ဒုတိယကမ္ဘာစစ်အတွင်းက နာဇီဂျာမနီတို့၏ စစ်လက်နက်ကြီးများ အပိုင်း(၁)

in #weapons6 years ago


ပထမကမ္ဘာစစ်အပြီးတွင် နာဇီ ဂျာမနီတို့သည် အစွမ်းထက်သော စစ်လက်နက်ကြီးများကို တည်ဆောက်ရန် အစွမ်းကုန် စတင်ကြိုးပမ်းတော့သည်...ငုင်းတို့သည် လေးထပ်တိုက် အရွယ်အစားရှိသော ဧရာမတိုက်ပွဲဝင်သံချပ်ကာကာကြီးများမှ ယခုခေတ် အဖျက်စွမ်းအားကြီးမားလှသော တိုက်လေယာဉ်များ ၊ ဗုံးကြဲ လေယာဉ်များအထိ အစွမ်းထက်လှသော စစ်လက်နက်များနှင့်အတူ တည်ဆောက်နိုင်ရန် အစွမ်းကုန် ကြိုးပမ်းတည်ဆောက်ခဲ့ကြသည်...နာဇီခေါင်းဆောင် ဟစ်တလာသည် ကမ္ဘာကြီးတစ်ခုလုံးကို လွမ်းမိုးနိုင်ရန် ဆန္ဒပြင်းပြပြီး အစွမ်းထက် စစ်လက်နက်များကို မဖြစ်မနေ အောင်မြင်စွာ တည်ဆောက်နိုင်ရန် စိတ်ပိုင်းဖြတ်ထားသည်...ကံကောင်းထောက်မစွာပင် နာဇီဂျာမနီတို့၏ အဆိုပါစစ်လက်နက်ကြီးများကိုသာ တည်ဆောက်နိုင်ခဲ့ပြီး ထိုစစ်လက်နက်ကြီးများမှာလည်း ရှေးပြေးပုံစံမျှသာဖြစ်ခဲ့သည်...ဒုတိယကမ္ဘာစစ်ကြီးပြီးနောက် ငုင်းတို့တည်ဆောက်ရန် ကြံရွယ်ထားသော စစ်လက်နက်များတည်ဆောက်ရေး စီမံကိန်းများ၏ အသေးစိတ်ရေးဆွဲထားသော ပုံစံကြမ်းများကို ရှာဖွေတွေ့ရှိခဲ့ပြီး ပြည်သူများအား အသိပေးချပြခဲ့ကြသည်...
နာဇီဂျာမနီတို့၏ အဆိုပါစစ်လက်နက်များတည်ဆောက်ရေး စီမံကိန်းများအားလုံး လက်တွေ့အကောင်အထည်မဖော်နိုင်ခြင်းကို ဝမ်းသားရမည်ဖြစ်သည်...အကြောင်းမူကား နာဇီ ဂျာမနီတို့၏ အဆိုပါစစ်လက်နက်များတည်ဆောက်နိုင်ပါက ဒုတိယကမ္ဘာစစ်ကြီးအတွင်း ဂျာမနီတို့ဘက်မှ အလေးသာပြီး စစ်ပွဲအခြေအနေမှာ တစ်မျိုးတစ်ဖုံပြောင်းလဲသွားနိုင်သည်...
The Sun Gun(နေမင်းလက်နက်)

နေမင်းလက်နက်ဆိုသည်မှာ ရူးကြောင်ကြောင်အနိုင်ဆုံး စစ်လက်နက်တစ်ခုဖြစ်ပြီး ငုင်းတို့လက်တွေ့ရုပ်လုံးဖော် မတည်ဆောက်ဖြစ်ခဲ့ချေ....အကယ်၍သာတည်ဆောက်ဖြစ်ခဲ့ပါက ယင်းမှာဂျာမနီ၏ အစွမ်းထက်ဆုံး စစ်လက်နက်တစ်ခုဖြစ်လာနိုင်သည်...
ထိုစစ်လက်နက်မှာ သိပ္ပံစာရေးဆရာကြီး အိုင်ဆက်အာဆီမော့ ၏ သိပ္ပံစိတ်ကူးယဉ်ဝတ္တုထဲမှ စစ်လက်နက်မျိုးနှင့်ဆင်တူသည်...နာဇီဂျာမနီတို့က ကမ္ဘာကြီးကို လွမ်းမိုးအောင်နိုင်ရန်အတွက် ကမ္ဘာ့မြေပြင်အထက်ရှိ ကမ္ဘာ့ပတ်လမ်းကြောင်းအတွင်းသို့ အချင်းအားဖြင့် ၁ဒသမ၅ကီလိုမီတာ (၀.၉၃မိုင်) ရှိသော ဧရာမကြေးမုံမှန်ချပ်ကြီးကို ဂြိုလ်တုနှင့်အတူ လွှတ်တင်ထားရန် စီစဉ်ထားခြင်းဖြစ်သည်...ထို့ကြောင့် သူရိယနေမင်းကြီး ထံမှ နေရောင်ခြည် များကို ထိန်းချုပ်စုစည်းပြီး လက်နက်ကဲ့သို့သော ရောင်ခြည်တန်းကို ရန်သူ့မြို့ကြီးများအပေါ် တည့်တည့်ချိန်ရွယ်ပြီး မီးလောင်ပျက်စီးဆုံးရှုံးသွားအောင် ချိန်ရွယ်ပစ်ခတ်နိုင်စွမ်းရှိမည်ဟု ယူဆထားသည်...သို့ရာတွင် ငုင်းတို့၏ ရည်ရွယ်ချက်မှာ ကြီးမားလှသော်ငြားလည်း အမှန်တကယ်တွင် ထိုစိတ်ကူးအကြံဥာဏ်မှာ
လက်တွေ့တွင် လုံးဝမဖြစ်နိုင်သဖြင့် အဆိုပါ စိတ်ကူးအကြံအစည်ကို စွန့်လွှတ်ခဲ့ရသည်.
Messerschmitt Me-262 "swallow"

Me-262 တိုက်လေယာဉ်မှာ ကမ္ဘာ့ပထမဦးဆုံး ဂျက်တိုက်လေယာဉ်ဖြစ်သည်...ထိုဂျက်တိုက်လေယာဉ်သည် အလွန်ဘေးအန္တရာယ်များပြီး အလွန်မြန်ဆန်သော တိုက်လေယာဉ်ဖြစ်သော်ငြား ငုင်းတွင် လေယာဉ်အင်ဂျင်စက် ပြသာနာများရှိသည်...ထိုဂျက်လေယာဉ်ကို 1943ခုနှစ်တွင် စတင်ပွဲထုတ်ခဲ့သည်...ယခင်ဂျာမန်တိုက်လေယာဉ်များဖြစ်သော Luftwaffe. နှင့် ဂျာမာန်တို့၏ မဟာမိတ်တိုက်လေယာဉ်များနှင့် ရန်သူ့ နယ်မြေအတွင်းသို့ ထိုးဖောက်ဝင်ရောက်နိုင်စွမ်းမရှိသောကြောင့် Me-262 တိုက်လေယာဉ်များကို စတင်အသုံးပြုခဲ့သည်...ထိုအစွမ်းထက်ဂျက်တိုက်လေယာဉ်များMe-262ကြောင့် ဂျာမန်တို့၏ ကောင်းကင်ယံကို လွမ်းမိုးထားနိုင်ခဲ့သည်...နာဇီခေါင်းဆောင် ဟစ်တလာက မရောင့်ရဲသေးဘဲ အဆိုပါ Me-262 ဂျက်တိုက်လေယာဉ်ကို ဒီဇိုင်းပုံစံများ ထပ်မံပြင်ဆင်ထုတ်လုပ်ခိုင်းသဖြင့် ထိုဂျက်တိုက်လေယာဉ်များ ဒီဇိုင်းပုံစံအသစ်ဖြင့် ထပ်မံပြင်ဆင်ထုတ်လုပ်ပြီးချိန်တွင် ဒုတိယကမ္ဘာစစ်ကြီးမှာလည်း ပြီးစီးလုနည်းပါးဖြစ်ခဲ့သည်...
Type XX1 U-Boat

ဂျာမန်တို့၏ U-Boatရေငုပ်သင်္ဘောများမှာ ယနေ့ခေတ်တိုက်ခိုက်ရေး ရေငုပ်သင်္ဘောများ၏ ရှေ့ပြေးဖြစ်သည်...ဂျာမန်တို့၏ အစွမ်းထက်လှသောU-Boat ရေငုပ်သဘောင်္များသည် ရန်သူ့သင်္ဘောများ၊ ရေနံတင်သင်္ဘောများ ၊ ကုန်တင်သင်္ဘောများ နှင့် စစ်သင်္ဘောအမြောက်အမြားကို ပစ်ခတ်နစ်မြုပ်နိုင်သောကြောင့် တိုက်ခိုက်ရာတွင် အလွန် အစွမ်းထက်လှသော ရေငုပ်သင်္ဘောအဖြစ် ထင်ရှားကျော်ကြားသည်...အဆိုပါU-Boatရငုပ်သင်္ဘောများသည် တိတ်တဆိတ် ရန်သူ့သင်္ဘောများကို ချဉ်းကပ်ပြီး တိုက်ခိုက်ချေမှုန်းနိုင်စွမ်းရှိသည်...ဂျာမန်တို့၏ဒုတိယကမ္ဘာကြီး အတောအတွင်းကအသုံးပြုသော U-Boat ရေငုပ်သင်္ဘောများမှာ ယခင်က ရေငုပ်သင်္ဘော အမျိုးအစားထက် အစွမ်းပိုထက်သော ရေငုပ်သင်္ဘောများဖြစ်သည်...နာဇီဂျာမနီတို့က Elektoboote ဟု ကင်ပွန်းတပ်ခေါ်ဆိုသောType XX1ရေငုပ်သင်္ဘောမှာ နာဇီတို့တည်ဆောက်ခဲ့သော အစွမ်းထက်စစ်လက်နက်များအနက် တစ်ခုအပါအဝင်ဖြစ်သည်...Type XX1 U-Boat ရေငုပ်သင်္ဘောမှာ တစ်စင်းလုံးကို ဆန်းသစ်တီထွင်ထားသော ရေငုပ်သင်္ဘောတစ်စီးဖြစ်ပြီး ရေအောက်တွင် အချိန်ပိုမို ကြာမြင့်စွာ ရေငုပ်သွားလာနိုင်စွမ်းရှိသည်...Type XX1 U-Boatတွင် တပ်ဆင်ထားသော စစ်လက်နက်များမှာ
ရေငုပ်သင်္ဘောအကြီးများကဲ့သို့ အစွမ်းထက်သည်...ထိုရေငုပ်သင်္ဘောမှာ ဟိုက်ဒရောလစ်စနစ်ဖြင့် တော်ပီဒိုများထည့်နိုင်သည့် စနစ်များပါရှိပြီး ထိုတော်ပီဒိုများကို ဆိုနာစနစ်အသုံးပြုပြီး ရန်သူ့သင်္ဘောများကို ချိန်ရွယ်ပစ်ခတ်နိုင်သည်...ယခင်က ရန်သူ့ရေငုပ်သင်္ဘောများကို ပစ်ခတ်ချေမှုန်းရန်အတွက် ပယ်ရီစကုပ် မှန်ပြောင်းကို အသုံးပြု၍ တိုက်ခိုက်ရသော်လည်း ဆိုနာစနစ်ကို အသုံးပြုတိုက်ခိုက်သောအခာ တိကျကောင်းမွန်၍ ပယ်ရီစကုပ်စနစ်ကို အသုံးပြုရန်မလိုတော့ချေ....
အပိုင်း(၂)ဆက်ရန်
MSU-006
Translate & Write-Htetlinnaung
Ref-https://en.m.wikipedia.org/wiki/List_of_German_military_equipment_of_World_War_II

Sort:  

Group 1 မှ msu no.043 @aunghtet.mdy မှ vote ပေးခဲ့ပါတယ်။

ဒါ​ကြောင့်​လည်း နာဇီ​တွေ တန်​ခိုးကြီးခဲ့ကြတာကိုး

If you donate 1 SBD or STEEM to @a-0-0 I will resteem your last post to over 72,500 followers on my 2 accounts @a-0-0 and @a-a-a

ဗဟုသုတ ရပါတယ်ဗျာ

ဗဟုသုတရပါတယ်​ဗျ ​ကျေးဇူးပါ

Gp 1မှMSU no 020မှVoteခဲ့သည်@myatminkhant