ပြုသူအသစ် ဖြစ်သူအဟောင်း
ကျွန်မသည်,တော်တော်မိုက်ခဲ့သည်။.............
လူ့ဘုံလောကတွင် အနေကြာ၍ အချိုးကွေ့များလာသောအခါ လောက၀ိပါတ်အကြောင်းကို အမှတ်တမဲ့မှ အမှတ်တရ မျက်ဝါးထင်ထင်သိမြင်ခဲ့ရပေသည်...။
ကျွန်မတို့မိသားစုအသိုင်းအ၀ိုင်းမှာ အလယ်အလတ်အဆင့်တွင်ရှိသည်။ ဆင်းရဲသူများမဟုတ်သလို ချမ်းသာသူများလည်း မဟုတ်ကြပါ။ ကျွန်မ၏ဖေဖေသည် မေမေဆုံးပြီးနောက် စက်ပစ္စည်းများရောင်းဝယ်ခြင်းကိုမလုပ်တော့ပဲ ခင်မင်ရင်းနှီးသူများ၊ကျွန်မတို့ သားသမီးများအပါအ၀င်ကို အတိုးနည်းနည်းဖြင့် ငွေချေးပါသည်။ အဖေ့ကို သက်သက်ထောက်ပံ့စရာမလိုပေ။အဖေကပြည့်စုံသည်။အိမ်နီးချင်းဖြစ်သော ဖေ့ဖေ့သူငယ်ချင်းများကိုလဲထုတ်ချေးလေ့ရှိသည်။
ကျွန်မတို့အိမ်နီးချင်းအဖေ့မိတ်ဆွေတစ်ဦးမှာစီးပွားပျက်၍ အကြီးအကျယ်ဒုက္ခရောက်ခဲ့ရသည်။ရွှေကျောင်းပြောင်ပြောင် ၀မ်းခေါင်ခေါင်ဆိုတဲ့အတိုင်း တိုက်ကြီးနှင့်နေပြီး စားရေးသောက်ရေးမှာ မပြေလည်ပေ။သူ၏သားသမီးများမှာလည်း ဆိုးသွမ်းနေသူများ နှင့် အရက်သမားများသာဖြစ်နေကြသည်။
ထို့ကြောင့်နောက်ဆုံး ဦးလေးကြီးနေထိုင်သောတိုက်ကြီးကို ရောင်းချရန်အားထုတ်တော့၏။ထိုကာလအတွင်း ကျွန်မ၏ အဖေမှ ငွေထုတ်ချေးရတော့သည်။တိုက်မရောင်းရသေးမချင်း တတိတိထုတ်ပေးခဲ့ရာ သိန်း(၅၀)ကျော်သည်အထိရောက်လာပေသည်။နောက်ဆုံး တိုက်ရောင်းခြင်းသည် တည့်ခဲ့သည်။သို့ပေမယ့် အဖေ့ငွေကိုပြန်မပေးခဲ့ပါ။သူ၏သားသမီးများကိုသာ ခွဲဝေပေးခဲ့ပြီး စားကြ ၊သောက်ကြ ၊ ပျော်ပါးလိုက်ကြ ဖြစ်နေတော့သည်။ကျွန်မတို့မှာလည်း အိမ်ချင်းနီးနေ၍ မကြည့်ချင်မြင်လျက်သားဆိုသလိုဖြစ်ကာ ဒေါသအရိပ်များက တရိပ်ရိပ်တတ်လာတော့သည်။
ဇာတ်လမ်းကအဲ့မှာစပြီ....။ကျွန်မသည် ငယ်ရွယ်သူတစ်ယောက်ဖြစ်ပြီး ဒေါသများကိုထိမ်းသိမ်းရန် မစွမ်းဆောင်နိုင်ပါ။ဦးလေးကြီး၏သားသမီးများ ပျော်ပွဲစားထွက်သွားသောနေ့ ဦးလေးကြီးတစ်ယောက်ထဲရှိသောနေ့တွင် ကျမအခွင့်ကောင်းယူလိုက်သည်။ အိမ်ထဲမှဆက်တီကုလားထိုင်တစ်လုံးကိုယူပြီး ထိုဦးလေးကြီးအိမ်ရှေ့တွင်သွားထိုင်ကာ စိမ်ပြေနပြေထိုင်၍ အကြွေးမပေးသောထိုဦးလေးကြီးကို ညစ်ညမ်းစွာဆဲဆိုပါတော့သည်။တစ်နာရီခန့်ကြာမည်ထင်ပါသည်။
ဦးလေးကြီးသည် စီးပွားကျ၍ မာန်မာနများကျနေသည့်အချိန် ၊ ကျွန်မက သူကြွေးယူထားသောကြွေးရှင်မို့ အားမတန်၍ မာန်လျှော့ကာ ကျွန်မကိုဘာမျှပြန်မပြောခဲ့ပါ။နောက်တစ်နေ့နံနက်ပိုင်းတွင် ကြွေးများအားလုံးကို ပေးဆပ်ခဲ့ပါသည်။ထိုအခါကျွန်မသည် လက်ခမောင်းခတ်ပါတော့သည်။..."ငါဆဲလို့၊ ငါဆဲနိုင်လို့ ဖေဖေ့ကြွေးတွေပြန်ရတာ..."ဟု ၀မ်းသာအားရဖြစ်ခဲ့ရသည်။ကြွေးများရသောကြောင့်လည်း အလွန်ပျော်ရွှင်ပြီးပီတိဖြစ်ခဲ့သည်။ဦးလေးကြီးကတော့ဘယ်လိုခံစားရမည်မသိပါ။
နောင်တစ်ချိန် ကျွန်မသည် မိုးကုတ်ဆရာတော်ဘုရားကြီး၏ခြေတော်ရင်းတွင် ၀ပ်ဆင်းလျက် ဖြစ်၊ ပျက် သဘောကို အဖန်တလဲလဲ မှတ်သားလျှက် အဖန်ဖန်တလဲလဲ လေ့ကျင့်ခါ ၀ိပဿနာတရားတော်များပါ နာယူမှတ်သားသောအခါ ဦးလေးကြီးအားနိုင့်ထက်စီးနင်း ဆဲဆိုခဲ့သော အဖြစ်ကိုမြင်ယောင်လာပြီး "သြော် ငါအကြွေးရတာမှမဟုတ်ဘဲ...အကုသိုလ်ထုပ်ကြီးရခဲ့တာပဲ...ငါဆဲလို့ ဦးလေးကြီးနစ်နာသွားတာမှ မဟုတ်ပဲ.....ငါဆဲတာ ငါခံရတာ....ငါအကုသိုလ်ရခဲ့တာပဲ...ဦးလေးကြီးက ဘာမှရတာမဟုတ်ဘူး" ဟု တွေးပြီး ဆွေးဆွေးမြေ့မြေ့ရင်ထုမနာဖြစ်ခဲ့ရသည်။မျက်ရည်များပင် သွင်သွင်ကျလာပါသည်။ထိုအဖြစ်ကိုပြန်တွေးမိတိုင်း ရင်ထဲမှာနာနေမိသည်။
နှစ်တွေလဲကြာခဲ့ပါပြီ...ကျွန်မခင်ပွန်း အလုပ်ပြောင်းရွှေ့ရာ မြေလတ်ဒေသရှိ မြို့တစ်မြို့သို့ ပြောင်းရွှေ့လာခဲ့ရသည်။ကျွန်မခင်ပွန်းမှာ အစိုးရရုံးတစ်ရုံး၏ ရုံးအုပ်ကြီးဖြစ်လေသည်။သူ၏လက်အောက်တွင် စာရေး(၄)ဦးရှိသည်။တစ်ဦးမှာ အမျိုးသမီးဖြစ်သည်။ထိုအမျိုးသမီးသည် ကျွန်မ၏ခင်ပွန်းကို နည်းမျိုးစုံဖြင့် တိုက်ခိုက်ပါသည်။ဝန်ထမ်းအိမ်ယာမှာနေသဖြင့် ကျွန်မတို့အခန်းနှင့်နီးသည်။အိမ်ထောင်ရှိလျှက်နှင့် ကာမေသူမိစ္ဆာာစာရကံကို ကျူးလွန်ထားသူဖြစ်၍ ပတ်ဝန်းကျင်အခန်းများက သူမကို အခေါ်အပြောမလုပ်ကြပါ။
ထိုအမျိုးသမီးသည် မနက်မိုးလင်းသည်မှ ညနေအိပ်ယာဝင်သည်အထိ တရစပ် ညစ်ညမ်းစွာဆဲဆိုပါသည်။အကြောင်းမရှိ အကြောင်းရှာကာဆဲသည်။ ပိုးစိုးပက်စက် မကြားဝံ့မနာသာ ဆဲဆိုသည်။ကျွန်မတို့မိသားစု အခန်းထဲတွင် ငြိမ်နေလျှင် စောင်းမြောင်းဆဲဆိုသည်။ကျွန်မတို့အခန်းမှ မီးမွှေးလျှင်မီးခိုးလို့ ၊ အိမ်ရှေ့ရေဖျန်းလျှင်ရေစင်လို့၊ အမှိုက်ပစ်လျှင် သူ့အခန်းဘက်ရောက်လို့၊ အမှိုက်လှည်းပြန်တော့လည်း ဖုန်ထလြိ့ စသည်ဖြင့်ရန်လုပ်ကာ ခေါင်းစဉ်အမျိုးမျိုးဖြင့် စောင်းမြောင်း ဆဲဆိုပါသည်။ကျွန်မတို့မိသားစုမှာ များစွာစိတ်ဆင်းရဲရလေသည်။
ထိုအမျိုးသမီးအခန်းပိတ်ပြီး အပြင်ထွက်သွားလျှင် ကျွန်မတို့အလွန်ပော်ျပါသည်။သူပြန်လာလျှင် အခန်းတံခါးဖွင့်သည်ကအစ ၀ုန်းဒိုင်း ဖြင့် ကြမ်းတမ်းစွာပြုမူလေ့ရှိ၍ စိတ်နှလုံးညှိုးနွမ်းရသည်။ကျွန်မကိုအဓိကထားပြီး ဆဲဆိုခြင်းဖြစ်သည်။ "ဘယ်သူမပြု မိမိမှု" ဆိုရိုးစကားအတိုင်း ကျွန်မပင် မကောင်းမှုကိုပြုခဲံ၍ မကောင်းကျိုးခံရနေခြင်းဖြစ်ကြောင်း နှလုံးသွင်း၍ အမှန်အတိုင်းမြင်အောင် ဆင်ခြင်ခဲ့ရသည်။ယင်းအမျိုးသမီးသည် ထိုသို့ပြုမူနေထိုင်နေသည်မှာ ဘယ်အတွက်ရယ်ဟု အမည်တပ်မရပါ။ထိုအမျိုးသမီး၏ ၀သီ ပင်ဖြစ်နေတော့သည်။
သို့သော် ထိုအမျိုးသမီးသည် ယောက်ကျားများနှင့် ဆက်ဆံလျှင်တော့ သာယာပျော့ပျောင်းပါသည်။ကျွန်မကိုမြင်လျှင်တော့ စက်သေနတ်ကဲ့သို့ အဆက်မပြတ်ဆဲပါတော့သည်။ကျွန်မသည် လွန်ခဲ့သောနှစ်တွေက ဦးလေးကြီးကို ထိုင်ပြီး ယုတ်ရင်းကြမ်းတမ်းစွာဆဲဆိုခဲ့သောအဖြစ်ကိုသတ်ရလာပြီးထိုအမျိုးသမီးကို သနားမိသည်။ "ပြုသူအသစ် ဖြစ်သူအဟောင်း " ဆိုတာ ထိုအမျိုးသမီး မသိသေးပေ။အကုသိုလ်ကျွန်မထပ်မယူတော့ပေ။သူဆဲတာ သူခံရမည်သာ။ကျွန်မလဲ ၀ဋ်ကြွေးမကျေသေးသ၍ ရင်ထဲမှ ပြုံးပြုးကြီးသာခံယူလိုက်ပါတော့သည်။ဝဋ်ကြွေးတွေကျေပြီဟု ၀မ်းသာအားရနှင့် ရင်ထဲကပြုံးနေသော်လည်း ထိုအမျိုးသမီးကို ကျွန်မကဲ့သို့ မဖြစ်စေချင်ပါ။
သို့သော်လည်းထိုအမျိုးသမီးကို ဘယ်လိုမှပြောဆိုဆုံးမ၍ မရနိုင်ပါ။သူ့မိဘဆွေမျိုးအသိုင်းအ၀ိုင်း အားလုံးကလည်း သူ၏နှုတ်ကြမ်းတမ်းမှုကြောင့်ဖယ်ခွာထားလေပြီ။ကာလ၀ိပါက် နောက်ပိုးတတ် တတ်ကြောင်း၊၀ဋ်ဆိုသည်မှာ ဘ၀မကူးပင်လည်တတ်ကြောင်းကို ဆင်ခြင်၍ သံဝေဂရမိပါသည်။နှစ်တွေဘယ်လောက်ကြာကြာ ကိုယ်ပြုသောအမှု ကိုယ်ခံရတာပါကလား၊ ၀ဋ်ဆိုသည်မှာ ဆွေးမြေ့ပျောက်ကွယ်မသွားပါလားဟု တရားသဘောဆင်ခြင်မိရင်း ကျွန်မကဲ့သို့ မခံစားရစေရန် စာဖတ်သူများအတွက် ရေးသားလိုက်ရပါသည်....။ကျွန်မသည်,တော်တော်မိုက်ခဲ့သည်............
ဤအဖြစ်အပျက်များသည် ကျွန်တော်၏အဖွားပြောပြသော သူမ၏ ဖြစ်ရပ်မှန်အကြောင်းဖြစ်ပါသည်။
စာဖတ်သူအားလုံးကျန်းမာချမ်းသာကြပါစေ...။
ချစ်လှစွာဖြင့်
Author - @zarmanizawlinn
MSC 210
Naypyitaw.
Myanmar.
Thank all steemit friends, for your upvote.
ဘာမန့်ရမှန်းတောင် မသိတော့ဘူး 😅
မန့်ချင်တာမန့်ပေါ့။ဟိ
ဖတ်လို့ကောင်းလိုက်တာ ဆင်ခြင်မိပါတယ်
ဟုတ်အန်တီနွယ်ကျေးဇူးပါခင်ဗျာ။
ဝဋ်ဆိုတာဘဝမကူးပူးလို့ရှေးကြီးတွေကအာ့ကြာင့်ပြောတာကို
ဟုတ်ပညီလေးရေ။
တော်ဘီ …ဒီနေ့ကစပီး ဘုမှ ဆဲတော့ဝူး
ဒါနဲ့ ကိုကဆဲခဲ့တော့ ပြန်အဆဲခံရတယ် ဆိုရင်
ကို ကချစ်ပါတယ် ကြိုက်ပါတယ် လို့ပြောခဲ့ရင် ပြန်အပြောခံရမှာဆိုတော့
အဲ့လိုလည်းပြောလို့ ဖြစ်ဘူး … နော်
အိုး..အာ့ကျတော့ကောင်းတာလုပ်တာလေ ဘယ်ဟုတ်မလဲ..မကောင်းတာလုပ်တာကပဲဝဋ်လည်မှာလေလူဆိုး
စာရေးကောင်းပါ့စာရေးဆရာရေ။
ဟုတ်လား..မမကိုမှီအောင်မနည်းလိုက်နေရတာ။မမကပိုကောင်းတာလေ။
ကျမသည် တော်တော်မိုက်မဲခဲ့သည်ဆိုတဲ့ပထမဆုံး စာကြောင်းလေး စ ဖတ်လိုက်ထဲက စာရေးဆရာက ခိုခိုဇာဟုတ်ရဲ့လားလို့ ပြန်ကြည့်လိုက်မိတယ် လူမှားနေမစိုးလို့
ခုကခိုခိုဇာမဟုတ်ဘူး..ခိုခိုဇာ့အဖွားမက်မက်စုရေ။
တရားသိမှ..ဝဋ်ကိုမြင်တာပါ။တရားကိုမသိတော့..ပျော်ပျော်ကြီးနဲ့ဝဋ်ကိုယူကြတယ်။နိဗ္ဗာန်မရောက်မချင်း..ကြုံတိုင်းဆပ်ရပါတယ်တဲ့။ဝဋ်ကြွေးကိုမကြောက်တဲ့..အာဏာရူးတွေကို..အံ့သြတယ်နော်။
အာဏာရူးတွေက ဗုဒ္ဓဘာသာအမည်ခံပြီးတော့ တရားသဘောကိုမလေ့လာ နားမလည်လို့ဖြစ်မယ်ဆရာမကြီး။
နောက်ဘဝမကူးဘူးဗျ နော့ ယခုခေတ်ဝဋ်တွေက
ဟုတ်ကကွီးထွေးရယ်..ကြောက်စရာကောင်းတယ်။
တရားသဘောလေးနဲ့ရေးထားတာ ဖတ်လို့ကောင်းတယ်ဗျာ
ဟုတ်ဖတ်လို့ကောင်းတယ်ဆိုလို့ကျေးဇူးပါဗျာကိုအောင်ကြီးရေ။
ဟာ ရေးတတ်တာဗျာ အရှည်ကြီးဘဲ
အစ်ကိုလဲရေးဗျာ။အားပေးနေမယ်။အရည်ကြီးရေးပေါ့။ရှည်လေကောင်းလေပဲလေ။ဟီဟိ