အကယ်၍...
အ ကယ် ၍
အကယ်၍ ...
သားတို့အသိုင်းအဝိုင်းက တုန်လှုပ်ခြောက်ခြားစေပြီး
ဒါတွေဟာ သားကြောင့်လို့ ဝိုင်းဝန်းအပြစ်တင်ကြတဲ့အခါ
သားတို့ဟာ တည်ငြိမ်စွာနဲ့ရင်ဆိုင်နိုင်မယ်ဆိုရင် ...
အကယ်၍ ...
အားလုံးက သားကို မယုံသင်္ကာဖြစ်လာတဲ့အခါ
သူတို့ကို နားလည်စွာ ခွင့်လွတ်ရင်းနဲ့ သားတို့ကိုယ်တိုင်
ယုံကြည်မူအပြည့်ရှိမယ်ဆိုရင် ...
အကယ်၍ ...
စောင့်သင့်တဲ့အချိန်ကို စောင့်နိုင်ပြီး
အဲဒီအတွက်လည်း မမောမပန်းနေနိုင်မယ်ဆိုရင်
ဒါမှမဟုတ် သားရဲ့အကြောင်း မဟုတ်မတရားမုသာစကား
ကြားရတဲ့အခါ သားတို့ကလည်း အလိမ်အညာတွေနဲ့ မတုန့်ပြန်ဘူးဆိုရင်
ဒါမှမဟုတ်
သားတို့ကို လူတကာက ဝိုင်းဝန်းမုန်းတီးတဲ့အခါ
သားတို့ကလည်း အမုန်းတွေ ပြန်မပွားဘူးဆိုရင် ...
အကယ်၍ ...
စိတ်ကူးအိမ်မက်တွေဟာ သားတို့အပေါ် မလွှမ်းမိုးစေဘဲ
စိတ်ကူးနိုင်မယ်ဆိုရင်
ပြီးတော့ အတွေးအခေါ်စိတ်ကူးတွေဟာ
မျှော်မှန်းချက် သက်သက်သာ မဖြစ်စေဘဲ
တွေးခေါ်နိုင်မယ်ဆိုရင် ...
အကယ်၍ ...
အောင်မြင်မူသုခ နဲ့ ဆုံးရှုံးမူဒုက္ခတွေကို
ကြုံတွေ့ရတဲ့အခါ တူညီသော လောကဓံတရားတွေပါလားလို့
ခံယူထားနိုင်မယ်ဆိုရင် ...
အကယ်၍ ...
သားတို့ရဲ့ အမှန်စကားတွေကို လူလိမ်လူညာတွေက
လှည့်စားပြောင်းလဲပြီး မုသားအဖြစ် ထောင်ချောက်ဆင်
ညစ်တဲ့အခါသားတို့ဟာ တည်ငြိမ်စွာနဲ့ နာကြားနိုင်မယ်ဆိုရင်
အကယ်၍ ...
သားတို့ဘဝတစ်ခုလုံးပေးပြီး အရိပ်တကြည့်ကြည့် နဲ့
ဖြည်းဆည်းခဲ့ရတဲ့အရာရာကို ဖျက်ဆီးခံလိုက်ရပြီးတဲ့နောက်
အင်မတန်မှ သေးငယ်သော တန်ဆာပလာ အရာရာနဲ့
ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင်
အကယ်၍ ...
သားတို့နိုင်ခဲ့သမျှ အရာအာလုံး ကြွေတလှည့်
ကြက်တခုန်ပမာ တလှည့်တခါတည်း နဲ့ ဆုံးရှုံးသွားခဲ့ရင်
ပြီးတော့ အစကနေ ပြန်စနိုင်မယ်ဆိုရင် ...
ပြီးတော့ တစ်ခါ ဆိုးလှတဲ့ ကံကြမ္မာရယ်လို့
ဘယ်တော့အခါမှ ညည်းညူး မနေဘူးဆိုရင် ...
အကယ်၍ ...
သူများတကာတွေ လုပ်ပြီးသွားကြလို့
အချိန်အတော်ကြာမှ သားတို့အလှည့်ရောက်လာတဲ့
အခါ သားတစ်ယောက်တည်းနဲ့ အားနဲ့မာန် နဲ့
ဇွဲသတ္တိရှိရှိ ဆက်ကြိုးစားနိုင်မယ်ဆိုရင်
အဲဒီလိုပဲ သားတို့မှာ စိတ်အင်အားကလွဲလို့ ဘာဆိုဘာမှ
မရှိတော့တဲ့အခါ အဲဒီစိတ်ခွန်အားကို ခိုင်မာစွာနဲ့ပဲ
လက်ဆုပ်လက်ကိုင် ထားနိုင်မယ်ဆိုရင် ...
အကယ်၍ ...
လူတွေနဲ့ ထိတွေ့ဆက်ဆံပြောဆိုတဲ့အခါ
ကိုယ့်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ်ဆိုရင် ...
ဒါမှမဟုတ်
မင်းစိုးရာဇာတွေနဲ့ အတူ လမ်းလျှောက်နေရပေမယ့်
မာန်၊ မာန သွေးမကြွဘူးဆိုရင် ...
အကယ်၍ ...
ရန်သူဖြစ်စေ၊ မိတ်ဆွေကဖြစ်စေ သားတို့ကို
နာကျည်းအောင် မလုပ်နိုင်ခဲ့ရင် ...
အကယ်၍ ...
လူတိုင်းကို တန်ဖိုးထားလေးစားပေမယ့်
စွဲလမ်းမူ၊ သံယောဇဉ်တွေ ထားမနေဘူးဆိုရင် ...
အကယ်၍ ...
တိုတောင်းလှသော မပစ်ပယ်နိုင်တဲ့ တစ်မိနစ်အတွင်းမှာ
အဓိပ္ပါယ်ရှိတဲ့ စက္ကန့်ခြောက်ဆယ် အဖြစ်
အသုံးချနိုင်မယ်ဆိုရင် ...
ငါ့သားတို့ရေ ...
သားဟာ အရာရာရှိတဲ့ အရာရာဖြစ်တဲ့ ကမ္ဘာကြီးကို
ဆုပ်ကိုင်လို့ အရာရာ ဘာမဆို သားတို့ စွမ်းဆောင်နိုင်
တဲ့ ယောက်ျားကောင်း၊ ယောက်ျားမြတ်တစ်ယောက်
ပေါ့ ...။ ။
အမေ ဒေါ်အောင်ဆန်းစုကြည်အား အမေရေးသားခဲ့
သော IF ကဗျာလေးကို Post တင်ခြင်းဖြင့် ချစ်ခင်မြတ်နိုး
ကြောင်းပြသပါသည်။
good