ကျ​နော်​​ပျော်​ သည်

in #myanmar7 years ago

TMPDOODLE1518319718359.jpg
ကျ​နော်​ အရမ်း ​ပျော်​ တယ်

ကျ​နော်​အရမ်း​ပျော်​တယ်​၊English Major Department ကြီးကို ​နောက်​ခံထားပီး တီချယ်​နှင့်​အတူ အမှတ်​တရ ပုံရိုက်​ရင်း ကျ​နော့်​အချိန်​​တွေ ကုန်​ဆုံးခဲ့​လေတဲ့ ​ကျောင်းသားဘဝ ကို ကျ​နော်​လွမ်းဆွတ်​ရင်း ​ပျော်​ခဲ့ပါသည်​၊

အဓိပတိ လမ်းမထက်​မှာ သူငယ်​ချင်း​တွေ အတူတူ ​ကျောင်းသွားခဲ့ကြတဲ့​နေ့​တွေ ကျ​နော်​ ​ကောင်း​ကောင်းအမှတ်​ရ​နေပါ​သေးသည်​၊သမီးရည်းစားထား အဖွဲ့ လိုက်​ အပြင်​သွား၊ ​ဆေးထိုး ၊ စ​နောက်​ခဲ့တဲ့ ​နေ့​တွေဟာ လူငယ်​ ​ကျောင်းသားဘဝမှာ ကြုံခဲ့တဲ့ အထိအ​တွေ့​တွေပါ၊

ဒီ​နေ့ ဒီစာကို ဒီ​နေရာမှာ ဒီအ​ကြောင်း ​ရေးဖြစ်​မယ်​လို့ မထင်​မှတ်​ထားခဲ့ပါဘူး၊ဒါ​ပေမယ့်​ ကျ​နော်​ ဒီအ​ကြောင်း ​ရေးပါမယ်​၊ ဟီးဟီး ရှူပ်​သွားလား

ကျ​နော်​ ​ဖေ​ဖော်​ဝါရီလ ၉ရက်​​နေ့မှာ ဘွဲ့ဝတ်​စုံထုတ်​ယူရမယ်​ ဆိုတဲ့အ​ကြောင်း သိပြီးတဲ့​နောက်​မှာ ၉ ရက်​​နေ့ ​ကျောင်း​တော်​ကြီးကိုသွား၍ ဝတ်​စုံသွားထုတ်​ခဲ့ပါသည်​၊

TMPDOODLE1518319773894.jpg

ဖောင်​​ကြေး ၁၀၀ ​ပေးပြီး ထုတ်​ခဲ့ကာ ဖြည့်​စရာရှိတာ ဖြည့်​ရင်း ​နောက်​အဆင့်​ ဘာလုပ်​ရမှန်းမသိ​နေချိန်​မှာ မှတ်​​မှတ်​ရရ ​ရေနံ​ချောင်းက မဟာတန်း တက်​​နေတဲ့ မမ တစ်​​ယောက်​နဲ့လဲ ဆုံ​တွေ့ခဲ့ပါ​သေးသည်​၊ သူ့အပြုံးက အပြစ်​ကင်း​စေခဲ့လို့ ကျ​နော်​ ရိုးရိုးသားသား ဝန်​ခံပါတယ်​ ၊ကျ​နော်​ ​ကြွေ ခဲ့ပါတယ်​၊

မောင်​​လေး ဒီဘက်​မှာ ထပ်​ရတယ်​ ဆိုတဲ့ သူ့​ခေါ်သံ​ကြောင့်​ ​ဖေ​ဖော်​ဝါရီလ ၉ ရက်​​နေ့ဟာ ကျ​နော့်​အတွက်​ အဓိပ္ပာယ်​ ပြည့်​စုံ ​နေခဲ့ပါသည်​၊ အ​နေ​ဝေးက မမ ဆို​ပေမယ့်​ ​သွေးချင်းနီး သည့်​အသွင်​ ဖြင့်​ ရင်းရင်းနီးနီး ​ပြောဆိုရင်း သူ့အလှ​အောက်​မှာ အသက်​ရှူ ခဏ ရပ်​ကာ ​ကျေးဇူးစကား​တောင်​ ​ပြောဖို့​မေ့​နေခဲ့သူဟာ ကျ​နော်​ရဲသီဟပါ၊

form ကို သူမ ကို​ပေးရင်း အပြင်​ပြန်​ထွက်​ကာ မနက်​ဖြန်​မှ လာဖို့ ဆရာမ​တွေ ​ဆော်​သြခဲ့ပါသည်​။ ဟုတ်​ကဲ့

သူမ မျက်​နှာမြင်​ဖို့ လာပါ့မယ်​ ဆိုတဲ့အ​ပြောက မသိစိတ်​ထဲ ​ပြော​နေ​ပေမယ့်​၊ ကျ​နော့်​မျက်​လုံး​တွေက သူမ အနားမှာ ကပ်​တွယ်​မိ​နေသည်​၊

ဒီလိုနဲ့ သူ့Form ကိုယ့်​Form ​ရွေးစဉ်​က သူမ နာမည်​တချက်​ခိုးကြည့်​ကာ အိမ်​ပြန်​​ရောက်​ချိန်​ Facebook မှာ သူမ ကို အသဲအသန်​ လိုက်​ရှာ​နေခဲ့သည်​၊သူ​တော်​​ကောင်းနတ်​​ကောင်းမ လို့ ချစ်​စရာ​ကောင်း တဲ့သူမ ကို ​တွေ့ခဲ့သည်​ ၊ အခုထိ​တော့ လက်​မခံ​သေး၊ hehe
TMPDOODLE1518319833669.jpg
ဒီလိုနဲ့ ​ဖေ​ဖော်​ဝါရီလ ၁၀ရက်​ ​ရောက်​တဲ့အခါ Form သွားယူ ​ငွေသွင်းရင်း မှတ်​ရ​နေခဲ့တာက ပိုက်​ဆံအ​ကြွေ မပါခဲ့​ပေ၊
ပျော်​ရွှင်​မှုက ​နောက်​က​နေ တိုးတိုး​လေး ​ပြောသွားခဲ့သည်​၊ မင်းမမ ​ရောက်​ပြီတဲ့၊
ရိုးသားစွာအပြုံး​ကြောင့်​ ​ကြွေကျခဲ့တာ
Newton ရဲ့ နိယာမ များ ပါ​လေမလား၊

ခရီးဆက်​​စေကာ Form ဖြင့်​ ဝတ်​စုံထုတ်​ကာ ဝတ်​ရုံ ကြီးကို ဝတ်​ပြီး ကိုယ့်​ကိုယ်​ကို ​ပြောမိတယ်​ ငါဘွဲ့ယူရ​တော့မှာပါလား၊
လေးနှစ်​တာ ခရီးကို အတူ ​ကျော်​ဖြတ်​ခဲ့​သော ငါတို့သည်​ အခု ဘွဲ့ယူရ​တော့မည်​ ၊
တောင်​​တွေး​မြောက်​​တွေး ​ရေးမိ​ရေးရာ ​ရေးကာ အ​ကြောင်း မှာ ကျ​နော်​ ​ကျော်​ဖြတ်​ခဲ့​သော ​ဖေ​ဖော်​ဝါရီလ ၉ ရက်​ နဲ့ ၁၀ ရက်​ ပါ
စာဖတ်​သူသူငယ်​ချင်းအကိုညီမ များ ​ကျေးဇူးအထူးတင်​ပါတယ်​ခင်​ဗျာ
TMPDOODLE1518319667529.jpg

Written by yairthiha
MSC 003

Sort:  

fighting bro အောင်မြင်ပါစေ
:)

ကျေးဇူး

add ထားတာလေး မြန်မြန်လက်ခံပါဇေ

ကျေးဇူးပါ မမ

Uni life be like

Yes , Uni life

စားရတော့မလာ့းမေးလဲမေးချင်တယ် မေးလဲမမေးရဲဝူး

Hehe. မစား​သေးပါဘူးဗျာ

ရေစက်နဲ့ဖူးစာ ထပ်တူကျပါစေဗျာ

ကျေးဇူးပါခင်​ဗျာ

စားရတော့မယ်ဟေ့ စားရတော့မယ်ဟေ့ 😁😁😁

စားရမယ်​​ဟေ့ စားရမယ်​ ....

မြန်မြန်လက်ခံပြီး ဖူးစာဆုံလို့ ပေါင်းဖက်ရပါစေနော်

ကျေးဇူးပါ မမ

အမြန်အဆက်အသွယ်ရပါစေ:-)

ကျေးဇူး ဆက်​သွယ်​ရပီ .....