စက်ပြင်သမားဘဝ
အားလုံးမင်္ဂလာပါ ခင်ဗျာ့
ကျွန်တော်တို့ electronics စက်ပြင်သမားတွေဆို မသိတဲ့သူတွေကရိတ်တယ် လိမ်တယ် အသစ်အဟောင်းပစ္စည်းလဲယူတယ်အဲ့လိုထင်ကြတယ်ဗျာ့ ။ ဒါဟာမဆန်းပါဘူး ဆရာဝန်တောင်မိုးရေထိုးပေတယ်ဆိုပြီးပြောကြသေးတာ ၊ ဒါပေမဲ့အားလုံးတော့မဟုပ်ပါဘူး တချို့စုံးပြူးတော့ရှိကောင်းရှိမှာပေါ့၊
တခါတလေ စက်ပြင်သမားတွေမှာ အရှူံးနဲ့ရင်ဆိုင်ရတာတွေအများကြီးပါ၊ အီလက်ထရောနစ်ပစ္စည်းဆိုတာသိတဲ့အတိုင်းဘဲ ဓာတ်ပစ္စည်းတွေ အချိန်မရွေး ဘာမှအမှားမရှိဘဲ ဖိုးဖတ်ဆိုပြီးပျက်တပ်သေးတာ တခါတလေကြောင်တောင်တောင်နဲ့ ပိုင်ရှင်ရဲလက်ထဲမှာတုန်းကအကောင်းမပျက်တပျက် ကိုယ်ကိုင်လို့အဖုန်းလှပ်ယုံ ဘာမှမလုပ်ရပါဘဲနဲ့ ပျက်တပ်သေးတာ ၊ အဲပိုင်ရှင်ရှေ့ဆိုရင်တော့ကိုယ်ဘာမှမလုပ်ရပါဘဲနဲ့အစထဲကပျက်ချင်ချင်မို့ပျက်သွားတာ ပိုင်ရှင်ကိုပြောလို့ကောင်းသေးတယ်၊ အဲ ..ပိုင်ရှင်ကိုပစ္စည်းထားခဲ့ဆိုပြီး ပိုင်ရှင်မရှိတုံးစစ်ဆေးမိလို့ပျက်သွားခဲ့ရင်သေရော့ဘဲ အဲ့ဒီညအိပ်လိုတောင်မပျော်မိတောဘူး နောက်ရက်ပိုင်ရှင်နဲ့စကားများရတော့တာ၊ အခု ဟန်းဆက်တွေဆိုပိုဆိုးရော့ ဟန်းဆက်တွေကဆော့ဝဲယားတွေနဲ့အလုပ်လုပ်တော့ ကြောင်တောင်တောင်ကများတယ်၊ ကျွန်တော်တို့စပ်ပြင်လောကမှာ အရော်မပေးရဘူးတဲ့စက်ပြင်သမားဆိုဝါမရင့်သေးဘူးလို့ ပြောစမှတ်ဖြစ်နေပါပြီဗျာ။၊အနည်းနဲ့အများအရော်ပေးရဘူးပါတယ်၊ ပိုက်ဆံမပေးရရင်တောင် ပိုက်ဆံမရဘဲအချိန်တွေအလကားပေးလိုက်ရဘူးပါတယ်၊
ဒီလုပ်ငန်းလုပ်တဲ့သူမှန်သမျှစိတ်ရှည်ရပါတယ်၊ စိတ်တိုလို့မရပါဘူး၊ တချက်အမှားမခံလို့ မှားပြီးရင်လဲ ကုဆေးမရှိပါဘူးအလောင်ပါဘဲ၊ စက်ပြင်သမားဘဝတွေကိုကိုယ်ချင်းစာစိတ်ကလေးဖြစ်ပေါ်စေရန် စက်ပြင်ငမားတွေရဲ့ဘဝကိုရေးသားလိုက်ရပါတယ်ခင်ဗျာ။စာလာဖတ်သူအားလုံးကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။
Post writer=@yuzana(shineshine)
MSC=146
တော်ယုံနဲ့တော့မရဘူးနော် ဝါသနာပါမှ သည်းခံနိုင်မှ
ဟုပ်တယ်ဗျာ့ အဲ့ဒီပညာက ဝါသနာပါမိရင်လဲ ထမင်းမေ့ ဟင်းမေ့ပါ့
ဘဝတူတွေပါဗျာ
Posted using Partiko Android
ကျေးဇူးပါ ဖောလိုးထားတယ်နော်ဆရာ ပြန်ဖောလိုပေးပါအုံး
ကျနော်က အရင်ကတည်းက follow ထားတာပါ
Posted using Partiko Android
ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.
@c-squared runs a community witness. Please consider using one of your witness votes on us here