နူးညံရီဝေစေတတ်သော ကျိန်စာ ၈
နူးညံရီဝေစေတတ်သော ကျိန်စာ ၈
ကျွန်တော့ အခန်းထဲ ကျွန်တော် ဝင်လိုက်တာနဲ့ တစ်ခုခု မှားနေသလို ခံစားလိုက်မိတယ်။
"မေ..."
" မေ...."
ကျွန်တော် ခေါ်ကြည့်ပေမဲ့ တုန့်ပြန်သံမကြားရပါဘူး။ ကျွန်တော် ဆေးပစ္စည်းတွေကို ကဗျာကယာ ချထားလိုက်ပြီး မေတို့ နေတဲ့ အခန်းဆီကို ကူးခဲ့ပြီး မေနဲ့အတူနေတဲ့ ကောင်မလေးကို မေးလိုက်မိတယ်။
"မမ သီရိက ဗိုလ်မှူးရဲ့အခန်းဖက်ကိုပဲ သွားလိုက်တာလေ ဒီကို ပြန်မလာသေးပါဘူးတဲ့ "
ကျွန်တော့်စိတ်တွေ ပျာယာခတ်သွားမိတယ်။ မေကို ကျွန်တော် ကသော ကမျှော လိုက်ရှာရင်း လမ်းမှာ တွေ့တဲ့ လူတွေကို မေးလာခဲ့မိတယ်။ကျွန်တော်စိတ်တွေ ပူလောင်လာခဲ့ပါပြီ..
" ဗိုလ်မှူး ဘာဖြစ်လို့လဲဗျ"
" မေ့ကို တွေ့မိသလားဗျ..သူပျောက်နေလို့ "
" ဗိုလ်မှူးရေ သီရိ ဘုရားဖက်ထွက်သွားတာ တွေ့လိုက်တယ် ..."
လိုင်းခန်းထဲက အမျိုးသမီး တစ်ဦးရဲ့ စကားက ကျွန်တော့ကို စိတ်သက်သာရာ ရစေခဲ့ပါတယ်။
ကျွန်တော် ကျွန်တော်တို့ တပ်ရင်းနဲ့ကပ်ရက် ရွာက တည်ထားတဲ့ ကျွန်တော်တို့ တပ်ရဲ့ အရှေ့ဖက်က ဘုရားဆီကို လာခဲ့တော့ တကယ်ပဲ မေ့ကို တွေ့လိုက်ရတယ်။
မေက တကယ်ပဲ ဘုရားကို လာခဲ့တာကိုး...
"မေ..."
ဘုရားစောင်းတန်း အဝင်က ပိတောက်ပင်ကြီး ခြေရင်းမှာ ဒူးနှစ်ဖက်ပေါ် မျက်နှာကို မှောက်ချလို့ ငြိမ်သက်နေတဲ့ မေ့ကို ပခုံးလေးကို အသာအယာ လှုပ်ကိုင်လိုက်မိတယ်။
ကျွန်တော့်ကို မော့ကြည့်လိုက်တဲ့ မေ့မျက်ဝန်းမှာ အားငယ် ဝမ်းနည်းခြင်းတွေ ပြည့်ဝလို့ မျက်ရည်စတွေ ခိုသီလို့နေတယ်။မျက်ဝန်းတွေကလည်း မို့အစ်နီရဲလို့..
ကျွန်တော့ကို ကူကယ်ရာမဲ့သူတစ်ယောက်လို မော့ကြည့်ပြီး သူမ ပါးပြင်ပေါ်ကို မျက်ရည်တွေ လိမ့်ကျလာခဲ့ပြန်တယ်။
ကျွန်တော့ရင်ထဲ စစ်ခနဲ နာကျင်သွားမိတယ်...
" ဘာ ဖြစ်လို့လဲ မေရယ်..."
ကျွန်တော် နူးညံ့စွာပဲ မေးလိုက်မိတယ်...။
ငိုလျင်ရက်လက်တို့ခံရသူ မေတစ်ယောက် ချော့သူရှိမှ ပိုလို့ ငိုကောင်းနေမိသည်ထင်..။
သူမ ကျွန်တော့ ရင်ခွင်ထဲ တိုးဝင်ပြီး တသိမ့်သိမ့် ရှိုက်ငိုနေ၏..ကျွန်တော် သူမကို ဖွဖွလေး ပြန်ဖက်ထားလိုက်မိရင်း သူမကျောပြင်ကို ပွတ်သတ်ပေးနေမိတယ်။
အဲ့ဒီအချိန်မှာ ကျွန်တော့်စိတ်တွေဟာ မေ့ရဲ့ဝမ်းနည်းမှုတွေကို ပြေပျောက်စေချင်ရုံက လွှဲလို့ တခြားအခွင့်အရေး ယူလို စိတ်မရှိခဲ့တာ သေချာပါတယ်။
ပိတောက်ရွက်ခြောက်တွေတလွှင့်လွှင့် ကြွေနေတဲ့ ပိတောက်ပင်ကြီးမှာ လေတိုးသံတွေ မကြားရဘူး ။ငှက်အော်သံတွေ မဆူညံဘူး..။ စေတီထီးတော်ဆီက ဆည်းလည်းသံတွေကလည်း တစ်ချက်နှစ်ချက်တော့ ထွက်လာခဲ့ပါတယ်။
မေ့ရှိုက်သံတွေ မစဲခင်မှာပဲ ဗလုံးဗထွေး အသံနဲ့ ကျွန်တော့်ကို ပြောလိုက်တယ်..
" ထက်မြက်..ရှင် မေ့ကို ညာတယ်...."
ကျွန်တော့ နားထဲ ဝုန်းခနဲ ပေါက်ကွဲသွားသလိုပါပဲ။ မေပြောလိုက်တဲ့ စကားဟာ ကျွန်တော့် နားကတဆင့် ကျွန်တော့ နှလုံးသားကို ထိမှန် ပေါက်ကွဲသွားခဲ့တယ်။
"မေ....မေ..."
ကျွန်တော် ရင်ခွင်ကနေ ခွာပြီး မေ့ပခုံးနှစ်ဖက်ကိုဆုပ်ကိုင်လို့ မေ့ကို ခပ်ဆတ်ဆတ် ခေါ်လိုက်မိတယ်။
သူမ ကျွန်တော့လက်ထဲမှာ ပျော့ခွေစွာပါလာခဲ့ပြီး မျက်ရည်တွေ စိုစွတ်နေတဲ့ မျက်တောင်ကော့ကြီးတွေနဲ့ ကျွန်တော့မျက်လုံးတွေကို မှေးစင်းစွာ ငေးရီရင်း တိုးဖျော့ဖျော့ စကားတွေကို ကျွန်တော့်ကို ကြည့်ပြီး တစ်လုံးချင်း ပြောလိုက်တယ်..
" ထက်မြက်..ရှင်...မေ့ ကို ညာတယ်..."
"မေ......."
ကျွန်တော် ပတ်ဝန်းကျင်တစ်ခုလုံး လှိုဏ်သံတွေ ထပ်သွားအောင် ဟစ်အော် ပစ်လိုက်မိတယ်...
လေပြေညှင်းသဲ့သဲ့အောက်မှာ သစ်ရွက်လေတိုးသံတွေ ပိုစိပ်လာကြတယ်။သစ်ရွက်ကြွေတွေ ပိုပြန့်ကျဲလာကြတယ်။ ထုံးဖြူဖြူ စေတီဆီက ဆည်းလည်း သံလေးက ပိုပြီး လွမ်းဆွတ်ဖွယ် ကောင်းလောက်အောင် အသံတွေ တလွှင်လွှင် ပေးလာခဲ့တယ်...
ကျွန်တော့ ပါးပြင်မှာ ဘယ်အချိန်ကတည်းက ခြောက်သွေ့နေမှန်းမသိတဲ့ မျက်ရည်စတွေက ကျွန်တော့ ပါးပြင်ကို တင်းကျပ်နေစေကြပြီ ဖြစ်တယ်။ကျွန်တော့ ရင်ခွင်ထဲကနေ မေ့ကို ခွာလိုက်ချိန်မှာ မေ့လက်လေးဟာ မြေပြင်ပေါ် ပြုတ်ကျသွားခဲ့ပြီး စာလေးတစ်စောင် ထွက်လာခဲ့တယ်..။
ကျွန်တော် စာခေါက်လေးကို ကိုင်ပြီး လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လို့ အံကြိတ်လိုက်မိတယ်..
အဲ့ဒီအချိန်မှာပဲ ကျွန်တော့် နောက်နားမှာ တိုးဖွ ညင်သာတဲ့ ခြေတစ်စုံရပ်သံနဲ့ နူးညံ့တဲ့ လက်တစ်စုံက ကျွန်တော့်ပခုံးပေါ်ကျလာတဲ့အခါ ကျွန်တော့် စိတ်တွေ လုံခြုံသွားသလို ခံစားလိုက်မိတယ်
ကျွန်တော် မော့ကြည့်ပြီး တုန်ယင်နေတဲ့ နှုတ်ဖျားက ဝမ်းနည်းလွန်းတဲ့အသံက လည်ချောင်းဝကနေ အက်ရှစွာ ထွက်ပေါ်လာခဲ့တယ်။
................
ဇာတ် သိမ်း မျှော်
(မေ ဘာကြောင့် သေဆုံးသွားတာလဲ။ မေ့လက်ထဲက ဘာစာလဲ။ ထက်မြက်ရဲ့ ပခုံးကို လာရောက်ဆုပ်ကိုင်လိုက်သူဟာ ဘယ်သူဖြစ်နိုင်လဲ။ဆူးသက်များ ဖြစ်လေမလား..။ ထက်မြက်ရဲ့ ဖူးစာဖက်ဟာ ဘယ်သူ ဖြစ်နိုင်မလဲဆိုတာ ဇာတ်သိမ်းမှာ ဆက်လက်ဖတ်ရှု့ပေးကြပါ ခင်မျာ..)
Writter @yekungsatthone
Msc 213
Photo from google
အခန်းဆက်ဝတ္တူရှည် ရေးလို့ရပြီး
ကျေးဇူးပါဗျ....ဆက်ကြိုးစားပါ့မယ်
ဇာတ်သိမ်းပိုင်းစိတ်ဝင်စားပါတယ်...ဖတ်ဖို့စောင့်နေမယ်...
ဟုတ်ကဲ့ စောင့်မျော်အားပေးပါဦးဗျ
အရမ်းကောင်းတယ်ဗျာ တစ်ခုခုကို လွမ်းမိသလိုလို😔😔😔
ကျေးဇူးပါဗျာ
အင်း ဇာတ်သိမ်းပိုင်း ကို သိပ်စိတ်ဝင်စားမိတယ်
ဟုတ် အားပေးပါဦးဗျ
ဆွဲဆောင် ခြင်းများစွာ နဲ့ ပြည့်စုံသော ဇာတ်လမ်းလေးပါ။
ကျေးဇူးပါဗျ
ဆူးသက် ပဲ ဖြစ်လိုက်ပါတော့ ဘဒိုရေ
ဟုတ် ဆက်လက်ဖော်ပြပါ့မယ်ဗျာ
ဇာတ်သိမ်းပြီးရင် ဝထ္တုထုတ်မှာလားဗျ
နောက်တစ်ပုဒ် ထပ်ရေးမယ်ဗျ အားပေးပါအုံး
ပုံတွေ crd ပေးတာ မမှန်သေးဘူး ဘာမလဲ မလေ့လာဘူး နာတော့မယ် လာလေ့လာလေ ပုံတွေ ဘယ်လို crd ပေးရမယ်ဆိုတာ😒😒
ဟုတ်😁😁
လုံးခြင်းတအုပ်လောက် ထုပ်ပါဘရိုရာ
SBD များများရအောင်စုပြီးတော့
ဟုတ် ကြိုးစားနေပါတယ်ဗျ
ဆက်သိမ်းပိုင်းမှာ ပျော်ရမှာလား ငိုရမှာလား
မကြာမှီလာမည်မျှော်ပေါ့ဗျာ