သူငယ်ချင်းလေးပဲတဲ့ကွယ်

in #steemit6 years ago

သူငယ်ချင်းလေးပဲတဲ့ကွယ်

image

သူငယ်ချင်းတော့ သူငယ်ချင်းပါပဲ။ ကိုယ်က အဆင့်ကျော်ပြီး ချစ်သူဖြစ်ချင်နေပြီဆိုရင် သူကိုယ့်ကို ပြန်ကြိုက်ဖို့ အခြေအနေရှိမရှိ ဒီအချက်လေးတွေနဲ့ တိုင်းတာကြည့်နိုင်ပါတယ်။

** အပြင်ထွက်ဖို့ခေါ်တဲ့အခါ တခြားသူငယ်ချင်းတွေကိုပါခေါ်တာ
သူငယ်ချင်းကောင်မလေးကို အပြင်သွားကြဖို့ခေါ်တဲ့အခါ သူက တခြားသူငယ်ချင်းတွေကိုပါ ခေါ်တာမျိုး ကြုံရဖူးလား။ အဲဒါဆိုရင်တော့ သူကသူငယ်ချင်းလိုပဲ သဘောထားတာ သေချာပါတယ်တဲ့။ တကယ်လို့ သူက ကိုယ့်ကိုသဘောကျတယ် ဆိုရင် တခြားသူတွေကို ခေါ်မှာ မဟုတ်ပါဘူး။

ကိုယ့်ရဲ့တခြားသူငယ်ချင်းကောင်မလေးတွေအကြောင်း မေးတာ
တကယ်လို့ ကြိတ်ကြွေနေတဲ့ သူငယ်ချင်းကောင်မလေးက ကိုယ်ထိတွေ့ဆက်ဆံနေရတဲ့ မိန်းကလေးတွေ အကြောင်း မေးမြန်းစပ်စုနေပြီဆိုပါတော့.. စဉ်းစားစရာ နှစ်ချက်ရှိပါတယ်။ စိတ်ဝင်စားတဲ့ သူငယ်ချင်း မိန်းကလေးက ဘယ်လိုပုံစံမျိုးလဲ ဒါမှမဟုတ် သူ့အတွက်ရော ရင်ထဲမှာ နေရာရှိသေးရဲ့လား သိချင်လို့ပါတဲ့။ ဒါကတော့ အကောင်းမြင်ဘက်က တွေးကြည့် တာပါ။

** မပြင်မဆင်နေတာ

image

သင်နဲ့အပြင်ထွက်တိုင်း ဒီလိုပဲ ကြုံရာအဝတ်အစားနဲ့ မျက်နှာကိုလည်း မပြင်မဆင် ထွက်လာတတ်တယ်ဆိုပါတော့ အဲဒါဆိုရင် သင့်အနေနဲ့ သူငယ်ချင်းအဖြစ်ပဲ ဆက်ရှိနေသင့်ပါတယ်တဲ့။ ဘာလို့လည်းဆိုရင် သူက သင့်ကို စိတ်ထဲမှာ ချစ်သူတစ်ယောက်လို သဘောမထားတဲ့အတွက်

ဈေးအတူတူ ထွက်ဝယ်တာ
သူဈေးဝယ်ထွက်တဲ့အခါ ကိုယ့်ကို ခေါ်ဖူးတယ်၊ ကိုယ်ကလည်း သူဝယ်တဲ့အခါမှာ ဖိနပ်တို့၊ အိတ်တို့ကို ရွေးပေးရတယ် ဆိုပါတော့ ဒီနေရာမှာ တွေးစရာ နှစ်ချက်ရှိပါတယ်။ တစ်ချက်က သူက အရမ်းခင်နေလို့ပါတဲ့။

နောက်တစ်ချက်ကတော့ သူက ဘာနဲ့သင့်တော်လဲ၊ ဘာဝယ်သင့်လဲဆိုပြီ့း အမြင်ကို သိချင်တာပါတဲ့။ နောက်ပြီး အဲဒီလိုအချိန်မျိုးမှာ သူ့မှာ တခြားချစ်ရမယ့်သူလည်း မရှိဘူးဆိုရင် သေချာပါတယ်။ အဲဒါလှုပ်ရှားသင့်ပြီလို့ အချက်ပေးလိုက်တာပါတဲ့။

ရည်စားနဲ့ပြတ်တဲ့အခါ နှစ်သိမ့်ပေးရတာ

image

တကယ်လို့ ကြိတ်ကြွေနေတဲ့ကောင်မလေးက တခြားသူတစ်ယောက်နဲ့ပြတ်သွားလို့ နှစ်သိမ့်ပေးနေရတယ်ဆို ပါတော့ ကိုယ်က လုံးဝသူငယ်ချင်းအဆင့်မှာပဲ ရှိနေတာပါတဲ့။

တခြားမိန်းကလေးတစ်ယောက်နဲ့ စပ်ပေးတာ

image

ကြွေနေတဲ့ကောင်မလေးက တခြားမိန်းကလေးတစ်ယောက်ယောက်နဲ့ ဇာတ်လမ်းတွေခင်းပေး၊ စပ်ပေးနေပြီ ဆိုပါ လည်း ရှေ့ဆက်တိုးလို့မရတဲ့ သူငယ်ချင်းအဆင့်မှာပဲ ရှိနေတာပါတဲ့။

Credit,Photo intenet