကြည်သက်ဝင်ပြီး ဘာသာတရားနဲ့အညီ စိတ်နှလုံးသားထဲနှစ်ပြီး ကိုးကွယ်ဆည်းကပ် ရှိခိုးဝတ်ပြုခြင်းကသာ အဓိကဖြစ်ပါကြောင်း ကွဲကွဲပြားပြား သိစေချင်ပါသည်။
TeachingofBuddha.jpg
Crd-org-source
ထပ်မံ၍ ဥပမာတစ်ခု ထပ်ပြောခဲ့ချင်ပါသည်။
ကျွန်တော် နိုင်ငံခြားသားတွေနဲ့ ကျိုက်ထီးရိုးဘုရားဖူးသွားတော့ ဘုရားပေါ်ရောက်တဲ့အခါ ရွှေသင်္ကန်းကပ်တဲ့နေရာကို ယောက်ျားလေးများသာဝင်လို့ရပြီး မိန်းကလေးများဝင်လို့မရတာကို သိသွားတယ်ဆိုရင်ပဲ နိုင်ငံခြားသားတစ်ယောက်က မင်းတို့ဗုဒ္ဓဘာသာမှာ ယောက်ျား နဲ့ မိန်းမကို ဒီလိုမျိုးခွဲခြားထားပါသလားဆိုတဲ့ မေးခွန်း မေးလာပါတော့သည်။
ဒီအခါမှာတော့...ဘာသာတရားမှာ ယောက်ျား မိန်းမ ဆိုပြီးသီးသန့်ခွဲခြားထားခြင်း မရှိပါ။
ဒီအခြေအနေတွေဟာ လူတွေ၏အယူအဆတွေကတစ်ဆင့် သတ်မှတ်ထားတဲ့ သတ်မှတ်ချက်တစ်ခုသာဖြစ်ပါသည်ဟု ပြန်လည်အဖြေပေးခဲ့ပါသည်။
ဒေါက်တာအရှင်နန္ဒမာလဘိဝံသဆရာတော်ဘုရားမှလည်း ဒီလိုပဲမိန့်ကြားခဲ့ကြောင်း မှတ်သားနာယူခဲ့ဖူးပါသည်။
အချုပ်အားဖြင့်ဆိုသော် မိမိတို့သည် ဘာသာတရား နှင့် လူတွေ၏အယူအဆသတ်မှတ်ချက်များအား ကွဲကွဲပြားပြားသိရှိနားလည်ထားရန် လိုအပ်ပါကြောင်း...
တစ်ချို့သောအရာများသည် ဘာသာရေးနှင့် ရောထွေးနေတတ်ပါသဖြင့် စိတ် အသိညဏ်များဖြင့် တိတိကျကျသိရှိနားလည်ရန် လိုအပ်ပါကြောင်း...
အကြောင်းတိုက်ဆိုင်လာ၍ ပြန်လည်မျှဝေ ရေးသားလိုက်ခြင်းဖြစ်ပါသည်။
ကျွန်တော်တို့ဗုဒ္ဓဘာသာ၏ ဘာသာရေးရှု့ထောင့်မှ ယောက်ျား နှင့် မိန်းမအား ခွဲခြားထားခြင်းမရှိကြောင်း သိသာစေရန် ဗဟုသုတအဖြစ် ဒီ post လေးအား ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။
မြန်မာစတီးမစ်မိသားစုများအားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေလို့...
ဆုမွန်ကောင်းတောင်းလျက်
@uthantzin
MSC-211

Sort:  

နှလုံးသားမှာ သရဏဂုံ တည်နေစေဖို့ အရေးကြီးပါတယ်

Posted using Partiko Android

ဗုဒ္ဓမြတ်စွာဘုရားအား အကြွင်းမရှိ ယုံကြည်ကိုးကွယ်ဆည်းကပ်ပါ၏ဟု စိတ်ထဲမှ သဒ္ဒါတရားထက်သန်စွာ ရှိခိုးဝတ်ပြုဖို့သာ အဓိကကျပါတယ်အစ်ကို။

Posted using Partiko Android

စိတ်​ထား​ကောင်းဖို့သည်​သာ အ​ကောင်းဆုံပါ😊

Posted using Partiko Android

စိတ်နဲ့ပဲ အရာရာကို လုပ်ဆောင်တာဖြစ်တဲ့အတွက်ကြောင့် မိမိစိတ်ကသာ အဓိကဖြစ်ပြီး ကောင်းမွန်မြင့်မြတ်အောင်လည်း ဒီစိတ်ကပဲ စေ့ဆောင်လုပ်ဆောင်ပေးနိုင်မှာဖြစ်ပြီး မကောင်းတာတွေလုပ်ဖို့ အတွက်လည်း ဒီစိတ်ကဦးဆောင်တွန်းပို့ပေးနိုင်တာ ဖြစ်ပါတယ်။

Posted using Partiko Android

Hello uthantzin,

@SteemEngineTeam would like to take the time to thank you for signing up and participating in our community. Your contributions and support are important to us and we hope you will continue to use our platform.

We plan to give back to our community members, so have an upvote on us!

Thank you.

Thank you so much for your upvoted.This is nice doing for all.Good luck!

Posted using Partiko Android

နှလုံးသားထဲမှာသာရှိသောအရာတွေကိုမြင်အောင်ကြည့်တတ်မှရမယ်

ဟုတ်ပါတယ်ဦးစိုး...ဒီလိုမြင်တတ်ဖို့ လိုအပ်တဲ့အတွက် ရှင်းရှင်းလင်းလင်း သိစေချင်တာပါ။

Posted using Partiko Android

😁😁😁

Thank you .Good!

Posted using Partiko Android


ပိုစ့်ရွေးချယ်ပေးသူများ၏ @c-squared Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @c2-myanmar အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the @c-squared Curation Collective Discord community for curators, and upvoted and resteemed by the @c2-myanmar community account after manual review. @c-squared runs a community witness. Please consider using one of your witness votes on us here

Thank you for your choosing,upvoted and resteemed my post.Good luck to you all.Best wishes...

Posted using Partiko Android