အကြိမ်ကြိမ်အခါခါရှုံးလည်း..............
ကျွန်တော်က မြို့ပေါ်မှာကြီးပြင်းရတာပါ။ ကျွန်တော့်ကို ငယ်ငယ်ကတည်းက အမေ့အစ်မက အမေ့ဆီကနေ မွေးမွေးပြီးခြင်း တောင်းသွားတာဗျ။ အခုကျွန်တော် (၁၀) တန်းဖြေအပြီးမှာ ရွာက ဆွေမျိုးမကင်းတဲ့သူတစ်ယောက်ရဲ့ နာရေးတစ်ခုကို မွေးစားအမေကြီးနဲ့ အတူတူပြန်လာကြတာပေါ့။ကျွန်တော်တို့ရွာမှာ ယောက်ျားတွေကော မိန်းမတွေကော မအားပါ။အလုပ်လုပ်ကြရသည်။အချိန်ပြည့်ပါပဲ။မနက် လေးနာရီထ ည (၇) နာရီမှ အလုပ်သိမ်းကြရတယ်။အလုပ်ကတော့ လယ်တွေယာတွေပေါ့။ပြန်လာတော့ ရေချိုးထမင်းစား ကျောဆန့်ရင်းအိပ်ပျော်။မြို့တွေက ကလေးမွေးဖို့ တားနေကြတဲ့အချိန်မှာ ကျွန်တော်တို့ရွာက မတားပါ။မွေးလိုက်တာ ဟောတစ်ယောက် ဟောတစ်ယောက်။အလုပ်လုပ်လွန်းအားကြီးလို့ လူကြီးလူငယ်တွေအကုန်လုံးကဒေါင်ဒေါင်မြည်ကျန်းမာလိုက်သမှ တစ်လနေလို့ အသုဘလိုက်ပို့ရတာမရှိသလောက်ပါပဲ။မွေးဖွားနှုန်းသာတိုးတယ် သေတာသိပ်မရှိပေ။ သက်ကြီးရွယ်အိုများသာ ကံကုန်၍ သေကြရ၏။
ပြောချင်တာကအလုပ်တွေလုပ်နေကြလေတော့ မွေးတဲ့ကလေးတွေကို သိပ်မထိန်းနိုင်တာပါပဲ။ အိမ်မှာကျန်ခဲ့တဲ့ အဘိုးအဖွားတွေကလည်း ကလေးတွေများလာရင်မထိန်းနိုင်ကြဘူးပေါ့။တစ်ခုထူးဆန်းတဲ့ ဓလေ့ရှိတယ်ရွာမှာ။ ဘယ်ထဲကစခဲ့လဲတော့ကျွန်တော်လည်းမသိ။ ကလေးမွေးပြီးတော့လေးဘက်ကုန်းသွားတတ်တာနဲ့ သူနဲ့သင့်တော်မယ့်အရွယ် အိမ်အောက်မှာ တွင်းတစ်ခုတူးပြီးတော့ တွင်းထဲကိုထည့်ထားတာပါပဲ။ ကလေးက တွင်း အပေါ်တတ်ဖို့အခွင့်အရေးမရှိ။ ဘယလို့လည်းဆို တွင်းနှုတ်ခမ်းဘောင်ကို သူနဲ့မမှီအောင်တူးထားလို့ပါပဲ။အဘိုးအဖွားတွေက အကောင်ပလောင်တွေပဲကြည့်ပေးကြတယ် တွင်းထဲဝင်မှာစိုးလို့။ ကလေးမထိန်းကြပါဘူး။နေ့ခင်းအမေကပြန်လာ ခနနို့တိုက်။ဒီတော့ မနက်ကနေ ညနေမိဘ ၊ အစ်ကိုမောင်နှမတွေ ၊ ဦးဦးဒေါ်ဒေါ်တွေ ၊ ပြန်လာမှ သူ့ကို တွင်းထဲကထုတ်ရေချိုးဘာညာလုပ်။ပြီးတော့အိပ်။ ကလေးတွေဟာဒါနဲ့သံသရာလည်နေကြလေရဲ့။နားတော့အငြီးသား ကြာလာတော့ ကလေးကငို။အိမ်တိုင်း ကလေးသံလေးတွေနဲ့ ။ ဒါပေမယ့် သူတို့ငိုနေလည်းဘယ်သူမှဂရုမစိုက်။
ဇာတ်လိုက်ကျော် ကလေးဟာ ကြာလာတော့အငိုတိတ်ရရှာတယ်။ မောတာကိုး။ရေတိုက်ချိန်ရေလာတိုက်တယ်။ထမင်းစားချိန်ကျင်းထဲကနေခနထုတ် ထမင်းကျွေး ပြီးပြန်ထားကျင်းထဲကို။ငိုလိုက် သူတတ်ဖို့ကြိုးစားလိုက်နဲ့ ရက်တွေကြာလာတော့ သူသိပ်မငိုတော့ဘူးဗျ။ယခင်က မိနစ်၂၀လောက်အကြောရှည် ငိုနေတဲ့ကလေးဟာ ခုဆိုတစ်မိနစ်လောက်ငိုလိုက် ကျင်းထဲလှည့်ပတ်ကြည့်လိုက် လုပ်နေပြီ။ လတွေတော်တော်ကြာတော့ ကျင်းကပိုနက်လာတယ်။ သူကလည်း ထတတ်နေပြီလေ လေးဘက်ထောက်ကနေ။ ထတတ်တဲ့အထိ ကျွန်တော်တို့လိုငယ်ငယ်က မဆော့ရရှာဘူးဗျ။ဘယ်သူမှလည်းသူ့ကိုလှည့်ကိုမကြည့်တာ။ဇာတ်လိုက်က အိမ်ကလူတွေရဲ့အသံတွေကိုကြားနေရတယ်နေ့တိုင်း။သူ့အစ်ကို တွေ သူ့အစ်မတွေ ကျောင်းသွားမယ်ဆိုတဲ့အသံကြားရတယ်။ သူ့အဖွားထမင်းချက်နေတဲ့အသံတွေကြားရတယ်။ သူ့အဖိုးထင်းခွဲနေတဲ့အသံတွေကြားရတယ်။ နွားတွေရဲ့အသံတွေကြားရတယ်။ သူစူးစမ်းချင်လာပြီဗျ နေ့တိုင်းလိုလိုကြားနေရတဲ့ အသံတွေကို။
ဒါနဲ့သူ တွင်းနှုတ်ခမ်းဘောင်ကို ကိုင်တတ်တယ်။ဘုန်း....ပြန်ပြုတ်ကျ။အီးးဟီးးးဟီးးးး ငို။ဘယ်သူမှလည်းလာမချော့တော့ သူ့ဟာသူ အငိုပြန်တိတ် စိတ်အားတင်း။ပြန်ထ ..ဘုန်း...ပြုတ်ကျ။ ငို....။ဒီလိုနဲ့ကြိမ်ဖန်များစွာသူကြိုးစားရရှာတယ်။ကြာလာတော့ဘာဖြစ်လာလည်း...အကျိုးဆက်က လက်စစ်လေးတွေနာလာတယ်။တွင်းနှုတ်ခမ်းကိုကုတ်တတ်ရတာကိုး။ နောက်နေ့လည်း ဇာတ်လိုက်က အသံတွေကိုကြားတော့ စိတ်ကမရဘူး။ တတ်ပြန်တာပဲ။ပြုတ်ကျ။ဘုန်း...ငို...တိတ်....တတ်..ပြုတ်ကျ...ဘုန်း...ငို....တိတ်။ ဒါနဲ့ကြိမ်ဖန်များစွာ နေ့တိုင်းလုပ်နေလေတော့ သူ့လက်တွေမာကျောလာတယ်။ တစ်နေ့မှာသူ ကျင်းနှုတ်ခမ်းကိုကိုင်တာမြဲလာတယ်။ တတ်တယ်နေ့တိုင်း။ ကဲ..ခေါင်းလေးထွက်လာပြီဗျာ။တွင်း နှုတ်ခမ်းအပြင်ကို။သူမြင်ပြီဗျာ။ သူ့အစ်ကိုတွေ ၊ အစ်မတွေ ကျောင်းသွားတာကို သူမြင်နေရပြီ။သူ့အဘိုး ထင်းခွဲတာကို သူမြင်ပြီ။ သူပြုံးနေပြီ ။ အလိုလိုရယ်နေပြီ။ သူကြိုးစားတာအရာထင်လာပြီ။သူ့အဖွားထမင်းချက်တာမြင်နေရပြီ။နွားကြီးတွေ မြက်စားပြီးအော်နေတာသူမြင်နေရပြီ။ ကြာကြာမကြည့်နိုင်ဘူး ဘုန်း..ပြုတ်ကျ..မငိုတော့ဘူး။
ဘာလို့လည်းဆိုသူကြည့်ချင်တာကြည့်လို့ရနေပြီလေ။ တွင်းနှုတ်ခမ်းကိုဘယ်လို ကိုင်တွယ်ရမယ်ဆိုတာလည်းသူသိသွားပြီ။ လက်တွေနာလို့ ဇာတ်လိုက် ခနနားတယ်။ ပြီးတော့ ပြန်တတ်။သူကြည့်ချင်တာတွေလျှောက်ကြည့်တယ်။ရယ်တယ်။မငိုတော့ဘူးနော် ။ သူပြုံးလိုက်ရယ်လိုက် လုပ်နေပြီ။ဒါနဲ့သူ နောက်ပိုင်းမှာ ခေါင်းတစ်လုံးလုံး တွင်းဘောင်ပေါ်ကို တင်လို့ရပြီ။ လက်လည်းကုတ်ထားတယ် ဘောင်ကို။ အေးဆေးကြည့်နေပြီ။လတွေကြာတော့ နောက်တစ်ဆင့်တတ်ပြီးတော့ သူ့လက်နှစ်ချောင်းလုံးကို တွင်းဘောင်ပေါ်ထောက်ကြည့်တယ်။ ကဲ ရပြီဗျာ။ တွင်းပေါ်တော့မတတ် နိုင်သေးဘူး။သူအချိန်ကြာကြာ အပြင်ကိုကြည့်လို့ရနေပြီ။ လာတဲ့သူတွေအကုန်လုံးကို ရယ်ပြတတ်နေပြီ။သူကြည့်ချင်တဲ့အချိန် သူထကြည့် ပြီးရင် တွင်းထဲမှာအိပ်။ နောက်တော့ သူ့ဟာသူ စားနိုင်ပြီလို့ သတ်မှတ်တဲ့အခါမှာ ထမင်းဟင်း ဇလုံထဲမှာပုံထည့်ပြီးတော့ တွင်းထဲကိုလာချပေးတာ။ သူမစားတတ်ဘူး။သူအပြင်ကိုကြည့်တယ်။ အဘိုးနဲ့အဘွားက စားပြတယ် ထမင်းကို။ သူ့ထမင်းပန်းကန်ကိုပြန်ကြည့်တယ် ။ သူသိပြီ။ပန်းကန်ထဲမှာရှိတာတွေ၊ တွေ့တာတွေကိုအကုန်ကောက်စားတယ်။
ကဲသူထမင်းစားတတ်နေပြီဗျာ။အစကပွပလဲ။နောက်တော့တဖြည်းဖြည်း တအားမပွတော့ဘူး။အစကပေကျံ။နောက်တော့တအားမပေကျံတော့ဘူး။သူ့ဟာသူ တဖြည်းဖြည်း ပြုပြင်တတ်လာပြီ။ဒါနဲ့ဘယ်ချိန်ထိထားတာလည်း အဲ့ကလေးကိုဆိုတော့ နှစ်နှစ်ထိ တွင်းနက်နက်တူးလိုက် ပြန်ထားလိုက်လုပ်တာပဲ။ဒီတွင်းထဲမှာပဲ သူ့ဟာသူအားကိုးရတယ်။တွင်းအပြင်ရောက်တော့ ဆော့ကြပေါ့ ရွယ်တူခြင်းတွေ။ နောက်နှစ်နှစ်လောက်နေတော့ကျောင်းလိုက် စာသင်ပေါ့။ ဒါနဲ့ကြီးလာတော့ ကျွန်တော်က အဘိုးအဖွားတွေကို မေးကြည့်တယ်။ဘာလို့ ဒီလိုတွင်းနဲ့တူးပြီးထားတာလည်း။ကလေးအားငယ်နေမှာပေါ့လို့မေးတော့။အဘိုအဖွားတွေက အားမငယ်ပါဘူး ။အားသန်သွားတာပါ...ကိုယ့်အားကိုယ်ကိုးဖို့ကို ငယ်ငယ်ကတည်းက သူတို့ကိုကျင့်ပေးထားတာ။အခုဆို ဘာမှလုပ်ပေးနေစရာမလိုဘူးကြည့်ပါတဲ့။မှန်၏ .ကိုယ်ချိုးဖို့ရေကိုယ်နှိပ်။ကိုယ့်အ၀တ်စားကိုယ်လျှော်။အကုန်လုပ်တတ်နေပြီ။
ဘာကြည့်နေကြတာလည်းဟင် ဇာတ်လမ်းကပြီးပြီဗျ။ဒီမှာပဲနားလိုက်ပြီ။ကျွန်တော်ပေးချင်တဲ့ Messages ပြီးပြီ။ဒီတော့ကာ ကလေးတောင်မှ အကြိမ်ကြိမ်အခါခါ ရှုံးလည်း ပြန်ထနိုင်သေးတယ်မဟုတ်လားဗျာ။အရေးကြီးတာ စိတ်ဓါတ်ပြင်းထန်နေဖို့လိုတယ်။ ကျွန်တော်တို့ကလူကြီးတွေလေ စဉ်းစားနော်။ဒုက္ခတစ်ခုရောက်လာရင် ထိုင်ညီးနေမယ့်အစား ဘယ်လိုကျော်ဖြတ်ရမလည်းဆိုတာစဥ်းစားသင့်ပြီ။ အခက်အခဲတစ်ခုတွေ့လာပြီဆိုရင် ထိုင်ငိုမနေနဲ့ နားငြီးတာပဲအဖတ်တင်မယ် ပြန်သုံးသပ်သင့်ပြီ။ အကြိမ်ကြိမ်အခါခါ လဲကျနေလား အကြိမ်ကြိမ်အခါခါကြိုးစားပြန်ထလေ။ စိတ်ပျက်မနေနဲ့။ မှားတဲ့သူဆိုတာ အလုပ်လုပ်တဲ့သူပဲမှားတာ မလုပ်တဲ့သူကမမှားဘူး။ ခုစာဖတ်သူတွေမှားနေတယ်ဆိုတာ ဂုဏ်ယူပါ..ဘာလို့လည်းဆို စာဖတ်သူကအလုပ်လုပ်နေလို့လေ။လုပ်လို့မှားတာ။မမှားတဲ့သူဆိုတာ လောကမှာမရှိဘူး။တစ်ခုပဲ အမှားထဲက သင်ခန်းစာယူ။နောက်မဖြစ်အောင်ကြိုးစား အမှားနည်းအောင်ကြိုးစား။ ကိုယ့်အားကိုယ်ကိုးကြမယ်ဗျာ။ယိုင်လဲရင်ပြန်ထပြီးဆက်လျှောက်ကြမယ်။ လောကကြီးကို အရှုံးမပေးကြေး။ ကလေးပေါက်စလေးကနေ အခုအရွယ်အထိ ကျွန်တော်တို့တွေကြီးပြင်းလာတာ။ အရာအားလုံးကိုရင်ဆိုင်ရမယ်နော်။ အခုနေအရှုံးပေးရင် မွေးထားတဲ့ မိဘကို အားနာကြပါအုံးလေ။ဘ၀ဆိုတာတိုက်ပွဲပါ... ဘာဖြစ်လည်း အကြိမ်ကြိမ်အခါခါရှုံးလည်း ..............
AUTHOR : @zarmanizawlinn
MSC 210
NAYPYITAW
MYANMAR
5/27/2018
1:00AM.
THANK FOR YOUR UPVOTE.GOODLUCK ALL STEEMIT FRIENDS.
ကျန်း ချီးတက်နင်းမိတာကို ပြန်ပြောတယ်
အေးလေနံတာကိုးဟဟ။
Hi! I am a robot. I just upvoted you! I found similar content that readers might be interested in:
https://www.hobbs.co.uk/promotions/sale-highlights
ကော်ပီမဟုတ်ဘူးဟ။မင်းကလာတော့ hr1 ကမလာတော့ဘူးမသာလေးရဲ့။
link လေးဘာလေး ဝင်ကြည့်ခိုင်းတာ နေမှာပါ အပျင်းပြေအောင်လို့  ဟားဟား ဦးဇင်းဆီတော့ ဘယ်ချီးတတ်မှ မလာသေးဘူးဟေ့
ဟိဟိ တင်းနေတာအက်ကောင်ကို အော်တိုဘုတ်တဲ့သူတွေပြေးပီသူလုပ်တာ။
အဲ့လိုလိုက်မလုတ်ပါနဲ့လေ သူများမှားတာ ကိုယ့်အမှားမဖြစ်ပါစေနဲ့အကို အကြံပေးခြင်းသာ ဖြစ်ပါသည် ။
ဟုတ်ကဲ့ပါ။
မှတ်သားစရာကောင်းတယ် မမှားသောသူဟာ ဘာမှမလုပ်တဲ့သူတဲ့
ဟုတ်ကဲ့မကြီး။မလုပ်တဲ့သူကမမှားဘူးလေ သူကလုပ်တဲ့သူကိုပဲလိုက်ကြည့်ပြီးတော့ မှားရင်လှောင်ရယ်နေကြတာမဟုတ်လားဗျာ။
တော်သည်စာရေးတာဗဟုသုတရစေပါသည်
ဟုတ်ကဲ့ဗျ ချီးကျူးတာကျေးဇူးပါနော်အစ်မရေ။စာလေးဖတ်ပြီးတစ်ခုခုလေးရသွားရင်ကျေနပ်ပါတယ်ခင်ဗျာ။
ဒါဘဲလေ ဘယ်သူမှ အမှား၊အရှုံးမကင်းကြပါဘူး
အရှုံးပေးစရာလားညီလေးရာ။အစ်ကိုယ်တို့ကတစ်ယောက်တစ်ပွဲလေ သရေပါပဲ။
လဲကျရင်ပြထလိုက်ပေါ့နော်။စာရေးကောင်းပါတယ်ရှင့်။
တကယ်လားကောင်းတာ။ကျေးဇူးပါမမရေ။
အန္တရာယ် ချီတက်လဲထိပစေ
ချီတက်ကြီးကိုဖြတ်.....
ချီးတတ်အကုန်လိုက်မန့်နေတာခက်တယ် အော်တိုဘုတ်တဲ့ကောင်တွေလာတော့ဘူးကွီးထွေးရာ။
ယုံကြည်တာတွေ မစွန့်လွှတ်လိုက်ပါနဲ့
ဆူးခင်းလမ်းတွေဖြစ်ပါစေ....
မှားတက်လွန်းလို့..ခဲ့ဖျတ်တပ်ထားတာပ
မှားရင်ဖျက်ပါ ပြန်ရေးပါ...:-)
ဟိဟိ ကောင်းတယ်တပ်ထား ကျော်ကကော်ရရှင်ဝယ်ထားတယ်ကိုရှိန်း။
Congratulations! This post has been upvoted from the communal account, @minnowsupport, by zarmanizawlinn from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.