No.4 ခေါ်ဘိန်းဖြူအကြောင်း

in #myanmar7 years ago (edited)

FB_IMG_1513514737385.jpg
ဘိန်းဖြူ၊ ဘိန်းမဲနှင့် ဘိန်းမှ ရသော မူးယစ်ဆေးများဘိန်းက ထွက်လာတဲံ မူးယစ်ဆေးတွေကိုလည်း နံပါတ်4 ၊ ဂဏန်း စဖြင့် နာမည်အမျိုးမျိုးခေါ်ကြပါတယ်။

ဘိန်းက စွဲလန်းစေတဲ့ အစွမ်းသတ္တိ အရမ်းများပါတယ်။

ဘိန်းကို ရှူလို့ဘဲဖြစ်ဖြစ်၊ ထိုးလို့ဘဲဖြစ်ဖြစ် သုံးတဲ့အခါ ဘိန်းက ဦးနှောက်ထဲရောက်တဲ့အခါ နာကျင်မှု နဲ့ ပျော်ရွှင်မှုတွေကို ဖြစ်စေတဲ့ နေရာက ဦးနှောက်ဆဲလ်တွေက သွားကပ်ပါတယ်။

အသက်ရှူတာကို ထိန်းချုပ်တဲ့နေရာကို သွားကပ်ပါတယ်။

ဘိန်းက လူခန္ဓာ ကိုယ်ထဲရောက်သွားရင် အရမ်းကောင်းတဲ့ ခံစားမှုနဲ့ မူးယစ်ရီဝေတဲ့ခံစားမှုကို ခံစားရပါတယ်။

အဲဒါက နာရီပိုင်းလောက်ကြာပါတယ်။

ဒါပေမယ့် ဆေးအာနိသင် အရှိန်ကုန်သွားတဲ့အခါ လူက ကြည်လင်လန်းဆန်းမှုမရှိတော့ဘဲစိတ်ဓါတ်ကျတာ ဖြစ်နေပြီး ဆေးသုံးတုံးက ရလာတဲ့ကောင်းတဲ့ခံစားမှုကိုဘဲ လိုချင်တောင့်တနေပါတယ်။

စိတ်မနိုင်ဘဲ ထပ်သုံးမိတယ်ဆိုရင်၊ ဆေးကို သုံးရင်း သုံးရင်းနဲ့ ဆေးက ဦးနှောက် အလုပ်လုပ်ပုံတွေကို ပြောင်းလဲပစ်ပါတယ်၊ ဖျက်ဆီးပစ်ပါတယ်။

အဲဒီအခါ ဆေးမသုံးရရင်မနေနိုင်ဖြစ်ပြီး ပုံမှန်လူလို မဖြစ်တော့ပါ။

သုံးရင်းသုံးရင်း ဆေးယဉ်ပါးလာပြီး ဆေးပမာဏ ပိုသောက်၊ပိုသုံး မှ မိမိလိုချင်တဲ့ ခံစားမှုကို ရတော့တယ်။

ဆေးမသုံးဘဲနေတဲ့အခါ ခန္ဓာကိုယ်က ဆေးကိုတောင့်တလို့ ဖြစ်တဲ့လက္ခဏာတွေ ခံစားရတယ်။

ဘိန်းစွဲတယ်ဆိုတာ ဦးနှောက် မှာဖြစ်တဲ့ရောဂါ တစ်ခုဖြစ်တယ်။

မစမ်းသတ်သင့်ပါ။ဘယ်လိုပင် စိတ်ခိုင်တယ်ဆိုအုံးတော်ဖြင့်

Zawphyowai

Msc 082

Sort:  

မင်္ဂလာပါခင်ဗျာ Steemit Platform သည် အခြား သော ဆိုဒ်များမှ စာများ , ဆောင်းပါးများ , သတင်းများအား ကူးယူဖေါ်ပြခြင်းကို အထူးပင်တားမြစ်ထားပါသည်။ ဤ Platform သည် မိမိကိုယ်ပိုင်အရေး အသား အတွေးအမြင် အတွေ့အကြုံတို့ အား ဖလှယ် ရာနေရာ ဖြစ်ပါသည် ။ မိတ်ဆွေ၏ post နှင့် ပုံစံတူ post အား https://m.facebook.com/story.php?story_fbid=177606336313982&id=123880861686530 တွင် တွေ့မိပါသည် ။

Myanmar Steemit Community တွင် MSC - number ရယူသူတိုင်းသည် ကိုယ်တိုင်ရေး ဆောင်းပါးများ ရေးသားသူ ဟု အသိအမှတ်ပြု ခံရသူများ ဖြစ်ပါသည်။ ဤကဲ့သို့ အရှက်တရားကင်းမဲ့စွာ တပါးသူရေးသားထားသော ဆောင်းပါးအား ရေးသားသူ မိမိ နာမည် တပ်၍ SBD ရယူ ရန် promotion တင်လာခြင်းမှာ MSC အား စော်ကားခြင်းသာဖြစ်ပါသည်။ ထို့ကြောင့် ဤကဲ့သို့ အဖြစ်မရှိ ခိုးကြောင်ခိုးဝှက် ဖြင့် သူတပါး voting ရယူ လိုသူအား MSC မှ အလိုမရှိပါ။ ယနေ့မှ စ၍ သင့်အား MSC တွင် post တင်ခြင်းနှင့် promotion တင်ခြင်းကို ပိတ်ပင်သည့် အပြင် MSC အဖွဲ့ ဝင် အဖြစ်မှ လည်း ရာသက်ပန် ထုတ်ပယ်လိုက်သည်။

မှုးယစ်ဆေးဝါးဟာ ကြောက်စရာ အရမ်းကောင်းပါတယ်

ဟုတ်တယ်ဗျ

Facebook ကဒါရိုက်​ကူယူထားတယ်
https://m.facebook.com/story.php?story_fbid=177606336313982&id=123880861686530

မူးယစ်​​ဆေးကမစမိတာ​ကောင်းပါတယ်​...😱😱

good writing