အလေ့အကျင့်မှအလေ့အထသို့

in #steemit4 years ago (edited)

no-internet-1024x585.png
လုပ်စရာအလွန်ရှားပါးလွန်းတဲ့ဒီကာလမှာ အားနေယားနေရင် မရှိရှိတာကိုလုပ်နေတက်တဲ့ကျွန်နော် တကုတ်ကုတ်နဲ့ကုတ်နေမိတာပေါ့ဗျာ။အားနေလို့ယားလာပြီဆိုရင် အမြဲပွတ်နေမိတဲ့ကျွန်နော်အကျင့်ဟာ အင်တာနက်ကသုံးလို့မရတော့လို့ စိတ်ကဂယောက်ဂယက် ဦးတည်ရာမဲ့လို့ ကိုယ့်ဟာလေးကိုယ် ပွတ်မြဲပွတ်လို့နေမိတာက အလေ့အကျင့်မှအလေ့အထဖြစ်သွားတာလားတော့မသိဘူး။
51786705_630703554048098_6550448944629940224_n.jpg
အဲ့ဒီလိုတစ်ရက်ပြီးတစ်ရက် ကုန်လွန်လာရင်းကနေ တစ်နေ့မှာ အုံး ဒိုင်းဆိုပြီး အသံကြီးကြီးကြားလိုက်ရတယ်။ဗုံးပေါက်သံ သနတ်ဖောက်သံတော့မဟုတ် စတင်းဈေးတက်သံကြီးကို ကြားလိုက်ရတာပါလေ။ဒီတော့ အားနေရင်ယားနေတက်တဲ့ကျွန်နော် အမှတ်တမဲ့ ထခုန်မိလိုက်တာပေါ့ဗျာ။ဒါနဲ့ ပိတ်ဆို့မူတွေများစွာထဲကနေပြီး ကိုယ်သွားချင်နေတဲ့လမ်းကိုရောက်ရှိနိုင်အရေး ထွက်ပေါက်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့တယ်။ထွက်ပေါက်က တစ်ခုဆိုတစ်ခုပဲရှိနေတယ်။ အဲ့ဒါက ဝိုင်ဖိုင်လိုင်းတစ်ခုထဲပါပဲ။ဒါပေမယ့် ကျွန်နော်ကို အထင်မကြီးလိုက်နဲ့ ဝိုင်ဖိုင်နဲ့တူတာဆိုလို့စလောင်ဖုံးတောင်မရှိ။မရှိတာကို အချိန်ကုန်ခေါင်းကိုက်ခံပြီး စဉ်းစားနေလို့အပိုပဲ။ကိုယ့်မှမရှိရင် ရှိတဲ့နေရာကိုတော့ သွားကိုသွားရလိမ့်မယ်။ဒါနဲ့ကျွန်နော်ပွတ်နေကြဟာလေးကိုကိုင်ပြီး လမ်းတကာလျှောက် တောင်ကြည့်မြောက်ကြည့်ပြီး ကိုယ့်ဟာလေးကို လူမသိသူမသိ ဝှတ်ပြီးပွတ်ကြည့် တောင်ကလိမြောက်ကလိနဲ့ပွတ်ကြည့်လိုက်တာ အဲ ရတော့မယ် ရခံနီးနေပြီ ရလုနီးနီး အဲ အဲ ဟာကွာ ရတာ့မယ်ဆိုကာမှ ပြုတ်ကျသွားပြီကွာ။
Man-walking-with-Phone.jpg

ဒီလိုနဲ့ တစ်ရက်ပြီးတစ်ရက် လမ်းတကာလျှောက်ကာ ပွတ်လာရင်းကနေ တစ်နေ့မှာ ကိုယ်နေတဲ့ ရပ်ကွက်ထဲကလမ်းမှာ အသိတစ်ယောက်နဲ့ စကားစမိတာကနေ ကိုယ်ပွတ်ကြည့်တာပွတ်မရဖြစ်နေတဲ့အကြောင်းကို ပြောကြည့်လိုက်တော့
"သူကပြောတယ် ဒါများကြာ အလွယ်လေးပါ မင်းဟာငါ့ကိုပေး ငါပွတ်ပေးမယ် တစ်မိနစ်မကြာစေရဘူး မင်းဟာကောင်းကောင်းပွတ်လို့ရစေရမယ်လို့ သူကအာမခံပြီးပြောတော့ "
ကျွန်နော်ဟာလေးကို ရက်ရက်ရောရော ထိုးပေးလိုက်တာ သူပြောတဲ့အတိုင်း တစ်မိနစ်အတွင်းမှာပဲ ကျွန်နော်ဟာက လွယ်ကူစွာနဲ့ပွတ်လို့ရခဲ့ပါပြီ။ တစ်ဦးကမေတ်တာ တစ်ဦးကစေတနာဆိုတဲ့ ဆိုရိုးစကားအတိုင်း ကျွန်နော်အခက်အခဲကို လွယ်ကူစွာနဲ့ ဖြေရှင်းပေးတဲ့သူ့ကို အသိအမှတ်ပြုတဲ့အနေဖြင့် လဖ္ဘက်ရည်ဖိုးကို အတင်း သူ့အိပ်ကပ်ထဲထည့်ပေးပြီးတော့ သူနဲ့ကျွန်နော်ဟာ ရပ်ကွက်လမ်းဆုံမှာပဲလမ်းခွဲကာ ကိုယ်နေထိုင်ရာအိမ်သို့ ပြန်လာခဲ့လေသည်။
MCT_CourseImage_working-on-laptop.png
"သီကာကုံးလို့ ရေးဖွဲ့မယ်ကြံ အတွေးနယ်ပယ် ချဲ့ထွင်ကြည့်တော့ ပုဒ်ထီးပုဒ်မ အမျိုးမျိုးက ငါ့၏စိတ်ကို ကြောက်စိတ်ကြီးအောင် လွှမ်းမိုးလေတော့ "အိုခတ်ခဲလို့နေပြီ "အဘရယ်.............
ရေးစရာအကြောင်း အစ အလယ် အဆုံးကို ဘယ်ကစလို့ ဘာလုပ်ရမှန်း မသိလေတိုင်း ကျယ်ပြန့်မိုးမောက်လွန်းတဲ့ ငါ့ရဲ့နဖူးပြင်ကို ပင့်သတ်လိုက်ကာ အဘရောင်းတဲ့စီးကရက်ကိုမှ နှစ်နှစ်ခြိုက်ခြိုက် ကော်ဖီတစ်ခွက်နဲ့ အားရပါးရ ဖွာရှိုက် သောက်လေ့သောက်ထရှိတက်တဲ့ငါဟာ ယခုတော့ အရင်ကနဲ့မတူ တမူထူးခြားလို့ အဖွားရောင်းတဲ့ ဆေးလိပ်ကြမ်းနဲ့ လဖ္ဘက်ရည်ကြမ်းကို သောက်ပြီး ခံစားမိနေခဲ့ပြီလေ။အလေ့အကျင့်ဟာအလေ့အထဖြစ်လာခဲ့မယ်ဆိုရင် စာတစ်ပုဒ်ကနေအစပြုလို့ တစ်ပုဒ်ပြီးတစ်ပုဒ်ဖြစ်လာခဲ့မှာပါဟု ဆန္ဒ ပြုရင်း......
......
author:@thura
photo:google