နှင်းဆီတစ်ပွင့်
စိတ်ထဲမှာ စွဲနေတဲ့ ဘိုးဉာဏ်ကြီး ဒဿနတစ်ခုရှိတယ်။
လွန်လေပြီးသော ဆယ်နှစ်ကျော်ခန့်က ဦးဇင်းတို့ ဘိုဉာဏ်တို့ ဆရာဘုန်ကြီးကို တိုင်းမှူးက သောက်မြင်ကပ်ပုဒ်မနှင့် ဖမ်းဆီးသွားတယ်။ ဘိုးဉာဏ်ကြီးတို့က တပည့်ကြီးတွေဆိုတော့ တတ်သလောက် မှတ်သလောက် စွမ်းသာသမျှ ဆရာတော် ထောင်မကျရေး ကြိုးစားကြတယ်။ အဲဒီအချိန်မှာ ဘိုးဉာဏ်ကြီး ပြောပြတဲ့ ဒဿနပါ။
ဘိုးဉာဏ်တို့က တပည့်ကြီးတွေဆိုတော့ ဆရာတော်လွတ်မြောက်ရေးအတွက် ဟိုလူ့ အဖေခေါ်ရ ဒီလူ့ အဖေခေါ်ရ။ နိုင်ငံတော်အကြီးအကဲမှန်သမျှ သွားတွေ့ မဟုတ်မမှန်ကြောင်း သွားရှင်း။ ဘိုးဉာဏ်ဆိုတာကလည်း တောသားပဇင်းငယ်ကိုး။ အဲသလို ဂျိုကုတ်ဒူးကြီးကျောပြောင်တွေကို သွားတွေ့ရတဲ့အခါ သူ့စိတ်ထဲမှာ ကြောက်စိတ်ဖြစ်သတဲ့။ အစက မတွေ့ရဲဘူး။ ကိုယ်ပြောချင်တာ ဖြောင့်ဖြောင့်တန်းတန်း မပြောရဲဘူး။
သို့နှင့် အဲဒီ ကြောက်စိတ်ကို ဖြေဖျောက်ဖို့ သူ့စိတ်ထဲမှာ ဘယ်လိုတွေးလိုက်လဲဆိုတော့ "ဒီလူကြီးလည်း ငယ်ငယ်ကတော့ ခွေးစိတန်းလန်းနှင့် ဖုန်ထဲသဲထဲ ဆော့ကစားပြေးလွှားနေမှာ"လို့ ဂျိုကုတ်ဒူးကြီးလို့ မတွေးဘဲ ကလေးလေးလို့ စိတ်ထဲမြင်ကြည့်လိုက်တယ်တဲ့။ နှပ်ချီးတွဲလောင်း ဘောင်းဘီကမပါ ထန်းညက်ခဲ လက်ကကိုင်လို့ ပါးစပ်မှာလည်း ယင်ကောင်တွေက နားလို့။ နှာခေါင်းက ကျလာတဲ့ နှပ်ချေးကို ရှလွတ် ရှလွတ်ဆိုပြီး ပါးစပ်နှင့် စုပ်ယူလိုက်။ ဖင်လေးကို ပြောင်လို့ ပြေးသာ ပြေးသာ။
အဲသလို အဲသလို ရာထူးဌာနန္တရတွေ ဂုဏ်တွေ ဒြပ်တွေ စည်းစိမ်ရွှေငွေတွေမပါတဲ့ ကလေးလေးဘဝကို အာရုံယူလိုက်တော့ ဘိုးဉာဏ်ကြီးစိတ်ထဲမှာ ကြောက်စိတ်ကို မဆိုထားဘိ ရည်ချင်စိတ်ကို ပေါက်လာသတဲ့။ သေချာကြည့်လေ ကလေးလေးနှင့် တူလေ။ ကလေးလေးနှင့် တူလာလေ ကြောက်စိတ်တွေပြေပြီး ချစ်စိတ်တွေပေါက်လာလေ။
လူတိုင်းလူတိုင်းက ငယ်ရာကကြီးလာကြတာ။ ရာထူးဂုဏ်သိမ်စည်းစိမ်ရွှေငွေတွေကြောင့် သူက ဘာကောင် ငါက ဘာကောင်ဆိုပြီး ဖြစ်သွားတာ။ ကလေးဘဝမှာတော့ လူတိုင်းက သူငယ်နှပ်စားချည်းပါပဲ။ ကလေးကလားချည်းပါပဲ။
ဒီနေ့ ဖေ့ဘုတ်က ကလေးလေးတစ်ယောက်ရဲ့ ချစ်ဖွယ်အမူအယာဗွီဒီယိုကို ကြည့်ပြီး ဘိုဉာဏ်ကြီးဒဿနကို ဗားရှင်းမြှင့်ကြည့်မိတယ်။ ဘာ ဗားရှင်းလဲ။ ခွင့်လွှတ်မှုဗားရှင်း။
တွေးကြည့်တာပေါ့လေ။ လောကကြီးကို စိတ်ချမ်းသာမှုအပေးမှုဆုံးအရာက ကလေးတွေပဲ။ ကြီးလာမှ သူခိုးဖြစ် ဓားပြဖြစ် လူဆိုးဖြစ်ကြသော်ငြား ငယ်စဉ်ကတော့ သူ့မိဘ သူ့အသိုင်းအဝိုင်းကို စိတ်ချမ်းသာမှု စိတ်ကျေနပ်မှုအများကြီး ပေးခဲ့ကြသူချည်းပါပဲ။
သူ တစ်ချိန်က အပြစ်ကင်းခဲ့ဖူးတယ် ကောင်းခဲ့ဖူးတယ် ဖူးဖူးမှုတ်အချစ်ခံခဲ့ရဖူးတယ်။ အခုအချိန်မှာ မုန်းတီးစက်ဆုတ်စရာကောင်းသော်ငြား သူ တစ်ချိန်က မေ့ချစ်သဲအူ ပွက်ပွက်ဆူ အချစ်တုံး အချစ်ခဲလေးပါလား။ သြော် ဟုတ်သာ။ သူ လောကကြီးကို ကောင်းကျိုးပေးခဲ့ဖူးတယ်။ သူများစိတ်ချမ်းသာအောင် သူများအချစ်ခံရအောင် လုပ်ဆောင်ပေးခဲ့ဖူးတယ်။ ဒါဆို ငါက သူ့ကို ဘာလို့ မုန်းနေရတာလဲ။
အရှင်သာရိပုတ္တရာပြောတဲ့ အာဃာတဖြေနည်းနှင့် အတော်တူပါတယ်။ အရှင်သာရိပုတ္တရာကတော့ သူ့မှာ ကောင်းကွက်လေးတစ်ခုတော့ ရှိပါတယ်တဲ့။ အနှီးကောင်းကွက်လေးကို တွေ့အောင်ရှာပြီး ချစ်ခင်မြတ်နိုးကြည့်ပါတဲ့။ ရေဆာနေသူက အမှိုက်တွေကို ဖယ်ပြီး ရေသောက်သလိုပေါ့တဲ့။ အခုလည်း အခုမှ သူ ဘာကောင်ကြီးဖြစ်နေ ဖြစ်နေ ငယ်ငယ်က သူတကယ်အပြစ်ကင်းစင်ခဲ့ဖူးတယ်။
ဥပမာ နှင်းဆီပန်း။ အရောင်လည်း လွင့်၊ ပွင့်ဖတ်က ရင့်၊ ပင်မြင့်ထက်ကနေ မြေခသက်လျှောတော့မယ်။ သို့သော် သူ တစ်ချိန်က တကယ်လှခဲ့ပါတာ။ သူ့ပွင့်ဖတ်လေးတွေက စံရတီမိုးမြင့် နှုတ်ခမ်းလေးလို ရဲရဲနီ။ သူ့အဆင်းက ရဲရဲရင့်ရင့်။ သူ့ဟန်ပန်က သူလိုလူ ဇမ္ဗူမှာ မရှိ။ သူ့အနံ့က သင်းပျံ့မွှေးထုံ။ အခုလား မြင်တဲ့အတိုင်းပါပဲ။ တစ်နေကုန် နေပူထဲ အလုပ်လုပ်ထားတဲ့ အလုပ်ကြမ်းသမား ကျောပြင်လို။ တစ်ဖတ်ခြင်း တစ်လွှားခြင်း ကြွကျပြီး အမှိုက်ဖြစ်တော့မယ်။
လောကကြီးအတွက် အမှိုက်သဖွယ်ဖြစ်နေသော်လည်း သူ တစ်ချိန်က တကယ်ကို လောကကို အလှဆင်ခဲ့တာပါ။
"အမုန်းမီးများပဲ နှလုံးသားထဲမှာ
တဝုန်းဝုန်း ကျွမ်းလောင်နေပြီ
ရှေးရှေးတုန်းကကောင်းခဲ့ဖူးသမျှ
အခုကျ မင်းကမေ့ပြီ
ချစ်ခဲ့ကြတဲ့ရက်လနှစ်တို့
မင်းငဲ့စောင်းတောင်မကြည့်ဘူး
ငါ့ဘဝလေး တစ်စစီ
မင်းရက်စက်လို့သွားပြီ
ဘယ်သူရှိမလဲ အရမ်းချစ်ပြီးမှ
အချစ်နဲ့မပေါင်းချင် ဘယ်သူရှိမလဲ
လောကကြီးထဲ အချစ်နဲ့မဝေးချင်
ဘယ်သူရှိမလဲ
အသည်းကွဲရတော့ မျက်ရည်မကျတာ
ဘယ်သူရှိမလဲ
ပြောအချစ်ရေ ဘယ်သူရှိမလဲ
မင်းအတွက် လုံးလုံးပေးအပ်ခဲ့တဲ့
ငါ့အချစ်ရဲ့တန်ဖိုး
မင်းမသိပဲနဲ့ စတေးပစ်ခဲ့တဲ့
ငါ့ယုံကြည်မှုအားလုံး
အဆုံးသတ်ကျတော့ နစ်မြုပ်သွားတဲ့
ငါ့အိပ်မက်ကမ္ဘာလေး
နှလုံးသားအား တစ်စစီ
မင်းခွဲစိတ်ခဲ့ပြီ ဘယ်သူရှိမလဲ
အရမ်းချစ်ပြီးမှ အချစ်နဲ့မပေါင်းချင်
ဘယ်သူရှိမလဲ
လောကကြီးထဲ အချစ်နဲ့မဝေးချင်
ဘယ်သူရှိမလဲ
အသည်းကွဲရတော့ မျက်ရည်မကျတာ
ဘယ်သူရှိမလဲ
ပြောအချစ်ရေ
ငါဆိုတာမင်းအတွက်
အသက်ရှင်ခဲ့တဲ့အကြောင်းလဲ
ပြောတာအကြိမ်ကြိမ်ပဲ
ဒီကမ္ဘာမှာငါ့လောက်မင်းအပေါ်
ဂရုစိုက်ချစ်နိုင်ခဲ့တာ ဘယ်သူရှိမလဲ
နှစ်သက်ခဲ့တဲ့ ငါ့ရဲ့အပြုအမူတွေကို
နင်အခုတော့ ကြည့်မရ ငါ့ဘဝ
အရမ်းချစ်ပြီးမှ
အချစ်နဲ့မပေါင်းချင် ဘယ်သူရှိမလဲ
လောကကြီးထဲ အချစ်နဲ့မဝေးချင်
ဘယ်သူရှိမလဲ
အသည်းကွဲရတော့ မျက်ရည်မကျတာ
ဘယ်သူရှိမလဲ ပြော
မင်းအတွက် လုံးလုံးပေးအပ်ထားတဲ့
ငါ့အချစ်ရဲ့တန်ဖိုး
မင်းမသိပဲနဲ့ စတေးပစ်ခဲ့တဲ့
ငါ့ယုံကြည်မှုအားလုံး
အဆုံးသတ်ကျတော့
နစ်မြုပ်သွားတဲ့ငါ့အိပ်မက်ကမ္ဘာလေး
နှလုံးသားအား တစ်စစီမင်းခွဲစိတ်ခဲ့ပြီ
အမုန်းမီးများပဲ နှလုံးသားထဲမှာ
တဝုန်းဝုန်းကျွမ်းလောင်နေပြီ
ရှေးရှေးတုန်းကကောင်းခဲ့ဖူးသမျှ
အခုကျ မင့်းကမေ့ပြီ
ချစ်ခဲ့ကြတဲ့ရက်လနှစ်တွေ
မင်းငဲ့စောင်းတောင်မကြည့်ဘူး
ငါ့ဘဝလေး တစ်စစီ မင်းရက်စက်သွားပြ
Good @marmarkhaing92, you are on the right way
နှင်းဆီပန်းတော့ကြိုက်ပါရဲ့ဗျာ ဒါပေမယ့် စာကအရှည်ကြီးဆိုတော့ ဖတ်ရတာ မောသွားတယ် ရေတစ်ခွက်လောက်ပေးပါအုံးဗျာ