ထာဝရ
ထာဝရ ....
ထာဝရ
တွဲလက်တွေခိုင်မြဲဖို့ဆိုတာ
သံသယစိတ်နဲ့ ...
သံသယအချစ်တွေ
မရွှေးချယ် ဘေးဖယ်လို့ထားခဲ့
နားလည်မှု သံယောဇဉ်ကိုရွှေးချယ်
အကြင်နာ လက်ကလေးကမ်းခါပေး
နွေးထွေးစွာ ရင်မှာထွေးပွေ့လျှက်
ထာဝရအဖြစ် လက်ကိုတွဲ...
တစ်သက်မခွဲဘူး စိတ်ရင်းအမှန်
ပေါင်းဖက်ရန်သာ စိတ်မှာတွေးလို့
တစ်ရက်ကလေးမှ မမေ့နဲ့
ဘဝတစ်ကွေ့ ခဏတွေ့ပေမဲ့
တစ်သက်တာ ထာဝရ
ချစ်မယ်ယုံပါနော်။