အမှောင်ကမ္ဘာမှ ပန်းပွင့်များ (သို့) စစ်မြေပြင်မှ စာသင်ကျောင်း။ Flowers in the Dark Matter.

in #travel7 years ago (edited)

image

ရွာဦးကျောင်းမှ အုံးမောင်းသံ ၇ ချက် တီးနေပြီ။ လွယ်အိတ်ကိုယ်စီလွယ်လို့ အမေပြင်ထားပေးတဲ့ ငှက်ပျှောဖက်ထဲက ကောက်ညှင်းနဲ့ မြေပဲကြော်ကို လက်မှာဆွဲ ဝဲတဲတဲအသံနဲ့ အမေကိုနှုတ်ဆက်ပြီး ထွက်ခဲ့ကြတယ်။ သူတို့လေးတွေ ခြေဦးတည်နေတာကတော့ ... ..

ရွာထိပ်နားမှာ ထရံမပါပဲ ဝါးကပ် သုံးဖက်ကာထားတဲ့ လည်စောင့်တဲ အမွှာ စာသင်ကျောင်းလေးဟာ မြူနှင်းတွေကြားက ထိုးထွက်လာမယ့် နေရောင်နွေးနွေးကို မျှော်ရင်း ရွှင်ပြတဲ့ မျက်နှာနဲ့ ပကာသနမပါတဲ့ အဝတ်နွမ်းလျ ကလေးတွေကို ဆီးကြိုနေတယ်။

စာသင်ကျောင်းလေး ငိုရခက် ရီရလည်းခက်နေပြီ။

စာသင်ကျောင်း အမည်ရတဲ့ အကာမဲ့တဲစုတ်လေး
သွေးခဲမတက်အေးတဲ့ ဒီလိုကာလလေးမှာ
အမှောင်ကမ္ဘာထဲက ပန်းပွင့်လေးတွေကို
ပညာ ဆိုတဲ့ ရွေအိုးကြီး ပေးနိုင်ပေမယ့်
အနွေးထည်မဲ့ ကလေးတွေကို အနွေးဓါတ် သူမပေးနိုင်ရှာ .....

image

Today I gave a visit to a school (a tent where children go to learn) where some of my students are volunteering as teachers. This school is located in a village within a small town from southern shan state.

The school was opened in June last year and there are fourty students learning there.

There is no government school in the village. Local people are starving for education before the school was opened. The school was built by the hard work of a monk and local activists in the area.

image

look at These children, Imagine they are yours, how will you feel.

Look at their faces when they see people are coming just to see them, encourage them share some snacks. They can't be happier.

image

This is their teacher, one of my former students or a junior stuff in my organization. They spend their days without wifi, internet, electricity and phone.
ဖုန်းဆက်သွယ်မှု မရှိ လျပ်စစ်မီး နတ္ထိနဲ့ နေ့စဉ်ဘဝကို ဖြတ်သန်း။ တစ်လပြည့်ရင် စေတနာရှင်တစ်ချို့ပေးတဲ့ အကူငွေ ၃ သောင်းကို ယူ ကျောင်းသူကျောင်းသားတွေကို မုန့်ဝယ်ကျွေးရင် တန်ဖိုးရှိရှိ ရှင်သန်နေတဲ့ ကျွန့်နော့လုပ်ဖော်ကိုင်ဖက် ညီမလေးတွေဖြစ်သော စေတနာရှင် ကျောင်းဆရာမလေးတွေပါ။

By the way, there are hundreds of such school in Shan State, expecially in the south where is still been announced as black area since the ongoing conflict between military and ethinic armed groups.

ဒီကလေးတွေမှာ ပကာသနမှ မရှိဘူး။ ဟန်ဆောင်မှုလည်း မရှိဘူး ။ သို့သော် ......
သူတို့ မျက်လုံးထဲမှာ အကြောက်တရားတွေ သိမ်ငယ်စိတ်တွေ ကိန်းအောင်းနေတယ်။

image

သူတို့က ဘယ်သူတွေလဲ .....
သူတို့ဟာ တရားသောစစ်ကို တိုက်နေပါတယ် ဆိုတဲ့ မြန်မာ့တပ်မတော်နဲ့ မိမိအမျိုးဘာသာ သာသနာကို ကာကွယ်နေပါတယ် ဆိုတဲ့ ရှမ်းတော်လှန်ရေးတပ်ဖွဲ့တို့ရဲ့ ကျည်ဆံ တွေကြားထဲမှာ နားမလည်စွာ ဆော့ကစားနေတဲ့ ကလေးတွေပါ။
တစ်ရက် တစ်ပါတ် တစ်လ တစ်နှစ် တည်းလား ။ မဟုတ်ပါဘူး။
နှစ်ပေါင်း ၆၀ ကျော်ပါ။
image
သူတို့ အဖိုး အဖွားတွေကတော့ ကျောင်းဆိုတာကို မသိခဲ့ပါဘူး။
သူတို့အဖေအမေတွေကတော့ ကျောင်းဆိုတာကို မတတ်ခဲ့ရပါဘူး။
သူတို့လေးတွေကတော့ ဝါးကတ် သုံးဖက်ကာတဲ့ တဲလေးဟာ သူတို့ကျောင်းပါလို့ ပြောတတ်လာပီ။
သူတို့လေးတွေ စာအံနေရပြီ။
ကဗျာလေးတွေရွတ်ရင်း အေ ဘီ စီ ဒီ သီချင်းလေးတွေ သီဆိုနေကြပြီ။

သူတို့ ရဲ့ သားသမီးတွေ ခေတ်ရောက်လာရင်တော့ တူညီဝတ်စုံလေးတွေဝတ်ပြီး မြက်ခင်းပြင်ကျယ်နဲ့ အမိုးအကာရှိတဲ့ စာသင်ကျောင်းမှာ နွေးနွေးထွေးထွေး စာသင်ရတော့မှာပါ။

image
ဒါကတော့ ကျွန်တော် ရဲ့ အမှတ်တရ ပုံရိပ်တစ်ခုပါ ။ ကျွန်တော် တို့ဟာ ကြီးမားတဲ့ကျောင်းတော်တွေမှာ ပညာသင်ခဲ့ပေမယ့် နောက်မှာရှိနေတဲ့ မျက်လုံးပေကလပ် နဲ့ ကလေးတွေကတော့ ဒီတစ်နှစ်ပီးရင် ဘယ်ကျောင်းမှာ ဘာပညာဆက်သင်ရမယ်ဆိုတာကို သေချာမသိသေးတဲပ ဘဝတွေပါဗျာ။

ကျွန်တော်တဲ့ အမဲရောင်နယ်မြေလို့ သတ်မှတ်ခံထားရ့တဲ့ ရှမ်းပြည်နယ်တောင်ပိုင်းဒေသမှာ ပုံပါ စာသင်ကျောင်းတွေ များစွာ ရှိပါတယ်။ စာသင်ကျောင်း လုံးဝမရှိသေးတဲ့ ရွာတွေက ပိုများတာပေါ့။
အခု ပုံထဲကနေရာကတော့ ရှမ်းပြည်နယ်တောင်ပိုင် လဲချားမြို့နယ် ထုန့်ယိန်း ဒေသမှ ဖွင့်သစ်စ ကျောင်းလေးတစ်ကျောင်းပဲဖြစ်ပါတယ်။

ကျွန်တော်တို့ကတော့ ကျေးလက်ဆရာ ဆရာမတွေကို မွမ်းမံသင်တန်းလေးတွေ ပို့ချပေးနေတယ့် ဆရာဆရာမများအဖွဲ့ ဖြစ်ပါတယ်။

ကျေးဇူးတင်ပါတယ်။

Thanks for your time
Author @aikkhorn
MSC-223
A9

Sort:  

ဂုဏ်ယူပါတယ် ညီအစ်ကို ကျွန်တော်လည်း child education ကို စလုပ်မလို့ပါ နောက်ပိုင်း အတွေ့အကြုံတွေ မျှဝေယူပါရစေ

ဟုတ်ကဲ့ပါ

ဟုတ်

Good post

Thanks Bro.

ကျေးဇူးပါဗျာ

အား​ပေးတယ်​ဆက်​​ရေးပါbro

ကျေးဇူးပါ

ကျေးဇူးပါဗျာ

အရေးအစားကောင်းတဲ့ ကို့ စ်တစ်ခုပါ

ကျေးဇူးတင်ပါခင်ဗျ