လူအသင်း ဌက်အသင်း နတ်အသင်း

in #myanmar7 years ago

ဒီနေ့ကန်မဲ့အသင်းသုံးသင်းရှိပါတယ်အဲ့ဒါကတော့ လူအသင်း ဌက်အသင်းနဲ့နတ်အသင်းတို့ဖြစ်ပါတယ်ခင်ဗျာ
ဘယ်အသင်း ၂ သင်းစကန်မလဲမဲနိုက်ပြီးဆုံးဖြတ်ပါတယ်ခင်ဗျာ့
ဟုတ်ကဲ့ပါ ဌက်အသင်းနဲ့နတ်အသင်းစကန်ဖို့ကျပါတယ်ခင်ဗျာ့
စကန်ပါပြီခင်ဗျာ

ငှက်အသင်းကစဆွဲပါတယ်ခင်ဗျာ့ ပြီးတော့နတ်အသင်းကိုပေးပါတယ်ခင်ဗျာ

ဒိုင်လှမ်းပြီးအော်တယ် ကိုယ့်လူအချင်းချင်းပေးရမှာလေအဲ့လိုတဘက်အသင်းကိုပေးလို့မရဘူး

(အသင်းနှစ်ဘက်လုံးဝိုင်းအော်တယ် ချစ်ကြည်ရေးပွဲ ချစ်ကြည်ရေးပွဲ)

တဘက်နဲ့တဘက်ကန်နေကျတာအလွန်ညင်သာတယ် ပြိုင်ပွဲနဲ့တောင်မတူဘူး သမီးရည်းစားချိန်းတွေနေသလိုပါပဲ
image

ပြီးသွားပါပြီ နှစ်ဘက်လုံးဘယ်သူမှမနိုင်ပါဘူးခင်ဗျာ့
(သြော် ပြိုင်ပွဲကလူ့ပြည်မှာကျင်းပနေတာခင်ဗျာ့)

လူအသင်းစကန်ပါပြီခင်ဗျာ လူအသင်းနဲ့စကန်တာဌက်အသင်းပါခင်ဗျာ့ (လူအသင်းမှာလဲလက်ယဉ်နေတဲ့ခက်မိုက်မိုက်လူငယ်ခြေတက်တွေပါတယ်ခင်ဗျာ့)

ငှက်တွေကတအအနဲ့ဘာတွေပြောမှန်းမသိဘူး
ပြီးတော့လေပေါပြန်တက်သွားတယ်ခင်ဗျာ့
တအအနဲ့အော်လိုက်လေပေါပြန်တက်သွားလိုက်နဲ့

လူအသင်းလဲစိတ်တိုလာပြီး ဒိုင် စီကလေးခွလှမ်း
တောင်းတယ်ခင်ဗျာ့

ဒိုင်က လေးခွတော့မရဘူးမင်းတို့အသင်းပြောင်းကန်လို့
ပြန်ပြောတယ်ခင်ဗျာ့

လူအသင်းနဲ့နတ်အသင်းကန်ကျပါပြီ

နတ်အသင်းကစပြောတယ် ဘာပဲဖြစ်ဖြစ်အေးဆေးနော်တဲ့

လူအသင်းဘက်ကအထူအပါးနားမလဲတဲ့တယောက်က ဘာပဲဖြစ်ဖြစ်ဆိုတာဘာကိုပြောတာလဲလို့မေးတယ်

အဲ့လိုမေးလို့မေးတဲ့သူကို ဒိုင်ကအနီကပ်ပြလိုက်ပါတယ်ခင်ဗျာ

နတ်တွေဘက်ကစကန်ပါတယ် လူတယောက်ဆေးရုံယောက်သွားတယ်

ဒိုင်ဝင်လာပါတယ် ပြိုင်ပွဲကိုရပ်ခိုင်းလိုက်ပါတယ်
တော်ပြီ တော်ပြီဒီလောက်ပဲ ကန်တာကြမ်းတဲ့နတ်ကိုအရေးယူဖို့လုပ်ပါတယ် နတ်ကလဲပြန်ပြောပါတယ် ဘာပဲဖြစ်ဖြစ်အေးဆေးလေ ငါကြိုပြောထားတာပဲ အရေးတော့လာမယူနဲ့ လူတွေအလုပ်များသွားပါတယ်
(ပြိုင်ပွဲကလဲအဖြေမရှိ)အနိုင်အရှုံးကိုပြောတာပါ