ချစ်ဖူးခဲ့သမျှ ခလေးနဲ့တွေ့မှရူး

in #poem6 years ago

ချစ်ဖူးခဲ့သမျှ ခလေးနဲ့တွေ့မှရူး

image
ချစ်သက်မရှည်
ကြွေရက်စောတယ်
နှမျောတသ
လွမ်းနေရပြီ
ခဏချစ်၍
မေ့ပစ်မှာပေါ့
ထာဝရလား
ရိုးသားတယ်ဆို
အပိုမပါ
အသဲနှလုံး
သကာဖုံးတော့
ချိုတုန်းခဏ
ပြုံးပြလို့နော်
ခပ်ပျော်ပျော်လေး
ဒါတွေဝေးသော်
အလွမ်းလှော်တက်
လှေအထွက်မှာ
မသွက်နိုင်ရှာ
ဝေဒနာလှေ
ရေမှာလူးတယ်
ရူးနေတုန်းပဲ ခလေးရေ။