နိဗ္ဗာန်လမ်းပြ(လမ်း၃သွယ်)

in #myanmar6 years ago

နိဗ္ဗာန်လမ်းပြ(လမ်း၃သွယ်)

images (7).jpeg
Photo Credit
မင်္ဂလာပါမိတ်ဆွေများခင်ဗျာ..ပြီးခဲ့တဲ့ နိဗ္ဗာန်ဘယ်မှာလဲဆိုတဲ့ ဆောင်းပါးမှာ နိဗာန်ဘယ်မှာရှိလဲဆိုတာ ဆွေးနွေးတင်ပြခဲ့ပြီးဖြစ်ပါတယ်ယခုဆောင်းပါးမှာတော့ နိဗ္ဗာန် ကိုဘယ်လိုသွားမလဲဆိုတာဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်။
နိဗ္ဗာန် ဘယ်လိုသွားမလဲဆိုတာ မပြောခင် လမ်းကြီး၃လမ်းရှိတဲ့အကြောင်း ပြောချင်ပါတယ်။အဲ့ လမ်းကြီး၃လမ်းမှာ လမ်းညွှန်ဆိုင်းဘုတ်လေးတွေရှိပါသတဲ့ဗျာ။မန္တလေးသို့တောင်ကြီးသို့ ရန်ကုန်သို့ ဆိုသလိုပဲ လမ်းတိုင်းမှာ ဒီလမ်းကသွားရင်ဘယ်ရောက်မယ်ဆိုပြီး ညွှန်ပြထားပါတယ်။ဟုတ်ကဲ့..အခုကျနော်တင်ပြမယ့် လမ်း၃လမ်းကတော့ 'ကံလမ်း'
'ဈန်လမ်း' 'ဉာဏ်လမ်းဆိုတဲ့ လမ်းသုံးသွယ်ပဲဖြစ်ပါတယ်။

အထက်ပါတင်ပြခဲ့တဲ့လမ်းသုံးသွယ်မှာ ဘယ်လမ်းကသွားရင် ဘယ်ကိုရောက်မယ်ဆိုတာ ရှိပါတယ်။'ကံလမ်း'ကနေသွားမယ်ဆိုရင်တော့ လူ၊နတ်ရောက်ပါမယ်။ဈန်လမ်းကတော့သွားမယ်ဆိုရင်တော့ ဗြဟ္မာ ဘုံရောက်ပါမယ်။ဉာဏ်လမ်းက သွားမှသာ နိဗာန် ဘုံကိုရောက်မှဖြစ်ပါတယ်။ဒါဆို ဘယ်ကသွားရင် ဘယ်ရောက်မယ်ဆိုတာသိပြီးတဲ့နောက် လမ်းတစ်ခုခြင်းဆီအကြောင်းကို ထပ်ပြီးဆွေးနွေးသွားပါမယ်။

ကံလမ်း-ကျနော်တို့ နေ့စဉ်ပစ္စုပ္ပန်ကညလမှာပြုလုပ်နေတဲ့ ကောင်းမှု၊မကောင်းမှု မှန်သမျှဟာ ကျနော်တို့ရဲ့ ကံအတွက်ပြုလုပ်နေကြရတာပါ။အလှူဒါနတွေပြုလုပ်နေကြတယ်ဆိုတာလည်း နောင်သံသရာ အတွက် အထောက်အပံ့ကောင်းတစ်ခု ဖြစ်သလို သီလစောင့်တည်ခြင်းဟာလည်း အလားတူပဲဖြစ်ပါတယ်။ဒါနရှိတဲ့လူဟာ လူဖြစ်ရင်လည်း လူချမ်းသာနတ်ဖြစ်ရင်လည်း နတ်ချမ်းသာဖြစ်တယ်၊လက်ရှိဘဝမှာလည်း အခြွေအရံပေါများတယ်ဆိုတာ မိတ်ဆွေတို့အသိပဲဖြစ်ပါတယ်။အလှူဒါနပြုလုပ်ခြင်းဟာ နောင်သံသရာ အတွက် ရိက္ခာယူခြင်းသာဖြစ်ပါတယ်။နိဗ္ဗာန်ရောက်ကြောင်းအထောက်အပံ့ကောင်းတစ်ခုဖြစ်နိုင်ပေမယ့် နိဗ္ဗာန်ကိုတော့ အလှူဒါနပြုလုပ်ရုံနဲ့ မရောက်ရှိနိုင်ကြောင်းဆွေးနွေးတင်ပြလိုပါတယ်။ပြီးခဲ့တဲ့ အတိတ်ဘဝတွေမှာ ကျနော်တို့ဟာ ကံလမ်းပေါ်လျောက်ခဲ့ကြလို့ လက်ရှိဘဝမှာ လူလာဖြစ်ကြရပါတယ်။သို့သော် ကျနော်ပြုလုပ်ခဲ့ ဒါနသီလပေါ်မူတည်ပြီးတော့ လူဖြစ်ရတာတောင် တစ်ယောက်နဲ့တစ်ယောက် မတူညီကြပါဘူး။ချမ်းသာတဲ့ မိခင်ဝမ်းမှာဝင်စားကြသလို ဆင်းရဲတဲ့မိခင်ဝမ်းမှာ ဝင်စားကြရတာလည်းရှိပါတယ်။သံသရာမှ မလွတ်မြောက်နိုင်သေးသ၍တော့ ရိက္ခာထုတ်တော့ယူဆောင်သွားကြဖို့လိုပါတယ်။

images (6).jpeg
Photo Credit
သို့ပေမယ့် ကံလမ်းကနေပဲလျောက်သရွေ့ကာလပတ်လုံး သံသရာမှလွတ်မြောက်နိုင်ကြောင်းမရှိပါဘူး။နောက်တစ်ခုအနေဖြင့် လူဖြစ်မယ်၊နတ်ဖြစ်မယ်ပေါ့။နတ်ဖြစ်ရင်လည်း နတ်စည်းစိမ်ခံစားရမယ်။ဒါပေမယ့် ကုသိုလ်ကံအရှိန်အဟုန်ကုန်သွားရင် နတ်ဘဝကနေစုတေပြီး အခြားဘုံဘဝကိုရောက်သွားအုံးမှာဖြစ်ပါတယ်။သံသရာမှာ လည်နေသရွေ့အဖြစ်အပျက်က ရှိနေအုံးမှာပါ။ဒါနရော၊သီလရော စောင့်တည်တဲ့ပုဂ္ဂိုလ်ဟာ သီလသာရှိပြီး ဒါနမရှိတဲ့ပုဂ္ဂိုလ်ထက် အချက်၆ချက်သာလွန်ပါတယ်။မိတ်ဆွေများအနေဖြင့် ဒီခန္ဓာကိုယ်ကြီးကို မက်မောနေသေးတယ်၊ကံလမ်းပေါ်မှာပဲဆက်လျောက်ကြအုံးမယ်ဆိုရင် တော့ ဒါန နဲ့ သီလကိုမလွတ်တမ်းလုပ်ဆောင်ကြဖို့ တိုက်တွန်းရင်း ယခုဆောင်းပါးကို နိဂုံးချုပ်ပါရစေ။ထပ်မံပြီး ဈန်လမ်းအကြောင်းကို ဆွေးနွေးတင်ပြသွားပါအုံးမယ်။

@zinminhtet
MSC-126

Sort:  

ဒီလို post မျိုး ဖတ်‌ချင်‌‌နေတာ ။‌ကျေးဇူးဘဲဗျာ။ကုသိုလ်‌ရ‌စေပါတယ်‌။များများ‌ရေး‌ပေးပါအစ်‌ကို။

ဟုတ်ကဲ့ နားလည်သလိုရေးပြထားတာ အမှားပါရင်လည်း ခွင့်လွတ်ပါခင်ဗျ

ပေါက်သွားပြီလားး

တရားတွေ ပြောပါတယ်။

ပေါက်နေပြီ

ဗဟုသုတရပါတယ်​...​ကောင်း​သောပိုစ့်​ပါ...

ဟုတ်ကျေးဇူးပါ 😃

ဝါတွင်းတရားရနေပြီ ထင်ပါ့ ကထက်

ဝါတွင်းဥပုသ် စောင့်ရင်းနာခဲ့ရတဲ့တရားတွေ နားလည်သလိုပြန်ဝေမျှပေးတာပါ

ဗဟုသုတရပါတယ်​ရှင်​။

ဟုတ်ကဲ့

ဗိုလ်ကြီး သေနတ်ကိုင်ပြီး ပေါက်သွားပြီထင်တယ်😁😁

သေနတ် ကိုင်ပေမယ့် နှလုံးသားကနူးညံ့ပါတယ် အဲလဲ့

သာဓု သာဓု သာဓု

သာဓုပါဗျာ

သိပ်ကောင်းသောစာများပါဆက်ဖတ်ပါမည်

အားပေးလို့ကျေးဇူးပါခင်ဗျ

သာဓုခေါ်ပါတယ်ဗျာ

သာဓု၊ သာဓု

တရားထူးတွေ ဆက်မျှဝေပေးပါဦး ဆြာ

အိမ်း ပြောရမယ်ဆိုရင်ဖြင့် ကဿဖ ဘုရားရှင်လက်ထက်ကစရမှာပဲ 😁