ကြောင်မလေး
ကျွန်မတို့အိမ်က အစကကြောင်မမွေးကြဘူး။ကြောင်
ဘဲမချစ်တတ်လို့လား ? နောက်ပိုင်းမှာ အိမ်ကို ကြောင်တစ်ကောင်ရောက်လာခဲ့တယ် ။ အဲ့ဒီနေ့က အစ်မတစ်ဝမ်းကွဲရဲ့မွေးနေ့လေးပါ ။ ကြောင်လေးက အမလေး ။ ကြောင်လေးက ပိန်လဲမပိန်သလို ဝလဲမဝဘူး ။ အရောင်လေးက စပ်ကျားလေး အဖြူ အမည်း ရွှောဝါရောင်လေးပါ ။ ကြောင်လေးကို တစ်အိမ်လုံး ချစ်ကြတယ် ။ ကြောင်လေးကို အစာတွေ ဝိုင်းကျွေးကြတာ ။ အော် အိမ်သားတွေလဲကြောင်ကိုချစ်ရှာသားဘဲ ။(တွေးမိလိုက်သေးတယ်.)။ ကြောင်လေးက အစာ ဝသွားတော့ အိမ်ရှေ့ကိုသွားပီး အိပ်နေတာ ။ ကြောင်လေးက လူလည်းမကြောက်တတ်ဘူး ။ ကြောင်လေးက ပွတ်တီးပွတ်သပ်မလုပ်ဘဲနဲ့ကို အားလုံးက ဝိုင်းချစ်နေကြတာ ။ ကြောင်လေးကို ပွတ်သပ်ချင်ရင် သူ့အနားသွားပီး ပွတ်သပ်ရတာ ။ ကြောင်လေးက လူနားသိပ်မလာဘူး ။ ငါ့ကို ကိုင်ချင်ငါ့နားလာလို့ဘဲ......
ကြွေးကြော်ထားသရောင်ရောင် ။ သူ့ကိုပြန်မလွှတ်ချင်ကြတော့ဘူး ။ ကြောင်လေးပြန်သွားမှာကြောက်နေကြတာ ။ ဒါက အားလုံးရဲ့ ဆန္ဒပါ ။ ဒါပေမယ့်ကြောင်လေးက သူ့အိမ်ကိုမပြန်သွားဘူး ။
ဒီလိုနဲ့ တစ်ရက် နှစ်ရက် သုံးရက်လောက် ကြာတော့ အားလုံးက နဲနဲ စိတ်ချမ်းသာသွားရတယ် ။ ဘာလို့ဆို အားလုံးကကြောင်လေးကိုဝိုင်းချစ်နေလို့မပြန်စေချင်ကြဘူးလေ ။ ကြောင်လေးလဲ အိမ်ကနေထွက်မသွားဘူး ။ ဒီလိုနဲ့ အဆင်ပြေပြနဲ့ ဘဲနေပီး အချိန်တွေ ကုန်မှန်းမသိ ကုန်လာတယ် ။ ကြောင်လေးအပေါ်လည်း သံယောဇဉ်တွေက ပိုပို တိုးလာတယ် ။ ကိုယ့်ရဲ့ အိမ်မွေးကြောင်အဖြစ် တစ်အိမ်သားလုံးက သတ်မှတ်ထားကြပြီ ။ တောတော်တော့ ရယ်စရာကောင်းတယ် ။ နောက်ပိုင်းမှ သိလိုက်ရတာက ကြောင်လေးက တစ်ခြားဘက်က မဟုတ်ဘူး ။ အိမ်နောက်ဘက်က အိမ်ရဲ့ ကြောင်လေးဖြစ်နေတာပါဘဲ ။ ကြောင်ပိုင်ရှင်က လာပြောတာ ။ ကြောင်အော်သံ ကြားမိလို့တဲ့ ။ကျွန်မတို့ အိမ်က ကြောင်မမွေးတာ သိလို့ပေါ့ ။ ကြောင်အော်သံလေးက လဲ ဟုတ်တယ် ။ ကြောင်အော်ရင် အသံလေးက ဆာဆာလေး ။ ကြောင်လေးက ဗိုက်ဆာရင်တော့ တော်တော်အော်တာ ။ သူအော်ရင် အစာမကျွေးဘဲလဲ မနေနိုင်ဘူး ။ အိမ်သားတွေရဲ့ အချစ်တော်လေးပေါ့။
ကြောင်ပိုင်ရှင်လာတောင်းနေပီဆိုတော့လဲ မပေးလို့တော့မဖြစ်တော့ဘူး ။ အဲ့တော့လဲ ပေးလိုက်ရတာပေါ့ ။ အဲ့ချိန်ကစပြီး ကြောင်မလေးရဲ့ အသံဆာဆာလေး မကြားရတော.ဘူးလေ ။ အလွမ်းပြေဆိုပြီး နောက်ဘေးဖက်က အိမ်ကို ကြောင်လေးရဲ့ အရိပ်ယောင် တွေ့လိုတွေ့ငြား ချောင်းချောင်းကြည့်ရတာလဲအမော ။
တခါတခါတော့လဲတွေ့ပါရဲ့ ။ မခေါ်ရဲဘူးလေ ။ဘေးနားမှာက
ကြောင်ပိုင်ရှင် အဒေါ်ကြီး ရှိနေလေရဲ့ ။ ကျွန်မ စိတ်ထဲမှာ
ကြောင်ပိုင်ရှင်အဒေါ်ကြီးက သူ.ရဲ့ ကြောင်လေးကို သိပ်ဂရုမစိုက်သလိုဘဲ ။ ဘာလို့ဆို အဒေါ်ကြီးမှာက ကျွန်မတို့ချစ်တဲ့
ကြောင်တစ်ကောင်ထဲတင်မကဘူး ။ နောက်ထက် ကြောင်သုံးကောင်ရှိသေးတယ် ။ ကျွန်မစဉ်းစား လိုက်သေးတယ် ။
ဒီအဒေါ်ကြီး မှာ ကြောင်တွေ လေးကောင်တောင်ရှိတာ
ကျွန်မတို့ကို တစ်ကောင်လောက်တောင်မပေးချင်ဘူးလား
မသိဘူး ။ ကျွန်မတို့ ကို ကြောင်တစ်ကောင်လောက်ပေးဖို့
ပြောတုန်းကလဲ အင်မလုပ်အဲမလုပ် နဲ့ဆိုတော့ ။ အင်းလေ...
ကြောင်တွေချစ်လို့ဘဲ လေးကောင်တောင်မွေးထားတာဘဲ ။
တစ်ကောင်မှ မပေးချင်တာလဲ မဆန်းပါဘူး လေ ...။ ဒီလိုဘဲ
ဖြေသိမ့်လိုက်ရတာပေါ့ ။
ဒီလိုနဲ့တစ်ပတ်ဆိုတဲ့အချိန်မြန်မြန်ဆန်ဆန် ကုန်သွားတဲ့ နောက်တစ်နေ့ မနက် ကျွန်မ အိပ်နေရင်း ဆတ်ခနဲခေါင်း ထောင်လာတယ် ။
(အကြောင်းက စိတ်ထဲမှာ ကြောင်အော်သံ ဆာဆာလေးကြားလိုက်သလားလို့) ။ ကျွန်မ ထင်တဲ့ အတိုင်းပါဘဲ အိမ်ရှေ့ခန်းမှာ ကြောင်လး ရောက်နေလေရဲ့ ။ အိမ်က အမတွေနဲ့တကွ အဘွားကို တိုင်ပင်တယ် ။ ဒီ တစ်ခါတော့ ကြောင်လေးကို ပြန်မလွှတ်တော့ဘူး ။ အတည်ခေါ်ထားလိုက်ကြမယ်ဆိုပီးပေါ့ ။
အဘွားကလဲ သူ့မြေးတွေရဲ့ သဘောကို လိုက်လျောပေးပါတယ်။အဘွားကျတော့ လိုက်လျောပေမယ့် အဘိုးကြတော့ မရဘူး ။အဘိုး က ကြောင်မချစ်ဘူးလေ ။ ကြောင်တွေလာရင် ခြောက်ဖို့ လောက်စာလုံးနဲ့ လေးခွတောင် အသင့် ။(အဲ့လိုမျိုး အဘိုးက) ။ တော်တော်တော့ ညှိယူ လိုက်ရတယ် အဘိုးလက်ခံလာအောင် ပေါ့ ။ နောက်တော့ အဘိုးလည်း သူ့မြေးတွေရဲ့အလိုကို လိုက်လျောပေးပါရဲ့ ။ (မြေးတွေကို သိပ်ချစ်တာကိုး
အဘိုးက) ။ အိမ်က လူတွေ အားလုံး သဘောတူညီမှုရပြီဆိုမှ
ကြောင်ပိုင်ရှင် အဒေါ်ကြီးဆီမှာ ကျွန်မတို့ အဘွားကိုယ်တိုင်
ကြောင်ကို မွေးဖို့ခွင့်သွားပြီးတောင်း ။
လူကြီးကိုယ်တိုင် လာပြောတယ်ဆိုတော့ ကြောင်ပိုင်ရှင်အဒေါ်ကြီးလဲ အင်း..တစ်လုံး တည်းနဲ့ ခွင့်ပြုလိုက်ရရှာတယ် ။ အခုတော့ အိမ်မှာကြောင်မလေးရဲ့ အသံ ဆာဆာလေးကို နေ့တိုင်းကြားနေရပြီ။
(စိတ်ချမ်းသာဖို့ ကောင်းလိုက်တာ ) ။ တစ်ခုတော့ သတိထားနေရတယ် ။ အဲ့တာကတော့ အဘိုးနားကို ကြောင်လေး
မရောက်စေဖို့ပေါ့ ။ အဘိုးကလဲပြောတယ်... ငါ့နားရောက်လာရင်တော့ လေးခွနဲ့ ဆော်မှာဘဲတဲ့ ။ အဘိုးက သူ့မြေး
တွေကို စသလိုနဲ့ရယ်ရယ်မောမော ပြောနေပေမယ့် ဒါဟာ
နောက်တာမဟုတ်ဘဲ အတည် ပြောနေတယ် ဆိုတာကိုတော့
ကျွန်မတို့ အားလုံး သိနှင့်ကြပါတယ် ။
တကယ်ပါ ..ကျွန်မတို့အတွက် ကြောင်လေးက အိမ်မွေးတိရစ္ဆာန် ထက်ကိုပိုပါတယ် ။ ကြောင်လေးဟာကျွန်မတို့ရွေးချယ်လိုက်သလို ကျွန်မတို့ကို ပြန်ရွေးချယ်ပြီး ကျွန်မတို့နဲ့နေဖို့ ဆုံးဖြတ်ခဲ့ဟန်တူပါတယ် ...။ သူ့ကိုဝိုင်းချစ်ကြတဲ့ ကျွန်မတို့ထံမှ သူ ခွဲခွာမသွားတော့ပါ ။ အခုဆိုရင်ကျွန်မ
တို့ရဲ့ မိသားစုဝင်နေရာမှာ သူကလဲ တစ်ခန်းတစ်ကဏ္ဍပါဝင်နေနိုင်ပြီပေါ့... ။ အခုထိမပြောင်းလဲသေးတဲ့အချက်က ကြောင်လေးက လူသိပ်မကပ်တာပါဘဲ ။ လူကပ်တဲ့အချိန်တော့ ရှိသား ။ အဲ့အချိန်က သူအစာတောင်းတဲ့အချိန်ပါဘဲ ။(အဲ့ချိန်ဆို ပွတ်သီးပွတ်သပ်နဲ့ သူလေးက ) ။ ကြွက်ခုပ်တဲ့နေရာမှာ
လဲဆရာကျသေးတာ သူလေးက ။ တစ်နေ့နံနက်ခင်း.....အဘွားရဲ့အော်သံ...
ကြားရစဉ် ....အားလုံးထွက်ကြည့်တော့
အမလေး ...အိမ်ရှေ့ခန်းမှာ ကြွက်ခေါင်းပြတ်ကြီး ...။
အခုမှ မြင်ဖူးကြတာမဟုတ်ပေမယ့်လဲ တစ်ခါတစ်ခါ မြင်ရ
တိုင်းအားလုံးလန့်ကြသည်မှာတော့ အတူတူပင်။ ဒါဘယ်သူ့
လက်ချက်လဲမေးစရာ လိုမည်တော့မထင် ။ ထုံးစံအတိုင်း
အိမ်က ကြောင်မလေးပျောက်နေသည်မှာ နောက်ထပ် သူပြန်
ဗိုက်မစာသေးသည့် အချိန်ထိ ဖြစ်မယ်ဟု သဘောပေါက်လိုက်
ကြ၏ ။
ဝင်ရောက် ဖတ်ရှုပေးသူများအားကျေးဇူးတင်လျက် ပါ ။
Bawk San Tun( Flawra)
Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq