ငါးပိဆိုတာမြန်မာတွေအတွက်ကျိန်စာလား

in #myanmar6 years ago

FB_IMG_1529981140947.jpg
credit to original source

ဒီနှစ်လဲအတန်းတွေခွဲတော့တတိယတန်းသင်ရပြန်ပါတယ်
စိတ်ထဲမှာခိုးလိုးခုလုဖြစ်နေရတာဟာငါးပိအကြောင်းသင်ရတိုင်းပါပဲ
ငါးပိမှာအသားဓါတ်ပါတယ် ဆားဓါတ်တွေလဲပါတယ်
သွေားအားကောင်းစေတဲ့သံဓါတ်လဲပါတယ်
ဒီလိုပြဌာန်းစာအုပ်မှာရေးထားတဲ့အတိုင်းပဲသင်ရမှာလား
မစဉ်းစားတတ်
ငါးပိဆိုတာတကယ်တော့ကြောက်စရာအကောင်းဆုံးအစားအစာထဲကတစ်မျိုးဖြစ်ပါတယ်
မြန်မာတွေကိုသတ်နေတဲ့အသက်တိုဆေးတွေထဲကတစ်ခုဆိုရင်လဲမမှားပါ
ငါးပိကိုအမြန်ပုပ်အောင်ဓါတ်မြေသြဇာတွေထည့်ကြတယ်
ပြီးရင်အရောင်လှအောင်
ဓါတုဆိုးဆေးတွေဆိုးကြပြန်တယ်
အထုတ်အပိုးပုံစံလှလှလေးတွေနဲ့စားသုံးသူဆီရောက်သွားတယ်
လူတွေကလှလှလေးမြင်တော့စိတ်ချလက်ချဝယ်စားကြတယ်
(ကိုယ်တွေလဲပါတယ် မလှရင်မကြိုက်ဘူး)
ငါးတွေအမြန်ပုတ်အောင်ထည့်တဲ့ယူရီးယားဓါတ်မြေသြဇာဆိုတာအပင်ကိုကျွေးရတဲ့မြေသြဇာဆိုတာလူတိုင်းသိပါတယ်
အပင်ကိုမြေသြဇာကျွေးပြီးနှစ်ပတ်အတွင်းအဲံ့ဒီအပင်ရဲ့အသီးအရွက်ကိုခူးမစားသင့်ပါ
စားမိရင်သေပါတယ်
တကယ်သေတာပါ(အဲ့ဒီအကြောင်းကိုနောက်ထပ်ပို့စ်တစ်ခုထပ်တင်ပါမယ်)
ဒီလိုလူတွေအတွက်အန္တရာယ်ဖြစ်စေတဲ့မြေသြဇာကိုရေဆေးပြီးစားလို့မရတဲ့ငါးပိထဲမှာထည့်နေတဲ့ငါးပိလုပ်ငန်းရှင်ကြီးငယ်ရွယ်လတ် တွေမှာလူစိတ်မရှိတာတော့သေချာပါတယ်
မြန်မာတွေမရှိမဖြစ်စားနေတဲ့အစားအစာကိုမြန်မာပြည်သားတစ်ယောက်အနေနဲ့အန္တရာယ်ကင်းတဲ့စားသောက်ကုန်ဖြစ်အောင်ဝန်ဆောင်မှုပေးဖို့ဆန္ဒမရှိကြဘူးလား
ပြီးတော့ငါးပိထဲမှာထည့်တဲ့ဆိုးဆေးဆိုတာ
အကျီ င်္တွေကိုဆိုးတဲ့အရောင်ဆိုးဆေးအပြင်းစားတွေဖြစ်ကြောင်းမြန်မာနိုင်ငံအစားအသေက်ကုန်လုပ်ငန်းဦးစီးဌာနကထုတ်ပြန်တယ်လို့သိရပါတယ်
အဲ့ဒီဆိုးဆေးကိုအကျီ င်္တွေအားလုံးမှာဆိုးလို့မရပါဘူးသိုးမွှေးတွေလိုမျိုးအမွှေးပွအကျီ င်္တွေမှာသာဆိုးလို့ရပါတယ်
အရမ်းပြင်းလွန်းတဲ့အတွက်
ကျန်တဲ့အစတွေမှာဆိုးလို့တောင်အဆင်မပြေတဲ့ဆိုးဆေးမျိုးပါ
ဒါကိုအစားအသောက်ထဲထည့်ပြီးစားရတဲ့မြန်မာတွေ
ခန္ဓာကိုယ်ရဲ့ဘယ်ကဘယ်ကန္ဋတွေပျက်စီးလို့ပျက်စီးမှန်းလဲမသိကြစစ်ဖို့လဲစက်ကိရီယာမရှိ
ငါးပိကြောင့်မျိုးဆက်သစ်တွေဘယ်လိုစွမ်းအားတွေပျက်စီးပြီးဘာနေရာဂါအဖြစ်များနေပါတယ်စသည်ဖြင့်စုံစမ်းစစ်ဆေးအဖြေရှာပေးမဲ့သိပ္ပံပညာရှင်အဖွဲ့အစည်းလဲမရှီပါ
ကျန်းမာရေးအဖွဲ့အစည်းမရှိဘူးလားမေးရင် ရှိတော့ရှိပါတယ် ကြီးလဲကြီးကြပ်ပါတယ်
ဒီလိုကွာ
ငါပိရောင်းတဲ့ဆိုင်တွေကိုသွားလိုက်တယ်
ပြီးရင်ဆိုးဆေးပါမပါစစ်တဲ့ကိရိယာကိုရောင်းတယ်
အရင်ကဈေးကသုံးသောင်းဝန်းကျင်ရှိပါတယ်
လွန်ခဲ့တဲ့ရှစ်နှစ်လောက်ကဈေးပါ
အဲ့ဒါကိုရောင်းပြီးရင်စစ်တဲ့နည်းပြထားတယ်
ကုန်သည်တွေကငါပိထဲဆိုးဆေးပါမပါစစ်ပြီးဆိုးဆေးတွေ့တယ်ဆိုရင်သူတို့ဆီကိုအကြောင်းကြားရတယ်
သူတို့အဖွဲ့တွေကလာပြီးပြန်စစ်တယ်
ဆိုးဆေးပါရင်သိမ်းသွားပြီးဖျက်ဆီးလိုက်တယ်
ကုန်သည်တွေကသူတို့ကုန်ပစ္စည်းကိုခဏဏအဆုံးရှုံးခံပါ့မလား
ဒါဟာစဉ်းစားစရာပါ
ကျန်းမာရေးဌာနအနေနဲ့ကုန်ဈေးတန်းကိုပဲစစ်တာမဟတ်ပဲနဲ့
ထုတ်လုပ်တဲ့ဒိုင်တွေမှာအမြဲသွားစစ်ပေးလို့မရဘူးလား
ဒီတစ်ခုတော့ပြောချင်တယ်
ဟ ဓါတ်မြေသြဇာနဲ့ဆိုးဆေးတွေကအသေးစားလုပ်ငန်းလေးတွေမှာလဲပါတာပဲဒါဆိုဘယ်လိုသွားစစ်မလဲဆိုပြီးမေးစရာရှိပါတယ်
အဲ့ဒီအတွက်အဖြေလဲအဆင်သင့်ရှိပြီးသားပါ
ငါးပိလုပ်ငန်းကို
အသားလိုင်စင်ချပေးသလုမျိုးလိုင်စင်ချပေးလိုက်ပါ
ရောင်းချင်ရင်လိုင်စင်ရတဲ့ဒိုင်မှာလာရောင်းပါစေ
ဒါဆိုဒိုင်တွေမှာလိုက်စစ်ရုံအေးအေးဆေးဆေးဖြစ်သွားမှာပါ
နိုင်ငံအတွက်အခွန်ငွေလဲရ
ပြည်သူတွေအတွက်ကျန်းမှာရေးစောင့်ရှောက်မှုလုပ်ပြီးသားလဲဖြစ်သွားမှာပါ
ခုတော့
စာသင်သားကလေးငယ်တွေကို
အမှန်တိုင်းပဲပြောရမလား
ပြဌာန်းစာအုပ်ထဲကအတိုင်းဂျင်းတွေလှိမ့်ထည့်ရမလားဆ်ုတာဝေခွဲမရတဲ့
ကျောင်းဆရာဘဝ
အိုအသင်လောက

Sort:  

မသိခင်တုးံကတမ်ျုးအခုအသေအချုသိတော့မှန်ရာကိုပြောသင်ပေါ့ကွယ်

ဟုတ်
ဒီနှစ်တော့ဆိုးကျိုးလေးပါထည့်ပြောမယ်လို့ဆုံးဖြတ်ထားပါတယ်