သူငယ်ချင်းတွေ အကြောင်း အပိုင်း ၃၂
တောင်ငူက ပြန်ရောက်တော့ ဦးမျိုးချစ်ကို ရုံးစာတွေ အပ်လိုက်တယ်။
ချက်ချင်းပဲ ဦးမျိုးချစ် ရုံးမိန့်ရေးတယ်။
ကျနောက်အတွက်လဲ အလုပ်ဝင်ကြောင်း အစီရင်ခံစာ ရေးပေးတယ်။
စန်းစန်းအေးကို လက်နှိပ်စက်ရိုက်ခိုင်းတယ်။
ညွှန်မှူးက လက်မှတ်ထိုးပေးတယ်။
ကျနော် သစ်တောဦးစီးဌာန စိုက်ခင်းဒေသ ၁ ညွှန်ကြားရေးမှူးရုံးမှာ အမြဲတမ်း ဝန်ထမ်း ဖြစ်သွားပါပြီ။
ရုံးဖျက်သိမ်းလဲ ကိစ္စမရှိတော့ပါ။
အခြား သစ်တောရုံး တစ်ခုခုသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ရန်သာ ရှိတော့တယ်။
နယ်ရုံးရောက်စရာ အကြောင်းမရှိ၊ ညွှန်မှူးက သူငယ်ချင်းအဖေ ဆိုတော့။
ရုံးအုပ်ကလဲ ကိုယ့်လူ၊ ပူစရာမရှိ။
ရုံးဆင်းတော့ ဦးမျိုးချစ်ကို ဝမ်းတေဘယ် ပေးလိုက်တယ်။
ဦးမျိုးချစ်က ရုံးချုပ် ဒါမှမဟုတ် ရန်ကုန်တိုင်းရုံး လျှောက်မယ်။
သူနေတာက အလုံသစ်တောဝင်းဆိုတော့ ရန်ကုန်တိုင်းရုံးကို ပထမ ဦးစားပေး လျှောက်တယ်။
ရန်ကုန်တိုင်းရုံးကလဲ အလုံသစ်တောဝင်းထဲမှာ ရှိတာကိုး။
ကျနော့်ကိုလဲ ရန်ကုန်တိုင်း ဦးစားပေး လျှောက်ပေးထားတယ် ပြောတယ်။
သူနဲ့ အတူဖြစ်အောင်၊ လက်ရှိရန်ကုန်တိုင်းရုံးအုပ်ထက် သူကပိုစီနီယာကျလို့။
ဒါကြောင့် သူ့ကိုယ်သူ ရန်ကုန်တိုင်းရုံး ရောက်မယ်လို့ ထင်ထားတယ်။
ကျနော်ကတော့ ဘယ်ရောက်ရောက် ပြသနာမရှိဘူး။
နယ်မရောက်ရင်ပြီးတာပဲ။
You got a 2.08% upvote from @emperorofnaps courtesy of @agagko!
Want to promote your posts too? Send 0.05+ SBD or STEEM to @emperorofnaps to receive a share of a full upvote every 2.4 hours...Then go relax and take a nap!