ဘဝမလှတဲ့ အညတရများ

in #myanmar7 years ago

image

👮👮👮 ဘဝမလှတဲ့ အညတရများ 👮👮👮

💂💂💂 စစ်သားတစ်ယောက်ရဲ့ဘဝမို့
ငါသေတဲ့နေရာ ငါ့သင်္ချိုင်းပဲလေ
ဒါကြောင့် ပန်းစကားလဲ
ငါမပြောလိုဘူး အလွမ်းစကားလဲ
မဟောလိုဘူးလေ ငါဟာစစ်သားပါ
ဘယ်နေ့သေမလဲ ဘယ်နေရာ
သေမလဲ ဘယ်လိုသေမလဲဆိုတာ
ငါမသိဘူး ငါသိတာက တစ်ခုတည်း
ငါ့အမျိုးငါ့ဘာသာ ငါ့သာသနာ
အတွက် ငါဟာသူရဲကောင်း
တစ်ယောက်ဆိုတာကိုပေါ့

image

🔫🔫🔫 ဘယ်သူမှလက်မခံလဲနေပါလေ
ငါကတော့ဆက်လက်ပြီး
တိုက်ပွဲဝင်ရဦးမယ် ဆက်လက်ပြီး
ကြိုးစားရဦးမယ် နားလည်ပါလို့
မပြောလိုဘူး စာနာပါလည်း
မတောင်းဆိုဘူး ဒါပေမဲ့
ဝေဖန်မှုတွေကိုတော့ လေ့လာပြီးမှ
လုပ်စေချင်တယ် ဝေဖန်ပါ
စိတ်ကြိုက်ဝေဖန်ပါ မဝေဖန်ခင်တော့
လေ့လာဦးပေါ့ ပြောတဲ့အလုပ်က
သိပ်မခက်ပေမဲ့ ပြောတဲ့အတိုင်း
လုပ်နိုင်ဖို့တော့ သိပ်ခက်တယ်

🐻🐻🐻 စစ်ခွေး စစ်ခွေးဆိုပြီး
ခေါ်နေတဲ့ခင်ဗျားတို့ကို တစ်ခါလောက်
တော့ စစ်တိုက်ဖူးစေချင်တယ်ဗျာ
တစ်ခါလောက်တော့ ရေစိမ်ထားတဲ့
ပဲတွေကိုစားကြည့်စေချင်တယ်
တစ်ခါလောက်တော့ ကျည်ဆန်တွေ
ကြားမှာ အိပ်ကြည့်စေချင်တယ်
တစ်ခါလောက်တော့ အလောင်းတွေ
ကြားမှာ ပြေးလွှားဖူးစေချင်တယ်
အများကြီးမဟုတ်ပါဘူးဗျာ
တစ်ခါလောက်ထဲပါ တကယ်ကို
တစ်ခါလောက်ပါပဲဗျာ

image

︻デ┳═ー စစ်ပွဲတွေရပ် စစ်ပွဲတွေရပ် နဲ့
အော်နေတဲ့သူတွေလဲပြောပါရစေ
ငါတို့လဲရပ်စေချင်ပါတယ် စစ်ပွဲတွေဟာ
မကောင်းမှန်းလဲသိပါရဲ့ ဒါပေမဲ့
သောင်းကျန်းသူတွေရှိနေသမျှ
နယ်ချဲ့သူတွေရှိနေသမျှတော့
ငါတို့ရဲ့သွေးတွေမြေကျသွားပါစေ
ငါတို့ရဲ့ခန္ဓာယိုင်လဲသွားပါစေ
သွေးတစ်စက်နဲ့ကျည်တစ်ချက်ပဲ
ကျန်ပါစေ ငါကတော့
ဆက်လတ်တိုက်နေရဦးမှာပဲ

👲👲👲 စစ်သားမို့ အချစ်တရားကင်းမဲ့သူ
တော့မမှတ်နဲ့လေ ငါလဲချစ်တတ်တယ်
မိဘတွေကိုလဲ ချစ်တတ်တယ်
သားသမီးတွေကိုလဲ ချစ်တတ်တယ်
ဇနီးမယားတွေကိုလဲ ချစ်တတ်တယ်
ဒါပေမဲ့ တိုင်းပြည်အရေးမို့
မိဘကိုခွဲခွါ သားသမီးကို
မတွယ်တာ ဇနီးမယားကို
ဖယ်ခွါလို့ စစ်သားဆိုတဲ့
နာမကိုရယူထားတာက
တိုင်းပြည်ကိုပိုချစ်လို့ကွ
တိုင်းပြည်ကိုပိုချစ်လို့ကွ
တိုင်းပြည်ကိုပိုချစ်လို့ကွ

#ဤစာစုငယ်လေးဖြင့်မြန်မာပြည်ရှိ
#စစ်သည်တော်အပေါင်းအား
#လေးစားဂုဏ်ပြုအပ်ပါသည်။