ခရီးစဉ်​မှတ်​တမ်း(၂)

in #myanmar6 years ago

အားလုံးဘဲမင်္ဂလာပါခင်​ဗျာ
ဟိုတ​နေ့က ​ပေါက်​မြို့က ညီအကိုသူငယ်​ချင်းနဲ့​တွေ့ စကားစမြည်​​ပြောပြီးမကြာမှီ​နေပူ​တော့မည်​ဖြစ်​သဖြင့်​ခရီးဆက်​ထွက်​ရန်​စကားကိုဖြတ်​လိုက်​ရပါသည်​။ပေါက်​ရဲ့အ​နောက်​နားမှာ လက်​နှက်​စက်​ရုံးကိုခွဲထွက်​တဲ့​တောလမ်းတလမ်းရှိသည်​၊ အဲ့ဒီလမ်းက​နေ ပုံ​​တောင်ပုံညာအကြားက ​ကျော ဆို​သောရွာကိုဖြတ်​သွားလိုက်​ရင်​ လမ်းကအ​တော်​နီးသည်​ ​ကျော ရွာက​နေ ​ရေမျက်​နီ ဂန့်​​ဂေါဆက်​သွားလို့ရသည်​၊

Screenshot_20190415_102550.png

သို့​သော်​ ဒီလက်​နက်​စက်​ရုံသည်​ နိုင်​​ငံတော်​​လှိုဝှက်​စက်​ရုံဖြစ်​သဖြင့်​ဖြတ်​သွား၍ရမည်​မရမည်​မသိ​ပေ၊ အရင်​တနှစ်​ကကြားလိုက်​မိသည်​ ဂျာနယ်​လစ်​သီတင်း​ထောက်​တ​ယောက်​သည်​ ပြင်​ပလူများဝင်​ခွင့်​မရှိ​သော​နေရာသို့ စက်​ရုံအတွင်းအလုပ်​သမားများနှင့်​အလုပ်​သမား​ယောင်​​ဆောင်​ပြီးဝင်​​ရောက်​သီတင်းယူခဲသဖြင့်​ နိုင်​ငံ​တော်​လှိုဝှက်​ချက်​ဥပ​ဒေဖြင့်​တရားစွဲခံလိုက်​ရသည်​၊ ဒီလိုနှင့်​ကျွန်​​တော်​သည်​ဒီဝန်းထဲက​နေဖြတ်​သွား၍ရမရစုံစမ်းလိုက်​​သောအခါ ကားနဲ့သွားလို့​တော့မရဘူး ဆိုင်​ကယ်​နဲ့​တော့သွားရတယ်​ ဒါ​ပေမဲ့မှတ်​ပုံတင်​ပြရတယ်​ဟု​ပြောသူက​ပြောသည်​ ဆိုင်​ကယ်​​ရော ကား​ရော ဖြတ်​လို့မရဘူးဟု​ပြောသူက​ပြောသည်​၊ ထို့​ကြောင့်​ ကျွန်​​တော်​သည်​ ​ကျောက်​ထုက​နေ ထီးလင်းကိုသွား ​နောက်​ဂန့်​​ဂေါကို ဆက်​သွားမည်​ဟုဆုံးဖြတ်​လိုက်​သည်​၊

kyout Htu.jpg

ဒီလိုနှင့်​​ကျောက်​ထုဘက်​သိုခရီးဆက်​ထွက်​လာရာ လမ်းတဝက်​​ရောက်​​သောအခါထီးလင်းသို့ ဟုဆို​သောလမ်းခွဲတခု​တွေ့​လေသည်​ ဒါဆို​ကျောက်​ထုအထိသွားစရာမလိုဘဲ ထီးလင်းကိုဖြတ်​သွားလို့ရ​လေသည်​၊ မသင်္ကာသဖြင့်​ GPS ကိုဖွင့်​ပြီးလမ်​ညွန့်​​မြေပုံကိုကြည့်​​သောအခါ​မြေပုံ၌ လမ်းခွဲကိုမ​တွေ့ရ​ပေ ​နောက်​မှ​မြေပုံကို zoom ဆွဲကြည့်​​သောအခါမှ ထိုလမ်းခွဲကို မှိန်​မှိန်​​လေး​တွေ့ရ​လေသည်​ ၊ ထိုအခါမှဝမ်းသာသွားပြီးဖြတ်​လမ်းအတိုင်းဆိုင်​ကယ်​ကိုစီးလာခဲ့ပါသည်​၊ ထို​ကြောင့့်​သူငယ်​ချင်းတို့လည်းလမ်းခရီးကို GPS ဖွင့်​​မြေပုံကိုကြည့်​သွားလျှင်​ ကိုယ်​လိုရာ​ဒေသသို့ အနီးဆုံးလမ်းအတိုင်းအချိန်​တိုအတွင်း​ရောက်​ရှီနိုင်​​ကြောင်း နှင့်​ google map ကြည့်​ရမှာမပျင်းကြဘို့တိုက်​တွန်းလိုက်​ရပါသည်​။

Post writer=@yuzana(shineshine)
MSC=146

Sort:  

ခုလို​ရေုးပြလို့​ကျေးဇူးပါ....

Posted using Partiko Android

ဟုတ်တယ် ခရီးသွားရင် GPS လေးက လမ်းမသိရင် အဆင်ပြေအောင် လမ်းပြပေးတယ်


ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.
@c-squared runs a community witness. Please consider using one of your witness votes on us here

အင်တာနက် ရမှ ဖြစ်မှာပါဗျာ