ကျွန်​​တော်​နဲ့ စတီးမစ်

in #myanmar6 years ago

့အားလုံးမင်္ဂလာပါခင်​ဗျာ
BTC ​ဈေး​တွေလဲ တရိပ်​ရိပ်​တက်​လာ​နေပါသည်​၊ သို့​ပါ​သော်​လည်း steem ​ဈေးကထင်​သ​လောက်​တက်​မလာဘဲ အ​ခြေခံ​ဈေး​လောက်​ပင်​ရှိ​နေ​ပေသည်​၊ အရင်​တနှစ်​​ကျော်​​လောက်​ကမှတ်​မိ​သေးသည်​ BTC 1$​ဒေါ်လာကို us5000$​ဒေါ်လာကျော်​​ကျော်​​လောက်​က steem ​ဈေးက အနည်းဆုံး steem 1$​ဒေါ်လာကို us1$ ​​ဒေါ်လာလောက်​ဖြစ်​​နေပါသည်​၊ ဒါ​ပေသည့်​တဖြည်းဖြည်း​ဈေးတက်​လာလိမ့်​မည်​ဟု​မျှော်​လင့်​​မိပါသည်​၊

Steemit-Distributes-1.3-Million-to-its-Social-Media-Community.jpg

https://images.app.goo.gl/8gTkq3S74jo47tci8

အရင်​နှစ်​က steem 1$ ​ဒေါ်လာကို us8​ဒေါ်လာ ​လောက်​​ဈေးမှီတဲ့သူများက ယခု steem ​ပေါက်​​ဈေးကို စာ​ရေးရမှာမတန်​ဘူးဟုထင်​ကြပါလိမ့်​မည်​၊ မှတ်​မိ​သေးပါသည်​ steem ​ဈေး us1$​​ကျော်​​ကျော်​​လောက်​ကတည်းက အလုပ်​မအားတာ ကိုအ​ကြောင်းပြ msc ကို​ကျောခိုင်းပြီး ပါဝါ​တွေ​ဒေါင်း​သွားကြတာ​တွေရှိကြပါသည်​၊ တချို့ကလည်း msc ကထွက်​ရန်​msc ရဲ့စည်းမျဉ်း​တွေ​ဖောက်​ပြီး ​ကော်​ပီ​တွေကူးတင်​ပြီးထွက်​သွားကြပါသည်​၊ ​steem ​ဈေး​ကောင်းတဲ့အချိန်​မှာကြုံကြိုက်​ခဲ့​တော့ steem ​ဈေးကျတဲ့ဒါဏ်​ကိုမခံနိုင်​တဲ့သ​ဘောဖြစ်​​နေ​ပေသည်​၊ အကယ်​၍များအခုအချိန်​ဒီစတီး​ဈေးနဲ့ steemit ကိုစလုပ်​တဲ့သူများအ​နေနဲ့က​တော့ ယ္ခုလို 0.25 ​ကျော်​​လောက်​က​နေ 0.50​ကျော်​​လောက်​ဖြစ်​လာသည်​ကို အ​တော်​​လေးအားတက်​​နေမှာအမှန်​ပင်​ဖြစ်​​နေ​ပေလိမ့်​မည်​၊

steemit.jpg

https://images.app.goo.gl/5yVBwrVHtQWV7jA96

ထို​ကြောင့်​ ကျွန်​​တော်​စဉ်းစားမိသည်​၊ယ္ခုအချိန်​ စာ​ရေးဝါသနာပါပြီးစလုပ်​တဲ့သူ​လေးများကိုစည်းရုံးသင်​တန်း​ပေးရလျှင်​မဆိုး​လောက်​ဘူးလို့ထင်​မိပါသည်​၊ steem ​ဈေးက အကျလမ်းမရှိဘဲအတက်​လမ်းသာရှိ​သော​ကြောင့်​ လူသစ်​များအ​နေနဲ့ စိတ်​ဓာတ်​​ရေးရာမှာ အကျမရှိအတက်​သာရှိလိမ့်​မည်​ထင်​ပါသည်​၊ ထို​ကြောင့်​ကျွန်​​တော်​စဉ်းစားထားပါသည်​ steem 1$ ကို us 1​$​ဒေါ်လာဖြစ်​လာခဲ့လျှင်​ ကျွန်​​တော့သူငယ်​ချင်းစာ​ပေဝါသနာရှင်​​လေးများကို စည်းရုံးပြီး အခမဲ့ steemit သင်​တန်း​လေး ​ပေးမည်​ဟု​မျှော်​လင့်​ထားပါသည်​၊ ကျွန်​​တော့၏ ရည်​ရွယ်​ချက်​ကိုက steemit ကိုလုပ်​ရခြင်းသည်​ အများအကျိုး ပရဟိတ လုပ်​ဖို့ရည်​ရွယ်​၍လုပ်​ခြင်းဖြစ်​ပါသည်

logo.png

၊ ထို​ကြောင့်​ အွန်​လိုင်း​ပေါ်မှမည်​သည့်​ဆိုဒ်​မှရသည့်​​ငွေ​ကြေးဖြစ်ပါစေရောင်းမစားဘဲအားလုံးsteemit ထဲမှာစုထားခြင်းဖြစ်​ပါသည်​၊ထို​ကြောင့်​ကျွန်​​တော်​ မကြာခင်​မှာ စာ​ရေးဝါသနာပါပြီး အွန်​လိုင်း​ပေါ်မှာ​ငွေ​ကြေးလုံးဝမရှာဘူး​​သေး​သော သူငယ်​ချင်းများကို steemit အ​ကြောင်းကိုကျွန်​​တော်​သိသ​လောက်​ တပ်​သ​လောက်​အခမဲ့သင်​​တန်း​ပေး​တောမည်​ဆိုတဲ့အ​ကြောင်း​ရေးသားလိုက်​ရပါသည်​၊ စာလာဖတ်​သူအားလုံးကို ​ကျေးဇူးအထူးတင်​ပါသည်​၊

Post writer=@yuzana(shineshine)
MSC=146

Sort:  

ကောင်းမွန်သော အစီအစဉ်လေး ဖြစ်မြောက် အောင်မြင်ပါစေအစ်ကို။

Posted using Partiko Android


ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.
@c-squared runs a community witness. Please consider using one of your witness votes on us here

ကောင်းတယ် လုပ်ဗျ။ လုပ်ဖြစ်ရင်လဲ ပြောဦးဗျ။ ကျွန်တော်တို့ community support ရအောင် လုပ်ပေးပါ့မယ်။