နွေရင့်နှင်းစက်.. .၅
နွေရင့်နှင်းစက်.. .၅
Credit image
ဖြူနုနေသည်ဟု မဆိုနိုင်သော်လည်း ညီညာသည့် ပြီး အနည်းငယ်ပေရေနေသည့် ခြေထောက်တစ်စုံကြောင့် သူမ မော့ကြည့်လိုက်မိသည်။မျက်နှာသည် မီးရောကို ကွယ်နေသောကြောင့် သေချာမမြင်ရသော်လည်း မိန်းကလေးတစ်ယောက်ဆိုတာတော့ ဆံနွယ်ရှည်တွေကြောင့် သိသာနေသည်။ရန်လိုနေသည့် အရိပ်အယောင်မျိုးလည် မဟုတ်သည်မို့ ကားစီးမည့် ခရီးသည် တစ်ယောက်ပဲ ဖြစ်လိမ့်မည်ဟုသာ ယူဆရင်း သူမ နေရာ အနည်းငယ် ရွေ့ပေးလိုက်မိသည်..။
သူမ အနားဝင်ထိုင်လိုက်မှ ပြေပြစ်သောရုပ်ရည်နဲ့ ချိုသာသော အပြုံးအောက်တွင် ညှိုးငယ်ရီဝေနေသော မျက်ဝန်းများကို သူမ သတိထားလိုက်မိလေသည်။
" ဘဝက ထင်ထားတာထက် ဒဏ်ရာဒဏ်ချက်တွေ များလွန်းတယ်..လူတွေက ယုတ်မာလွန်းတတ်ကြတယ်ထင်တယ်.."
ယုယ အံ့သြတကြီး လှည့်ကြည့်လိုက်မိသည်။ သူမ၏ နှလုံးအစုံသည် အကျယ်ကြီး ခုန်လှုပ်နေလေသည်..
သို့သော် အမျိုးသမီးသည် သူ့တစ်ကိုယ်တည်း ရေရွတ်သလို အဝေးသို့ ငေးရင်း ပြောနေခြင်းသာ...
သူမ သက်ပြင်းကို ကျိတ်ရှိုက်လိုက်မိသည်။
လူနှစ်ယောက် အမိုးတစ်ခုအောက်၏ ခုံတစ်လုံးတွင် အတူရှိနေကြပြီး အချိန်အကြာကြီး တိတ်ဆိတ်နေခဲ့ကြသည်။
ထိုတိတ်ဆိတ်မှုအား လှုပ်ရှားမှုဖြင့် သက်ဝင်စေခဲ့သူက အမျိုးသမီး..။ထိုအမျိုးသမီး၏ လှုပ်ရှားမှုများကို ယုယ လှမ်းမြင်နေရသည်။တိတ်ဆိတ်စွာပင် ငေးကြည့်နေလိုက်မိသည်..။
အမျိုးသမီးက သူမ လာခဲ့စဉ်က လက်ထဲတွင် အိတ်ကြိုးကို စုကိုင်ယူလာခဲ့သော ခပ်နွမ်းနွမ်း အိတ်လေးထဲမှ တစ်ခုခုကို ရှာဖွေကာ လက်ထဲ ဆုပ်ကိုင်ထားရင်း ယုယကို စကားပြော၏..
Credit image
" ဒီနေရာက တိတ်ဆိတ်တယ်။ ကားလမ်းဖြစ်ပေမယ့် လမ်းဟောင်းလို ဖြစ်နေတာရယ် လူအသုံးပြုမှု နည်းသွားတာရယ်ကြောင့်လည်း ဖြစ်ကောင်းဖြစ်မှာပါ။ဒါပေမယ့် လမ်းဘေး ဖြစ်နေတဲ့အတွက် လူနေအိမ်တွေ မရှိပေမယ့် ဟိုနေရာက အဆောင်လေ.."
သူမ လက်ညှိုးညွှန်ပြရာ ယုယတို့ ထိုင်နေရာ၏ မျက်စောင့်ထိုး အဆောက်အအုံကြီးကို တွေ့လိုက်ရသည်။ ချောင်ကျသော်လည်း တိတ်ဆိတ်ငြိမ်းချမ်းခြင်း အငွေ့အသက်၊ ကိုယ်နှင့်မဆိုင်ပါက ဝင်မပါတတ်သော လူကုံထံတို့ ပတ်ဝန်းကျင် ဆန်နေတတ်သော နေရာ တစ်ခုဟု ယုယ မှတ်ချက်ချမိသည်။
အမျိုးသမီးကပင်...
" ငါ အဆောင်ထဲ မဝင်ခင် ဒီနေရာမှာ ညတိုင်းနီးပါး ထိုင်ဖြစ်တယ်။ဘဝရဲ့ မွှန်းကျပ်မှု စိတ်ရဲ့ မွှန်းကျပ်မှု လူတွေရဲ့ ရက်စက်ယုတ်မာမှုတွေကနေ လွတ်မြောက်ဖို့..."
သူမ၏ စကားသံတွေထဲတွင် နာကျဉ်းချက်ပုံရိပ်များ စွန်းထင်နေသည်ဟု ယုယထင်မိသည်။ သူမ၏ အပြုံးများတွင်လည်း ထိုနာကျဉ်းချက်တို့ စွန်းထင်းနေကြသည်။
တဒင်္ဂမျှ ယုယ ကိုယ်ကိုယ်ကိုယ် မေ့ကာ ထိုအမျိုးသမီးကို စိတ်ဝင်စားသွားမိသည်မှာ အမှန်။
ပြီးတော့ အမျိုးသမီးပြောသည့် စကားများ..
" လွတ်မြောက်မှု..."
ယုယ၏ မေးခွန်းဆန်သော စကားကို အမျိုးသမီးက လှိုက်လှိုက်လှဲလှဲ ပြုံး၏..
" အင်းပေါ့ အဲ့ဒီအရာတွေကနေ ခဏလေးဖြစ်ဖြစ် လွတ်မြောက်သွားတဲ့ လွတ်မြောက်မှုလေ..။ဘာလဲ.။.စိတ်ဝင်စားသွားတာလား... "
ယုယ ခေါင်းညိတ်ပြလိုက်မိတာ ထင်သည်။ အမျိုးသမီးက သူမလက်ထဲမှ ဆုပ်ကိုင်ထားသော တစ်စုံတစ်ခုကို ဖြန့်ကြည့်ပြီး နှစ်ခြိုက်စွာ ပြုံးလေသည်။
ယုယ နားမလည်နိုင်စွာပင် အမျိုးသမီးအား ငေးကြည့်နေလိုက်မိသည်။
"ဆောရီး နဒီ ..အတိုက်အခိုက်တွေ စကားလုံးတွေ သံသယမျက်ဝန်းတွေကို ငါ သိပ်ကြောက်နေတယ်..။ငါအလုပ်မဆင်းတော့တာထက် အဲ့ဒီအလုပ်ကနေ ငါ ထွက်လိုက်ပြီ။ငါ့ထွက်စာကို မင်းယူသွားပေးပါ.."
သူမကို စာနာခြင်း နားလည်ခြင်း သနားကြင်နာခြင်းတို့ ရောပြွန်းနေသော မျက်ဝန်းတို့ဖြင့် ငေးကြည့်ရင်း နဒီသက်ပြင်းရှိုက်ကာ သူမ၏ထွက်စာကို လှမ်းယူလိုက်၏..။
" ငါ သွားတော့မယ် ယုယ..ရုံးချိန်နီးနေပြီ။ မင်း အဆင်ပြေတယ် မဟုတ်လား.."
သူမ ပခုံးအနည်းငယ်တွန့်ပြကာ..
" စိတ်ချသွားပါ..ငါက အေးဆေး.."
နဒီထွက်သွားသည်နှင့် အခန်းတံခါးကို ပိတ်ကာ ယုယ အိပ်ယာပေါ်သို့ လဲချပစ်လိုက်မိသည်။သူမ၏ ခွန်အားတို့ ဆုတ်ယုတ်နေကြသလိုလို.။.မျက်ဝန်းအစုံကို မှတ်ချပစ်လိုက်သည့်အခါ သူမရင်ထဲမှာ ပိုပြီး ဟာဆင်းသွားမိသည်။ သေချာပါသည်။ဒီနေ့လည်း သူမ ထမင်းစားဖြစ်မှာ မဟုတ်..။
နက်သောဒဏ်ရာတို့အတွက် ပြင်းထန်သော ဝေဒနာသည့် သင့်လျှော်ပါလိမ့်မည်။သူမအတွက်တော့ ထိုအရာအတွက် ဆေးပြင်းသည်လည်း လိုပေလိမ့်မည်..။
မျက်ဝန်းတို့ မှိတ်ထားမိစဉ် ဖုန်းဝင်လာသည်မို့ ကောက်ကိုက်လိုက်သည်..
" ယုယ ကျွန်တော်ပါ.."
သူမ ဖွင့်ပြီးသား မျက်ဝန်းတွေကို ပြန်မှိတ်ချလိုက်တော့ မျက်ရည်စအချို့ စီးကျသွားလေသည်။
"အင်း..ပြောပါ ရှိုင်း "
" ကျွန်တော်ယုယနဲ့ တွေ့ချင်တယ်။စကားတွေ ပြောချင်တယ် ဖြစ်မလား "
သူမ တွေဝေသွားမိသည်။
သူမနှင့် လူချင်းမတွေ့ဖြစ်ကြသည့်တိုင် သူမဘေးမှာ သူငယ်ချင်းကောင်းပီသစွာ ရပ်တည်ပေးနေခဲ့သော..သူမ၏စိတ်တွေကို ထူမတ်ပေးနေခဲ့သော..အားပေးစကားတို့ကို ဆိုရင်း သူမ၏ စိတ်တို့ကို သက်သာရာ ရစေခဲ့သော ရှိုင်း...
သူမတို့၏ တွယ်ညှိခြင်းသည် သာမန်ခင်မင်မှုထက် ပိုပြီး လွတ်လပ်ပွင့်လင်းနေခဲ့သည်ဟု ဆိုပါလျှင် ရှိုင်းကို သူမ တွေ့သင့်ပါသလား.။
" ယုယ...အဆင်မပြေလို့လား."
" ဟင့်အင်း ပြေပါတယ် ဒါပေမယ့်..."
သူမ စကားမဆုံးခင်မှာပင်
" ယုယ အလုပ်မဆင်းတာ တစ်ပတ်ကျော်သွားပြီဆို..ကျွန်တော် ယုယရဲ့ ပြဿနာ အကြောင်းအရင်းကို အဖြေရှာကြည့်ပေးဖို့ပါ။နှစ်ယောက်အကြံက တစ်ယောက်ထဲထက်တော့ ပိုကောင်းနိုင်မယ်လို့ ယူဆလို့ပါ ..
ကဲ ကျွန်တော်တို့ ဘယ်မှာ ဆုံကြမလဲ ယုယ"
Credit image
ရှိုင်း၏ စကားတွေက သူမ၏ နှလုံးသွေးတို့ကို ဆူပွက်နေစေသည်။လူသည်ကျောက်ရုပ်ကဲ့သို့ ရပ်တန့်သွားသော်ငြား အသိစိတ်တို့သည် ဆောက်တည်ရာမရ ပြေးလွှားနေကြကုန်၏။
သူမ မောဟိုက်လာသည်။ခဏက ဖုန်းပြောရင်း ထလျှောက်လာခဲ့မိသော ပြတင်းပေါက်နားတွင်ပင် လဲကျတော့မလို ဒူးတို့ ပျော့ခွေနေကြ၏..
" ဟယ်လို..ယုယ.."
စိတ်ပူသံတို့ ရောစွက်နေသည့် ခေါ်သံကို ဥပက္ခာပြုကာ သူမ ဖုန်းကို ပါဝါပါ ပိတ်ချပစ်လိုက်သည်။
ပြီးတော့ ခုတင်ဘေးစာကြည့်စားပွဲတွင်ထိုင်ကာ အံဆွဲထဲတွင် သူမအတွက်လိုအပ်သော ပစ္စည်း အချို့ကို ရှာဖွေလိုက်သည်..။
တုန်ယင်လှုပ်ရှားမှုတို့ကို သေးငယ်သော ထိုအရာက ရပ်တန့်ပေးလိုက်လေသည်.။ယုယ ခုတင်ထက်သို့ ခန္ဓာကိုယ်ကို ပစ်လဲချလိုက်လေသည်။
မျက်ဝန်းတို့မှေးမှိတ်ချိန် မည်မျှ ကြာသွားသည်တော့မသိ ခေါ်သံတစ်ခုက သူမကို သတိဝင်လာစေသည်။
" ယုယရေ ...ဧည့်သည် ရောက်နေတယ်.."
သူမ မျက်လုံးအစုံ ပြူးကျယ်သွား၏။
နာရီကိုကြည့်လိုက်တော့ နေ့လည် ဆယ့်နှစ်နာရီထိုးပြီးလို့ နှစ်ဆယ့်လေး မိနစ်...
ကဗျာကယာထကာ အခန်းတံခါးကနေ ချောင်းကြည့်လိုက်တော့
" ဟင်..."
သူမ သိပ်ကို ဝမ်းသာသွားလေသည်..။
အပိုင်း ၆ သို့..
Writter>>>>> @yekungsatthone
Msc >>>>>213
စာဖတ်သူတွေကို ဆန့်တငင်ငင်ဖြစ်အောင် လုပ်လွန်းသော စာရေးဆရာကြီး နောက်တစ်ပိုင်းကို ဆက်လက်စောင့်စားရပြန်ပေမည်
ကျေးဇူးတင်ပါသည် ပေါ့ဗျာ
Hi! I am a robot. I just upvoted you! I found similar content that readers might be interested in:
https://www.txxx.com/latest-updates/5/
အပိုင်း၆ဆက်အားပေးပါ့မယ်....
ဟုတ်ကဲ့အားပေးပါအုံးဗျ
Postတွေ မတင်စေချင်လို့လား CT ရယ်။
အေးလေ..
ဇာတ်လမ်းလေးက တဖြည်းဖြည်းတော့ ဇာတ်ရှိန်လေးရလာပြီဗျ။နောက်အပိုင်းဆက်အားပေးမယ်ဗျာ။ဒီအပတ်တော့ cheetah တွေတော်တော်တွေ့တယ်ဗျာ
ကျေးဇူးပါ ဆက်လက်အားပေးပါဗျ
ကျွန်တော်တော့CTမမိသေးဘူး
နီးတော့နီးနေပြီနဲ့တူတယ်။
နှစ်ခါရှိပြီဗျ..ဂယ်ပါပဲ😢
ကျနော်လည်း မိတယ်😁😁
Cheetah ရူးနေတာ
လေပါတယ်ဗျာ
ခေတ်မှီပြီဟေ့ cheetah မိမှ ခေတ်မှီတာဗျာ
ချစ်သူရဲ့ ဥပေက္ခာ
စိမ်းကားသော်လည်း ဆက်ချစ်မှာ
ကျေနပ်ဆဲပါ
ဆက်လက်အားပေးပါဗျ
အပိုင်းတွေ များရီး ပျင်းတယ် သိမ်းတော့ နောက်တစ်ပုဒ်ထက်ရေး😒
ဒီဇာတ်လမ်းကို ကွဲပေးရမား သေပေးရမား မကြိ😁
ကွဲပီး သေပလတ်တော့ နဲနဲ ရက်စက်သွားလား😌😌ဟိ
ဆက်အားပေးမယ်နော် ကိုရီးယားကားလို အပိုင်းဆက်ဆိုတော့ စာဖတ်ရတာပျင်းတဲ့ကျမ သိပ်မပျင်းတော့ဘူး
ကျေးဇူးပါဗျ အဲ့လိုမှလည်း အားရှိတာဗျ